'' အဆီချတော့မယ် ဆိုပါလျှင် ''  ........on Tue, Jun 25, 2013 at 8:15 AM



ခန္ဓာကိုယ် အတွက် မဖြစ်မနေ အဆီချဖို့လိုအပ်လာပြီ ဆိုပါလျှင် ....

အဆီချတယ် ဆိုတာ ....
အပင်ပန်းလည်း မခံနိုင် ၊ အချိန်လည်း မပေးနိုင်ဘဲ အလျှင်မြန်ဆုံး ပိန်လိုသူများ အတွက် ... ခန္ဓာကိုယ် ရှိ ... ဗိုက် ၊ ခါး ၊ ကျော ၊ ချိုင်း ၊ လက်မောင်း ၊ ပေါင် ၊ ခြေသလုံး စသည့် နေရာ အသီးသီး မှ မလိုအပ်သော အဆီပိုများ ကို အချိန်တို အတွင်း ဖယ်ရှားခြင်း ဖြစ်ပါတယ် ...

အဆီချသင့်သူများ ....

လေ့ကျင့်ခန်းလုပ်ရန်အတွက်အချိန်လည်းမပေးနိုင် ၊ အပင်ပန်းလည်းမခံနိုင်သူများ ၊ မင်္ဂလာဆောင်မည့်သတို့သမီးများ ၊ ဘွဲ့ယူမည့်သူများ ၊ နိုင်ငံခြား သွားမည့် သူများ ၊ အခြား ပွဲထိုင် တစ်ခုခု သွားလာစရာ ရှိသူများ နှင့် ... အားချင်း အရေးပေါ် အလျှင်အမြန် ပိန်ချင်ကြသည့် အမျိုးသမီးများ ဘဲ ဖြစ်ပါတယ် ...
      အမျိုးသမီးတွေ စ ၀လာတတ်ပုံ နဲ့ စတင် ပြီး ၀လာပြီ ဆိုတာနဲ့ အဆီတွေ စုခဲလာရတတ် တဲ့ နေရာတွေ .....
အသက် ငယ်ရွယ်စဉ် ကလေး ဘ၀ ထဲ က အကြောင်း အမျိုးမျိုးကြောင့် ၀ နေတတ်တဲ့ အမျိုးသမီး အများစု မှလွဲပြီး ... အမျိုးသမီး တော်တော်များများ က အသက်အရွယ် တစ်ခု ရလာရင် ၊ ဒါမှ မဟုတ် ... အိမ်ထောင်ကျ / ကလေးမွေးတဲ့ အခါ ( သို့ ) သားကြောဖြတ်တာ ၊ သားအိမ်ထုတ်တာ ၊ နဲ့ . ... သန္ဓေတားဆေး ၊ အာရုံကြောဆေး ၊ လေးဘက်နာဆေး ၊ ကျောက်ကပ်ဆေး ၊ စိတ်ရောဂါ ဆေး ၊ စတဲ့ ပဋိဇီဝ သောက်ဆေး တစ်မျိုးမျိုး ကို ရောဂါ အမျိုးမျိုး နဲ့ သောက်သုံးရတတ်တဲ့ သူတွေ မှာ ၀လာနိုင်ချေ အများဆုံး ဖြစ်တတ်သလို .... မိမိ နေ့စဉ် စားသောက်တဲ့ အစားအစာ အာဟာရ နဲ့ လိုက်လျောညီထွေမှု ရှိတဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့ အမျိုးသမီးတွေ မှာ အများဆုံး ၀တတ်ကြပါတယ် ....

မတူညီသော ခန္ဓာကိုယ် အမျိုးမျိုး ၀လာတတ်ပုံ .....


      အဆီစုလာတာတတ်တဲ့ နေရာတွေ ကတော့ တစ်ယောက် နဲ့ တစ်ယောက် မတူနိုင်ပါဘူး ... အများဆုံး အဆီစုလာတတ်တဲ့ နေရာ ကတော့ ၀မ်းဗိုက် နဲ့ ခါးဧရိယာ တ၀ိုက် ဖြစ်ပါတယ် ... ပြီး မှ တစ်ချို့ က တင်ပါး ၊ ပေါင် ၊ ခြေသလုံး တုတ်ခဲ ကြီးမားလာတတ် သလို ... တစ်ချို့ ကျတော့ ... လက်မောင်း ၊ ပုခုံး ၊ ကျောကုန်း ၊ မျက်နှာ စသဖြင့် ... ခန္ဓာကိုယ် အပေါ်ပိုင်း တဖြည်းဖြည်း ကြီးမား လာတာမျိုးလည်း ရှိတတ်ပြီး ... ခန္ဓာကိုယ် အပေါ်ပိုင်း နှင့် အောက်ပိုင်း ညီညီညာညာ ၀လာတတ်သူများလည်း ရှိပါတယ် ... ၀လာလျှင် ခန္ဓာကိုယ် ကိုယ် အောက်ပိုင်း အဓိက ကြီးလာတတ်သည်မှာ အများအားဖြင့် ... နှစ်ဘက် မိဘမျိုးရိုး Generation ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံ နှင့် လည်း သက်ဆိုင်ပါတယ် ... ထို့အတွက် ... မိမိ ခန္ဓာကိုယ် က ၀လာသည် နှင့် အောက်ပိုင်းကြီးလာတတ် သူမျိုး ဖြစ်ပါက ... အစကထဲ က သတ်မှတ်ကိုယ်အလေးချိန် တစ်ခုထက်ကျော်လွန်ပြီး မ၀စေဖို့ အထူးအရေးကြီးပါတယ် ... ခန္ဓာကိုယ် အပေါ်ပိုင်းကြီးလာတတ်သူ အများစု ကတော့ ... ပဋိသန္ဓေတားဆေး ၊ ထိုးဆေး ၊ လေးဘက်နာ နှင့် အခြား ရောဂါ တစ်မျိုးမျိုး အတွက် သောက်ဆေး ၊ ထိုးဆေးများ သုံးစွဲရသူ များတွင် များသောအားဖြင့် မြင်ရတွေ့ရသလို ... နည်းစနစ် မမှန်ကန် ဘဲ ကစားမိခြင်းကြောင့် ... ပိန်နေစဉ် မသိသာပေမယ့် ၀လာချိန်တွင် မှ ... အပေါ်ပိုင်းကြီး အဆမတန် ကြီးမားလာတာ မျိုးလည်း ဖြစ်ရတတ်ပါတယ် ....

အဆီချဖို့ ခက်ခဲသူများ .....


     လူတော်တော်များများ ၏ ထင်ကြေး စကားတစ်ခု မှာ အသားပျော့ရင် အဆီကျလွယ်တယ် ၊ အသားကျစ်ရင် အဆီချရခက်ပါတယ် .. တဲ့ ... ဆိုတာ မှန်သင့် သလောက် မှန်ပေမယ့် လူတိုင်း အတွက် အကျုံး မ၀င်ပါဘူး .... အသားကျစ်ပြီး ကျွန်မတို့ မျှော်မှန်းထား သည် ထက် ပိုကျသူများ ရှိတတ်သလို .. အသားပျော့ ဖတ်နေပြီး ချရတာ အလွန် ခက်ခဲသော သူများစွာ ကို လည်း တွေ့မြင်ဖူး ပါသည် ... သို့ ဖြစ်ပါ၍ မိမိ ခန္ဓာကိုယ် ၏ အသားကျစ်ခြင်း ၊ အသားပျော့ခြင်း သည် လာလုပ်သည့် Customer များ နှင့် မသက်ဆိုင်ပါ ... ထို Customer များ ၏ ခန္ဓာကိုယ် ကိုယ် မည်ရွေ့မည်မျှ ကျမည်ဆိုတာ နှင့် မိမိ တာဝန် ယူထားသလောက် မဖြစ်မနေ အဆီကျနိုင်စေဖို့ ဆိုတာ ... Customer များ နှင့် တာဝန်ယူ ၀န်ဆောင်မှု ပေးသည့် အဆီချဆိုင်များ ၏ အပြန်အလှန် သဘောတူညီမှု ကတိက၀တ် ပေါ် တွင် သာ မူတည်ပါသည် ... မိမိ ခန္ဓာကိုယ် ၏ အ၀ လွယ် ၊ အပိန်လွယ်ခြင်း ၊ အတက်မြန် ၊ အကျမြန်ခြင်း များ နှင့် မိမိ တို့ နေ့စဉ် မည်သို့ နေထိုင် စားသောက်လေ့ ရှိသည် ကို ကိုယ်တိုင်သာ အသိဆုံး ဖြစ်ပါ၍ ... အကယ်၍သာ ... အတက်မြန် ၊ အကျခက်သော ခန္ဓာကိုယ် ပိုင်ရှင်များ ဖြစ်ပါက .. မိမိ တို့ ကိုယ်တိုင်သာ အမြဲ သတိပြု၍ နေထိုင် စားသောက် ဆင်ခြင်နေရမည် ဖြစ်ပါတယ် ....

အဆီချ လုံးဝ မလုပ်သင့်သူများ .....


   ဗိုက်ခွဲ ပြီး ကလေး မွေးထား တဲ့သူမျိုး ဆို အနည်းဆုံး ( ၁ ) နှစ်အကြာ မှသာ ဆောင်ရွက် သင့်ပြီး ..... နှလုံး ခွဲစိတ်ထားသည့်သူ ၊ နှလုံး မှာ စက်တတ်ထားသည့် သူ …. ကိုယ်လက်အင်္ဂါ ကလီစာ တစ်ခုခု ဖြတ်တောက် အစား ထိုး ထားသည့် သူ ၊ တက်တတ် သည့် ရောဂါ အမျိုးမျိုး ရှိသူများ နှင့် ပြင်းထန်သော နှလုံးရောဂါ ရှိသူများ ဆိုလျှင် လုံးဝ မလုပ်သင့်ပါ ..... ချွေးထွက်လျှင် ပိန်သည် ဆိုပြီး Sauna ဆိုသော ချွေးပေါင်းတာ ကို နေ့စဉ် ၀င်ချင်တာမျိုး ...မလုပ်သင့်ပါ ... မလိုအပ်ဘဲ ခန္ဓာကိုယ် မှ ရေဓာတ်တွေ ဆုံးရှုံး သဖြင့် ... အန္တရာယ် ရှိနိုင်သလို ... Sauna ၀င်ထားပြီးလျှင် လည်း ... ချက်ချင်း အပူ အအေး ပြောင်းပြီး နေထိုင် သွားလာမိခြင်း မျိုး ... လုံးဝ ရှောင်ကြဉ်သင့်ပါတယ် ....
   ဆရာဝန် ညွှန်ကြားမှု ဖြင့် အဆီလာချသူများ ဆိုလျှင်လည်း .... အ၀ လွန်သဖြင့် အထိုင်အထ က အစ လုံးဝ မလုပ်နိုင်သော်လည်း တခြား ကိုယ်တွင်း ကလီစာများ ၏ ကျန်းမာရေး ကောင်းနေ သူ ဖြစ်မှ သာ ခေတ်ပေါ် နည်းလမ်းများစွာ ဖြင့် အဆီချသင့်ပါသည် . .... ထိုသို့သော သူများ မဟုတ်ခဲ့သူ ဖြစ်ပါက .... အန္တရာယ် အကင်းဆုံးသော လမ်းလျှောက် လေ့ကျင့်ခန်း ၊ အသက် ရှု လေ့ကျင့်ခန်းများ နှင့် ဖြေးညင်း သက်သာသော လေ့ကျင့်ခန်းများစွာ ကို သာ ရုတ်တရက် ချက်ချင်း အလျှင် အမြန် ပိန်စေဖို့ ထက် ... ကျန်းမာရေး ကောင်းအောင်သာ အဓိက ဦစားပေး လုပ်သင့်ပါတယ် ......

အများဆုံး အဆီလာချတတ်ကြသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ .....


   အမျိုးသမီးများ ၏ ခန္ဓာကိုယ် သဘောတရားများစွာ အရ ရာခိုင်နှုန်း အများဆုံးမှာ ... ၀မ်းဗိုက် နှင့် ခါးနေရာ တ၀ိုက် ဖြစ်ပေမယ့် .... တစ်ယောက် နှင့် တစ်ယောက် ၀တတ်ပုံ ၀တတ်နည်း .. မတူညီသော ခန္ဓာကိုယ် သဘောတရား အရ ၊ အချို့ က ၀လာလျှင် အပေါ်ပိုင်း ကြီးတတ်လာခြင်း ၊ အချို့က အောက်ပိုင်း ကြီး တတ်လာခြင်း ... တခါတရံ မျိုးရိုးလိုက်သည့်ဘက် အတိုင်း ခန္ဓာကိုယ် အပေါ်ပိုင်း / အောက်ပိုင်း ကြီးတတ်ခြင်း ... အမျိုးမျိုး ပေါ် မူတည်ပြီး ..... မိမိ ခန္ဓာကိုယ် ၏ အကြည့်ရ ရုပ်အဆိုးဆုံး နေရာ ကို မိမိသာ လျှင် အသိဆုံးဖြစ်သည့် အတွက် ... လက်မောင်း ပိုကြီးသည့် သူ က လက်မောင်း ပိုကျချင်တတ်သလို ၊ တင်ပါး ပိုကြီးသည့် သူ ၊ ပေါင် ပိုကြီးသည့် သူ ၊ ကျောကုန်း ပိုကြီးသည့် သူ စသဖြင့် ... အဆီချချင် / ပိန်ချင်သည့် နေရာ ကွဲပြားခြားနား တတ်ကြပါတယ်....

ခန္ဓာကိုယ် ၏ ဘယ်လို နေရာ အစိတ်အပိုင်းတွေ ကို အဆီချလို့ရနိုင်သလဲ ....


   ဗိုက် ၊ ခါး ၊ ကျောကုန်း ၊ ချိုင်း ၊ လက်မောင်း ၊ ပေါင် ၊ ခြေသလုံး ... စသည့် နေရာတိုင်း ကို အဆီချနိုင်သလို ... အခြား နုနယ်သော နေရာများ ဖြစ်သည့် ... မျက်နှာပြင် ၊ မေးစေ့ နှစ်ထပ် ၊ ရင်သား ၊ တင်ပါး စသည့် နေရာများစွာ ကို လည်း ... အဆီကျဆေး မဟုတ်သည့် ... Lifting / Firming / Shaping Product များ စွာ နှင့် ခေတ်မှီ နည်းပညာများစွာ ဖြင့် ... စနစ်တကျ တင်းရင်း လှပအောင် ပြုပြင်နိုင်ပါတယ် ....

GINGER Beauty Land တွင် အဆီလာချသည့် အသက်အရွယ် အများစု .....


   အသက် ( ၁၆ ) နှစ် ၀န်းကျင်မှ စပြီး ... အသက် ခြောက်ဆယ် ၀န်းကျင် အထိ ... ကျန်းမာရေးကောင်းသူတိုင်း အဆီလာချ တတ်ကြပေမယ့် .... အများဆုံး လုပ်ကြတာ ကတော့ .... အသက် ၂၀ နှစ် မှ ၅၀ ကြား အရွယ်တွေ ဘဲ ဖြစ်ပါတယ် ...