မေး ။ လက်ပြင် ကုန်းနေတတ်တဲ့သူ တွေ အတွက် အကောင်းဆုံး လေ့ကျင့်ခန်းကို ဖော်ပြပေးပါ ။ ဖြေ ။အကောင်းဆုံး လေ့ကျင့်ခန်းက ခါးပေါ်မှာ လက်လေးလုံးတင်နေအောင် အမြဲ သတိထားပြီး ခါးဆန့် နေခြင်းဖြင့် အလိုလို မတ်ပြီး စမတ်ကျ သွားမှာ ဖြစ်ပါတယ် ။
မေး ။ အပင်ပန်းလည်း မခံနိုင် ၊ အမောလည်း မခံနိုင်တဲ့ သူတွေ လာကစားချင်ရင် ဘယ်လို အကြံကောင်းမျိုး ပေးသင့် ပါ သလဲ ။ ဖြေ ။ ပိန်ဖို့ လှဖို့ ကို အရင်ဆုံး ဦးစား မပေးဘဲ ပထမဆုံး အသက်ရှုလေ့ကျင့်ခန်း ကို တစိုက်မတ်မတ် လုပ်သင့်ပြီး သက်လုံကောင်းပြီး အမောခံနိုင်အောင် ဖြေးညင်းညင်သာသော လေ့ကျင့်ခန်းများဖြင့် အလေ့အကျင့် ရအောင် အရင်စ ကစားသွားသင့်ပါတယ် ။