မေး ။ တချို့ မိန်းကလေး တွေ ကစားနေချိန်မှာ ပိန်တယ်…မကစားတော့တဲ့ အခါမှာ ပေါ်ပိုင်းကြီး ကြီးလာတတ် တယ် ဆိုတာ ဘာကြောင့်ပါလဲ….

..........................................................................................................................................................................................................................

ဖြေ ။ အဲဒါ က ကိုယ် တက်ချင် ကျချင်တဲ့ နေရာ ကို စိတ်ထည့်ပြီး ကစားတတ်ရပါတယ် ။ ကျချင်တာ က ကျောကုန်း မှာ ကျောကုန်း ကို စိတ်မထည့်ဘဲ ၊ လက်မောင်း အားကြီး နဲ့ ကစားနေရင် ၊ လက်မောင်းတွေ ကြီးလာမယ် ၊ ရင်အုပ်တွေ ကျယ်လာမယ် ၊ အပေါ်ပိုင်း တွေ ကြီးလာပါမယ် ။ အဲဒါ က လည်း ကစားနေတဲ့ အခါ မှာ လှုပ်ရှားမှု ရနေတဲ့ အတွက် ပိန်နေတာ ဖြစ်ပြီး ရပ်လိုက်လို့  ကိုယ့်မှာ ကိုယ်လက် လှုပ်ရှားမှု လုံးဝမရှိတော့တဲ့အခါကျရင် ကစားနေချိန်တုန်းက ကိုယ်မှားပြီး အားထည့်ကစားမိခဲ့တဲ့ နေရာတွေကိုတွန်းအား ပေးသလို ဖြစ်စေ တဲ့အတွက် အဲဒီ နေရာတွေ က ပိုကြီး လာတတ်တဲ့ သဘောဖြစ်ပါတယ် ။


မေး ။ လှပတဲ့ ခန္ဓာ ကိုယ် တစ်ခု ကို တစ်သက်တာ ပိုင်ဆိုင်ဖို့ ဘယ်လိုနေထိုင် စားသောက်ရပါမလဲ ….

..........................................................................................................................................................................................................................

ဖြေ ။ အဆီအဆိမ့် ၊ ဆီကြော်မုန့် ၊ အချိုရည် ၊ ရေခဲရေ ၊ အလွယ်တစ်ခုရသော Fast Food ခေါ် အစားအစာများ အလွန် အမင်း စား သောက်ခြင်း ကို ရှောင်ကြဉ်သင့်ပြီး မလိုအပ်ဘဲ အဆာပြေ ၊ အပျင်းပြေ ခဏခဏ စားတာ ကို ရှောင်ဖို့ လိုပါ တယ် ။ ထို့ပြင် မိမိတို့ တစ် နေ့တာ နေထိုင် စားသောက်သမျှ အစာ အာဟာရ နှင့် သင့်တော်သည့် ကိုယ်လက် လှုပ်ရှားမှုမျိုး မိမိ တွင် အမြဲ ရှိမရှိ ဆန်းစစ်ရန်လိုပြီး မိမိ ၏ ကိုယ် အလေးချိန် ကို စံနှုန်း တစ်ခု ထား၍ အမြဲထားပြီး တက်တာ နှင့် ချက်ချင်း အစားအသောက် ပြန် ဆင်ခြင် ၊ ကိုယ်လက်လှုပ် ရှား ကစားမှု တစ်ခုခု ပြုလုပ်ခြင်းဖြင့် ထိန်းသိမ်းသွားနိုင်ပါတယ် ။


မေး ။ ညအိပ်ရာဝင်ခါနီး မှာမှ ညစာ စားပြီး အိပ်ရာဝင်တဲ့ သူ ဟာ ပုံမှန်စားတတ်တဲ့ သူတွေ ထက် ပို ၀ တတ် တယ် ဆိုတာ ဆိုတာ ဟုတ်ပါသလား ။

..........................................................................................................................................................................................................................


ဖြေ ။ ညအိပ်ရာ ၀င်ခါနီး ညစာစားပြီး လျှင် လှုပ်ရှားမှု လုံးဝ မရှိတော့ဘဲ ၊ TV ထိုင် ကြည့်ခြင်း ၊ လှဲလျောင်း အနားယူ အိပ်စက်ခြင်း သာ ရှိတော့၍ အဲဒီ သူတွေ ဟာ ပုံမှန် စားတဲ့ သူတွေ ထက် ပို ၀ လာတတ်တဲ့ သဘောမျိုး ဖြစ်ပါ တယ် ။


မေး ။ တချို့သော အမျိုးသမီးတွေ ငယ်ငယ်တုန်း က ဘယ်လောက် စားစား လုံးဝ ကို ၀လာမယ် မထင်ရတဲ့ သူ မျိုး ဖြစ် ပေမယ့်…အိမ်ထောင် ကျ ကလေး မွေးပြီးတဲ့ အချိန်မျိုး မှာ ထိန်းမရအောင် ၀တက် လာတာ ဘာဖြစ်လို့ ပါလဲ ။ အဲဒီလို မဖြစ်အောင် ဘယ်လိုနေထိုင်စားသောက် ရမလဲ ။

..........................................................................................................................................................................................................................


ဖြေ ။ အမျိုးသမီးတွေ အများစု က အသက် ( ၂၅ ) နှစ်ကျော် လာတာ နဲ့ ပုံမှန်ထက် စ တင် ၀ လာတတ်တဲ့ သဘော မျိုးရှိပါတယ် ။ အဲ ဒီလို စ ၀ လာတာ နဲ့ သတိထားပြီး အနေအထိုင် ဆင်ခြင်ခြင်း ၊ အိမ်ထောင်ကျတဲ့ အခါ မှာ လည်း တတ်သိနားလည်တဲ့ ဆရာဝန်ကြီးတွေ နဲ့ တိုင်ပင်ပြီး မ၀မယ့် ကိုယ်ဝန် တားနည်း တစ်ခုခု ရွေးချယ် အသုံးပြုခြင်း ၊ ကလေး ယူရင်လည်း မီးဖွားပြီး အချိန် အကန့်အသတ် တစ် ခု ရသည် နှင့် အနေ အထိုင် အစားအသောက် ဆင်ခြင်ပြီး နှစ်သက်ရာ ၀ိတ်ချနည်း တစ်မျိုးမျိုး ကို ရွေးခြယ် အသုံးပြုခြင်းဖြင့် ထိန်းသိမ်း သွားနိုင်ပါတယ် ။


မေး ။ အရပ် ရှည်ချင် တဲ့ အမျိုးသမီးလေး တွေ အတွက် ဆို ဘယ်လောက် လေ့ကျင့် ကစားရမလဲ ။

..........................................................................................................................................................................................................................


ဖြေ ။ အရပ်ရှည်တာ က မိဘ မျိုးရိုး နဲ့ သက်ဆိုင် သလို နေထိုင် စားသောက်တဲ့ အစားအစာ ၊ အာဟာရ ၊ ဓလေ့ နဲ့ လည်း သက်ဆိုင်ပါ တယ် ။ အကြမ်းမျဉ်း ဆိုလျှင် အမျိုးသမီးလေးတွေ ဆို အသက် ၂၁ နှစ်ခန့် အထိ ရှည် နိုင်တယ် လို့ ဆိုကြပါတယ် ။ အနည်းဆုံးတော့ ၆ လ ခန့် ကစား မှ လက်မ ၀က် / ၁ လက်မ ခန့် လောက် သာ ရှည်ကြတာ များပါတယ် ။


မေး ။ အိမ်ထောင်သည် အမျိုးသမီးတွေ အတွက် မ ၀ ရအောင် ဘယ်လို ကိုယ်ဝန် တား နည်း မျိုး က အကောင်း ဆုံးဖြစ် ပါသလဲ။

.............................................................................................................................................................................


ဖြေ ။ အဲဒါ ကတော့ တစ်ယောက် နဲ့ တစ်ယောက် ခန္ဓာ ကိုယ် ဖွဲစည်းပုံ သဘောတရားခြင်း မတူညီကြ တဲ့ အတွက် နားလည် တတ်ကျွမ်း တဲ့ ဆရာဝန်ကြီးတွေ နဲ့ တိုင်ပင်ပြီး မိမိ ။ ခန္ဓာ ကိုယ် နှင့် သင့်တော်သည့် ကိုယ်ဝန် တား နည်း တစ်ခုခု ကို ရွေးခြယ် အသုံးပြုခြင်း က အ ကောင်းဆုံး ဖြစ်ပါတယ် ။


မေး ။ မီးယပ် လာချိန် မျိုး မှာ ကစားလို့ / အဆီချ လို့ ရပါသလား ။

.............................................................................................................................................................................


ဖြေ ။ ။ အလွန် အမင်း ဆင်းတတ်တဲ့ သူမျိုး ဆိုရင် မီးယပ် လာချိန်မှာ အဆီချစက် တွေ နဲ့ အဆီချေ လိုက်ရင် / ကစားလိုက် ရင် ပိုပြီး ဆင်း လာတတ်တဲ့ တာ က လွဲရင် တခြား ပြသနာ ကြီးကြီး မားမား မရှိပါဘူး ။ ကိုက်ခဲ တတ် တဲ့သူ ဆိုရင်တောင် အဆီချစက်တွေ နဲ့ခါးတွေကို ဆွဲလိုက် ရင် (သို့) ကစားလိုက်ရင် နာကျင် ကိုက်ခဲ တာ ကို တောင် သက်သာ သွားစေပါတယ် ။