'' ဗြုတ်စဗျင်းတောင်း အိမ်ရှင်မ လက်ရာ .... ''  by Swe Myat Hay Thi (Notes) on Tuesday, June 25, 2013


   ''ဗြုတ်စဗျင်းတောင်းအိမ်ရှင်မလက်ရာ''...ဆိုတာ... http://www.facebook.com/pages/ချစ်သူ-အတွက်ဟင်းတစ်ခွက်/1375417632673936?ref=hl
  ''ချစ်သူအတွက် ဟင်းတစ်ခွက် ''  ဆိုတဲ့ Like Page နာမည် အတွက် ကျွန်မ ပထမ ရွေးထား ခဲ့တဲ့ နာမည်ပါ .... နာမည်မှာတင် ဗရမ်းဗတာ ဗလဖွာ ဖြစ်နေသလို ... ရေရှည်သွားမယ့် Page တစ်ခု အနေနဲ့ ဆို နောက်မှ မကြိုက်တော့လို့ ပြောင်းချင်လာလျှင် အဆင်မပြေတော့မှာစိုးတဲ့ အတွက် ... ကျွန်မ သိပ်ကြိုက်ပေမယ့် မပေးဖြစ်တော့ဘဲ .... ထို Page ကို ကျွန်မ ရည်ရွယ်ပြုလုပ်ထားတဲ့  ရည်ရွယ်ချက် အတိုင်း ... အမျိုးသမီးလေး တွေ ကို အဘက်ဘက် မှ ပြည့်စုံပြီး ထူးချွန် ထက်မြက် အောင်မြင်သော အမျိုးသမီးလေး အိမ်ထောင်ရှင် အမျိုးသမီးလေး များ ဖြစ်စေရန် ဆိုတဲ့ စိတ်တစ်ခု နဲ့ ... '' ချစ်သူ အတွက် ဟင်းတစ်ခွက် '' ဆို၍သာ ပေးဖြစ်ခဲ့ရပါတယ် ...
     တကယ်တမ်း ကြားရ / မြင်ရတဲ့ သူများ ၏ မျက်စိထဲ တန်းခနဲ ကွင်းကွင်း ကွက်ကွက် မြင်သာသွားစေမယ့် အမည် နာမည် မှာ ကျွန်မ ယခု ပြောချင်သည့် '' ဗြုတ်စဗျင်းတောင်း အိမ်ရှင်မ လက်ရာ .... '' ဆိုတာပါဘဲ ... ဟုတ်ပါတယ် ရှင် ... တကယ့် ကို ဗရမ်းပတာ နဲ့ ဗလဖွာ နဲ့ နေရာတကာ အရာရာ ထောင့်မကျိုး အချိုးမပြေ ဘယ်နား က မှ သုံးမရသော ကျွန်မ သာ ဖြစ်ပါတယ် ... ယခု အချိန်အခါ မှာ အလုပ်လုပ်တာ သိပ်ကြိုက်သလို ထက်ထက်မြက်မြက် အမျိုးသမီးတွေတိုင်း ကို သိပ် အားကျ နှစ်သက်လေ့ရှိသော ကျွန်မ ငယ်ရွယ်စဉ် အချိန်ကာလ များစွာ က အလုပ် လုပ်ရကောင်းမှန်း နားမလည်ခဲ့သလို ... ယခုလိုမျိုး ကိုယ် လျှောက်ချင်တဲ့ လမ်း ကိုယ် ဖောက် ၊ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည် ၊ ကိုယ့် ၀င်ငွေ ကိုယ်သုံး ၊ ကိုယ် ၀ါသနာ ပါသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာ ကိုယ့်ဟာကိုယ် စူးစမ်းလေ့လာ ... ဆိုတာတွေ က တော့ အဝေးတကာ့ အဝေးဆုံးမှာပါ .... ကျွန်မ နားလည်တာ ... ငယ်ရွယ်စဉ် မှာ မိဘတွေ နဲ့ နေ ... အရွယ်ရောက်လာရင် ... ကိုယ့် ကို နားလည်ပြီး တင့်တောင့် တယ်တယ် နဲ့ စိတ်အေးချမ်းသာစွာ ထားနိုင်မယ့် အိမ်ထောင်ဘက် ရှာပြီး လက်ထပ် .... မွေးလာမယ့် သားသမီးလေး တွေ ထိန်းကျောင်း နဲ့ဘဲ အချိန် ကုန်စေမယ့် သမရိုးကျ အိမ်ရှင်မ တစ်ယောက် ဘ၀ပါဘဲ ....
       ထိုမျှလောက် ရိုးစင်းတဲ့ တာဝန်ကျေ အိမ်ရှင်မလေး တစ်ယောက် ဖြစ်ဖို့ ကိုတောင် ကျွန်မ အမေ က ... ကျွန်မ ကို စိတ်မချနိုင်ခဲ့ပါ .... သမီး မိန်းကလေး တစ်ယောက် ဆို ဆိုသလောက ဗိုင်းကောင်းကျောက်ဖိ ဖြစ်စေချင်တဲ့ အတွက် နွေရာသီ ကျောင်း ပိတ်ရက်တွေ ဆို ... အမေ က သူ့ကို ၀ိုင်းကူခိုင်းရင်း ထမင်းဟင်းချက်တာတွေ အတင်းသင်ပေးတတ်ပါတယ် ... သူ ဘယ်လို သင်ပေးပေး ... ကျွန်မ ကိုယ်တိုင် က ၀ါသနာ မပါလှသလို ... တတ်မြောက်ချင်စိတ်လည်း မရှိခဲ့သည့် အတွက် ... ကျွန်မ အသက်
( ၂၁ ) နှစ် မှာ အမေ ရုတ်တရက် ကွယ်လွန်သည် အထိ ... ကျွန်မ မှာ ဘာ အပြင် အလုပ် မှ လည်း လက်ကြော မတင်းခဲ့သလို အိမ်အလုပ် လည်း ဘာ မှ ဖြစ်မြောက်အောင် မလုပ်တတ်ခဲ့ပါ .... အမေ ရှိတုန်း က ခဏခဏ ပြောသည့် ထမင်းဟင်းချက်တယ် ဆိုတာ ကိုယ် မတတ်ရင်တောင် နောင်တစ်ချိန် အိမ်ထောင်ကျ သည့် အခါတွင် ... မိမိ ၏ ဇနီးမယားချက်ကျွေးသည့် ဟင်း ကို မှ စားချင်လှသည့် ခင်ပွန်းမျိုး နှင့် အိမ်ထောင်ကျလျှင် ၊ ခင်ပွန်းသည် နှင့် ခင်ပွန်းသည် ဘက် မှ ယောက္ခထီး ၊ ယောက္ခမ ဆွေတော် မျိုးတော် များ ၏ အမြင်တွင် ကိုယ့် ကို အထင်မသေး ... ဆိုတာ က တစ်မျိုး ... နောက်ပြီး ကိုယ် တကယ် မတတ်ဘဲ သူများ လုပ်သမျှ မသိနားမလည်စွာဖြင့် လက်ညှိုးထိုးတာ နှင့် ကိုယ်တိုင် တကယ် တတ်မြောက် ကျွမ်းကျင်ပြီး သူများ ကို လက်ညှိုးထိုး စီမံခန့်ခွဲတာ ဘယ်လို မှ မတူနိုင် ... စတာတွေပါ ... သို့ပေမယ့် ... ကိုယ်ထင်လျှင် ကုတင်ရွှေနန်း ဖြစ် တတ်သော ကျွန်မ ... ဘယ်လို ဥပမာ ပေးပေး ... ဆုံးမမ နားမ၀င်ခဲ့ပါ .... လှနေလျှင် ပြီးတာဘဲ .... ပိုက်ဆံ ရှိလျှင် ပြီးသွားတာ ဘဲ ဆိုတာတွေ ဘဲ ကျွန်မ ခေါင်းထဲ ရှိခဲ့ပါတယ် ... တစ်သက်လုံး မလှနိုင် ဆိုတာ လည်း ကျွန်မ ထိုစဉ် က မတွေးခေါ်တတ်ခဲ့သလို ပိုက်ဆံ ဆိုတာ အလိုလို ရှိမလာ ... ပိုက်ဆံ လိုချင်လျှင် ပိုက်ဆံ ရှာတတ် ၊ သုံးတတ်ရမယ် မှန်းလည်း မသိ နားမလည် ခဲ့ရပါဘူး ....
       ထို့အတွက် ... အကောင်းဆို အလွန်တရာ ကြိုက်သည် မှ လွဲ၍ ဘာဆို ဘာ မှ မလုပ်ချင် လက်ကြောမတင်းသော ၊ ပိုက်ဆံ ဆိုတာ ကို စိတ်ရှိ လက်ရှိ ကြိုက်သလို သာ သုံးချင်၍ ပိုက်ဆံ ဘယ်လို ခက်ခက်ခဲခဲ ရှာရပြီး ပိုက်ဆံ တန်ဖိုး ဘယ်လို နားလည်ရမယ်မှန်း မသိခဲ့သော .... ဗြုတ်စဗျင်းတောင်း ... ဆိုသည့် နာမည် တစ်လုံး နှင့် လိုက်ဖက်ညီစွာ ဘယ်နေရာမှာမှ အသုံးမကျခဲ့သည့် ကျွန်မ ... မခံချင်မှု နှင့် နာကျင်မှု တစ်ခု အရင်းတည်၍ ကိုယ် တစ်ကြိမ် တစ်ခါဖူးမှ နားမလည် ... စိတ်ကူးတောင် မယဉ်ခဲ့ဖူးသော အလုပ်များစွာ ကို အမှန်တကယ် တတ်ချင်လာ သည့် အချိန် ၊ အလုပ်လေး တစ်ခု နှင့် လူရိုသေ ရှင်ရိုသေ ဖြစ်ပြီး အောင်မြင်ချင် စိတ် ရှိချင်လာသည့် အချိန် ... များစွာကျမှ .... အခက်အခဲ ဒုက္ခ လောကဓံ အမျိုးမျိုး ကို တစ်ယောက်ထဲ အားတင်း ကျော်ဖြတ် ရင်း ...
ယခုလောက် အနေအထားလေး တစ်ခု ရဖို့ ကို ...
ဘ၀ က သင်ပေးခဲ့ပါသည် ...
အခက်အခဲ ဒုက္ခများစွာ က သင်ပေးခဲ့ပါသည် ...
နိမ့်ကျ သိမ်ငယ်မှု များစွာ က သင်ပေးခဲ့ပါသည် ...
မှားယွင်းမိသော အမှားများစွာ က သင်ပေးခဲ့ပါသည် ...
နာကျင်မှုများစွာ နှင့် မခံချင်သော ဒဏ်ရာ ဒဏ်ချက်များစွာ က သင်ပေးခဲ့ပါသည် ...
ဖြတ်သန်းခဲ့ရသော ဘ၀ အတွေ့အကြုံ များ မှ လူပေါင်းများစွာ က သင်ပေးခဲ့ပါသည် ....
မှားလိုက် ပြင်လိုက် ၊ အသစ် ထပ်မှားလိုက် ၊ ထပ်ပြင်လိုက် .... အသစ် အသစ် ထပ်ထပ် မှားလိုက် နဲ့ ... ခဲဖျက် သံသရာ လည်ရင်း .... ကျွန်မ အမှန်တကယ် လုပ်ချင်လာသည့် အလုပ် များစွာ ကို ကိုယ်တိုင် စူးစမ်းလေ့လာရင်း ကျွမ်းကျင်အောင် လုပ်ကိုင်ခဲ့ရသလို ... ကျွန်မ ၀ါသနာ မပါ လက်ကြောမတင်း မလုပ်ချင်ခဲ့သည့် ... ထမင်း ၊ ဟင်းချက် နှင့် ... အိမ် အလုပ် များစွာ ကို လည်း .... ကြားဖူး နားဝ နှင့် ရမ်းသမ်း ချက်လိုက် ... မေးစမ်းလိုက် ၊ ဒီတစ်ခါ မဟုတ် နောက်တစ်ခါ ဟုတ်လိမ့်မပေါ့ ... လို့ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးရင်း နဲ့ဘဲ ... တဖြည်းဖြည်း နဲ့ ... ဘယ်နေရာ ဘယ် စားသောက်ဆိုင် မှာ သွားစားစား ... တော်တော့်တန်တန် ဟင်းလျာလောက် စားဖူး မြင်ဖူးပြီ ဆိုတာ နှင့် ... '' အမှန်တကယ်သာ စိတ်ဝင်စားသည် မှန်လျှင် ဘယ်အရာ မှ မခက် ''ဆိုသည့် ကျွန်မ ၏ ယခု လက်ရှိ ခံယူချက် အတိုင်း ... ထို ဆိုင်မှာ လက်ရာ နှင့် ဒက်ထိ မတူလျှင်တောင် အနီးစပ်ဆုံး လက်ရာ တစ်ခု ထွက်သည် အထိ အိမ်ရောက်လျှင် ပြန်၍ ချက်ပြုတ်ပြောပြနိုင်သော .... အနေအထား တစ်ခု သို့ ရောက်လာခဲ့ရခြင်းပင် ဖြစ်ပါတယ် ...
ထို့အတွက် ... ကျွန်မ သမီးလေး ကို အခုချိန်လေး ကထဲ က ... ကျွန်မ ကဲ့သို့သော အမှားများစွာ ကို မတွေ့ကြုံ ၊ မခံစားစေ ချင်ပါ၍ ... ကလေး အာရုံ ၊ ကလေး အသိ စိတ် နှင့် သူ့မျက်စိ အမြင်တွင် သဘောကျ နှစ်သက်နေတာ မှန်သမျှ တိုင်း ကို ... ကောင်းကောင်း နေချင် ၊ ကောင်းကောင်းစားချင်ရင် ... ငယ်တုန်း မှာ ပညာသင် ကျောင်းတက်ရတယ် ... ကြီးလာလျှင် အလုပ်လုပ်ရမယ် ... ပိုက်ဆံ ရှာတတ်ရမယ် ... အလုပ် လုပ်တတ် မှ ... သူ နေချင်တဲ့ ဘ၀ အိပ်မက် ဆိုတာ ကို သူကိုယ်တိုင် ပုံဖော် ဖန်တီး အသက်သွင်းနိုင်မှာ ၊ ... သူများ အရှိန်အ၀ါ တစ်ခု နှင့် ... ချမ်းသာ တဲ့ ယောက်ျား / အိမ်ထောင်ဘက် တစ်ယောက် ကောက်ယူပြီး အဆင်သင့် ချမ်းသာချင်တာမျိုး ဆိုလျှင် ... ကိုယ့် ကိုယ်ပိုင် အရည်အချင်း မဟုတ်သည့် အတွက် ... ကိုယ့်စိတ် မှာ ကို က ... အစ ... သူများ ခင်းပေးတဲ့ လမ်းမှာ အဆင်သင့် လျှောက် ရတာ ထက် ... ကိုယ်လျှောက်သည့် လမ်း အတွက် ဆူးညှောင့် ခလုပ် ကိုယ်တိုင် ခုတ်ထွင် ရှင်းလင်းပြီး လျှောက်ခဲ့ရတာ ဘ၀ အကြောင်း ပိုနားလည် နိုင်သလို ... ပိုက်ဆံ သုံးရတာ မှာ က အစ ... ကိုယ် အစွမ်းအစ နှင့် ရှာသည့် ကိုယ်ပိုင် ပိုက်ဆံ တစ်ကျပ် တစ်ပြား ဖြစ်ဖြစ် ... ကိုယ့် စိတ် နှင့် ကိုယ် ပိုင်ပိုင်နိုင်နိုင် သုံးရ တာ နှင့် သူများ အားကိုး နှင့် ဘ၀ တစ်ခု ရပ်တည်ပြီး လက်ဝေခံ သုံးစွဲရတာ ... ဘယ်လို မှ မတူနိုင်တာ ၊ ဘယ် အလုပ် ကို ဘဲ ဖြစ်ဖြစ် ... ကိုယ်တိုင် မလုပ်ချင်လျှင်တောင် နားလည်နေအောင် ... စပ်စပ်စုစု နှင့် တတ်မြောက် ကျွမ်းကျင်နေပါမှ အဘက်ဘက် မှ ပြည့်စုံပြီး တန်ဖိုး ရှိတဲ့ အရည်အချင်းရှိ မိန်းကလေး တစ်ယောက် ဖြစ်နိုင်ပါမယ် ... ဆိုတဲ့ အသိစိတ် ကလေး တစ်ခု ကို ... ယခု အသက်အရွယ်လေး ထဲ က ... သူ့ ဦးဏှောက် ၊ သူ့ အသိစိတ်လေး နှင့် တန်ရုံ .... ချော့တစ်ခါ ၊ ခြောက် တစ်လှည့် ဖြင့် ... ဖေးမ သွန်သင် တွဲခေါ် ထိန်းသိမ်းရင်း ....
   ကျွန်မ သမီးလေး ကဲ့သို့ ... အမျိုးသမီးငယ်လေးများစွာ ကို ... အဘက်ဘက် မှ မလစ်ဟင်းစွာ ထူးချွန်သော အရည်အချင်း ရှိသည့် ထက်ထက်မြက်မြက် အမျိုးသမီးလေးများ အဖြစ်ဖြင့် ... ဘ၀ မှာ အောင်မြင်မှု တံခွန် - အလံ ထူ၍ မားမားမတ်မတ် ရပ်တည်စေချင်မိပါတယ် ... လို့ .... တစ်ချိန် က ထောင့်မကျိုး ၊ အချိုး မပြေ ၊ ဘယ်နေရာ မှာ မှ အသုံးမကျတဲ့ ကျွန်မ ကိုယ် ကျွန်မ ... ယခု အချိန်များမှာ ... နာမည်တောင် ပြန်ပေးယူထားရတဲ့ .... '' ဗြုတ်စဗျင်းတောင်း '' အိမ်ရှင်မ ... တဖြစ်လဲ ... ယခု အချိန်များမှာ အမျိုးသမီးများ ၏ မျက်နှာ နှင့် ခန္ဓာကိုယ် အလှအပ အလုပ် များစွာ ကို ... ( ၈ ) နှစ် ကျော်ကြာသည် အထိ တာဝန် ယူ ... လုပ်ကိုင် ဆောင်ရွက်ပေးလျှက် ရှိနေသော ... အများသိသည့် နာမည် ... ( GINGER Beauty Land မှ စွဲမြတ်ဟေသီ ) က ... စေတနာ မေတ္တာ အနန္တဖြင့် ... ရည်ရွယ် ဆန္ဒပြု လိုက်ပါတယ် ရှင်...