အကြံပြုလွှာ


အဆီချဖို့ ခက်ခဲသူများ .....


    လူတော်တော်များများ ၏ ထင်ကြေး စကားတစ်ခု မှာ '' အသားပျော့ရင် အဆီကျလွယ်ပြီး ၊ အသားကျစ်ရင် အဆီချရခက်ပါသည် '' ..... တဲ့ ... ဆိုတာ မှန်သင့် သလောက် မှန်ပေမယ့် လူတိုင်း အတွက် အကျုံး မ၀င်ပါ.... အသားကျစ်ပြီး ကျွန်မတို့ မျှော်မှန်းထား သည် ထက် ပိုကျသူများ ရှိတတ်သလို .. အသားပျော့ ဖတ်နေပြီး ချရတာ အလွန် ခက်ခဲသော သူများစွာ ကို လည်း တွေ့မြင်ဖူးပါသည် ... သို့ ဖြစ်ပါ၍ မိမိ ခန္ဓာကိုယ် ၏ အသားကျစ်ခြင်း ၊ အသားပျော့ခြင်း သည် လာလုပ်သည့် Customer များ နှင့် မသက်ဆိုင်ပါ ... ထို Customer များ ၏ ခန္ဓာကိုယ် ကိုယ် မည်ရွေ့မည်မျှ ကျမည်ဆိုတာ နှင့် မိမိ တာဝန် ယူထားသလောက် မဖြစ်မနေ အဆီ ကျနိုင်စေဖို့ ဆိုတာ ... Customer များ နှင့် တာဝန်ယူ ၀န်ဆောင်မှု ပေးသည့် အဆီချ ဆိုင်များ ၏ အပြန်အလှန် သဘောတူညီမှု ကတိက၀တ် ပေါ် တွင် သာ မူတည်ပါသည် ...

မိမိ ခန္ဓာကိုယ် ၏ အ၀ လွယ် ၊ အပိန်လွယ်ခြင်း ၊ အတက်မြန် ၊ အကျမြန်ခြင်း များ နှင့် မိမိ တို့ နေ့စဉ် မည်သို့ နေထိုင် စားသောက်လေ့ ရှိသည် ကို ကိုယ်တိုင်သာ အသိဆုံး ဖြစ်ပါ၍ ... အကယ်၍သာ ... အတက်မြန် ၊ အကျခက်သော ခန္ဓာကိုယ် ပိုင်ရှင်များ ဖြစ်ပါက .. မိမိ တို့ ကိုယ်တိုင်သာ အမြဲ သတိပြု၍ နေထိုင် စားသောက် ဆင်ခြင်နေရမည် ဖြစ်ပါသည် ....


အဆီချ လုံးဝ မလုပ်သင့်သူများ .....


   ဗိုက်ခွဲ ပြီး ကလေး မွေးထားသည့် သူမျိုး ဆို အနည်းဆုံး ( ၁ ) နှစ်အကြာ မှသာ ဆောင်ရွက် သင့်ပြီး ..... နှလုံး ခွဲစိတ်ထားသည့် သူ ၊ နှလုံး မှာ စက်တတ်ထားသည့် သူ …. ကိုယ်လက်အင်္ဂါ ကလီစာ တစ်ခုခု ဖြတ်တောက် အစား ထိုး ထားသည့် သူ ၊ တက်တတ် သည့် ရောဂါ အမျိုးမျိုး ရှိသူများ နှင့် ပြင်းထန်သော နှလုံးရောဂါ ရှိသူများ ဆိုလျှင် လုံးဝ မလုပ်သင့်ပါ ..... ချွေးထွက်လျှင် ပိန်သည် ဆိုပြီး Sauna ဆိုသော ချွေးပေါင်းတာ ကို နေ့စဉ် ၀င်ချင်တာမျိုး ... မလုပ်သင့်ပါ ... မလိုအပ်ဘဲ ခန္ဓာကိုယ် မှ ရေဓာတ်တွေ ဆုံးရှုံး သဖြင့် ... အန္တရာယ် ရှိနိုင်သလို ... Sauna ၀င်ထားပြီးလျှင် လည်း ... ချက်ချင်း အပူ အအေး ပြောင်းပြီး နေထိုင် သွားလာမိခြင်း မျိုး ... လုံးဝ ရှောင်ကြဉ်သင့်ပါသည် .... ဆရာဝန် ညွှန်ကြားမှု ဖြင့် အဆီလာချသူများ ဆိုလျှင်လည်း .... အ၀ လွန်သဖြင့် အထိုင်အထ က အစ လုံးဝ မလုပ်နိုင်သော်လည်း တခြား ကိုယ်တွင်း ကလီစာများ ၏ ကျန်းမာရေး ကောင်းနေ သူ ဖြစ်မှ သာ ခေတ်ပေါ် နည်းလမ်းများစွာ ဖြင့် အဆီချသင့်ပါသည် . .... ထိုသို့သော သူများ မဟုတ်ခဲ့သူ ဖြစ်ပါက .... အန္တရာယ် အကင်းဆုံးသော လမ်းလျှောက် လေ့ကျင့်ခန်း ၊ အသက် ရှု လေ့ကျင့်ခန်းများ နှင့် ဖြေးညင်း သက်သာသော လေ့ကျင့်ခန်းများစွာ ကို သာ ရုတ်တရက် ချက်ချင်း အလျှင် အမြန် ပိန်စေဖို့ ထက် ... ကျန်းမာရေး ကောင်းအောင်သာ အဓိက ဦစားပေး လုပ်သင့်ပါသည် ......

အများဆုံး အဆီလာချတတ်ကြသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ .....


   အမျိုးသမီးများ ၏ ခန္ဓာကိုယ် သဘောတရားများစွာ အရ ရာခိုင်နှုန်း အများဆုံးမှာ ... ၀မ်းဗိုက် နှင့် ခါးနေရာ တ၀ိုက် ဖြစ်သော်လည်း ... တစ်ယောက် နှင့် တစ်ယောက် ၀တတ်ပုံ ၀တတ်နည်း .. မတူညီသော ခန္ဓာကိုယ် သဘောတရား အရ ၊ အချို့ က ၀လာလျှင် အပေါ်ပိုင်း ကြီးတတ်လာခြင်း ၊ အချို့က အောက်ပိုင်း ကြီး တတ်လာခြင်း ... တခါတရံ မျိုးရိုးလိုက်သည့် ဘက် အတိုင်း ခန္ဓာကိုယ် အပေါ်ပိုင်း / အောက်ပိုင်း ကြီးတတ်ခြင်း ... အမျိုးမျိုး ပေါ် မူတည်ပြီး ..... မိမိ ခန္ဓာကိုယ် ၏ အကြည့်ရ ရုပ်အဆိုးဆုံး နေရာ ကို မိမိသာ လျှင် အသိဆုံးဖြစ်သည့် အတွက် ... လက်မောင်း ပိုကြီးသည့် သူ က လက်မောင်း ပိုကျချင်တတ်သလို ၊ တင်ပါး ပိုကြီး သည့် သူ ၊ ပေါင် ပိုကြီးသည့် သူ ၊ ကျောကုန်း ပိုကြီးသည့် သူ စသဖြင့် ... သူတို့ လိုအပ် သည့် နေရာ ကို လိုက်၍ အဆီကျချင် / ပိန်ချင်သည့် နေရာ ကွဲပြားခြားနား တတ်ကြပါသည် ....

ခန္ဓာကိုယ် ၏ ဘယ်လို နေရာ အစိတ်အပိုင်းတွေ ကို အဆီချလို့ရနိုင်သလဲ ....


   ဗိုက် ၊ ခါး ၊ ကျောကုန်း ၊ ချိုင်း ၊ လက်မောင်း ၊ ပေါင် ၊ ခြေသလုံး ... စသည့် နေရာတိုင်း ကို အဆီ ချနိုင်သလို ... အခြား နုနယ်သော နေရာများ ဖြစ်သည့် ... မျက်နှာပြင် ၊ မေးစေ့ နှစ်ထပ် ၊ ရင်သား ၊ တင်ပါး စသည့် နေရာများစွာ ကို လည်း ... အဆီကျဆေး မဟုတ်သည့် ... Lifting / Firming / Shaping Product များ စွာ နှင့် ခေတ်မှီ နည်းပညာများစွာ ဖြင့် ... စနစ်တကျ တင်းရင်း လှပအောင် ပြုပြင်နိုင်ပါသည် ....

GINGER Beauty Land တွင် အဆီလာချသည့် အသက်အရွယ် အများစု .....


   အသက် ( ၁၆ ) နှစ် ၀န်းကျင်မှ စပြီး ... အသက် ခြောက်ဆယ် ၀န်းကျင် အထိ ... ကျန်းမာရေးကောင်းသူတိုင်း အဆီလာချ တတ်ကြပေမယ့် .... အများဆုံး လုပ်ကြတာ ကတော့ .... အသက် ၂၀ နှစ် မှ ၅၀ ကြား အရွယ်တွေဘဲ ဖြစ်ပါသည် ...

အချိန် အပိုင်းအခြား အလိုက် သိသာမှုများ ....


   ပုံမှန် Package ဆိုလျှင် အနည်းဆုံး ( ၁၀ ) ရက် အကြာတွင် ၀တ်လို့ စားလို့ ကောင်းအောင် စတင် ပိန်လာနိုင်ပြီး ... သိပ် မ၀သူ ၊ အချိန်လုံးဝ မပေးနိုင်သူများ အတွက် ... အချိန်တို ( ၅ ) ရက် အတွင်း သောက်ဆေး ၊ ထိုးဆေး လုံးဝ မပါဘဲ ... အန္တရာယ် မရှိစေသော နည်းလမ်းများ ၊ စက်ကိရိယာများ ဖြင့် ... အလျှင် အမြန် သိသာထင်ရှားလာအောင် ... ဆောင်ရွက်ပေးသည့် ၀န်ဆောင်မှုများလည်း ရှိပါသည် .... Package ( ၁ ) ခု အပြီးတွင် စသိသာပြီး Package ( ၃ ) ခု မှ ( ၅ ) ခု အကြားတွင် ပိုမို ထူးခြား လှပစွာ သိသာလာစေနိုင်ပါသည် ... သို့သော်လည်း ... မပိန်မချင်း အဆီချနေခြင်း သည် ငွေကုန် ကြေးကျ များစွာ ရှိနိုင်သည့် အတွက် ... မိမိ တတ်နိုင်သည့် ငွေကြေး ပမာဏ အနေအထား အလျောက် သိသိသာသာ အလျှင်မြန်ဆုံး ပိန်နိုင်အောင် အဆီချပြီး ... လေ့ကျင့်ခန်း ဆက်လုပ်ပြီး ပိန်အောင် လုပ်လျှင် လည်း ရပါသည် ....

တိုးတက်နေသော ခေတ်ပေါ် အဆီချနည်းလမ်းများ .....


   ကိုယ်လက်လှုပ်ရှား ကစားနည်း ၊ Massage နည်း ဖြင့် အဆီချနည်း ၊ Rapping လုပ်ခြင်းဖြင့် အဆီချနည်း ၊ Vibration စက်ဖြင့် အဆီချနည်း ... ၊Radio Frequency စက် ဖြင့် အဆီချနည်း ... Vacuum စက်ဖြင့် အဆီချနည်း ၊ Current ( or ) Rays ဖြင့် အဆီချနည်း ၊ Liposuction အဆီ စုပ်ထုတ်သည့် နည်းဖြင့် အဆီချခြင်း ၊ Laser နည်းဖြင့် အဆီကျနည်း ၊ Skin Firming ( ခန္ဓာ ကိုယ် တစ်ခုလုံး ရှိ အဆီပြင် နှင့် အသားအရည် ကို ရုတ်တရက် ဆွဲကျုံ့ တင်းရင်း စေသော နည်း ဖြင့် ... အဆီချခြင်း ... ခေတ်ပေါ် အဆီကျ သောက်ဆေး ၊ အဆီချ လိမ်းဆေး ၊ အဆီကျ ဆီးသီး ၊ အဆီကျ ကော်ဖီ ၊ အဆီကျ လက်ဖက်ခြောက် ၊ အစာ စားချင်စိတ် မရှိစေဘဲ ဗိုက်ပြည့်နေစေသည့် အဆီကျ အစာလုံး ၊ အဆီကျ ပလာစတာ ... စသဖြင့် နည်းလမ်း များစွာ ရှိပါသည် ....

အဆီချခြင်း ၏ အကျိုး အပြစ်များ ( သို့ ) အဆီကျ မလုပ်ခင် ... မည်သည့် အချက်တွေ ကို ကြိုတင် လေ့လာ သိရှိပြီး မှ ဆောင်ရွက်သင့်တယ် ဆိုတာ ကတော့ ....


   သဘာဝ ကို လွန်ဆန်ပြီး လုပ်သည့် နည်းစနစ်တိုင်း မှာ အားသာချက် ၊ အားနည်းချက် / ကောင်းကျိုး ၊ ဆိုးကျိုး ဟူသည် အနည်းနှင့် အများ ရှိတတ်ပါသဖြင့် ... အချိန် မကုန် ၊ လူမပင်ပန်း ဘဲ အချိန်တို အတွင်း ပိန်စေခြင်း မှာ အလှအပ ကို နှစ်သက်သူ ၊ ကျန်းမာရေး ကောင်းသူ အမျိုး သမီးများ အတွက် ... အထူး အားသာချက် ဖြစ် ပါသော်လည်း ... မိမိ ခန္ဓာကိုယ် တွင် ကျွန်မ အထက်တွင် ဖော်ပြခဲ့သည့် ကျန်းမာရေး မကောင်းသူ များ ဖြစ်ပါက ... အတင့်ရဲစွာ အသက် အန္တရာယ် ကို ရင်းနှီးပြီး မပြုလုပ်သင့်သလို .... မည်သည့် နည်းလမ်း နှင့် အဆီချချင်ချင် ... ကျွန်မတို့ လို အဆီချလုပ်ငန်း များ ဖြစ်ပါက .. မလုပ်ခင်မှာ တာဝန်ယူပေးမည့် Beauty Consultant ဆိုတာ နှင့် .... မည်ရွေ့မည်မျှ ကျမည် ၊ ကောင်းကျိုး ဆိုးကျိုး မည်သို့ ရှိနိုင်မည် ... အကယ်၍ လုပ်နေစဉ် ကျန်းမာရေး ပြသနာ တစ်စုံတရာ တက်လာ လျှင် က အစ မည်သို့ တာဝန် တာဝန်ယူပေးမည့် ... ဆိုတာတွေ ကို ပါ အသေးစိတ် သေသေချာချာ ဆွေးနွေး ပါ ... စိတ်ကျေနပ်မှု မရမချင်း အားမနာ တမ်း မေးမြန်းပါ ... တစ်ယောက် နှင့် တစ်ယောက် ခန္ဓာကိုယ် သဘောတရား အသားအရည် သဘောတရား မတူညီ တတ်ပါသဖြင့် ... သူများ လုပ်တိုင်း အလျှင်စလို နားယောင်ပြီး မလုပ်သင့်ပါ ... တခါ ... ကျွမ်းကျင် အလှအပ ရေးရာ ဆရာဝန် နှင့် မှ ဆောင်ရွက်သင့်သည့် ... Liposuction နည်း ... ၊ Laser နည်း ၊ Skin Firming နည်း ... များ နှင့် အဆီချမည် ဆိုပါက လည်း ... မလုပ် ခင် မှာ မည်သို့ လုပ်ရမည် ...လုပ်နေစဉ် အချိန် မည်မျှ ကြာမည် .. လုပ်နေစဉ် နှင့် လုပ်ပြီး မည်မျှ အချိန်ကြာကြာ ... နာကျင်မှု ရှိနိုင် ၊ မရှိနိုင် က ... မည်သို့ မည်ပုံ အဆီကို ချေဖျက် လိုက်သည် ... စတာတွေ အပြင် .. ခေတ်မှီစွာ အဆီချ လုပ်ထားပြီးလျှင် အချိန် မည်မျှ ကြာရှည် ခံမည် .... မည်သို့ နေထိုင် စားသောက် ရမည် ...မည်သည့် အချက်တွေ ကို အထူး သတိပြု ရှောင်ကြဉ် ရမည် ... ဆိုတာတွေ အပြင် ... မိမိ ကို တာဝန် ယူ ဆောင်ရွက်ပေး မည့် ကျွမ်းကျင် ပညာရှင် ၏ လုပ်သက် ၊ အတွေ့အကြုံ ၊ မိမိ အရှေ့တွင် အောင်မြင်စွာ ဆောင်ရွက် ခဲ့သည့် သူများစွာ ၏ Record များ ၊ ထိုသူများစွာ ၏ လတ်တလော တွေ့ကြုံ ခံစားမှုများ ... လုပ်ပြီး ခြောက်လ အကြာ ၊ လုပ်ပြီး တစ်နှစ် အကြာ စသဖြင့် .... သိသင့် သိထိုက်သည့် အချက်အလက် များစွာ ကို အသေးစိတ် နိုင်သမျှ အသေးစိတ် ၍ လေ့လာပြီး စိတ်ကျေနပ် ယုံကြည် စိတ်ချမှု ရရှိပြီ ဆိုမှသာ လုပ်သင့်ပါသည် ....

အဆီချလုပ်မည့်သူများ အဆီချနေစဉ် လိုက်နာ ဆောင်ရွက်သင့်သည်များ ...


   အဆီချ ၀န်ဆောင်မှု ဆောင်ရွက်နေစဉ် အချိန်ကာလ အတွင်း .... အစာ ကို သင့်တင့်မျှတရုံ စားရန်သာ လိုအပ်ပြီး အဆီအဆိမ့် ၊ အချိုရည် ၊ ရေခဲရည် ၊ ဆီကြော်မုန့် ၊ အဆီ တက်စေ မည့် အစားအစာ အမျိုးမျိုး နှင့် အလွယ်တကူ ရသော Ready Made အစားအစာ Fast Food စသည် တို့ ကို ရှောင်ရန် လိုအပ်ပါသည် .....

အဆီချထားသည့် ခန္ဓာကိုယ် မည်မျှ ကြာရှည်ခံနိုင်တယ် ဆိုတာ .....


   လက်မောင်း ၊ ပေါင် ၊ ခြေသလုံး ၊ ကျောကုန်း ၊ ချိုင်း စသည့် နေရာများကို အဆီချပါ က ..... မိမိ လက်ရှိ ကိုယ်အလေးချိန် နှင့် နီးစပ်ရာ ၀န်းကျင်တွင် ရှိနေသရွေ့ .... ချက်ခြင်း ပြန်မတက်နိုင်သော်ငြားလည်း .... ၀မ်းဗိုက် ကို မည်သည့် နည်းနှင့် မဆို အဆီချပြီး အစားအသောက် နှင့် သော်လည်းကောင်း နှစ်သက်ရာ လေ့ကျင့် ကစားနည်း တစ်မျိုး မျိုး နှင့် သော်လည်းကောင်း အနေအထိုင် အစားအသောက် မဆင်ခြင်ဘဲ ကြိုက်သလို နေထိုင် စားသောက်မယ် ဆိုလျှင် ချက်ခြင်း ပြန်တက်နိုင်ပါသည် ....