မျက်နှာ နှင့် ခန္ဓာ ကိုယ် အလှ အပ ပတ်သက်သည့် အများဆုံး မေးတတ်ကြသော မေးခွန်းများ


ယခုဖော်ပြပေးထားတဲ့ ကျန်းမာရေး /အလှအပ နဲ့ပတ်သက်တဲ့ မေးခွန်းလေး တွေ က ကျွန်မ တို့ ဆိုင် ဖွင့်လာတဲ့ သက်တမ်းတလျောက်မှာ အမျိုးသမီးတွေ အများဆုံး မေးတတ်တဲ့ မေးခွန်းတွေကို အလှအပ ကို စိတ်ဝင်စားသူ အမျိုးသမီးများ အားလုံး အတွက် တနေရာထဲမှာ ပေါင်းစည်း လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် ရှင် ။


မေး ။ လေ့ကျင့်ခန်းနဲ့ ပိန်အောင်လုပ်တာ ကစား နေတဲ့အချိန်မှာပိန်တယ်။ ရပ်လိုက်ရင် ၀လာတယ် ဆိုတာ ဟုတ်ပါသလား ။

..........................................................................................................................................................................................................................

ဖြေ ။ လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်မှာ မှန်မှန်လည်း လာကစားတယ် ။ အစားလည်း လျော့တယ် ဆိုတော့ ပိန်ပါတယ် ။ ရပ်လည်း ရပ်လိုက်ရော အစားကလည်း ကြိုက်သလို ပြန်စားတယ် ။ လှုပ်ရှားမှုကလည်း မရှိတော့ ၀လာတာပါ ။ ကစားတာ ရပ်လိုက်လို့ ၀တာတော့ မဟုတ်ပါဘူး ။ မထိန်းလို့ပါ ။ အစား ( သို့)လေ့ကျင့်ခန်း တစ်ခုခု နဲ့ထိန်းနေရင် မ၀ပါဘူး ။

 

မေး ။ အားကစား သင်တန်းတွေမှာ မိန်းမနည်း ၊ ယောကျာ်းနည်း ဆိုပြီး ကစားနည်း စနစ် နှစ်မျိုး ရှိတယ် ဆိုတာက ဘယ်လို ကွဲပြားခြားနားပါလဲ။

..........................................................................................................................................................................................................................


ဖြေ ။ ယောက်ျားနည်းဆိုတာက အလေးတုံးအကြီးတွေ၊ HomeGym အကြီးတွေနဲ့အပေါ်ပိုင်းကျစ်အောင်ပါ အဓိကကစားတာဖြစ်ပြီး မိန်းကလေးနည်းဆိုတာက အလေးတုံး အသေးတွေ ၊ စက်အသေးတွေနဲ့ဘဲ ဖြေးဖြေး နဲ့ ပုံမှန်ကစားတာမျိုးကို ဆိုလိုတာပါ ။ ဥပမာ- ယောကျာ်းနည်း နဲ့ သင်တဲ့ နေရာတွေ မှာ ကစားမယ် ဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ နည်းပြ နဲ့ မှန်မှန်လေ့ကျင့်ပြီး မိမိ ခန္ဓာကိုယ်၏ အချိုးအစားကို အမြဲသတိထားပြီး လေ့ကျင့်ကစား နေသင့်ပါတယ် ။


မေး ။ ကလေး လိုချင်တဲ့သူတွေကို တချို့သော ဆရာဝန်တွေ က သားအိမ် လေ့ကျင့်ခန်းရအောင် ကစားခိုင်းတတ်တယ် ။ အဲဒါ နဲ့ ပတ်သက်ပြီး ဘယ်လို အကြံပြုချင်ပါသလဲ ။

..........................................................................................................................................................................................................................


ဖြေ ။ ကလေး လိုချင်တဲ့သူတွေ ဆရာဝန် ညွှန်ကြားမှု နဲ့ လာကစားရင် ပိန်ဖို့ကို ဦးမတည်ဘဲ ဖြေးဖြေးကစားရပါတယ် ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မကစားရပါဘူး ။ ဓမ္မတာ လာပါနီးရက်ဆို ကစားတာကို ခဏနားထားပြီး အဲဒီလအတွက် ကိုယ်ဝန်မရှိသေးဘူး ဆိုမှ နောက်ထပ် ဆက်ကစားသွားသင့်ပါတယ် ။


မေး ။ ဆိုင် မှာ အဆီချထားရင် ဖြစ်ဖြစ် ကစားထားရင် ဖြစ်ဖြစ် အထိုက်အလျောက်ကျသွားပြီးမှ အိမ်မှာ အစားဆက်ထိန်း နေပါလျှက် ထပ်မကျတော့တာ ဘာကြောင့်ပါလဲ ။

..........................................................................................................................................................................................................................


ဖြေ ။ ခန္ဓာကိုယ် တစ်ခုကိုကျအောင်ချတာ နဲ့ ရှိပြီးသာ ခန္ဓာကိုယ်ကို မတက်အောင် ဆက်ထိန်းတာ မတူပါဘူး။ မတက်အောင် ထိန်းတာ ဆိုရင် အစားကို ပုံမှန်လေးထိန်းစားပြီး လေ့ကျင့်ခန်းတခု မှန်မှန်ယူ ၊ အစားလျော့ပြီး နှစ်သက်ရာကစားနည်း ၊ အဆီချနည်းတစ်ခုခုနဲ့ထိန်းရသလိုချထားနဲ့ခန္ဓာကိုယ်တခုကိုနောက်ထပ်ထပ်ချ ချင်တာဆိုရင်လည်းကိုယ်လိုချင်တဲ့အနေအထား တခုရောက်တဲ့အထိ အဆီချတာနဲ့ဖြစ်ဖြစ် ၊ ပြင်းပြင်းထန်ထန် ထပ်ကစားတာဘဲ ဖြစ်ဖြစ် အစားပါ ထပ်လျော့သွားမှ မိမိ လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားကို ရနိုင်မှာ ဖြစ်ပါတယ် ။


မေး ။ လက်ပြင် ကုန်းနေတတ်တဲ့သူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းကို ဖော်ပြပေးပါ ။

.............................................................................................................................................................................


ဖြေ ။ အကောင်းဆုံး လေ့ကျင့်ခန်းက ခါးပေါ်မှာ လက်လေးလုံးတင်နေအောင် အမြဲ သတိထားပြီး ခါးဆန့် နေခြင်းဖြင့် အလိုလို မတ်ပြီး စမတ်ကျသွားမှာ ဖြစ်ပါတယ် ။


မေး ။ အပင်ပန်းလည်း မခံနိုင် ၊ အမောလည်း မခံနိုင်တဲ့သူတွေ လာကစားချင်ရင် ဘယ်လို အကြံကောင်းမျိုး ပေးသင့်ပါသလဲ ။

.............................................................................................................................................................................


ဖြေ ။ ပိန်ဖို့ လှဖို့ကို အရင်ဆုံးဦးစားမပေးဘဲ ပထမဆုံး အသက်ရှုလေ့ကျင့်ခန်းကို တစိုက်မတ်မတ်လုပ်သင့်ပြီး သက်လုံကောင်းပြီး အမောခံနိုင်အောင် ဖြေးညင်းညင်သာသော လေ့ကျင့်ခန်းများ ဖြင့် အလေ့အကျင့်ရအောင် အရင်စ ကစားသွားသင့်ပါတယ် ။