အကြံပြုလွှာ


      Ginger Beauty Land တွင် ခန္ဓာကိုယ် အချိုးကျ လှပစေရန်အတွက် ပုံမှန် အားကစားသင်တန်း နှင့် အချိန်လည်း မပေးနိုင် ၊ အပင်ပန်းလည်း မခံနိုင်သူများ အတွက် ဆေးလိမ်းပြီး အဆီချ စက်နှင့် အဆီချပေးသည့် ၀န်ဆောင်မှုလုပ်ငန်း ဟူ၍ (၂)မျိုးရှိပါသည်။ အဆီချ လိုသူများအတွက် ကိုယ်ခန္ဓာ အချိုးကျပိန်လိုသူများ အနေ နှင့် ဖြေးဖြေးနှင့်မှန်မှန် ကစားသွားလိုပြီး အညောင်းလည်းပြေ ၊ Stress လည်း လျော့ချင်တယ် ၊ ပြင်ပ မိတ်တွေများနှင့် ပျော်ပျော် ရွှင်ရွှင် လေ့ကျင့် ကစားရင်း စိတ်အပန်းဖြေ ထွက်ပေါက်ရလိုသူများအတွက် ပုံမှန် အားကစား သင်တန်းက သင့်တော်ပြီး ၊ Over Weight များ ၊ မင်္ဂလာဆောင်မည့် သတို့သမီးများ ၊ နိုင်ငံခြားသွားမည့်သူများ ၊ အခြား ပွဲလန်းသဘင် တစ်ခုခုသွားစရာရှိသဖြင့် အလျှင်အမြန် ပိန်လိုသူများ အတွက် အဆီချ ဆေးလိမ်း Massage လုပ်ပြီး စက် နှင့် အဆီချ ပေးသည့် နည်းဖြင့် ပိန်အောင်လုပ်တာက ပိုပြီး သင့်တော် ပါသည်။ တချို့သော Customer အများစု က မိမိ တို့ စိတ်ကြိုက် စားသောက် ခဲ့ပြီး ထိန်း မရအောင် အလွန်အမင်း ၀ တက် လာသည့် အခါကျမှ ဗြုန်းခနဲ ပိန်ချင်လာသည့် အတွက် အလျှင် အမြန် ပိန် လို လာ သော ကြောင့် တပြိုင်ထဲ ကစားလည်းကစား ၊ အဆီ လည်း ချပါမည် ဟု ဆိုလာ လျှင်လည်း နှစ်မျိုး စလုံး ပြိုင်တူ လုပ်ခြင်းဖြင့် ပို ၍ ပိန် မသွားစေနိုင်သည့် အတွက် နှစ်သက်ရာ နည်း တစ်မျိုးမျိုး ကို သာ အရင် ရွေးချယ် စေပြီး ဇွဲရှိရှိ နှင့် ပိန်အောင် လုပ် ဖို့ က အစ သေချာ ရှင်းပြပေး ရပါသည် ။ တချို့ သော Over Weight Customer များ ဆိုလျှင် ၁၀ ရက် ထဲ နှင့် ရက် ၂၀ စာ ကို ပေါင်းလုပ်ပြီး ကျသလောက် ၀န်ဆောင်မှု အခကြေးငွေပေးပါမည် ၊ အချိန် မရလို့ ပေါင်းလုပ်ပေးပါ ဆိုလာလျှင်လည်း ၁၀ ရက် လုပ်လျှင် ၁၀ ရက်စာ ၏ အကျိုး အာနိသင် သာ ရှိမည် ၊ ၁၀ ရက် ကို ရက် ၂၀ စာ ပေါင်းလုပ်ခြင်းဖြင့် ပိုက်ဆံ ပိုကုန် လူပိုပင်ပန်း ၊ အချိန်ပိုကုန်ရုံကလွဲပြီး ပို၍ ထူးခြား ပြောင်းလဲမှု မရှိ နိုင်သည်ကို ကအစ သေချာစွာ နားလည်အောင် ရှင်းပြပေးရပါသည် ။ ထို့ပြင် အလျှင်အမြန် ပိန်လိုသည့် အတွက် အဆီချ ကော်ဖီ ၊ လက်ဖက် ခြောက် စတဲ့ ပိန်ဆေး အနွယ်ဝင် ပစ္စည်း တမျိုးမျိုး သုံးမည် ဆိုလျှင်လည်း အိပ်ရေး ပျက်မယ် ၊ မျက်တွင်း ကျမယ်.၊ ပါးရိုး ကျမယ် ၊ ရင်တုန်မယ် ၊ ၀မ်းချုပ် ၊ ၀မ်း လျှောမယ် ၊ စိတ်ကယောက် ကယက် ဖြစ်တတ်တယ် ၊ စသည့် အားလုံး ( သို့ ) တမျိုး မျိုး သော Side Effect များကို ကြိုတင် ရှင်းပြ ပေးရ သလို Sauna လိုမျိုး ချွေး ထုတ်တာ ကို နေ့တိုင်း မလုပ်သင့် တာမျိုးက အစ ၊ နေ့တိုင်း သုံးရင် ခန္ဓာ ကိုယ် က ချွေးတွေ အများ ကြီး မလိုအပ် ဘဲ နေ့တိုင်း ထွက် ရသည့် အတွက် ရေ ဓာတ်တွေ ဆုံး ရှုံးပြီး အန္တရာယ် ရှိနိုင်သည် ဆိုတာမျိုး ကို ပါ ရှင်းပြပေးရပါသည် ။

မျက်နှာ နှင့် ခန္ဓာကိုယ် နှစ်မျိုးလုံးအတွက်

       ဆေးလိမ်းပြီး စက်နှင့် အဆီချ လို သည့် သူများ၊ မျက်နှာ အဆီချ မည့်သူများ ၊ Face Lift လုပ်မည့် သူများ အနေနှင့်လည်း မိမိ ယုံကြည်စွာဖြင့် မိမိ မျက်နှာ ( သို့) ခန္ဓာ ကိုယ် ကို ပုံအပ် ရမည့် ဆိုင် ကို မိမိ၏ ကျန်းမာရေးး ရာဇ၀င် က အစ / မိမိ သတိထားမိ သည့် မိမိ မျက်နှာ အကြောင်း Laser Treatment ယူဖူးခြင်း ရှိမရှိ ၊ Botox ထိုးဖူးခြင်း ရှိမရှိ ၊ မတည့် သည့် အစား အသောက် နှင့် Skin Care များ အကြောင်း စ လုပ်လျှင် ဘယ်နှရက် အကြာတွင် စတင် သိသာ နိုင်မည် ၊ လုပ်ပြီးသွား လျှင် ဘယ်လို ထိန်းသိမ်းရမည် အထိ အသေး စိတ်မေးမြန်း ပြောဆို ဆွေးနွေးပြီး မှ လုပ်သင့် ၊ မ လုပ်သင့် ကို ရွေးခြယ် သင့်သကဲ့သို့ မိမိမျက်နှာနှင့် ခန္ဓာကိုယ်သည် အမှားလုံးဝ မခံသော Sensitive Skin မျိုးဖြစ်ပါကလည်း ဆောင်ရွက်ပေးမည့်ဆိုင်နှင့် ကြိုတင် ပြောပြဆွေးနွေးထားသင့်ပါသည်။ လတ်တလော ဖြစ်နေသည့် မိမိ မျက်နှာ / ခန္ဓာ ကိုယ် ကို စိတ်ညစ် စိတ်ဓာတ် ကျ နေရုံ နှင့် ၀ုန်းခနဲ မဆုံးဖြတ်သင့်ပါ ။ ဖြစ်နိုင်မည် ဆိုလျှင် အရှေ့ မှာ ဆောင်ရွက်ပေး ခဲ့သည့် Customer Record နှင့် Result များ ကို ကအစ သေချာ လေ့လာပြီး မှ မိမိ အတွက် သင့် မသင့် ကို ချင့်ချိန် ဆောင်ရွက် သင့်ပါသည်။ မိမိ ရွေးခြယ် သည့် ဆိုင် က လုပ်ရ လျှင် ပြီးရော အပြော ကောင်းကောင်း နှင့် ရောင်းမည့်ဆိုင်လား ၊ မိမိ အတွက် ကောင်းမ ကောင်း ၊ သင့် မ သင့် စသည့် ဘေးထွက် ဆိုးကျိုး က အစသေချာ ရှင်းပြပြီး မှ ၀န်ဆောင်မှု ပေး မည့်ဆိုင် လား ၊ မိမိ ကို ဆောင်ရွက် ပေးမည့် ၀န်ထမ်း တွေ ၏ အနေ အထား နှင့် ဟန်ပန် အမူအရာ က လာ သည့် Customer ကို လေးစားသမှု ရှိ / မရှိ ၊ မိမိ မျက်နှာ ( သို့) ခန္ဓာ ကိုယ် ကို ယုံကြည်စွာ ပုံအပ် နိုင်ရန် နည်းစနစ်တကျ လေ့ကျင့် ထားသည့် ကျွမ်းကျင် ၀န်ထမ်း ဟုတ်မဟုတ် ကို က အစ သေချာ လေ့လာ ပြီးမှ ယုံကြည်စွာ ဆောင်ရွက် သင့် သကဲ့ သို့ ဆေးလိမ်းပြီး စက်နှင့် အဆီ ချခြင်း ဖြင့် ပိန်လိုခြင်း သည် သဘာဝ ကို ဆန့်ကျင်ပြီး အလျှင်အမြန် ပိန်လိုခြင်း ဖြစ်ပါ၍ မိမိ ကို လက်ခံ ဆွေးနွေးပေးသည့် သူသည် ဤ အလုပ် ကို အမှန် တကယ် သိနား လည် ပြီး ရှင်းပြ နေ တာလား ၊ သူပြောသည့် အတိုင်း ဖြစ်နိုင် မဖြစ်နိုင် ၊ အမှား အယွင်း တစ်စုံတရာ ရှိခဲ့လျှင် က အစ မိမိ ကို အမှန်တကယ် တာဝန် ယူပေးနိုင် ၊ မယူပေးနိုင် က အဆုံး ၊ မိမိ ဆီက ပိုက်ဆံ မယူ ခင် ၊ ယူနေဆဲ ၊ ယူပြီးချိန် များတွင် ပါ စိတ် မပြောင်းလဲ ဘဲ စကား တည်စွာဖြင့် ကိုယ် ပြောထား သည့် အတိုင်း သေချာ တာဝန် ယူပေးမည့် ဆိုင် ဟုတ် မဟုတ် က အစ သေချာ စွာ လေ့လာ ဆန်းစစ် ပြီး ဆောင်ရွက် သင့်ပါသည်။