'' လွမ်းရစ်နေတော့မယ့် ကျွန်မ ၏ ( ၃၅ ) နှစ် ပြည့် Online မွေးနေ့မင်္ဂလာ '' …… by Swe Myat Hay Thi on Thursday, October 17, 2013


 

တစ်ခေတ် တစ်ခါ ဆီက .........


    ကျွန်မ အတွက် တစ်နှစ်ပတ်လုံးမှာ အရူးသွပ်ဆုံး နေ့ ( ၂ ) နေ့ ရှိခဲ့ဖူးပါတယ် .... တစ်ခု က သင်္ကြန်ပွဲတော် ဖြစ်ပြီး နောက်တစ်ခု ကတော့ ... ကျွန်မ ၏ မွေးနေ့ ဘဲ ဖြစ်ပါတယ် .... ထို အချိန်ကာလ နှစ်ခု ကို ကလေး ဘ၀ထဲ က လပေါင်းများစွာ ကြိုတင်၍ ရင်ခုန် ရူးသွပ်လေ့ရှိပါတယ် ... သင်္ကြန် ဆိုလည်း သင်္ကြန် အလျှောက် .... ဝေးရင် ဝေးသလို ... နီးရင် နီးသလို ... စိတ်လှုပ်ရှား စွာဖြင့် မက်မက်မောမော ပျော်ရွှင် ရင်ခုန်ခဲ့ရသလို ... ကျွန်မ အသက် တစ်နှစ် ... တစ်နှစ် တိုးလာမယ့် မွေးနေ့ ရောက်ခါနီးတိုင်း လည်း ... သုံးလေးလ အလိုထဲ က မွေးနေ့ရောက်ရင် ဘာတွေ လုပ်မယ် ... ဘယ်သူငယ်ချင်း တွေ ဖိတ်မယ် ... ဘာကျွေးမယ် ... စသည်ဖြင့် စိတ်ကူးယဉ် ပြင်ဆင်နေလေ့ရှိခဲ့ပါတယ် ...

ပစ္စုပ္ပန် ဘ၀များမှာ .........


    ဆယ်စုနှစ် သုံးစု မကျော်ချင်ဘဲ ကျော်ဖြတ်လာပြီးချိန်မှာတော့ အသက် အရွယ် က စကားပြော လာလေသလား .... မသိပါ ... ဟိုး ကလေးဘ၀ အရွယ် ၊ ဆယ်ကျော်သက် အရွယ်များစွာ က သင်္ကြန် ကို စွဲစွဲလန်းလန်း ရူးသွပ်ရင်ခုန်ခဲ့တာ ကိုယ် မဟုတ်တော့လေ သလား .... သီချင်းသံကြားလည်း နားငြီး ၊ ကားတွေ ပိတ် လည်း စိတ်ရှုပ် ၊ လူတွေ တရုန်းရုန်း နဲ့ အုံးအုံးထ နေရင် မျက်စိနောက် ရတာ က တစ်မျိုး ... လူစု လူဝေးနေရာများ သွားမိလျှင် ကိုယ့် အတွက် အသက် အာမခံ မရှိ ၊ အစိုးမရနိုင်စွာ ဘာမှ မဖြစ် ဘဲတောင် အလကားနေရင်း ဗုံးကြောက်တဲ့ ရောဂါ က တစ်မျိုး ဆိုတော့ .... ကလေး ဘ၀တုန်း က လို အပူအပင် ၊ အကြောက် အရွံ့ကင်းစွာ နဲ့ သင်္ကြန် ကို ပျော်ရွှင်နိုင်ဖို့ ဆိုတာ အဝေးဆုံးမှာပါ ....

ထို့အတူပါဘဲ .........


    ကျွန်မ ကလေး ဘ၀ တလျှောက်လုံး ကျွန်မ လိုချင်တာ ဖြစ်ချင်တာ ပူဆာတာ မှန်သမျှ တစ်ချက်လေးမျှ မငြီးမငြူ ၊ မငြိုမငြင် ဖန်ဆင်းပေးတတ်သည့် ကျွန်မ ကို သိပ်ချစ်သည် ကျွန်မ အနားမှာ မရှိတော့ရှာလေသော ကျွန်မ ၏ ဖိုးဖိုး .... ကျွန်မ ကို ရုတ်တရက် ခွဲထားရစ်ခဲ့သည့် ကျွန်မ သိပ်ချစ်သော မေမေ နှင့် အခြားခြားသော ကျွန်မ နားမှာ မရှိနိုင်တော့သည့် ... ချစ်သူ ၊ ခင်သူ ၊ သံယောဇဉ် ရှိသူ များစွာ နှင့် ပျော်ရွှင်ခဲ့ဖူးသည့် မွေးနေ့ပေါင်းများစွာ ကို အစွဲအလန်း ကြီးစွာနှင့် မမေ့နိုင်ခဲ့သည့် အတွက် .... နှစ်စဉ် နှစ်တိုင်း ကျွန်မ မွေးနေ့ ရောက်သည့် အခါ ငယ်ငယ်တုန်းကလို စည်စည်ကားကား ပြန်လည် ပြုလုပ်ချင်စိတ် မရှိတော့တာ ဆယ်စုနှစ် တစ်ခုခွဲလောက် ရှိခဲ့သလို ... လက်ရှိ ကာလများမှာ အလုပ် ကို သံယောဇဉ် ကြီးလှသည့် ကျွန်မ ... အလုပ် ကို သိပ်ချစ်သလို ... ကျွန်မ နှင့် ကောင်းတူ ဆိုးဘက် လက်တွဲ လုပ်ကိုင်နေသည့် ... ၀န်ထမ်း ညီမငယ်လေး များစွာ ကို တွယ်တာလှသည့် အတွက် ... နှစ်စဉ် နှစ်တိုင်းရဲ့ ကျွန်မ မွေးနေ့ ဆိုတာတိုင်းမှာ သူတို့လေးတွေ နဲ့ဘဲ ကျော်ဖြတ်လာခဲ့တာ ... ကျွန်မ ၏ Ginger Beauty Land တစ်သက်ဘဲ ဖြစ်ပါတယ် ......

     ယခုနှစ်မှာ ဖြစ်ချင်ပြန်တော့ .... ကျွန်မ ရဲ့ မွေးနေ့တိုင်း တူတူ ကျော်ဖြတ်နေကြ ကျွန်မ ချစ်သည့် ရဲဘော် / ရဲဘက် ညီမငယ်လေး များစွာ လူစုံ တက်စုံ မရှိနေပြန်တဲ့ အတွက် နဂိုထဲ က ခြောက်ကပ်လှသည့် ကျွန်မ မွေးနေ့ ကို .... ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင် ဖို့ဆိုတာ အဝေးကြီးမှာဘဲ ... ဖြစ်သလို ... ကျွန်မ မွေးနေ့လေး ကို သိတဲ့ သူတိုင်း ဘာအစီအစဉ် ရှိလဲ မေးလာတိုင်းလည်း .... တိတ်တဆိတ် နဲ့ ကြေကွဲနေတတ်တာ ကျွန်မသာလျှင် အသိဆုံးဘဲ ဖြစ်ပါတယ် .... ထိုသို့နှင့် တိုက်ဆိုင်ချင်တော့ .... မိတ်ဆွေ တစ်ယောက် နှင့် ... Internet Marketing ... အကြောင်း စကားစပ်မိရင်း .... Facebook က Fan Page တွေ မှာ Like & Share လုပ်ပြီး Promotion တွေ လုပ်ကြတာ နဲ့ ပတ်သက်ပြီး ... ကျွန်မ ပင်ပန်းကြီးစွာ နှင့် မပြတ် Update လုပ်နေရသည့် ... ကျွန်မ ၏ Ginger Beauty Land ... Fan Page ကို ထိုသို့လုပ်ပါလား ဆိုတော့ .... တစ်ယောက် နဲ့ တစ်ယောက် ခံယူချက် အယူအဆ မတူညီနိုင်သည့် အလေ့အထကြောင့် .... ကျွန်မ ၏ စိတ်ထဲမှာတော့ .... ရော့ အင့် ... ဒါလုပ်ပေး ... ဒါပြန်ပေးမယ် ... ဆိုတဲ့ အပေးအယူ သက်သက်ဆန်သည့် Marketing သဘောကို မနှစ်သက်တာကြောင့် ကြော်ငြာလိုစိတ် သက်သက်ဖြင့် ... လုပ်ချင်စိတ် မရှိခြင်း ကို ပြန်လည် ရှင်းပြရင်း .....


      ကျွန်မ လုပ်ချင်တာ က ... ကြော်ငြာရတာ / မရတာ စသည့် အပေးအယူ ဆန်သော Marketing ထက် .... ကျွန်မ ဖြစ်ချင်တာ ... ကျွန်မ ပေးချင်သည့် ပစ္စည်း ( သို့ ) ၀န်ဆောင်မှု တန်ဖိုး နည်းနည်း များများ / တန်ဖိုး ရှိရှိ - မရှိရှိ ... အားလုံး ကို ပျော်စေ ချင်သော စိတ်ဆန္ဒ သက်သက် ဖြင့်သာ Lucky Draw အစီအစဉ်လေးများ ကို ရံဖန်ရံခါ ပြုလုပ်ပေးချင် မိကြောင်း ပြောမိခဲ့သလို ... တစ်ခါ တိုက်ဆိုင်ချင်ပြန်တော့ ... ကျွန်မ တို့ ဆီက တစ်ချို့သော ၀န်ဆောင်မှုတွေ ၏ ကျသင့်ငွေ တန်ဖိုး ဈေးနှုန်းများစွာ ကို နေရာ အမျိုးမျိုးမှ လှန်းပြီး စုံစမ်း မေးမြန်းပြီး လာရောက် ဆောင်ရွက် သူများ ရှိသကဲ့သို့ ... တစ်ချို့သော မိတ်ဆွေများ ထံမှလည်း ... ထိုဈေးနှုန်းများနှင့် ဆို လာလုပ်ချင်ပေမယ့် မလုပ်နိုင်သေးပါဘူး .... အမ ရယ် ... လုပ်နိုင်တဲ့သူတွေ လုပ်ဖို့ ပြန်ကြော်ငြာပေးပါ့မယ်နော် ... ဆိုတဲ့ Message များစွာ ကို စိတ်မကောင်းစွာ ဖတ်ရသည့် အခါ ... ကိုယ့် ဆိုင် နှင့် ကိုယ့် ဈေး ၊ ကိုယ့် လမ်းကြောင်း နှင့် ကိုယ်မို့ ... ထိုဈေးတွေ မှ မရရင်လည်း မလုပ်နိုင်သည့် ကိုယ့် အနေအထား နှင့် ကိုယ့် ဘ၀ ၊ ကိုယ့် ၀မ်းနာ ကိုယ်သာလျှင် အသိဆုံး ဖြစ်သည့် အတွက် ... အမြဲ မဟုတ်လျှင်တောင် ကျွန်မ ဘ၀ ၏ အမှတ်တရ နေ့လေး တစ်ခုခု မှာ ... ကျွန်မ ကို ဆယ်စုနှစ် တစ်ခု နီးပါး ကိုယ့် ခြေထောက်ပေါ် ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်လာအောင် ထမင်းကျွေး လာခဲ့သည့် Customer များစွာ ကို ကျေးဇူးတုန့်ပြန်သော အားဖြင့် ကျွန်မ တို့ဆိုင်ရှိ ၀န်ဆောင်မှုလေးတွေ ကို .... အဆင်ပြေသူ များ အတွက် ရော ၊ အမျိုးမျိုးသော အခက်အခဲ ဖြင့် ... အဆင်မပြေနိုင်သူများ အတွက်ပါ ... အမှတ်တရ ဖြစ်စေချင်သည့် စိတ်စေတနာ ဖြင့် .... ကျွန်မ ဆိုတာ ... နာမည်ကျော် မင်းသမီးလည်း မဟုတ် ၊ ထင်ပေါ်ကျော်ကြား လူသိများသော Celebrity လည်း မဟုတ်ပါဘဲ ... နှင့် ... Internet ပေါ်မှာ ဘယ်သူ မှ မလုပ်သည့် မွေးနေ့ပွဲ တစ်ခု ကို စိတ်ကူး ရင်ခုန် ယုံကြည်ချက် တစ်ခု ... စိတ်လှုပ်ရှားခြင်းများစွာ နှင့် ခက်ခက်ခဲခဲ ပြုလုပ်ဖြစ်ခဲ့ပါတယ် ....

     စိတ်လှုပ်ရှားခြင်းများစွာ ဆိုသည်မှာ ... သူများ မလုပ်သည့် အလုပ် ကို ရှာရှာဖွေဖွေ စိတ်ကူးပေါက်ပြီး လျှောက်လုပ်တာ မှန်ပေမယ့် ကျွန်မ ဖြစ်စေချင်သလို ... လူစိတ်ဝင်စားရင် အကြောင်းမဟုတ် ၊ အကယ်၍များ ကျွန်မ ထင်သလို လူစိတ်ဝင်စားမှု တစ်ခု မရခဲ့ပါလျှင် ... ကလေးကလား လျှောက်လုပ်ပြီး မှ အရှက်တကွဲ ဖြစ်ရချေသော် မခက်ပါလားလို့ပါ ... ဤသို့ဖြင့် ... ခြေတုန် ချတုန် ဒွိဟများစွာဖြင့် ... အဆန်းအသစ် ထွင်ရတာ နှစ်သက်တတ်သည့် ကျွန်မ .... ဖြစ်ချင်တာ ဖြစ် .... သန့်ခေါင် ထက် ညဉ့်မနက်နိုင်ချေပါဘူး ... ဆိုပြီး ... မသိလျှင် ... အပြင်မှာ တကယ် ကျင်းပ နေသည့် မွေးနေ့ပွဲ အစီအစဉ်လေးတွေ အတိုင်း ... ကျွန်မ ဆောင်ရွက်ပေးချင်သည့် မျက်နှာ နှင့် ခန္ဓာကိုယ် အလှအပ ၀န်ဆောင်မှုများစွာ ကို တစ်ခုပြီး တစ်ခု ... မထပ်ရအောင် ပျော်ရွှင်စရာ စိတ်ကူး အစီအစဉ်လေးများစွာဖြင့် ... ကံစမ်းမဲ ဖောက်ပြီး ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ် .... ထိုသို့ ကျင်းပ ပြုလုပ်ခဲ့တာမှာ ... ကျွန်မ အတွက် အတိုင်းမသိ ပျော်ရွှင်ခဲ့ရသည့် ရလာဒ် အမြတ် တစ်ခု က .... အပြင်မှာ ဘယ်သူ့ ဆီက ဘယ်လို မွေးနေ့ အမှတ်တရ လက်ဆောင်မှ မရတတ်သည့် ကျွန်မ ... တစ်စုံ တစ်ခုသော ငွေကြေး တန်ဖိုး / ပစ္စည်း တန်ဖိုး ဆိုတာ တွေ ထက် ... အဆပေါင်းများစွာ တန်ဖိုး မဖြတ်နိုင်သည့် .... ကျွန်မ ၏ စိတ်ကူးယဉ် ကမ္ဘာထဲ က Online မွေးနေ့ပွဲ လေး ကို .... ကျွန်မ မဲဖောက်ပေးသည့် လက်ဆောင် တန်ဖိုး နည်းသည် / များသည် ဆိုတာတွေ ထက် ကျွန်မ ကို ချစ်ခင် ယုံကြည် စွာဖြင့် ... ပါဝင်ကူညီ အားဖြည့် ပေးခဲ့ကြသည့် ... Online မှ ... အကို ၊ အမများ ၊ မောင်လေး ၊ ညီမလေးများစွာ နှင့် GINGER Beauty Land မိတ်ဟောင်း / မိတ်သစ် များစွာ၏ ပျော်ပျော်ရွှင်ရွှင် ၊ ရင်းနှီးချစ်ခင်စွာဖြင့် ပါဝင် အားဖြည့် ကူညီပေးကြ သည့် .... မေတ္တာများစွာ ကို လုံးဝ မမျှော်လင့်ထားစွာ နဲ့ အတိုင်းမသိ ၊ ၀မ်းပမ်းတသာ နှင့် လက်ခံ ရရှိခဲ့ရခြင်းဘဲ ဖြစ်ပါတယ် ....


       ယခုချိန်မှာ ကျွန်မ ကောင်းကောင်း နားလည် သဘောပေါက်လိုက်တာ တစ်ခု က ... မဖြစ်နိုင်တာတွေ ၊ မရှိတော့တာတွေ ကို တမ်းတ ပူဆွေးနေမယ့် အစား လက်ရှိ အခြေအနေ နဲ့ အချိန်အခါ တစ်ခု မှာလည်း ... ကိုယ်သာ ကောင်းအောင် နေသွားမည် ဆိုပါက ... လက်ရှိ ကိုယ့် ဘ၀ ၊ ကိုယ့် အနီး ပတ်ဝန်းကျင်မှာလည်း အထူးတလှယ် မမျှော်လင့်ထားပါဘဲ ... ကိုယ့် ကို ချစ်သူ / ခင်သူ များစွာ ဆိုတာ ရှိနေနိုင်သေးပါလား ဆိုတာပါ ... ထို့အတွက် ... ကျွန်မ ဘ၀မှာ စိတ်လွတ်ကိုယ်လွတ် ကိုယ့် စိတ် နှင့် ကိုယ့် ကိုယ် မပျော်ရွှင်ခဲ့ရတော့တာ ဆယ်စုနှစ် တစ်ခုခွဲကျော် ကြာပြီး မှ လုံးဝ မမျှော်လင့်ထားပါဘဲ ကျွန်မ ကလေးဘ၀ က ကဲ့သို့ ပြန်လည် ပျော်ရွှင်ခဲ့ရသည့် ရှားရှားပါးပါး နှင့် မွေးနေ့ပွဲလေး အတွက် .... ( ကျွန်မ ပေးသည့် အမှတ်တရ ကံစမ်းမဲ ပေါက် တာ မပေါက်တာ ... အကယ်၍ ဆုမဲ ပေါက် ခဲ့ပါလျှင်လည်း ကျွန်မ တို့ GINGER Beauty Land အထိ လာရောက် ဆောင်ရွက်နိုင် ဖို့ရာ မသေချာပါသော်လည်း နေရာ အနှံ့အပြား ၊ နိုင်ငံ အနှံ့အပြား နေရာပေါင်း များစွာထံမှ .... ) ကျွန်မ ကို ချစ်ခင်စွာ နှင့် ပါဝင် ကူညီ အားဖြည့် ဆင်နွှဲပေးသွားကြသည့် ... Online မှ ... အကို ၊ အမများ ၊ မောင်လေး ၊ ညီမလေးများစွာ နှင့် GINGER Beauty Land မိတ်ဟောင်း / မိတ်သစ် များစွာ ၏ မေတ္တာ ၊ စေတနာ နှင့် ချစ်ခင် ယုံကြည်မှု များစွာ ကို တန်ဖိုး မဖြတ်နိုင်တဲ့ ကျွန်မ ၏ ( ၃၅ ) နှစ် ပြည့် မွေးနေ့ အတွက် ... အမှတ်တရ မွေးနေ့ လက်ဆောင်များစွာ ဟူ၍ အတိုင်းအဆ မရှိ ၊ စိတ်ချမ်းသာနေရပါသော ၀မ်းသာ ပီတိများစွာဖြင့် လှိုက်လှိုက်လှဲလှဲ ၀မ်းသာစွ ကြည်နူး ပျော်ရွှင်နေရသည့် .... ကျွန်မ ၏ ကြွင်းကျန်နေအုံးမယ့် နောက်ထပ် ဘ၀ သက်တမ်း တလျှောက်စာမှာ 'လွမ်းကျန်နေရစ်ရတော့မယ့် .... Online မွေးနေ့ မင်္ဂလာ လေးဘဲ ဖြစ်ပါတော့တယ် ... ဆိုတာ .... ပြောကြားရင်း ....

       ကျွန်မ မွေးနေ့ အထိမ်းအမှတ် အဖြစ် စိတ်ကူး ရင်ခုန် ရူးသွပ်စွာ ဖန်တီးထားသည့် .... https://www.facebook.com/events/171148606413160/ ... Page တွင် ပါဝင် ကူညီ အားဖြည့်ပေးသူ အကို ၊ အမများ ၊ မောင်လေး ၊ ညီမလေးများ နှင့် GINGER Beauty Land မိတ်ဟောင်း / မိတ်သစ် များစွာများ အားလုံး ... GINGER Beauty Land Fan များ အားလုံး နှင့် .... ကျွန်မ ကို ခင်မင်ရင်းနှီးစွာဖြင့် မွေးနေ့ ဆုတောင်းများပေးပို့ကြသော ... အကို ၊ အမများ ၊ မောင်လေး ၊ ညီမလေးများစွာ နှင့် GINGER Beauty Land မိတ်ဆွေများစွာ ကို ... အထူး လှိုက်လှဲစွာဖြင့် ကျေးဇူးတင်ရှိပါတယ် ဆိုတဲ့ အကြောင်း လေးစားစွာဖြင့် ပြောကြား လိုက်ပါတယ် ရှင် ....

ချစ်ခင်လေးစားစွာဖြင့် ....

( စွဲမြတ်ဟေသီ )