ခင်ပွန်း / ယောကျာ်း ( သို့ ) အိမ်ထောင် တစ်ခု ကို တစ်သက်စာ အခိုင်မြဲဆုံး ချည်နှောင်ထားနိုင်တဲ့ ကြိုးဆိုတာ ....

ဘာကြိုးများ ဖြစ်နိုင်ပါမလဲ ... ? ? ? .... on Wednesday, March 27, 2013


      ခန္ဓာကိုယ် ၀လာစေခြင်း စိတ္တဇ ဆိုတာ ... ကျွန်မ နှင့်  အမျိုးသမီးထု တော်တော်များများ ခံစားရတတ်ပါတယ် ... ကျွန်မ ရဲ့ စိတ္တဇ က တော့ .... ကျွန်မ ငယ်စဉ် ကလေး ဘ၀ထဲ က ခြေဆုံး ခေါင်းဖျား သိပ်လှချင်တဲ့ လှချင်ရက် စက်စက်ယို ဖြစ်တာ က တစ်ကြောင်း ... နောက်တစ်ကြောင်းက ကျွန်မ ၀ါသနာနှင့် လိုက်ဖက်ညီစွာ ရွေးချယ် ဆောင်ရွက် လုပ်ကိုင်နေသည့် အလုပ် နှင့် လိုက်လျောညီထွေမှု မရှိဘဲ ...  အလှ အပ အလုပ် လုပ်သူ ဖြစ်နေပါလျှက် ... ကိုယ် က စပြီး ၀နေရင်၊ ကိုယ် က စပြီး မျက်နှာနှင့် အသားအရည် မကောင်းဘဲ အိုမင်း ရင့်ရော်နေရင် ... ကျွန်မ တို့ GINGER Beauty Land  ကို ယုံကြည်စွာ လာရောက် ဆောင်ရွက်ကြမည့် ... Customer  များစွာ ၏ ယုံကြည်မှု တည်ဆောက်ရာမှာ အဆိုးဆုံးသော အဆင် မပြေမှုတွေ ကို ကြုံတွေ့ရင်ဆိုင်ရစွာ စိတ်ဓာတ်ကျရသည့် အတွက် ဖြစ် သလို ... တစ်ချို့သော အမျိုးသမီးတွေ ကျပြန်လျှင်ဝလာသည့် အခါ ... အိမ်ထောင်ရေး အဆင်မပြေတဲ့ ပြသနာ အများဆုံး ရင်ဆိုင် ကြုံတွေ့ရပါ တယ် ... လို့ ရင်ဖွင့်သံ များစွာ ကို မကြာခဏ ကြားသိနေရတဲ့ အတွက်ဘဲ ဖြစ်ပါတယ် ....
       ကျွန်မ ၏ အလှအပ ကြိုက်တတ်ပုံ အမျိုးမျိုး နှင့် ... ခန္ဓာကိုယ် ပြဿနာ အမျိုးမျိုး ကို ကျွန်မ အရှေ့ က Note တော်တော်များများ မှာ ရေးခဲ့ဖူးပါတယ် ... အခု ဒီ  Note မှာ အဓိက ပြောချင်တဲ့ ... အမျိုးသမီး တော်တော်များများ ကြုံတွေ့ရတဲ့ ၀လာသည့် အတွက် .... မိမိတို့ ၏ ခင်ပွန်း / ယောကျာ်း အသီးသီး က အိမ်ထောင်ရေး ဖောက်ပြန်သွားလို့
( သို့ ) နောက် အိမ်ထောင်ပြု သွားလို့ ... ဆိုတာ ကိုပါ .... အမ ရဲ့ ခန္ဓာကိုယ် အစ က ဒီလို ပုံမျိုးကြီး မဟုတ်ပါဘူး ... ညီမရယ် ... နဂို က ... ပေါင် ၉၀ / ၁၀၀ ဘဲ ရှိတာ ပါ ... အခု တစ်နှစ် နှစ်နှစ် အတွင်း မှာ မှ / အိမ်ထောင်ကျပြီး မှ / တားဆေးတွေ အမျိုးမျိုး သောက်ပြီး မှ ... အခုလို ခန္ဓာကိုယ်မျိုး ကြီး ဖြစ်လာရတာပါ ... ညီမလေးရယ် ... အမ ... အပျိုတုန်း က ပုံဆိုတာ ... ဘယ်လိုပုံပါ ... ဆိုတဲ့ ... ဓာတ်ပုံ တော်တော်များများ ကို လည်း ကျွန်မ ကြည့်ခဲ့ဖူးသလို .... ခန္ဓာကိုယ် ၀လာလို့ ရုပ်ဆိုး လာရတဲ့ အတွက် ... အိမ်ထောင်ရေး အဆင်မပြေမှု အမျိုးမျိုး ကို ကြုံတွေ့နေရတာ စိတ်အရမ်း ဆင်းရဲရလို့ပါ ... တဲ့ ( ခန္ဓာကိုယ် ၀လာခြင်း ... အကြောင်းတရားများစွာ .... ခန္ဓာကိုယ် ထိန်းသိမ်းနည်း များစွာ ကို စိတ်ဝင်စားသူများ ကျွန်မ GINGER Website   www.gingerbeautyland.com  က ... Face Book Notes ဆိုသည့် ခေါင်းစဉ်အောက် မှာ ... About Beauty  ဆိုသည့် ခေါင်းစဉ် အောက်တွင် ဖတ်ရှု လေ့လာနိုင်သလို ... ကျွန်မ တို့ ဆိုင် မှာ လာမကစားနိုင်သည့် အမျိုးသမီးများစွာ အတွက် ... FB  မှာ  GINGER Beauty Land Online Body Beauty Training Program  ... ဆိုသည့် Page မှာ ... ၀သူ / ပိန်သူ / ကျန်းမာရေး ကောင်းလိုသူ မရွေး လေ့ကျင့် ကစားနိုင်အောင် ... ဖော်ပြပေး လျှက်ရှိနေပါတယ် ... ) မဖြစ်နိုင်ပါဘူး ... လုံးဝ အဓိပ္ပါယ် မရှိပါဘူး လို့ ခံမငြင်းလိုပေမယ့် .... မျက်စိထဲ မြင်အောင် ပြောရမယ် ဆိုလျှင် ၀လာတယ် ... ဆိုတာ ... ရုတ်တရက် ကြီး ... အလျှင်အမြန် ... ၀ုန်းခနဲ ၀လာလို့ မရနိုင်ပါဘူး ... မိမိတို့ ၏ နေ့စဉ် နေထိုင် စားသောက်မိနေပုံ အမျိုးမျိုး ကို သတိမထားမိခြင်း ၊ အကြောင်း အမျိုးမျိုးကြောင့် သုံးစွဲနေရသည့် ပဋိဇီဝ ဆေးအမျိုးမျိုး သောက်သုံး သည့် အခါ အချို့ဆေးဝါးများ သုံးစွဲခြင်း ဖြင့် ၀လာနိုင်သည် / မိမိ ခန္ဓာကိုယ် စတင် ၀ လာသည် ကို သတိမပြုမိခြင်း ၊ မိမိ တို့ နေ့စဉ် နေထိုင် စားသောက် နေသည့် အစားအစာ အမျိုးစုံ ကို တန်ပြန် ချေဖျက်ပေးနိုင် သည့် ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းမျိုး စတာ တွေ အပြင် ... မိမိ ခန္ဓာကိုယ် ကို အမြဲတစေ သက်တောင့် သက်သာ ရှိစေမည့် အ၀တ် အထည် အမျိုးမျိုး ကို ရွေးချယ် ၀တ်ဆင်နေခြင်း စတာတွေက လည်း ..... မိမိ ခန္ဓာကိုယ် ၀လို့ ၀လာနေခြင်း ကို ချက်ခြင်း သတိမပြုမိစေတဲ့ အချက်တွေ ဘဲ ဖြစ်ပါ တယ် ...
      ဒီ Post  မှာ ကျွန်မ အဓိက ရေးချင်တာ .... ၀ခြင်း ပိန်ခြင်း ၊ ရုပ်လှခြင်း မလှခြင်း ဆိုတွေ တစ်ခု ထဲ နှင့် မလုံလောက်သည့် ... ခင်ပွန်း /ယောကျာ်း ( သို့ ) အိမ်ထောင်တစ်ခု ကို ချည်နိုင်တဲ့ အခိုင်မြဲဆုံး ကြိုး တစ်ချောင်း အကြောင်းပါ .... အမျိုးသား တစ်ယောက် နှင့် အမျိုးသမီး တစ်ယောက် အိမ်ထောင်ပြုပြီ ဆိုတာ နှင့် ... အပေါ်ယံ ရုပ်ဆင်း အင်္ဂါ် အလှအပ ၊ အမူအကျင့် ဓလေ့စရိုက် .... သွင်ပြင် လက္ခဏာ ဆိုတာ ... တပေါင်းထဲ ပါနေပြီးသားပါ ... သမီးရည်းစား ဘ၀မှာ အပေါ်ယံဘဲ သိမြင်နိုင်သည့် စိတ်နေ စိတ်ထား ၊ အမူအကျင့် ၊ ဓလေ့ စရိုက် မှ လွဲ၍ ကျန်တာ အားလုံး ကို ကြိုတင် သိမြင် လေ့လာထားနိုင်ပါတယ် ... ဒီ ရုပ် ဒီ ခန္ဓာ အနေအထား အတိုင်း ကို မေတ္တာ သက်ဝင် ချစ်ခင်ကြလို့ ... လက်ထပ်ကြပြီး မှ တော့ ... မမြဲသော ရုပ်ခန္ဓာ သဘောတရား အရ ၊ အပေါ်ယံ ရုပ်ဆင်းသွင်ပြင် ဆိုတာ နှစ်ကာလ ရှည်ကြာ အသက်အရွယ် ကြီးရင့်လာတာ နဲ့ အမျှ တစ်နေ့တခြား အိုမင်း ရင့်ရော် ပျက်စီးခြင်း သို့ အနှေး နှင့် အမြန် မတွေ့မြင်လို / မပိုင်ဆိုင်လိုဘဲ ကြုံဆုံ လာကြ ရမယ် ... ဆိုတာကိုပါ .... ထို အချက် ကို လူတိုင်း အလိုအလျောက် ထည့်သွင်း စဉ်းစားပြီး မှ လက်ထပ်ကြရန် လိုအပ် သကဲ့သို့ .... ကြိုတင် မသိ မမြင်နိုင်သည့် ဓလေ့ စရိုက် ၊ စိတ်နေစိတ်ထား ၊ အမူအကျင့် များမှာ လွဲပြီး မိမိ ရှေ့တွင် သိမြင်သလောက် ၊ မိမိ ရှေ့ တွင် ကြုံဆုံ လေ့လာမိသလောက် အနေအထား အရှိ ကို အရှိအတိုင်း လက်သင့်ခံပြီး မှ လက်ထပ်ကြတာ အကောင်းဆုံးဘဲ ဖြစ်ပါတယ် ... ထိုသို့ မဟုတ်ဘဲ ... တစ်ဘက်ဘက် မှာ မိမိ လက်မခံနိုင်သည့် စရိုက် သွင်ပြင် လက္ခဏာ အမူအကျင့်များ ရှိပါက ... လက်ထပ်ပြီး မှ တဖြည်းဖြည်း ပြုပြင်ယူပါမည် ... ဆိုပြီး လက်ထပ်ကြလျှင် လက်ထပ်ပြီး မှ ကိုယ် ထင်သလို ပြုပြင် ပြောင်းလဲ ယူလို့ မရနိုင်ခဲ့လျှင် .... အိမ်ထောင်မှု ၊ ဘုရားတည် ၊ ဆေးမှင်ရည် စုပ်ထိုး ၊ ဤသုံးမျိုး ခုမပိုင် နောင်ပြင်ရန် ခက်သည့် အမျိုး .. ဆိုသည့် အတိုင်း အပျက် အပျက် နှင့် ဒုက္ခ ရောက်ရတတ်ပါတယ် ....
      ဘယ်လို ယောကျာ်း / မိန်းမမျိုး လိုချင်ပါသလဲ ... ( သို့ ) ကိုယ် လက်ထပ်ရမည့် အိမ်ထောင်ဘက် ကို မည်သို့ မည်ပုံ ဖြစ်စေချင်ပါသလဲ .... လို့ မေးလျှင် ... 
ကျွန်မ နှင့် တကွ အမျိုးသမီး အများစု က လုပ်ငန်းရှင် သူဌေး ၊ ဥစ္စာပေါ ၊ ရုပ်ချော ၊ သဘောကောင်း ၊ စိတ်နေ စိတ်ထား ဖြူစင်ပြီး အရက် မသောက် ၊ ဖဲမရိုက် ၊ မိန်းမ မရှုပ်ဘဲ ကိုယ့် ကို အလွန်တရာ ချစ်ကြိုက် မြတ်နိုးပြီး ကြင်နာ ၊ ယုယ တတ်သည့် ယောကျာ်း မျိုး လိုချင်ကြမှာ ဖြစ်သလို ... အမျိုးသားများ ဘက်မှ သည်လည်း ... ခြေဆုံး ခေါင်း ဖျား ... ရုပ်ခန္ဓာကိုယ် တစ်ခုလုံး ပြစ်မျိုး မှဲ့မထင်သော ကောင်းခြင်း ( ၅ ) ဖြာ ကျန်အင် လက္ခဏာ နှင့် ပြည့်စုံပြီး အချက်အပြုတ် ၊ အချုပ်အလုပ် ၊ သိမ်းထုပ်သေချာ ၊ ထက်ထက်မြက်မြက် ၊ ဗိုင်းကောင်းကျောက်ဖိ နှင့် သူတို့ အပေါ်မှာ  အမိ နှင့် တူသော မယား ၊ နှမ နှင့် တူသော မယား ၊ အဆွေ ခင်ပွန်းကောင်း နှင့် တူသော မယား ၊ ကျွန် နှင့် တူသော မယား  ဆိုသည့် ဘုရားဟော မှာ ပါသည့်  ... မိန်းမမျိုး အတိုင်း လိုချင်ကြမည် မှာ မလွဲမသွေပါ .... သို့ပေမယ့် .. တကယ့် တကယ် လက်ထပ်ကြသည့် အခါ ကြိုတင် စိတ်ကူး ယဉ်ခဲ့သလို အားလုံး စင်းလုံးချော ပြည့်စုံဖို့ မလွယ်ကူ လှသလို ... သမီး ရည်းစား ဘ၀ အမြင် ... တကယ့် တကယ် အိမ်ထောင် သည် ဘ၀ အမြင် ဆိုတာ ... တထပ်ထဲ ကျနိုင်ဖို့ ဆိုတာတောင် တော်တော် မလွယ်ကူလှသည့် အတွက် တစ်ယောက် နှင့် တစ်ယောက် အမှန် တကယ် ချစ်သူတွေ ဖြစ်နေကြဖို့ ... တစ်ယောက် ကို တစ်ယောက် အပြန်အလှန် သစ္စာရှိမှု ၊ နွေးထွေး ကြင်နာ စာနာ ထောက် ထားတတ်မှု ၊အရာရာတိုင်းမှာ မျှမျှတတ နှင့် နှစ်ဦး နှစ်ဘက် နားလည်မှု ကိုယ်စီ ရှိပြီး အပြန်အလှန် သက်ဝင် ယုံကြည်မှု ရှိဖို့ ... အထင်ကြီး လေးစားနေဖို့ ... အပြင် အရေးအကြီးဆုံး က ယောကျာ်း နှင့် မိန်းမ ရင်ဘောင်တန်း အလုပ်လုပ်နေကြတဲ့ ဒီခေတ်ကြီး မှာ တစ်ယောက် နှင့် တစ်ယောက် မပြိုင်ဆိုင်ကြစေဖို့ / ခြေရာ မယှဉ်ဖို့ ... စတာတွေ က လည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင် တစ်ခု ကို တစ်သက် တာ တည်ဆောင်နိုင်စေလိုသူများ အတွက် အထူး အရေးကြီးတဲ့ အချက်တွေ ဘဲ ဖြစ်ပါတယ် ....