** Facial Service**


မျက်နှာ အဆီချပေးခြင်း ( Facial Shaping )

အမျိုးသမီးများ စတင်၍ ၀လာလျှင် ဖြစ်ပေါ်လာသည့် ပါးရိုး ၊ မေးရိုး၊ မျက်နှာပြင် နှင့် မေးစေ့ နှစ်ထပ် အဆီပိုများကို အန္တရာယ်မရှိသော နည်းလမ်းများဖြင့် ဆောင်ရွက်ပေးသောကြောင့် အချိန်တို ( 10 ) ရက် အတွင်း သိသာစွာ ပြောင်းလဲ လှပလာစေပါသည်။



မျက်နှာ အားဖြည့် ပေါင်းတင် ပေးခြင်း ( Facial Massage & Face Pack )

မျက်နှာ အလှ ထိန်းသိမ်းလိုသူများ နှင့် မျက်နှာ အဆီချ ထားသူများ ၊ Facial Shaping Treatment လုပ်ထားသူ များ 1 ပတ် လျှင် တစ် ကြိမ် ( သို့) 10 ရက် လျှင် တစ်ကြိမ် ကျ ဆောင်ရွက်ပေးခြင်း ဖြင့် အိုမင်း ရင့်ရော်ခြင်းကို တားဆီး ပေးပြီး နုပျို တင်းရင်း လှပသော မျက် နှာ ကို အချိန် ကာလ ကြာရှည်စွာ ပိုင်ဆိုင် နိုင်စေပါမည်။


ကျွန်မမျက်နှာက မွေးကတည်းက ပါးဖောင်းတဲ့ မျက်နှာမျိုးပါ။ ၀လာ ရင်ပို ပိုဖောင်းလာတတ်ပါတယ်။ Ginger ရဲ့ အဒေါ် ကျွန်မမိတ်ဆွေ ခင်ခင်အေးက ကမ်းလှမ်းတာနဲ့ လုပ်ဖြစ်တာပါ။မျက်နှာအဆီချ Sponser ( ၁၀ )ရက် လုပ်အပြီးမှာ အရမ်းသိသာကျသွားလို့ Gingerကိုအရမ်းကျေးဇူးတင်မိပြီး ပိုလှသွားတဲ့ ကျွန်မမျက်နှာနဲ့လိုက်အောင်န္ဓာကိုယ် အဆီချပါ ဆက်လုပ်နေပါတယ်။ ကျွန်မဓာတ်ပုံတွေကြည့်ပြီး ကျွန်မလိုအဆီချလို့ အရွယ်တင်နုပျိုပြီး လှပပျော်ရွှင်နိုင်အောင် ကြော်ငြာ သုံးဖို့  ခွင့်ပြုပေးလိုက်ပါတယ်။


ဒေါ်ခင်စိန်ကြည်
အမှတ် (၆၃) သီတာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့ နယ်၊ ရန်ကုန်မြို့ ။


ဓာတ်ပုံရိုက်ပြီးတိုင်း မျက်နှာကဖိုးလမင်းဖြစ်နေလို့ အမြဲစိတ်ညစ်ခဲ့ရတယ်။ မျက်နှာအဆီချစလုပ်တော့ ဆေးတွေ ထိုးမှာလားလို့ စိတ်ပူနေတာ နောက်မှCream အကောင်းစားတွေလိမ်းပြီး စက်ကိရိယာလေး တွေနဲ့ မျက်နှာကို နှိပ်ပေးမှန်းသိမှ စိတ်အေးသွားတယ်။ ( ၅ ) ရက် ပြီးတိုင်း မျက်နှာကိုပေါင်းတင်ပေးတော့ မျက်နှာက အဆီတွေလည်း ကျပြီး မျက်နှာလေးက တင်းရင်းလာတာကို ကိုယ်တွေ့ ခံစားလိုက်ရ တယ်။ ဒါ့ကြောင့် အသက်အရွယ်အလိုက် နုပျိုပြီး တင်းရင်း လှပတဲ့ မျက်နှာလေး တွေပိုင်ဆိုင်နိုင်ဖို့  Ginger မှာ Facial Treatment လုပ်ပြီး အဆီလာချ ဖို့ ကျေးဇူးတင်စွာနဲ့ ဖိတ်ခေါ်ပါရစေ။


ဒေါ်လဲ့ယဉ်မြင့်
ခြံအမှတ် (၁) ရှင်စောပုလမ်း၊ စမ်းချောင်းမြို့ နယ်၊ ရန်ကုန်မြို့ ။


ကျွန်မမှာ လည်ပင်းကြီးရောဂါကြောင့် အဏုမြူရာင်ခြည် ဆေးသာက် ခဲ့ရပြီး ဘယ်လိုမှ ၀ိတ်ချ လို့မရအောင် အရမ်း ၀လာခဲ့ပါတယ်။ ( ၅ ) ရက် အပြီး မှာ စ သိသာ လာပြီး ( ၁၀ ) ရက် အပြီးမှာ တော့ ပိုပြီး သိသိသာသာ လျော့ကျ သွားခဲ့ပါတယ်။ မျက်နှာ အဆီမချခင် က ကျွန်မ မျက်နှာ ပြည့်ဖောင်းလွန်းလို့ ထိန်းပြီး ပြုံးရုံလေး ပြုံးနေခဲ့ရတာအခုဆို ပေါ့ပေါ့ပါးပါးပြုံးနိုင်လာတဲ့အတွက် Sponsor လုပ်ပေး တဲ့ Ginger နဲ့ မစွဲမြတ်ဟေသီ ကိုရမ်းကျေးဇူးတင်နေရပါပြီ။


မမြတ်မြတ်ခိုင်
တိုက် (၉)၊ အခန်း (၁၀) ဖ.ဆ.ပ.လ၊ မင်္ဂလာတောင်ညွန့် မြို့ နယ်၊ ရန်ကုန်မြို့ ။့ 


မစွဲမြတ်ဟေသီ က မျက်နှာအဆီချ Sponsor လုပ်ပေးတဲ့ ( ၁၀ ) ရက် မှာ တွေ့ နေကျလူနဲ့ မတွေ့ဘဲ နေပြီး (၁၀ ) ရက် ပြည့်မှ တွေ့ကြည့် ဖို့ အကြံပေးတယ် ။ တကယ်ကိုဘဲ မျက်နှာ အဆီချတဲ့ ( ၁၀ ) ရက် အပြီး မှာ Oversea မှာ ကျောင်းတက်နေတဲ့ ကျွန်မချစ်သူနဲ့ Online မှာပြန်တွေ့ တော့ သူက ကျွန်မ ပိုလှနေလား...ဘာလုပ်ထားတာလဲလို့ တအံ့တသြမေးလာတဲ့ ကောင်းသောFeed Back ကို ရရှိခဲ့ပါတယ်။ ကျွန်မတကယ်ပဲ လက်ရှိအသက်ထက် ပိုငယ်သွားတယ် လို့ ယုံကြည် ခံစား ရတဲ့အတွက် Sponsor လုပ်ပေးတဲ့ မစွဲမြတ်ဟေသီ (Ginger Facial Shaping Service) ကို တကယ် ကျေးဇူး တင်ခဲ့ရပါတယ်။


မသီရိဝင့်
ခြံအမှတ် ၅၂ ( C ) အင်းယားလမ်း၊ ကမာရွတ်မြို့ နယ်၊ ရန်ကုန်မြို့ ။