လှပ ထူးချွန် ထက်မြက်ပြီး အောင်မြင်သော မြန်မာအမျိုးသမီးလေးများ ဖြစ်စေချင် .....

by Swe Myat Hay Thi (Notes) on Friday, June 21, 2013


       ကျွန်မဆီကို နာမည်မမှတ်မိတော့သလို ဘယ်လိုမှ ပြန်ရှာလို့မရတော့တဲ့ နိုင်ငံခြားက မြန်မာအကိုကြီး တစ်ယောက်ဆီကနေ ပြီးခဲ့တဲ့ လေးငါးလလောက်က Chat Box ကနေ Message တစ်ခု လက်ခံ ရရှိခဲ့ဖူးပါတယ် .... FB မှာ ကျွန်မ ရေးလေ့ရှိတဲ့ Note လေး တွေ ဖတ်ပြီး ... မြန်မာ မိန်းကလေးတွေ အတွက် ... စာလေး တစ်ပုဒ်လောက် ရေးပေးပါတဲ့ ....
   သူပြောတဲ့ စာ အတိုင်း ကျွန်မ အတိအကျ ပြန်မပြောတတ်တော့ပေမယ့် .... အဲဒီ အချိန် က သူ့စာလေး ဖတ်ပြီးတဲ့ အချိန်မှာ ကျွန်မ အဖြစ်နဲ့ တိုက်ဆိုင်ခဲ့တဲ့ အတွက် ... အကြာကြီး ငေးငေးငိုင်ငိုင် ထိုင်ကြည့်ရင်း ... အဆင်ပြေတဲ့ အခါ ကြိုးစားရေးကြည့် ပါ့မယ် လို့သာလို့သာ အကြောင်းပြန်ခဲ့ပြီး ... ဘာ နဲ့ ဆက်စပ်ပြီး ရေးရမှန်း မသိတဲ့ အတွက် ချက်ချင်း မရေးနိုင်ခဲ့ပါဘူး ..... ဒါပေမယ့် သူဆိုလိုတဲ့ အဓိပ္ပါယ်လေး က မိကောင်း ဖခင် မြန်မာ အမျိုးသမီးလေး တိုင်း အတွက် အသိစိတ်လေး တစ်ခု ၀င်သွားနိုင်စေတဲ့ ကောင်းသော ရည်ရွယ်ချက်နဲ့ အကြံပေး Message လေး ဖြစ်တာကြောင့် အခု တော်တော်ကြာသွားပြီ အချိန်မျိုး ကျမှ ကျွန်မ သတိတရနဲ့ ထည့်ရေးဖြစ်ခဲ့ပါတယ် ... ကျွန်မ ရင်နင့်ခဲ့ရတဲ့ သူ့Message ရဲ့ ဆိုလိုရင်း အဓိပ္ပါယ်လေးက ... တော့ ... နိုင်ငံခြား မှာ ဘယ်လောက်ဘဲ နှစ်အကြာကြီး နေခဲ့ တဲ့ မြန်မာ အမျိုးသား ဖြစ်ပြီး ... နိုင်ငံခြားသူ တွေ နဲ့ ဘယ်လို ကြိုက်ကြိုက် တွဲတွဲ ... ခေတ်လွန် ကောင်မလေးတွေ ရဲ့ ၀တ်စား ဆင်ယင် နေထိုင်ပြောဆို ဆက်ဆံပုံ ကို ဘယ်လို စိတ် နဲ့ ဘဲ သဘောကျကျ ... ကိုယ် တစ်နေ့ အတည်အတံ့ လက်ထပ်တဲ့ အခါ ကျရင် .... သူတို့ မြတ်မြတ်နိုးနိုး လက်ထပ်ထိမ်းမြားယူခဲ့တဲ့ အမျိုးသမီးလေး ဆိုတာ ... မြန်မာ စိတ်ဓာတ်၊ မြန်မာ ယဉ်ကျေးမှု၊ မြန်မာ ဓလေ့ ထုံးတမ်းစဉ်လာများစွာနဲ့ ယဉ်ပါး ကြီးပြင်းလာတဲ့ ဗိုင်းကောင်းကျောက်ဖိ မြန်မာ မိန်းကလေးဘဲ ဖြစ်စေချင်တာ မြန်မာ အမျိုးသားတိုင်း ၏ တူညီသော စိတ်တစ်ခု ဖြစ်တာကြောင့် အဲဒီ စိတ်ကလေး ကို မြန်မာ မိန်းကလေးတွေ သိစေချင်တဲ့ အတွက် စာလေး တစ်ပုဒ်လောက် ရေးပေးစေချင်ပါတယ် ... ဆိုတာလေးပါ ....
       သူ့စာလေး ကို တစ်ဆင့် ပြန်ကြားရတဲ့ သူတွေ ရင်ထဲမှာ ဘယ်လို ခံစားရမယ် မသိပေမယ့် ... ကျွန်မ က တော့ အဲဒီ အကို ကို ဘယ်သူ ဘယ်ဝါ မမှတ်မိတော့ပေမယ့် ဘယ်အချိန် နားဝ မှာ ပြန်ကြားကြား ... ပြန်မပြောပြတတ်တဲ့ ခံစားချက် တစ်ခု နဲ့ ကြည်နူး တယ် ပြောရမလား ... ကျေနပ်တယ် ပြောရမလား ... ၀မ်းသာပါတယ် ဘဲ ပြောရမလား ... ခံစားရပါတယ် ဘဲ ပြောရမလား .. ဆိုတဲ့ ခံစားချက်ကလေး ကို ခံစားရတတ်ပါတယ် ..... အဲဒီလို ခံစားရပေမယ့် Mood မ၀င်ရင် ဘာမှ မလုပ်တတ်တဲ့ ကျွန်မ ဒီရက်ပိုင်း မှာ ကျွန်မ လုပ်ချင်ခဲ့တဲ့ ဟင်းချက်တဲ့ Page လေး တစ်ခု ကို '' ချစ်သူ အတွက် ဟင်းတစ်ခွက် '' ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ ... မြန်မာ အမျိုးသမီးလေးတိုင်း ကို အဘက်ဘက် မှ ထူးချွန် ထက်မြက် ပြည့်စုံပြီး အောင်မြင် တဲ့ အရည်အချင်းရှိတဲ့ အမျိုးသမီးလေး များ ဖြစ်စေချင်တဲ့ စိတ်စေတနာ တစ်ခု အတွက် ... ကျွန်မ က ဘယ်သို့ ဘယ်ပုံလိုချင်တယ် ဆိုတာ ကို သာ စီမံပေးပြီး ကျွန်မ ၏ GINGER Beauty Land မှ ကျွန်မ ချစ်သော ၀န်ထမ်း ညီမလေးငယ် များစွာ က ကူညီ ပံ့ပိုးပေးတဲ့ အတွက် ဟင်းပွဲများစွာ ကို ချက်ပြုတ်ပြီး ဓာတ်ပုံလေးတွေ တင်ပေးနိုင်ခဲ့ပါတယ် .... အဲဒီ Page တင်ပြီး မှ ကျွန်မ ဆီ ကို ထူးဆန်းတဲ့ Message များစွာ ၀င်လာသလို ... ကျွန်မ စာမျက်နှာ လား ... ကျွန်မ ကိုယ်တိုင် အစအဆုံး ချက်တာလားလို့ တရင်းတနှီးမေးကြ တဲ့ အတွက် လည်း .... ကျွန်မ က စီမံပေးရုံပါ ... ကျွန်မ ဆိုင် ... GINGER Beauty Land ကို ရောက်လာတဲ့ မိန်းကလေးတိုင်း ... ကို အလုပ် မှာ တွဲခေါ်ပေးရုံသာ မက ... အိမ်ထောင်မှုနိုင်နင်းတဲ့ မိန်းကလေး များ ဖြစ်စေချင်တဲ့ စိတ် တစ်ခု နဲ့ မတတ်သေးရင် တတ်အောင် သင်ပေးရင်း ... တစ်ယောက် တစ်ရက် အလှဲ့ကျ ဟင်းချက် ရတဲ့ ချစ်စရာ ကောင်းလှတဲ့ ဓလေ့လေး တစ်ခု ဖန်တီး ထားတဲ့ အတွက်ကြောင့် အလုပ်များစွာ နဲ့ မအားလပ်တဲ့ ကျွန်မ .... ကျွန်မ သိပ်လုပ်ချင်တဲ့ အဲဒီ Page လေး ကို ကျွန်မ ချစ်တဲ့ ညီမလေး တွေ ရဲ့ အကူအညီ နဲ့ အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်ပါတယ် ... လို့ လည်း ပြန်ရှင်းပြခဲ့ရပါတယ် ...
      အမျိုးသား တချို့ ရဲ့ ရင်တွင်း ဆန္ဒလေးတွေ ကို ကျွန်မ မြင်ခဲ့ဖူးပါတယ် ... အဲဒါ က လည်း ကျွန်မ ကို Message ပို့လာတဲ့ အကို ရဲ့ စာ ကို ပြန်ပြန်ဖတ်ရင်း နဲ့ မှ ကျွန်မ တွေ့ကြုံခံစား မြင်တွေ့ခဲ့ဖူးတာတွေ နဲ့ ဆက်စပ် ပြန်တွေးတောရင်း ပိုလို့ နားလည် သဘောပေါက်ခဲ့ရတာဘဲ ဖြစ်ပါတယ် ... ချစ်သူ မိန်းကလေးတွေ အပေါ်မှာ အမျိုးသားတွေ တစ်ယောက် နဲ့ တစ်ယောက် ရဲ့ ခံယူချက် နဲ့ သူတို့ ဖြစ်စေချင်တဲ့ စိတ်ဆန္ဒတွေ ဆိုတာကတော့ တစ်ယောက် နဲ့ တစ်ယောက် ထပ်တူ မကျနိုင်တာ အမှန် ဘဲ ဖြစ်သလို ... ကျွန်မ ပြောတဲ့ အချက် တွေ တိုင်း အားလုံး မှန်ကန်နေလိမ့်မယ်လို့ မဆိုလိုပါဘူး .... တချို့သော အမျိုးသားတွေ က ... အလှအပ ကို သိပ်ကြိုက်တဲ့ အတွက် ... သူတို့ ချစ်သူ / သူတို့ လက်ထပ်ထားတဲ့ ဇနီးသည် ကို အမြဲတစေ ဖီးလိမ်း ပြင်ဆင် လှပ ကျော့ရှင်း နေမှ နှစ်သက်တတ်ကြသလို ... တစ်ချို့ကျတော့ ... လုပ်ငန်း ကိုင်ငန်းများစွာ ကို သူတို့နှင့် တန်းတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်တဲ့ ထက်ထက်မြက်မြက် အမျိုးသမီးတွေ ကို နှစ်သက်တတ်ပါတယ် ... တစ်ချို့ ကျပြန်တော့ ... စီးပွားရှာနိုင်တာ မရှာနိုင်တာထက် .... အဘက်ဘက် က အိမ်ထောင် ထိန်းသိမ်းမှု နိုင်နင်းပြီး ၊ သားသမီးတွေ ကို ကျွမ်းကျွမ်းကျင်ကျင် စီမံ အုပ်ချုပ်နိုင်တဲ့ ... အိမ်ထောင်ရှင်မ ပီသတဲ့ ဗိုင်းကောင်းကျောက်ဖိ အမျိုးသမီးများ ကို နှစ်သက်တတ် ပါတယ် ...
      ထို့အတွက် ... အမျိုးသမီးလေးတွေ အနေနဲ့ မိမိ လက်ထပ်မယ့် ... အိမ်ထောင်ဘက် ဖြစ်လာမယ့် ချစ်သူ ယောကျာ်းလေး သည် ဘယ်လို လူမျိုး ဖြစ်တယ် ... ဘယ်လို ဖြစ်စေချင်တယ် ... ဘယ်လို နေထိုင် ပြုမူဆက်ဆံ ကျင့်ကြံတတ်နိုင်တဲ့ အမျိုးသမီးတွေ ကို အထင်တကြီး ကြိုက်နှစ်သက် သဘောကျတတ်တယ် ဆိုတာ ကို တော့ ... မိမိတို့ ဘာသာ လေ့လာယူမှ ဘဲ ရနိုင်ပါတယ် .... သို့ပေမယ့် ကျွန်မ ဆိုလိုချင်တဲ့ အဓိက အဓိပ္ပါယ် က ချစ်သူ သမီးရည်းစား ဘ၀ မှာ ... တစ်ယောက် နဲ့ တစ်ယောက် စိတ်ထဲ မတွေ့တဲ့ အချက်လေး တွေ သတိပြုမိရင်တောင် အရေးမကြီးလို့ ထင်တတ်ကြတာ အဲဒီ အချိန်မှာ အသေးအဖွဲ မှန်သမျှ က ထိုအချိန်မှာ ဘာမှ မဟုတ်ခဲ့ပေမယ့် ... အိမ်ထောင်သည် ဘ၀ ရောက်လာတဲ့ အခါ မှာ ထင်မှတ် မထားပါဘဲ ... ကြီးမား လေးနက် လာတတ်ပါတယ် ... ဥပမာ .... ကိုယ်ချစ်ကြိုက်လို့ လက်ထပ်ထားတဲ့ ချစ်သူ / ခင်ပွန်းသည် က ကိုယ့် ရုပ်လှပ နုပျို နေစဉ် က တော့ ဘယ်ရွေ့ဘယ်မျှ ချောလှပါကြောင်း ၊ ချစ်ကြိုက်လှပါကြောင်း စာတွေ ကဗျာတွေ နဲ့ ဖွဲ့နွဲ့နေခဲ့ပြီး မှ ... လင်ယူသားမွေး ၊ အိမ်ထောင်အမှု ၊ သားရေး သမီးရေး ဗာဟီရ ၊ စီးပွားရေး ကရိကထ တွေ နဲ့ စိတ်ဖိစီးမှု များလာပြီး အလှအပ မပြင် မဆင်နိုင်တော့သလို ... ခန္ဓာကိုယ် က လည်း တစ်နေ့ ရုတ်တရက် ပြန်ချလို့ မလွယ်လောက်တော့အောင် ကို တခြား ပုံပျက် ပန်းပျက် ဖြစ်လာချိန်များမှ ... ဘယ် အသက် အရွယ်ဘဲ ရောက်ရောက် လှလှပပ ဖြစ်နေကြတဲ့ အမျိုးသမီးတွေ ... ကို နှုတ်က နေ ချီးမွမ်းနေတာ ... မျက်လုံး ကနေ သဘောကျနေတာ ... စိတ်ကနေ နှစ်သက်နေတာများ မြင်ရရင် ... တော်တော် မခံချင် ဖြစ်ရမှာ အသေအချာပါ ...