တွဲမိတဲ့ လက်နှစ်စုံ ..... သက်ဆုံးတိုင်စေဖို့.....by Swe Myat Hay Thi on Friday, 07 October 2011


 ဒီနေ့ ဟာ ကျွန်မ နဲ့ ကလေး ဘ၀ ထဲ က သူငယ်ချင်း ဖြစ်တဲ့ ပပ ( ပပသင်း နဲ့ စည်သူ ) တို့ရဲ (၁၄ ) နစ်မြောက် မင်္ဂလာ နှစ်ပတ် လည် ဖြစ်ကြောင်း ကို ကျွန်မ ရဲ့ Home Page မှာ သူငယ်ချင်းတွေ ရဲ့ ဂုဏ်ပြု ဆုတောင်းလွှာ တွေ တသီကြီး နဲ့ ဖတ်လိုက်ရပါတယ်.... ဖတ်ရတာ ပျော်စရာကောင်းသလို ၊ ရွယ်တူ သူငယ်ချင်းတွေ ထဲမှာ အစောဆုံး အိမ်ထောင်တစ်ခု ထူထောင်ခဲ့တဲ့ သူတို့ နှစ်ယောက် ဆယ်စုနှစ် တစ်ခုကျော်ကြာ ချစ်ချစ်ခင်ခင် လက်တွဲနေတာ ကို လည်း ကြားရတာ.....စိတ်ပျော်ရွှင်ကြည်နူးလိုက်ရတဲ့ မင်္ဂလာ သတင်းလေး ဘဲ ဖြစ်ပါတယ်......ကျွန်မရေးချင်တဲ့အကြောင်းအရာကိုမရေးခင်မှာသူတို့နှစ်ယောက်ကို....သာယာပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘ၀လေး...
သက်ဆုံးတိုင်ပိုင်ဆိုင်နိုင်ပါစေလို့......ပထမဦးဆုံး....ဆုတောင်းပေးလိုက်သလို....ကျွန်မနဲ့သက်တူရွယ်တူသူငယ်ချင်းတွေထဲမှာ...ပထမဦးဆုံး ဆယ်စုနှစ် တစ်ခုကျော်တိုင်ခဲ့တဲ့ အိမ်ထောင် တစ်ခုမှာ မတူညီတဲ့ စိတ် သဘောထား ကွဲလွဲမှုတွေ ၊ ရန်ပွဲတွေ ၊ နားလည်မှုတွေ အပြန်အလှန် ညှိနှိုင်းခဲ့ရမယ့်၊ အပြန်အလှန် သီးခံခဲ့ ရမယ့် အချက်တွေ လည်း အများကြီး ရှိခဲ့မှာပါ ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ခုချိန်ထိ ချစ်ချစ်ခင်ခင် နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု နဲ့ မိသားစုဘ၀ လေး တည် ထောင်နေ နိုင်တာ...လည်း ချီးကျုး မိပါတယ်.....
       စိတ်ကြည်နူးစရာ သတင်း ကို ပထမဆုံး ပြော ပြီးတဲ့ နောက် မှာ တော့ စိတ်မချမ်မြေ့ဖွယ်ရာ …..တစ်နှစ် မပြည့်သေး တဲ့ မင်္ဂလာ စုံတွဲ တစ်တွဲ အကြောင်း ပြောပါအုံးမယ်…ကြားရတဲ့ သတင်း က စိတ် အခန့်မသင့်လို့ ခဏတာ ရန်ဖြစ် စိတ်ဆိုး စိတ်ကောက် ကြတာ မဟုတ်ဘဲ တစ်ချိန်လုံး ရန်ပွဲတွေ တဂျိန်းဂျိန်း နဲ့ ရန်ဖြစ် တာမှ…ဒုတ်နဲ့ ရိုက် .... ခြေထောက်နဲ့ ကန်…ပါးရိုက် ၊ ခေါင်းကွဲ ကြတဲ့ အထိ ဖြစ်ကြတဲ့ စုံတွဲပါ ။ အဓိက အကြောင်းအရာ ကတော့.. ... ယောကျာ်း က ပုံမှန်ဝင်ငွေ မရှိ ၊ မိန်းမ က ပိုက်ဆံရှာ နိုင်တော့ ယောကျာ်းကို အထင်မကြီး…ပုတ်ခတ်တာ က နေ စလာတဲ့ ရန်ပွဲတွေပါဘဲ….မယူခင်ကထဲ က ကိုယ်ယူမယ့် ယောကျာ်းက ပုံမှန် ၀င်ငွေ မရှိတာကို သိပြီးသားဖြစ်သလို ၊ ယောကျာ်းကလည်း မိန်းမက ပိုက်ဆံရှာနိုင်တဲ့ မိန်းမမို့ မာန်ရှိတယ်ဆိုတာ ကိုလည်း သိနေပြီးသားပါ…သမီးရည်းစား ဘ၀မှာ ညှိလို့ရမယ်ထင်လို့ လက်ထပ်လိုက်ကြပေမယ့် .....တကယ်တမ်းမှာ မိန်းမ ကလည်း ပိုက်ဆံ မရှာနိုင် တဲ့ ယောကျာ်းကို အထင်မကြီး ၊ ယောကျာ်းကလည်း သူ့မာနကို ပုတ်ခတ်စော်ကားလို့ အနာပေါ် တုတ်ကျ နဲ့ တော်တော် ကို ကြားရ တာ စိတ်မချမ်း သာ ဖြစ်ရတဲ့ စုံတွဲပါ ။ ချစ်သူရည်းစား ဘ၀ မှာ အပြန်အလှန်လေ့လာကြပြီး နားလည်မှုတွေ ဖလှယ် ကြ လို့ အကောင်းဆုံးရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးမှ လက်ထပ်ခဲ့ ကြ ပေမယ့်လည်း တကယ့် လက်တွေ့ ဘ၀ မှာ မတူညီတဲ့ ဓလေ့ ၊ စရိုက် အမူအကျင့် တွေကို အနီးဆုံးမြင်ကြရပြီမို့….တကယ့်အိမ်ထောင်သည် ဘ၀မှာ စိတ်ရှည် သီးခံပြီး သူ့ဘက် ကိုယ့် ဘက် အပြန်အလှန် နားလည်မှု ရှိကြဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်… .ဒီကြားထဲ လင်မယား ချင်း ၊ ရာထူး ပြိုင် ၊ ဂုဏ်ပြိုင် ၊ ၀င်ငွေပြိုင် နှစ်ဘက်မိဘဆွေမျိုး ရဲ့ အရှိန်အ၀ါ ပြိုင် နဲ့ သမီး ရည်းစား ဘ၀ မှာ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းလို့ ရနိုင်မယ် ၊ ပြုပြင်လို့ ရနိုင်မယ် ထင်ခဲ့တဲ့ အကြောင်း အရာတွေ ကလည်း လက်တွေ့ ဘ၀မှာ ကျတော့ ထင်သလို ဖြစ်မလာ ကြပါဘူး….အဲဒီလို နဲ့ သူတင်း ကိုယ်တင်း နှစ်ဘက် တင်းတော့ ကြားထဲ က အပျက်ပျက် နဲ့ ဒုက္ခရောက်ကြရ ၊ စိတ်ဒဏ်ရာ ရကြတာ ကြားထဲ က အပြစ်မရှိတဲ့ ရင်သွေးလေးတွေ ပါ……
      တခါတုန်းက ကျွန်မ အမျိုးသားနဲ တခါ....ညဘက်ကြီး စိတ်အခန့်မသင့်လို့ ခွန်းကြီးခွန်းငယ် စကား များနေ တဲ့ အချိန် မှာ ….စကားတတ်ခါ စ ကျွန်မ ရဲ့ သမီးလေး က တံခါးပေါက်လေးမှာ ဘယ်သူမှ မသိအောင် ချောင်း ကြည့်နေ ခဲ့ပါတယ်…ကိုယ့်အရှိန် နဲ့ ကိုယ်ဆိုတော့ သမီးလေး ရှိနေမှန်းလည်း မသိကြပါဘူး….ခါတိုင်း အဲဒီ အချိန်ဆို သူအိပ်ပါပြီ ။ အဲဒီနေ့ က တော့ ကိုယ့်ဒေါသ နဲ့ ကိုယ်ဆိုတော့ သူ မအိပ်ရသေးတာ လည်း သတိမထား မိ ခဲ့ ပါဘူး …..ကလေးက အိပ် ချင် လို့ လာချောင်းရင်း…အဖေနဲ့ အမေ စကားများ နေလို့ မ၀င်ရဲ ဘဲ..အခန်းဝ လေး မှာ ချောင်း ပြီး ငုတ်တုတ်လေး ထိုင်ရင်း …အသံ မထွက်အောင် ကြိတ်ငိုနေပါတယ်….ကျွန်မ အပြင်ထွက်လာတဲ့ အချိန်မှာ ဘယ်လိုမှ ထင်မထားတဲ့ ၂ နှစ် သာသာ ကလေး ငယ်ရဲ့ စိတ်ခံစားချက် ကို တွေ့မြင်လိုက်ရတော့ ကျွန်မ တော်တော်လေး စိတ်ထိခိုက် သွားမိပါတယ်…. ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်မ ကိုယ်တိုင်လည်း ရန်ပွဲတွေ တချိန်လုံး ဆင်နွှဲနေတဲ့ မသင့်မြတ်တဲ့ မိဘ တွေကြား က စိတ် အားငယ်မှုတွေ ၊ မျက်ရည်တွေ နဲ့ တသက်လုံး ကြီးပြင်း ခဲ့ရတာ မို့ဖြစ်ပါတယ်…..
            ကျွန်မ အမေ က အဖေ နဲ့ စိတ်ဆိုး လို့ ကွဲမယ် ကွာမယ် ဖြစ်တိုင်း ကျွန်မ က ကျောင်းက သူငယ်ချင်းတွေ က သူ့အဖေ နဲ့ အမေ က ကွဲနေတယ် လို့ပြောရင် …သမီးရှက် လို့ပါ … တရားဝင်တော့ မကွဲလိုက် ပါနဲ့ ဆိုတဲ့ ကျွန်မ စကား ကို ကျွန်မ အမေ က သေသည် အထိ နားထောင် ပေးသွားခဲ့ပါတယ်….ကျွန်မ အမေ နဲ့ အဖေ မတည့်ရတဲ့ အကြောင်း က လည်း ကြီးကြီး မားမား မဟုတ်ခဲ့ သလို …ဘယ်သူ ကမှလည်း လော်မာဖောက်ပြားလို့ မဟုတ် ခဲ့ပါဘူး ….. 
       ဒဂုံ (၁) လို ယောကျာ်းလေး ၊ မိန်းကလေး ရောရောရောရော နဲ့ တရုန်းရုန်းနေတဲ့ ကျောင်းက ထွက်တဲ့ ကျွန်မ အမေ နဲ့ အညာသားလို ပုံတုန်းတုန်းကြီး နဲ့ ရှေးရိုးအင်မတန် ဆန်ပြီး အယူအင်မတန်သီးတဲ့ အဖေ တို့ (၇) နှစ်ကျော် ကြာ ချစ်ကြိုက်ယူပြီး မှ အသွင်မတူ လို့ အိမ်သူ မဖြစ်နိုင်ကြတာ သဘာဝ ပါ…အမေ က ကျောင်းနေ ဘက်. ... ယောကျာ်းလေး သူငယ်ချင်း တွေ တွေ့လို့ တရင်းတနှီး ခင်မင်နှုတ်ဆက်ရင် အဖေ က သ၀န်တို မကြိုက်ပါ ။ ကိုယ့်ယောကျာ်း ရယ်လို့ အသိအမှတ်ပြု မိတ်ဆက်တော့လည်း အဖေက ခပ်တည်တည် နဲ့ ဟက်ဟက်ပက်ပက် မရှိတဲ့ အတွက်….အမေ က လည်း သူငယ်ချင်း နဲ့ပြန် တွေ့ရင် …မိတ်မဆက်ပေးချင်တော့ပါ ။ အဲဒီ က နေ စ ပြီး ပိုပို ဆိုး လာတာ က တွေ့သမျှ လူ နဲ့ သ၀န်တို ၊ သ၀န်တို ရာ က စွပ်စွဲ ၊ မဟုတ်ဘဲ စွပ်စွဲခံ ရတာများလာတော့ အိမ်ထောင်ရေး က မသာယာ နဲ့ နောက်ဆုံး သ၀န်တိုတာ ဘယ်လောက်အထိဆိုးရွားလာသလဲ ဆိုရင်…ကျွန်မ အမေ နဲ့ ခဏ စကားပြောပြော ၊ ဘယ်မှာတွေ့တွေ့ ၊ အသက်ကြီးငယ် မရွေး ၊ ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစား ဘဲ..တွေ့သမျှလူ နဲ့ သမုတ်. .. တော့ တာပါဘဲ….အမေ ကလည်း သူငယ်ချင်းတွေ့လို့ ၀မ်းသာအားရ နှုတ်ဆက် ခင်မင်တတ်တာ က လွဲရင် ၊ ယောကျာ်း ဆိုလို့..ကျွန်မ အဖေ တစ်ယောက်ထဲ နဲ့ သာ ချစ်ကြိုက် ယူခဲ့တဲ့ မိန်းမ ဖြစ်သလို ဆိုရှယ်ကျ တယ်ပြော ရလောက်အောင် ပါတီလည်း မတက် ၊ ကလပ်လည်း မသွား ၊ ဘီယာလည်း မသောက် ၊ ဖဲလည်းမရိုက်တတ်တဲ့ မိခင် မျိုး ဖြစ်သလို မိုးလင်းက မိုးချုပ် သားသမီး ဝေယျာဝစ္စ နဲ့ နေ့စဉ်အမျှ အချိန် ကုန်နေရတဲ့ အမေ မျိုးဖြစ် ပါတယ် ….ကိုယ်လက်ထပ်ထားတဲ့ မိန်းမ ရဲ့ အကျင့် စရိုက် က ကိုယ်ထင်သလို ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစား ဘဲ….ထင်ရာစွဲတွေး စွပ်စွဲ ၊ ရန်ဖြစ် နဲ့ တော်တော် စိတ်ဆင်းရဲ စရာကောင်းခဲ့ ကြတဲ့ ကျွန်မ အဖေအမေ ရဲ့ အဖြစ်အပျက်တွေ ပါ…. အခုရေးပြ ခဲ့တဲ့ အချက်တွေထက် ပိုပြီး အဆိုးတကာ့ အဆိုးဆုံး ဆိုတဲ့ အခြေအနေ အမျိုးမျိုး ကို ကျွန်မ တထိတ်တလန့် နဲ့ နှစ်ပေါင်း များစွာ တွေ့ကြုံခံစား ခဲ့ရပါတယ်.....ကျောင်းသား ဘဲရှိသေးတဲ့ ကျွန်မ တို့ မောင်နှမ စိတ်ချမ်းချမ်း သာသာ နဲ့ အေးအေး ဆေးဆေး စာကျက်ပြီး ဖြေခဲ့ရတဲ့ စာမေးပွဲဆိုတာ လည်းတော်တော် ရှားပါး ခဲ့ရပါ တယ်.....