သင်းကွဲငှက်ငယ်များ ၏ အဆိပ်သင့် ဒဏ္ဍာရီ ........ on Thursday, August 16, 2012


       မင်္ဂလာဆောင်တော့မည့် စုံတွဲများ အတွက် စကား လက်ဆောင်လေး တစ်ခု ပေးချင်ပါတယ် ..... တစ်ဦး တစ်ယောက် ကို အမှန်တကယ် လက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုပါက .... ပိုက်ဆံ ရှိရင် ထင်သလို ချဲ့လို့ရတဲ့ မင်္ဂလာပွဲ မတိုင်ခင် ကြိုတင်ပြင်ဆင်ကြတဲ့ အပေါ်ယံ ရုပ်ခန္ဓာ ၊ အလှအပများ ၊ ကြီးကျယ် ခမ်းနားလှသည့် အဆင်တန်ဆာများ နှင့် ဂုဏ်ပကာသနများ ကို စိတ်ကူးယဉ်လို့ ယစ်မူး သာယာ မိန်းမောသွားခြင်း မဖြစ်ခင် အချိန်လေးမှာ ..... အခု ကိုယ် လက်ထပ်တော့မယ့် ... ဇနီးလောင်း / ခင်ပွန်းလောင်း ကို လက်မထပ်ခင် အချိန်စပ်ကြားလေး မှာ တစ်ယောက် နဲ့ တစ်ယောက်ဖွင့်ဟလို့ မပြောချင်ရင်တောင် ဘာ အတွက်ကြောင့် လက်ထပ်မယ်ဆိုတာ .... ကို မလိမ်မညာ ဟန်မဆောင် စတမ်း ကိုယ့် စိတ်ကိုယ် ခွဲခြမ်းစိတ်ဖြာ ကြည့်စေချင်ပါတယ် ..... သူ ကောင်းကောင်း ဆိုးဆိုး / ကိုယ် ကောင်းကောင်း ဆိုးဆိုး မပျက်ယွင်းနိုင်တဲ့ ချစ်ခြင်း မေတ္တာတရား နဲ့ တစ်သက်စာ ချစ်နေမှာလား .... ဒါမှမဟုတ် အခု အချိန်မှာ မကောင်းတဲ့ သူ ကို ကိုယ် နဲ့ လက်ထပ်လိုက် ရင် ပြုပြင်ပြောင်းလဲနိုင်ကောင်း ရဲ့ ဆို တဲ့ မျှော်လင့်ချက် တစ်ခု နဲ့ ချစ်နေတာလား ..... ကိုယ် က ပေးဆပ်သူ သက်သက် နဲ့ ချစ်နေမှာလား / ကိုယ် က အချစ်ခံချင်ရုံ သက်သက် ရယူလိုသူလား ...... ထိုသူ ယောကျာ်း / မိန်းမ ဆီ က အမှန်တကယ် ကိုယ်လိုချင်တာ ဘာလဲ .... သစ္စာလား /မေတ္တာလား / နားလည်မှုလား / စွန့်လွှတ် အနစ်နာ ခံမှုလား / ချစ်ခင်ကြင်နာ နွေးထွေးမှုလား / ခွင့်လွှတ် သီးခံမှုလား / ဂုဏ် ကို လိုချင်တာလား / ငွေကြေး ဥစ္စာ စည်းစိမ် ချမ်းသာ ကို လိုချင်တာ လား / ချောမော လှပခန့်ညားတဲ့ ရုပ်ရည် ရူပကာ နဲ့ အဆင်း သဏ္ဍန် ကို ကို လိုချင်တာ လား ဆိုတာ သူများက မသိနိုင်ပေမယ့် ကိုယ့် ကိုယ့် ကိုယ်သာ အသိနိုင်ဆုံး ဖြစ်ပါတယ် ......

တကယ်ချစ် မှ လက်ထပ်ပါ ....
      ချစ်ခြင်း မေတ္တာစိတ်သက်သက် နှင့် သူ ကောင်းကောင်း ဆိုးဆိုး / ကိုယ် ကောင်းကောင်း ဆိုးဆိုး / ချမ်းသာသာ ၊ ဆင်းရဲရဲ ၊ နူနူဝဲ၀ဲ ၊ ကျိုးကျိုး ၊ ကန်းကန်း ၊ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲ မွဲတေတဲ့ အခါမျိုးထိ ... မပျက်ယွင်းနိုင်တဲ့ ချစ်ခြင်း မေတ္တာတရား နဲ့ တစ်သက်စာ ချစ်နေကြမယ့်သူတွေ အတွက် ဆို အတောင်အလက်စုံလို့ တစ်အိုး တစ်အိမ် ထူထောင်ကြတာ ... Carry On ပါလို့ ကောင်းချီး ပေးချင်ပေမယ့် ..... ထိုသို့ မဟုတ်ဘဲ တစုံတရာ သော ရုပ်နာမ် ရလိုမှု တစ်ခုကြောင့် လက်ထပ် ကြမည့် သူတွေ ဆိုလျှင်တော့ .... လက်မထပ်ခင် အချိန်မှီလေး မှာ .... တစ်ခုသော အချိန် မှာ ကိုယ် ထင်ထားသလို ....မပြုပြင် ၊ မပြောင်း လဲခဲ့လျှင် ၊ သူ့ဆီ က အတ္တကြီးစွာဖြင့် တစ်ဘက်သတ် လိုချင်ခဲ့ သည့် ....သူချစ် ဆိုတဲ့ ချစ်ခြင်း တရား နှင့် နွေးထွေး ကြင်နာ ယုယမှု ဆိုတာ အချိန်ကာလ ကြာရှည်စွာ မတည် မြဲခဲ့ပါလျှင် ၊ ကိုယ် မက်မော စွာ လက်ထပ်ခဲ့သည့် / ဂုဏ်ဒြပ် နှင့် စည်းစိမ် ဥစ္စာ အကြောင်း အမျိုးမျိုးကြောင့် မတည်မြဲခဲ့ပါလျှင် .... ကိုယ် ဘာဆက်လုပ် ပါမလဲ ..... ပေါက် သည့် နဖူး မထူး တော့ သည့် ဇာတ် ဆက်ခင်းရင်း .... ကိုယ် ခင်းခဲ့မိသည့် ဇာတ်သဘင် ကိုယ်နိုင်အောင် ဆက် က လို့ မပျော် လည်းပျော် / ပျော် လည်း ပျော်ကာနေနိုင်မှာလား ... သို့တည်းမဟုတ် ...... ဘယ်လို သီးခံကာ ဘာတွေ ဆက်ဖြစ်နိုင်မလဲ ..... ဆိုတာ ကို အမှန်အတိုင်း ဆင်ခြင်သုံးသပ်ပြီး မှ လက်ထပ်ကြပါလို့ အကြံလေးပေးချင်ပါတယ် .......
      ချစ်ခြင်း မေတ္တာ သက်သက်နှင့် ချစ်ခင်စုံမက် လို့ လက်ထပ်ကြတဲ့ စုံတွဲတွေ မှာတောင် တစ်ဦးနှင့်တစ်ဦး အနီးဆုံး မှာ နေလို့ အိမ်ထောင်အမှု ပြုကြတဲ့အခါ မှာ ချစ်သူ ဘ၀တုန်းက မမြင်ခဲ့ရသည့် အပြစ်များ ၊ စိတ်သဘောထားခြင်း ၊ မတိုက်ဆိုင်မှုများ ၊ နှစ်ဘက် မိဘ များ နှင့် စိတ်နေသဘောထား ၊ ကြီးပြင်းလာကြသည့် ဓလေ့ စရိုက် ခံယူချက်နှင့် စိတ်နေစိတ်ထား ၊ သဘော သဘာဝ မတူညီတဲ့ ကွဲလွဲချက် များက အစပြုလို့ တစ်ယောက် နဲ့တစ်ယောက် သီးမခံနိုင်တော့ တဲ့ နှစ်ကာလ ကြာရှည်လာတဲ့ အချိန်အခါ တစ်ခု မှာ ကွဲကြ ကွာကြ ရတဲ့ အထိ ဖြစ်နိုင်ကြသေးတာမို့ ..... ရလိုမှု တစ်စုံတစ်ရာ နှင့် လက်ထပ်ကြသူတွေ အတွက် မှာ ဆို ဆိုဖွယ်ရာ မရှိနိုင်ပါ ..... အဲဒီ အတွက် တကယ် ချစ်ကြိုက်လို့ လက်ထပ်ယူခဲ့သည့် အစစ်အမှန်သော ချစ်သူစုံတွဲများ အတွက် ဆိုလျှင်တော့ ကိုယ် ချစ်ကြိုက်လို့ ယူခဲ့သမျှ ကိုယ့် အပြစ် နဲ့ ကိုယ်သာ ရှိစေတော့ လို့ .... အတတ်နိုင်ဆုံး သီးခံ ၊ ခွင့်လွှတ် လို့ ပေါင်းဖက်နိုင် ကြပေမယ့် စတည်ကထဲ က တစ်စုံ တစ်ခုသော အကျိုး အတွက် လက်ထပ်ခဲ့သည့် သူများသာဆို အတ္တပြိုင် ၊ မာနပြိုင် နဲ့ ခန္တီတရား ကုန်ဆုံး လို့ ဒေါသ ဒီဂရီ အဆုံး ထိရောက်သည့် ထို အချိန်မျိုး မှာ ဘယ်လိုပုံစံနှင့် မှ ရှေ့ဆက် မလျှောက်နိုင်တော့ တဲ့ အတွက် မဆီမဆိုင် ကြားထဲက ဒုက္ခရောက် ကြရတာ အပြစ် မရှိတဲ့ ရင်သွေးလေးတွေသာ ဖြစ်သလို ...... သားသမီးတွေ မျက်နှာ ကို ထောက်ထားညှာတာ လို့ တရားဝင် ကွဲကွဲ ၊ မကွဲကွဲ အဆင် မပြေ တဲ့ မိဘတွေ ရဲ့ အိမ်ထောင်ရေး ကြားက ကြီးပြင်း လာရတဲ့ ကလေးငယ်တွေ အများစု မှာ စိတ်ဒဏ်ရာ ရ တတ်ကြရပါတယ်..... မိခင် ရင်နို့ ၀၀ လင်လင်သောက်သုံးပြီး မွေးဖွား ကြီးပြင်းလာရသည့် ကလေး နှင့် အာဟာရ မမျှတစွာ နှင့် ရောဂါ ဘယ အမျိုးမျိုးကြား က ကြီးပြင်းရ သည့် ကလေး ဘယ်လိုမှ မတူညီနိုင် သည့် သဘောသဘာဝ ကို ..... မကြာတော့သည့် အချိန်များမှာ လက်ထပ်ပွဲ ဆင်နွှဲကြမည့် ချစ်သူ စုံတွဲများ ၊ အိမ်ထောင်တစ်ခု ကို စိတ်ကုန် စပြုနေသော အိမ်ထောင်သည် မိသားစုများ နှင့် ဖော်ပြပါ ကလေးများ နှင့် အလား သဏ္ဍန်တူ သည့် ကလေးငယ်များ ကို အချိန်မှီ ပြုပြင် ကုစားပြောင်းလဲနိုင်ရန် ရည်ရွယ်၍ ... ကျွန်မ တွေ့ကြုံ ကျင်လည်နေရသည့် ပတ်ဝန်းကျင်တ၀ိုက် ရှိ ကလေးများ မည်သို့မည်ပုံ ... အဆိပ်သင့်ကာ နှင့် စိတ် ဒဏ်ရာရခဲ့ကြရပါတယ် .....ဆိုတာ ....

အဆိပ်သင့်နှလုံးသားများ နှင့် ဒဏ်ရာရ သင်းကွဲငှက်ငယ်များ ..........
သင်းကွဲငှက်ငယ် ( ၁ )

      မေတ္တာငတ်လွန်းလို့ပါ ..... ဆိုပြီး အိမ်ထောင်ရေး ၊ လူမှုရေး ၊ စီးပွားရေ အဆင်မပြေတဲ့ မိဘ ၊ ညီအကို မောင်နှမ ဆွေမျိုးတွေ ကြားမှာ တစ်သက်လုံး မျက်နှာငယ်စွာ နှင့် သေးနုတ်သိမ်ငယ် နိမ့်ကျခြင်းများစွာနှင့် ကြီးပြင်းရလာသူဖြစ် ပြီး .... ငယ်စဉ် ကထဲ က မိဘတွေ ရဲ့ သူသေ ကိုယ်သေ ၊ သတ်ဖြတ်မတတ် ရန်ပွဲတွေ အမျိုးမျိုးကြား မှာ သွေးလန့်ခဲ့ရတဲ့ အဖြစ်အပျက်များစွာ ၊ ထိတ်လန့်တုန်လှုပ်ခြောက်ခြားမှုများစွာ ၊ စိတ်ဆင်းရဲခြင်းများစွာ နှင့် ကူကယ်ရာ မရှိအောင် စိတ်အားငယ်တတ် တဲ့သူ ဖြစ်သလို အဖေနဲ့ အမေ တို့ ရဲ့ ပြင်မရတဲ့ အမှားများစွာ ကို အကြောင်းပြုလို့ ပိုက်ဆံရှိတဲ့ ဆွေမျိုးတွေ ရဲ့ နင့်အဖေ က ဘယ်လို ၊ နင့် အမေ က ဘယ်လို ဆိုတဲ့ လက်ညှိုးပေါင်းများစွာ ကို ရှက်ရွံ နာကျင်စွာခြင်းများစွာဖြင့် ပြင်းထန်စွာ စိတ်ဒဏ်ရာ ရလို့ ..... ဟိုသူ ကတော့ ကိုယ့် အပေါ်ကောင်းနိုးနိုး ၊ ဒီ သူငယ်ချင်း က တော့ ကိုယ့် အပေါ်ကောင်းနိုးနိုး နဲ့ စိတ်လေနေရှာသလို .... အစွဲအလန်းကြီး စွာဖြင့် သူတကယ် ချစ်ခဲ့တဲ့ ချစ်သူ ကပါ သူ့ကို နားလည်ပေးခြင်း မပြုဘဲ လေလွင့်နေတဲ့ သူ့ရဲ့ အပေါ်ယံ ပုံပန်းသဏ္ဍန်ကို အကြောင်းပြု လို့ အထင်သေး စွာ နဲ့ ပြုမူဆက်ဆံ သွားတဲ့အခါ ပိုလို့ကာ နာကျင်လာတဲ့ စိတ်ဒဏ်ရာ ကို အရွဲ့တိုက်ရင်း ရာသက်ပန် သူ့အပေါ် စာနာစွာ နားလည်ပေးမယ့် သူ လို့ တွေးတော ဆင်ခြင်လက်ထပ်ခဲ့တဲ့ သူချစ်ရှာ ယောကျာ်း ဆိုတာ က လည်း နှစ် ကာလအတန်ကြာ လို့ .... သူ လိုချင်ခဲ့သလို ဖြစ်မလာတဲ့အခါ မှာ သေလူပါဘဲ ... ဆိုတဲ့ စိတ်ကျရောဂါ ကို ကြိတ်မှိတ်ခံစားရင်း အထီးကျန်လှစွာ နဲ့ ကံဆိုးလှတဲ့ သူ့ဘ၀ ထဲ ဆွဲခေါ်ထားခဲ့မိတဲ့ ကလေးလေးတွေ နဲ့ သူ နဲ့ဘ၀တူ ကလေးငယ်တွေ ကို သူကဲ့သို့ လမ်းမှား မရောက် ရလေအောင် သွန်သင် လို့နေတဲ့သူသာ ဖြစ်ပါတယ် .....

သင်းကွဲငှက်ငယ် ( ၂ )

      သနားစရာ အလွန်ကောင်းပါတယ်.... အဖေ က လည်း နောက် အိမ်ထောင် ၊ အမေ က လည်း နောက် အိမ်ထောင် နဲ့ပါ ..... နောက် အိမ်ထောင်ကိုယ်စီနဲ့ မို့ အိမ်ထောင် တစ်ဆက်စီဘဲလား ဆိုတော့ မဟုတ်ရပါ .... အမေ က လည်း တစ်ယောက် ယူလိုက် ၊ အဆင် မပြေ လိုက် ၊ ကွဲလိုက် ၊ နောက်တစ်ယောက်ထပ်ယူလိုက် ....ကလေးတွေ ထပ်ထပ်မွေးလိုက် ဖြစ်သလို ၊ အဖေ က လည်း မိန်းမ တစ်ယောက် ယူလိုက် .... စိတ်အခန့်မသင့်ရင် ကွဲလိုက် .... ကလေးတွေ ထပ်ထပ်မွေးလိုက် ၊ ကွဲတဲ့အခါမှ ထပ်မွေးတဲ့ ကလေးတွေ ကို သူ တစ်ယောက် ငါ တစ်ယောက် ခွဲဝေယူလိုက် နဲ့ .... သူမလေး က အဖေ နဲ့ နေလိုက် အမေ နဲ့ လှည့်နေလိုက် အဖေ ကို လည်း စိတ် ပျက် သလို ၊ အမေ ကို လည်း စိတ်ကုန်နေပြီး.....သူတို့ ထပ်ထပ်မွေးသမျှ ကလေးတွေ အကုန်လုံး ရဲ့ တာဝန် ကို ယူရသူ က သူသာ ဖြစ်နေ တဲ့ အတွက် .... မိန်းမတွေ ကို မယုံသလို ၊ ယောကျာ်းတိုင်း ကို လည်း သူ့အဖေ လိုဘဲ ဖြစ်မှာဘဲ ရယ်လို့ ...... လူတကာ ကို မကောင်းမြင်တဲ့ စိတ် နဲ့ ရန်လိုလို့သာ နေရင်း ..... ဂျစ်ကန်ကန် ၊ မိုက်ကန်းကန်း နှင့် ဆိုးသွမ်း လေလွင့် လို့သာဖြစ်နေရရှာပါတယ်.......

သင်းကွဲငှက်ငယ် ( ၃ )

      ချစ်ကြိုက်လို့ ယူထားတဲ့ ဇနီးမယား နဲ့ သားသမီး ရဲ့ စားရေးသောက်ရေး ကို နည်းနည်းမှ စိတ်မ၀င်စား ..... မိန်းမ ရှာဖွေသမျှ ထိုင်စားရုံမျှ မက လူမှန်သူမှန်း မသိအောင် အရက်သောက်စား မူးရူးပြီး ညဉ့်နက်သန်းခေါင်ချိန် မှ အိမ်သို့ပြန်လာပြီး သူ့အမေ ကို ရပ်သိရွာသိ ဟစ်အော် ဆဲဆိုပြီး ရိုက်နှက်တတ်ပြီး တွေ့ရာ မိန်းမ တကာကို အိမ်ခေါ်လာလို့ မသိကျေးကျွန်ပြု ကာ ပြသနာငြိမ်းအောင် နေနေရှာတဲ့ အမေ ကို .... အပြစ်မရှိ ၊ အပြစ်ရှာလို့ ခဏခဏ သွေးထွက်သံယို အနာတရာ ဖြစ်အောင်လုပ်တဲ့ အဖေ နဲ့ ....သားသမီးတွေ မသိ ရလေအောင် ၀ဋ်ကြွေးရှိသမျှ ကြိတ်လို့ခံရှာနေတဲ့ အမေ ကို မကြည့်ရက်လို့ အမေ ကို သနားရာ က နေ အဖေ ကို မုန်းသထက်မုန်း ကာ စိတ်နာလာပြီး ငရဲကြီး လည်း ကြီးစေတော့ ဖြစ်လေရာ ဘ၀ ဆက်လို့ခံမယ်.... ငါ့ အမေ ကို စိတ်ဆင်းရဲအောင် လုပ်ပြီး ဒုက္ခ အမျိုးမျိုးပေး တဲ့ သူ ......ရယ်လို့ .... ကံ ( ၃ ) ပါး နဲ့ နေ့နေ့ ညည ပြစ်မှားမိနေရှာတဲ့ ပဉ္စာနန္ဒိယ ဂိုဏ်းသင့်နေရှာရသူ ဖြစ်ပါတယ်.....