သမီးလေး အတွက် မေမေ ပြောတဲ့ နာဂစ် ( Nargis ) ပုံပြင်...... by Swe Myatt Hay Thi on Wednesday, May 2, 2012


       မေလ ( ၃ ) ရက်နေ့ဆိုတာ...ကျွန်မရဲ့ချစ်လှစွာသောတစ်ဦးတည်းသော သမီးလေး တုနှိုင်းမမှီ ( ခ ) GINGER ရဲ့ (၄) နှစ် ပြည့်တဲ့ မွေးနေ့ လေး ဖြစ်ပါတယ်..... သမီးမွေးနေ့ပွဲ တစ်ခါ လုပ်ရင် တစ်အိမ် တက်ဆင်း ဖိတ်စာတွေ လိုက် ဝေရ ၊ ချက်ရ ပြုတ်ရ စီစဉ်ရ နှင့် အင်မတန် အလုပ်ရှုပ်လှတာမို့....နှစ်စဉ် နှစ်တိုင်း မွေးနေ့ပွဲ မလုပ်ပေးနိုင်ရင်တောင် သူ့မောင်နှမ ၀မ်းကွဲလေးတွေ ကျွန်မ ဆိုင်က ၀န်ထမ်း ကလေးတွေ နဲ့ Birthday Cake လေး ခွဲပြီး....ဓာတ်ပုံလေး လောက် ရိုက်ပေး လိုက်ရင်ဘဲ သမီးလေး က အင်မတန် ပျော်ရွှင်တတ်ပါတယ်...သမီးက မူကြိုမှာ သူငယ်ချင်းတွေ မွေးနေ့လာလုပ်လို့ မုန့်စားရလို့ ကျွန်မ အိမ်ကနေ မွေးနေ့လက်ဆောင်လေး ထည့်ပေးလိုက်ရတိုင်း ....ဂျင်ဂျာ့ ဟက်ပီ ဘတ်ဒေးက ဘယ်တော့ လဲ မေမေ...မေမေ ပိုက်ဆံရှိရင် ဂျင်ဂျာ့ ဟက်ပီဘတ်ဒေး လုပ်ပေးနော်လို့ ပူဆာတတ်သလို ....ဘာပဲပူဆာပူဆာ မေမေ ပိုက်ဆံရှိရင် ဆိုတာလည်း အမြဲထည့်ပြောတတ်တဲ့ သမီးလေးဘဲဖြစ်ပါတယ်....မုန့်စားချင်တာက အစ မုန့်သည်ရှေ့မှာ မပူဆာဘဲ ဈေးသည် ထွက်သွားမှ မေမေ ပိုက်ဆံရှိ ရင် ဂျင်ဂျာ့ ကို သင်္ဘောသီးလေး ၀ယ်ကျွေးပါနော်မေမေ ...ဆို လို့ ဈေးသည် ရှာမတွေ့တော့ မှ စိတ်မကောင်းဖြစ်ရတဲ့ အထိဘဲဖြစ်ပါတယ်....အဲဒီလို ပူဆာပုံလေးနဲ့ မေမေ ပိုက်ဆံရှိရင် ဆပ်ပြာ ပူဖောင်းလေး ၀ယ်ပေးပါ... မေမေ ပိုက်ဆံ ရှိရင် အရုပ်လေး ၀ယ်ပေးပါ ဆိုတာ မျိုးက အစ ခဏခဏ ပြောတတ်ပါတယ်.. .တော်တော့ တန်တန်လည်း ဆိုင်ရှေ့မှာ ကျွန်မတို့ ငယ်ငယ်တုန်းက လို မျိုး ချက်ချင်း မကစားရရင် / ၀ယ်မပေးရင် မသွားဘူး ဆိုတာ မျိုး က အစ ဘယ်တော့ မှ မလုပ်ရှာတာပါ.... ..ကျွန်မ ဦးလေး အသည်း အစားထိုးလို့ India ကို သားအမိ နှစ်ယောက် လိုက်သွားတုန်းက ဆို... သမီးနဲ့ တစ်ခါ မှ မခွဲဖူးလို့ မခွဲချင်တာကြောင့်...ခေါ်သွားရင်လည်း ကျွန်မ ဦးလေးတွေ စိတ်အနှောင့်အယှက် မဖြစ် ရအောင်... မေမေ က ဖိုးဖိုး နေ မကောင်း လို့ သွားတာ ၊ အပျော်သွားတာ မဟုတ်ဘူး....သမီး လိုက်ချင်ရင် လူကြီးတွေ ပြော စကား နားထောင်ရမယ်...လျှောက်ပြီး မ၀ယ် ခိုင်းရ ဘူးနော်လို့ မှာထားတဲ့ အတွက် လေဆိပ်မှာ ကလေး အရုပ်တွေ တွေ့တော့ သူနဲ့ မဆိုင် သလိုဘဲ တစ်ချက် မှ မကြည့်ဘဲ ကျွန်မ နောက် ကဘဲ လက်လေးဆွဲပြီး လိုက်လာတာ.... တစ်ခါ Shopping Mall တွေမှာ သူများ ကလေးတွေ ဆော့ကစားနေ တာတွေ့ရ ရင်လည်း တချက် ကြည့်ရုံက လွဲပြီး လုံးဝ ပူဆာတာ ဂျီကျတာ မျိုး လုံးဝ မလုပ်ရှာတဲ့ အရွယ်နှင့် မမျှအောင် သိနားလည် အကင်းပါးတဲ့ ကလေးလေး ဘဲဖြစ်ပါတယ်.....
      အဲဒီလို နားလည်ရုံ အကင်းပါးရုံမျှမက .....ကျွန်မ ကို လည်း အလွန် ချစ်သော ကျွန်မ စိတ်ဆိုးမှာ အင်မတန်ကြောက်သော သမီးလေး လည်း ဖြစ်ပါတယ်.....ထမင်းစားချိန်တွင် ကြားရတဲ့ ဂျီကျသံက ဂျင်ဂျာ က မေမေ ခွံ့ကျွေးရင် ဂျီမကျဘူး.... သူများကျွေး ရင် ဂျီကျမှာ....... စာရေးခိုင်းရင်လည်း မေမေ စာသင်ပေး ရင် ဂျီမကျဘူး....သူများသင်ပေးရင် ဂျီကျမှာ..... .ရေချိုးပေးရင် လည်း အဲဒီ စကားကို မရိုးနိုင်စွာပြောတတ်ပါတယ်..ထို့မျှမကသေး...အလုပ်ပေါင်းစုံနဲ့ အမြဲ ရှုတ်နေတတ်လို့ သူ နဲ့ ချစ်မှုခင်ရာ မနေနိုင်တဲ့ အတွက် သမီး က မေမေ ဂျင်ဂျာ့ ကိုချစ်လား..မချစ်ဘူးလား ပြောပါအုံး ဆိုတာ ကို လည်း မရိုးနိုင် စွာ မေးတတ် ပါတယ် ..... ကျွန်မ က သမီးလေး ကို ချစ်တာပေါ့သမီးရယ်..မေမေ က မေမေ့သမီးလေး ကို အချစ်ဆုံး... ဆိုပြီး...... .မေမေ က သမီးလေး ကို အရမ်း ချစ်တာ ....မေမေ က သမီးလေး အကျီလှလှလေးတွေ ၀တ်ရအောင် ၊ ဖိနပ်လှလှလေးတွေ စီး ရအောင် ၊ မုန့်တွေ အများကြီး စားရအောင်လို့ မေမေ က ပိုက်ဆံရှာရလို့ သမီး နဲ့ အကြာကြီး အဖော်လုပ်ပြီး မနေပေးနိုင်တာပါ ...ဆိုပြီး သူနဲ့ ချွဲချွဲနွဲ့နွဲ့ မနေနိုင်တာ ကို ကလေး အရွယ်နှင့် နားလည်အောင် ရှင်းပြရပါတယ်....ကျောင်းက ပြန်လာတိုင်း လည်း မေမေ မေမေ နဲ့ ဘေဘီလေး လုပ်ပြီး ဖက်အိပ်ချင်တယ်...ဂျင်ဂျာ့ ကို ဘေဘီလေး လုပ်ပေးပါ...ဆိုတာ ကလည်း ခဏခဏပါ......အခုနောက်ပိုင်း သူ့မူကြိုမှာ ၄ နှစ် ဆို စာစသင်ပြီမို့ သူ့ စာအုပ်လေးတွေ ကိုင်ကိုင်လာပြီး မေမေ နဲ့ စာသင်ချင်လို့ ပါ..တခြား.....မေမေ တွေဆို စာသင်ပေးကြတယ် ....လို့ ပြောလာရင် ကျွန်မ အလုပ်လုပ်ရတဲ့ မိခင် ဖြစ်ရတာ အလွန် အင်မတန် မှ စိတ်မကောင်းဖြစ်ရပါတယ်....... သမီးလေး ကို အင်မတန် မှ ချစ်ပေမယ့် မနက် အစောကြီး မိုးလင်း က မိုးချုပ် အလုပ်လုပ်ရတဲ့ မိခင်ဖြစ်ရတာ... အချိန် တန် လို့ မိခင်နို့တိုက်ခဲ့ရုံ က လွဲပြီး ကလေး ကြည့်တဲ့သူ နယ်ပြန်တဲ့ အချိန် ကျွန်မ ဆီက ၀န်ထမ်း ကလေး တွေ လုံးလုံး မအားမှသာ သမီး ဝေယျာဝစ္စ လုပ်ပေးဖြစ်တဲ့အထိဘဲ ဖြစ်ပါတယ်....အဲဒီလို နေ့မျိုးကြုံလို့ ရေချိုးတာ ၊ မျက်နှာသစ်တာ ၊ ထမင်းကျွေးတာ ၊ အိမ်သာ တက်တာ စတာ မျိုး ကျွန်မ လုပ်ပေးရလျှင် သမီး က အင်မတန် ပျော်ရွှင်တတ်ပါတယ်.....ဂျင်ဂျာ က မေမေ လုပ်ပေးမှ ကြိုက်တာ ၊ သူများလုပ်ပေးရင် ငိုမှာ ဆိုတာကိုလည်း တဖွဖွ ရေရွတ်နေတတ်ပါသေးတယ်......အပြစ်တစ်ခုခုလုပ်လို့ သူ့အဖေ ဆူရင် ဒီလောက် မခံစားရပေမယ့် ကျွန်မ ဆူမှာ အင်မတန်မှ ကြောက်တတ်သလို ကလေး အပြစ်ကြီးရင် ကြီးသလို အပြစ်ပေး တတ်တဲ့ သူမို့ ကျွန်မ ဒဏ်ပေးမှာ ကိုလည်း အင်မတန် ကြောက်တတ် ပါသေးတယ် ....ကျွန်မ အပြစ်ပေးရတယ် ဆိုတာက လည်း ကိုယ်က အများနှင့် သက်ဆိုင်သော အလုပ်လုပ်ရတဲ့သူဖြစ်တဲ့ အတွက် Customer လာလို့ ကိုယ့် သမီးက မယဉ်ကျေးလျှင် ဆိုးနေ လျှင် ဆိုတာ က တစ်မျိုး ၊ ကလေးဆိုတာ ငယ်စဉ်ကထဲ က ပုံစံဝင်မှ ကြီးလာလျှင် လောကကြီးမှ သူ့နေရာနဲ့သူ အံဝင်ခွင် ကျဖြစ်နိုင်မှာမို့ လိုအပ် တာထပ် ပို အရောဝင် ရင် သမီးရောင့်တက်မှာ စိုးလှတာ မို့လို့သာပါ.....ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်မ သမီးလေး ကို ကျွန်မ အတိုင်း ထက် အလွန် ချစ်ပါတယ်....ဆိုတာ နောင်တချိန်မှာ သမီးလေး ဖတ်ဖို့.....ရည်ရွယ်ရင်း သမီးမွေးနေ့ နဲ့ အမှတ်တရ အဖြစ် ကျွန်မ အမြဲ သတိရနေ တဲ့ သမီး နဲ့ ပတ်သက်တဲ့ နေ့လေးတစ်နေ့ အကြောင်း စာလေး ရေးဖြစ်ပါတယ် ....သမီးကလေးရေ....

၂၀၀၈ ခုနှစ် မေလ ( ၂ ) ရက် နေ့
      အဲဒီနေ့ က နေ့စေ့ လစေ့ သမီးလေး ကို ဗိုက်ထဲ မှာ လွယ်ထားရတဲ့ မေမေ က သမီးလေး ကို မွေးဖွားပေးမယ့် OG ဆရာကြီး ဦးတင်မောင်အေး ဆေးခန်း ကို သွားပြပါတယ်.... ဆိုင်မှာ အဆီချ လူတအားကျလို့ မေမေ့ ဆိုင် က မမ တွေ ခြေ ကုန် လက်ပန်းကျလို့ မလုပ်နိုင်ကြတော့တဲ့ အချိန်တုန်းက တစ်သိန်း ပိုရလည်း သမီးအတွက် မီးဖွားစားရိတ် ရတယ်... ငါးသောင်း ပိုရလည်း သမီးအတွက် အကျီလေး တွေ ၀ယ်လို့ရတယ်....နောက်ဆုံး တစ်သောင်း ပိုရလည်း သားဦးမို့လို့ နားမလည်တဲ့ မေမေ လူကြီးမရှိဘဲ မီးဖွားရမယ့် မေမေ့ အတွက် Nurse တစ်ရက်စာ စားရိတ် ရတယ်.....နဲ့ ဘယ်သူမှ မလုပ်နိုင်ရင် သမီးဖို့ ဆိုတဲ့ စိတ် နဲ့ မေမေ လုပ်နိုင်သလောက် ၀င်လုပ်မယ် ဆိုပြီး ...ကိုယ်ဝန်ခြောက်လ အထိ ၀န်ထမ်းတွေ နဲ့ အပြိုင် အဆီချလုပ်ခဲ့တဲ့ အတွက် ကိုယ်ဝန်ခြောက်လ ထဲ က စောပြီး မီးဖွားချင်နေလို့ ဆရာဝန်ကြီး က မေမေ ကို အချိန်မတန်ဘဲ သားအိမ် မပွင့်တဲ့ ဆေးတွေ အပတ်စဉ် ထိုးပေးနေတာပေါ့ သမီးလေး ရယ်....အဲဒီနေ့ ဆေးခန်းသွားပြတော့ ဆရာဝန်ကြီး က မွေး ဖို့တော်တော် နီးနေပြီမို့ ဆေးမထိုးခိုင်းတော့ဘဲ SSC ဆေးရုံ မှာ မွေးမးယ့်ရက် ကို Booking ကြိုလုပ်တော့ဆိုတာ နဲ့ မေမေ လိုချင် တဲ့ မေလ ၁၂ ရက် နေ့ လို့ စာရင်း ပေးပြီး အိမ်ကိုပြန်လာခဲ့ တာပေါ့ သမီးလေးရယ်..... ဖြစ်ချင်တော့ ဘ၀ မှာ မထင်မှတ်တာတွေ ဖြစ်တတ်လွန်းတဲ့ မေမေ ၊ တလွဲ ပေါက်တတ်ကရ ဆို မရည်ရွယ်ဘဲ ကြုံတတ်လွန်းတဲ့ မေမေ့ အတွက် အဲဒီ နေ့ က ကံကြမ္မာဆိုး ၀င်တော့တာပါဘဲ....သမီးလေးရယ်.....သမီးဖေဖေ နဲ့ မင်္ဂလာဆောင် တုန်း က လည်း ဗေဒင်ဆရာ နဲ့ ရက်မရွေးဘူး ဆိုပြီး ကိုယ့်ဟာကိုယ် အတတ်ကျူး ရက်ရွေးပြီး စိန်းလန်းစိုပြေ မှာ မင်္ဂလာ ညစာ စားပွဲ လုပ်တာ မာလာ မုန်တိုင်း နဲ့ တည့်တည့်တိုးလို့ ပွဲပျက် မတတ်ဘဲ ....ဒုက္ခရောက်ခဲ့ရတဲ့ မေမေ... .အတွက်.. .နောက် တစ်ကြိမ်မှာ မကြုံစဖူး ဆိုးရွားလွန်းတဲ့ မုန်တိုင်း ဆိုတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုးကြီး ကို စိတ်တုန်လှုပ်ခြောက်ခြားစွာ နဲ့ ရင်ဆိုင် ကျော်ဖြတ်ခဲ့ပြီး သမီးလေး ကို ဒုက္ခ ပင်လယ် ကြား က ဘယ်လို မွေးခဲ့ရတယ်....ဆိုတာကတော့...... SSC ကို စာရင်းသွားပေးပြီးတဲ့ ည ၉ နာရီ ကျော်လောက်မှာ မထင်ထားပဲ ခါးတွေ စနာလာတယ်...သမီးလေး ရေ...အမေ မရှိတဲ့ မေမေ့ အတွက် နားမလည်တော့ ပထမတော့ ရိုးရိုး ခါးနာတယ်ထင်တာ...နောက် မှ အိမ်သာတက်ချင်လာသလိုမျိုး ဗိုက် က လည်း နာလာ ...တကယ်တမ်း လည်း အိမ်သာ က မသွား နဲ့...ဗိုက်နာလာလိုက် အိမ်သထဲ သွားထိုင်ကြည့်လိုက် မသွားလိုက် နဲ့ ပေါ့ သမီးရယ်...အဲဒီ အချိန် မှာ နောက် ခါးကလည်း ပိုပို နာလာမှ စောမမွေးအောင် ဆရာဝန်ကြီး ဆေးမထိုးပေးလိုက်တာ သတိရပြီး လမစေ့ ဘဲ မီးဖွားချင်လာတာ ကို သတိထားမိပြီး ပိုပြီးဗိုက်နာ လာမှ ဆိုင် က မမတွေ ကို နှိုးပြီး ဆေးရုံသွားတော့ မယ်ဆိုပြီး မေမေ ကိုယ့် ဘာသာကိုယ် ဘဲ ဆေးရုံသွားဖို့ ပစ္စည်းလေးတွေ ကြိုပြင်ထားတော့တယ်.....ကိုယ်ဝန် ( ၇ ) လ ထဲ စ၀င် ကထဲ က အ၀တ် အစားတွေ ထည့်ပြီးသားမို့ လိုတာလေးလောက် ထည့်ရတာတောင် ခါးက တော်တော် နာတာဘဲ သမီးလေး ရေ....အဲဒီ အချိန်မှာ နားထဲမှာ အသံ လိုကြားရတာ..... .လေ တအား တိုက်သလိုမျိုး ရော....အိမ်ခေါင်မိုးပေါ်တွေ က တစ်ခုပြီး တစ်ခု ပြုတ်ပြုတ် ကျနေသံ ပါကြားရတော့ ...မေမေ လည်း ဘာများဖြစ်တာ ပါလိမ့် ဆိုပြီး အိပ်ခန်း အပြင်ထွက်ကြည့် မိတော့ မေမေ့ အိပ်ပျော်နေတယ် ထင်ပြီး နိုးမှာ ထိတ်လန့်မှာ စိုးရိမ်နေတဲ့ သမီးလေး ရဲ့ မမတွေ ....ကိုတွေ့ရတော့တာပါဘဲ....မေမေ က ကလေး မွေးချင်လာတယ် ထင်တယ်...ဗိုက် နာနေကြောင်း ပြောတော့ မှ အားလုံး စိုးရိမ်တကြီး နဲ့ ဖြစ်ပြီး အပြင်မှာ မုန်တိုင်း ၀င်နေပြီ အမရေ တဲ့လေ...အဲဒီနေ့ က Radio က မိုးလေ၀သ သတိပေးချက် မှာ ခဏခဏ ကြော်ညာထားတာ ကြားမိပေမယ့် မုန်တိုင်း ဆိုရင် လေပြင်းပြင်းတိုက်ပြီး မိုးရွာရုံ သာ ထင်မိတဲ့ မေမေ...အခု တော့ ဗိုက်ထဲ က နေ့စေ့လစေ့ သမီးကလေး နဲ့ ဒုက္ခတော့ ရောက်ပါပေါ့လား သမီးလေးရယ်......
      အဲဒီလို နဲ့ ည ( ၁၀ ) နာရီကျော် ( ၁၁ ) နာရီလောက် မှာ လေတိုက်သံတွေ က တ၀ှီးဝှီး နဲ့ မေမေ အားကစား သင်တန်းခန်းမ က မှန်ကြီးတွေ နဲ့ ပြတင်းပေါက် မှန်တွေ အိမ်ရှေ့တခါး က မှန်တွေများ တ၀ုန်းဝုန်းနဲ့ ကွဲတော့မလား အောက်မေ့ရတယ် ... .မေမေ့ GINGER ဆိုင်းပုဒ်ကြီးလည်း ပြုတ်ကျလို့ပေါ့...သမီးလေးရယ်.... မိုးတွေ က လည်း သည်းသည်းမည်းမည်း ရွာလာ ...ရေသံ လေသံ အမျိုးမျိုး နဲ့ အပြင်ဘက် ပတ်ဝန်းကျင်ဆိုတာ ကိုကြောက်လွန်းလို့ တံခါး ဖွင့်ကြည့် ဖို့တောင် မဖွင့်ရဲကြပါဘူး... .ပြတင်းပေါက် ကနေ အပြင်ဘက် ကို ချောင်းကြည့်မိတော့ မည်းမှောင်ပြီး လူသူကင်းမဲ့နေတဲ့ ... ပတ်ဝန်းကျင်နဲ့ စိတ်ခြောက်ခြားစရာ ရဲရဲနီနေတဲ့ မိုးကောင်းကင်ကြီး ကိုဘဲ..... တွေ့လိုက်ရတယ်.....အဲဒီ အချိန်များ အပြင်ထွက်ရင် လူတစ်ကိုယ်လုံး ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိ လွင့်ထွက်သွားမလား ဘဲ သမီလေး ရယ်.....သမီးဖေဖေ ကလည်း အဲဒီ အချိန်က သဘောင်္ လိုက်နေတာ ဆိုတော့ အရေးရယ် အကြောင်းရယ်ဆို မိန်းမသားချည်းဘဲ နေကြရတဲ့ မေမေတို့ အတွက်တော့ ပိုလို့တောင် ကြောက်စရာကြီးပေါ့ သမီးလေး ရယ်.... ဘယ်သူ မှ လည်း မအိပ်ရဲကြတာမို့ ဗိုက်နာနေတဲ့ မေမေ ပိုဆိုးမလာခင် လာရင် ဆေးရုံကား ခေါ်ပြီး ဆေးရုံတက်ထားလို့ ရအောင်ဆိုပြီး အိမ်နဲ့ အနီးဆုံး အကယ်ဒမီဆေးရုံကနေစပြီး လူနာတင် ကားခေါ်လို့ မရလိုက်တာ.... SSC, Women Centre, သုခကမ္ဘာနဲ့ ပန်းလှိုင်ဆေးရုံ အထိပေါ့.... ဘယ်ဆေးရုံကမှ ခေါ်လို့မရတော့ ပါဘူး... သမီးရယ်....စစချင်း တစ်ခုနှစ်ခုခေါ်လို့မရတာမှာ တစ်ခု မရ တစ်ခုရမှာဘဲ ဆိုပြီး စိတ်သိပ်မပူတဲ့ မေမေ ဘယ်လို မှ ခေါ်မရ မှန်း သိလို့ စိတ်ညစ်ရတဲ့ အထဲ ဗိုက် ကလည်း အရမ်းနာ လာတော့ ကျွန်မ ဗိုက် အရမ်းနာလာလို့ပါ ..အကူအညီတောင်းတာ ပါဆို တာတောင် ...အားလုံး က အမ ရေ...ကျွန်တော်တို့ လာလို့ မရတော့ပါဘူး...လမ်းတွေမှာ သစ်ပင်တွေ လည်း တဘုန်းဘုန်းလဲ ၊ ဓာတ်တိုင်တွေ လည်း ပြို နဲ့ ကားလမ်းတွေ လည်း အကုန် ပိတ်ကုန်လို့ ဘယ်လိုမှ မလာနိုင်တော့ လိုပါ...ဆို တာဘဲ ကြားရတော့တယ် ..... သမီးလေးရေ....
      ကံကြမ္မာ ဂြိုဟ်ဆိုးဆိုတာ သမီးလေး နဲ့ မေမေ့ အတွက် ဘဲလား မသိပါဘူး...သမီးလေးရယ်....မေမေ နဲ့ တစ်မြို့နယ် ထဲနေတဲ့ မေမေ့ မောင်လေး ( သမီးလေး ရဲ့ လေးလေး အငယ် ) ဆီကို ကြောက်ကြောက် နဲ့ ဖုံးဆက်တော့ လည်း ဘုရားသာ ရှိခိုး ပြီး နေလိုက်ပါတော့....သူလည်း ဘယ်လိုမှ မလာနိုင်တော့ဘူးတဲ့ ...ရှေးအိမ်မည်းကြီး ဖြစ်တဲ့ မေမေ တို့ ကလေး ဘ၀ နေခဲ့တဲ့ အိမ်ကြီး မှာလည်း အုတ်ကျွတ်တွေ က ကျိုးကျ၊ ရှေးခေတ် သစ်သား တုတ်တန်းတွေ ပြုတ်ကျ ...သစ်ပင်အိုကြီးတွေ တ၀ုန်းဝုန်းနဲ့ ကျိုးကျနေ လို့...အသက် ရှစ်ဆယ်ကျော် မေမေ့ ရဲ့ ဖွားဖွား ခမျာ လည်း အရေးရယ် အကြောင်းရယ် ဆို ဘယ်လိုမှ ထွက်မပြေးသာတဲ့ ဘ၀ မို့ အရမ်းထိတ်လန့် နေရရှာသတဲ့.....သမီး လေးလေး လည်း မကယ်နိုင်ပြန်တော့ အိမ်နီးနားချင်းလေးများ တစ်ယောက်တစ်လေ ကူကယ်မယ့်သူ ပေါ်လိုပေါ်ငြား အပေါ်ထပ်တွေကို ဖုံးဆက်ကြည့်တော့လည်း အပေါ်ထပ် က မြေရှင်ဖြစ်တဲ့ အကိုကြီး ခမျာ ည နှစ်နာရီ လောက်ကြီး လေကြီး မိုးကြီးကြားက အောက်ထပ် ဆင်းလာကြည့်ပေးရှာပေမယ့် သူလည်း ဆေးရုံ ပို့ပေးဖို့ အထိတော့ မစွမ်းသာရှာပါဘူး.....နောက်ဆုံး ကြံရာမရတဲ့ အဆုံး ဗိုက် က လည်း မချိမဆန့် တအားနာနေတာမို့ ပိုမနာလာအောင် အတတ်နိုင်ဆုံး မလှုပ်မယှက် နေရင်း ဆေးရုံ မသွားနိုင်တဲ့ အတူတူ အနီးတ၀ိုက် က OG မဟုတ်လည်း မွေးလို့ရရင် ပြီးရော ဆိုပြီး နီးစပ်ရာ ဆရာဝန်တွေ ဖုံးဆက်ပြီး လာမွေးပေးဖို့ ဖုံးဆက် အကူအညီတောင်းကြည့်ပြန်လည်း သမီးလေး နဲ့ မေမေ့ အတွက် ကူကယ်မယ့် ကယ်တင်ရှင် ဆိုတာ ပေါ်မလာခဲ့ပါဘူး......သမီးလေး ရယ်.....အဲဒီလို နဲ့ ဘာမှလုပ်မရ ဘယ်သူ့ကို မှ အကူအညီတောင်းလို့ မရတော့ တဲ့ အဆုံးမှာတော့ တိရစ္ဆာန်လေးတွေတောင် သဘာဝ က မွေးတတ်အောင် ဖန်တီးပေးထားတာဘဲ....မဖြစ်တဲ့ အဆုံး ကိုယ့်ဟာကိုယ်ဘဲ ထွက်တဲ့ အချိန် စောင့်ပြီး မွေးရတော့မှာပေါ့ .....ဆိုပြီး ဘုရားတရားလေး ဆင်ခြင်ပြီး သမီးလေးရဲ့ ကံ ...မေမေ့ ကုသိုလ်ကံပါဘဲ ဆိုပြီး စိတ်ဒုန်းဒုန်းချပြီး နေလိုက်ရတော့တာပေါ့....သမီးလေးရယ်.....အဲဒီ လို နဲ့ မေလ ( ၃ )ရက်နေ့ မနက် ၅ နာရီလောက် မှာ မုန်တိုင်း ကလည်း အဆိုးဆုံးအချိန် မေမေ့ ဗိုက် က လည်း အနာဆုံး အချိန်ပေါ့....သမီးလေးရယ်....ဗိုက် တအားနာတဲ့ ကြားထဲ မှာ သတိ တရ တွေးမိတာ က မေမေတို့ အိုးနဲ့ အိမ်နဲ့တောင် မုန်တိုင်း ဆိုတာ ဒီလောက်ကြောက်စရာကောင်းနေရင် ပင်လယ်ကြီးထဲမှာ သက်စွန့်ဆံဖြား အလုပ်လုပ်နေရရှာတဲ့ သမီးလေးရဲ့ ဖေဖေများ ဒီလို မုန်တိုင်းအချိန်မျိုးသာဆို....ဘုရား ...ဘုရား ..... ဆိုပြီး ....နောက်ဆို ပိုက်ဆံ မရှိရင်နေပါစေ...အရေးရယ်အကြောင်းရယ်....နောက်ဆုံး သေစရာရှိရင်တောင် ကိုယ့် မိသားစုလေး စုံစုံလင်လင်တော့ ရှိစေချင်တယ်..ဒီတစ်ခါ သမီးလေး ဖေဖေပြန်လာရင် သဘောင်္မလိုက်ခိုင်းတော့ဘဲ ဒီမှာ ဒိုးတူ ဘောင်ဘက် တူတူ အလုပ် လုပ်ကြမယ် ဆိုတာ...ကိုပါ......