Top Secret ( ထိပ်တန်း လျှို့ဝှက်ချက် ) .....on Tuesday, September 11, 2012



ရင်းနှီးတဲ့သူ တချို့တလေက ...... '' ကျွန်မ ကို နင် အရမ်း ကံကောင်းတာဘဲ ၊ ဒီ အလုပ် နဲ့ အကျိုးပေးလိုက်တာ '' ... တဲ့  ကလေးတုန်း က အလွန်တရာ မှ စပ်စပ်ဆော့ဆော့ နိုင်တဲ့ ကျွန်မ နဲ့ တရင်းတနှီး ပေါင်းခဲ့ဖူးတဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေ  အမှတ်တမဲ့ ပြန်တွေ့ကြရင် ....'' နင် တစ်သက်လုံး ပေါက်တတ်ကရ ၊ တလွဲပေါင်းစုံလုပ်လာတာ၊ နင့် အလုပ် နဲ့ နင် ကတော့ ဟုတ်နေတာဘဲ '' ..... တဲ့အဲဒီလို ပြောလာတဲ့ သူတိုင်း ရဲ့ စကား ကို ခံရခက်ပေမယ့် ဘာမှ ပြန်ပြီး ရှင်းပြချင်စိတ် မရှိတဲ့ အတွက် ပြုံးသာပြ လိုက်ရပါတယ် .....  အားမနာ ပါးမနာ မေးတတ်သူ တချို့ကျတော့ .... '' နင့် ဆိုင် မှာ လုပ်တဲ့နည်း စနစ် တွေ ဘယ်ကရသလဲ '' တဲ့ ..... ငယ်ငယ်တုန်း က အားကစား သင်တန်း တစ်ခု မှာ အခိုက်အတန့် သွား ကစားဖူးခဲ့သည် မှ လွဲ၍  .... ဘယ် အဆီချ တဲ့ ဆိုင် မှာ မှ အဆီမချခဲ့ဘူး .... သလို  ဆံပင်ညှပ် ၊ ကောက် ၊ ဖြောင့် ၊ ဆေးဆိုး ၊ ခေါင်းလျှော် မှ လွဲ၍ ဘယ် Beauty Spa  မှ  မသွားဖူးပါဘူး ....လို့ ကျွန်မ ပြန်ဖြေလိုက်ရင် ....... ကျွန်မ  Notes   ဖတ်မိတဲ့သူများ အလွန်တရာ မှ ထူးဆန်း အံ့သြ သွားပါမည်လား .... ကျွန်မ ဒီ အပိုဒ်လေး ထည့်ရေးဖြစ်တဲ့ အဓိက အချက် က စိတ်ဝင်တစား အာရုံ စူးစိုက်စွာ နဲ့ တစိုက်မတ်မတ် လေ့လာမယ် ဆိုရင် .... ဘယ် အလုပ် မဆို ခက်တယ် .... လို့ မရှိပါဘူး ..... ဆိုတာပါ ....
      ကျွန်မ လက်ရှိ လုပ်ကိုင် စားသောက်နေတဲ့ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေ အနက် တကယ်တမ်း နည်း စနစ်တကျ ဆရာမ နှင့် သင်ဖူးတာ ဆိုလို့ .... မိတ်ကပ် လိမ်းတာ ကို စိတ်ဝင်စားတဲ့ အတွက် အလိမ်းခံရင်း အမြင် နဲ့ လိမ်းတတ်တာသာ ဖြစ်သလို ဆံထုံး မထုံးတတ်သဖြင့် အဖြစ်လောက် ထုံးနိုင်ဖို့ ကို အလုပ် တစ်ဘက် နှင့် ကျွန်မ သူများတွေ လို ဆံထုံး ၊ မိတ်ကပ် သင်တန်းတွေ မှာ တကူးတက ရက်ရှည် အချိန်ပေးပြီး လိုက်မတက်နိုင်သဖြင့် ကိုယ့် အိမ်မှာဘဲ မာမီကြိုင် ( မိတ်ကပ် အကြိုင် ) ကို အကူအညီတောင်းပြီး သူ အားတဲ့ ( ၅ ) ရက် မျှ အားချင်းသင် လို့ ...... အမြင် နှင့် သာ သင်ဖူးခဲ့ပြီး ...ကိုယ့် ဟာ ကိုယ် ဆက်လက် လေ့ကျင့်ခဲ့ရသလို ၊ မျက်နှာ နှိပ်တဲ့ ပွိုင့်တွေ နည်း စနစ်တကျ သိချင်တဲ့ အတွက် .... Beauty Saloon လောက မှာ နှစ်ပေါင်းများစွာ ကျင်လည်နေတဲ့ ကျွန်မ သူငယ်ချင်း ၏ အမေဆီမှာ .... လည်း ထုံးစံ အတိုင်း ( ၃ ) ရက် ကြီးများတောင် အချိန်ပေး၍ Facial Massageသီးသန့်သာ သွားသင်ဖူးခဲ့တာသာ ရှိပြီး ကိုယ့် ခံယူချက် နဲ့ ကိုယ် ကျွန်မ အမှန်တကယ် လိုချင်ခဲ့သည့် Quality Result မဖြစ်မချင်း ရူးသွပ်စွာ နှင့် တစ်ချိန်လုံး ထို အလုပ်များ ထဲ သာ စိတ်ထည့် လို့ မနားမနေ လေ့ကျင့်ခဲ့ရတာသာ ဖြစ်ပါတယ် ....
      အားကစား သင်တန်း ဖွင့်ရင်း ... ကိုယ့် ဆီ လာကစား တဲ့ သူတွေ ရဲ့ ခန္ဓာကိုယ် သဘောတရား ၊ ပိန်ဆေး အမျိုးမျိုး ၏ အကျိုး အပြစ် စသည်များ ကို က အစ စိတ်ဝင်စားစွာ လေ့လာခဲ့သူမို့ .... အဆီချ လုပ်ငန်း ကို လက်တွေ့ လုပ်ဆောင်ချက် အမျိုးမျိုးဖြင့် ခန္ဓာကိုယ် ပေါင်းများစွာ ကို Record ယူ၍ ကြိမ်ဖန် များစွာ အခမဲ့ လေ့လာဆောင်ရွက်ပြီး မှ အောင်အောင်မြင်မြင် လုပ်နိုင် ခဲ့တာ ဖြစ်သလို .... စိတ်ဖိစိးမှုများတဲ့ အတွက် တစ်နေ့တခြား ရုပ်ကျလာတဲ့ ကိုယ့် မျက်နှာ ကိုယ် စိတ်တိုင်း မကျ ၊ စိတ်ညစ် လှတာ မို့ ... ဇရာ ၏ သဘောတရား ၊ အသားအရည် အမျိုးမျိုး ၏ သဘောတရား ၊ စက်ပစ္စည်း ကိရိယာ အမျိုးမျိုး ၏ သဘောတရားများစွာ ကို လေ့လာလို သဖြင့် Quality  အာမခံချက်ရှိသည့် စက်ပစ္စည်း အမျိုးမျိုး နှင့် Skin Care အမျိုးမျိုး ကို ၀ယ်ယူ၍ ကျွန်မ မျက်နှာ နှင့် တကွ လူပေါင်း များစွာ ၏ အသားအရည် အမျိုးမျိုး ကို အကြိမ်ပေါင်းများစွာ အခမဲ့ စမ်းသပ် လေ့လာခဲ့ပြီး  Product Knowledge  ဆိုတာ ကို သေသေချာချာ နားလည် ကျွမ်းကျင်စွာ တာဝန်ယူပေးနိုင်မှ သာ ... ကျွန်မ ဆိုင် မှာ ယခု လက်ရှိ လုပ်ကိုင်နေသည့် Facial Service  အမျိုးမျိုးကို .... ကျွန်မ ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှုရှိစွာ နှင့် ကျွန်မ ဆိုင် ကို လာသည့် Customer  များ ၏ မျက်နှာ ပြသနာ အမျိုးမျိုး နှင့် ခန္ဓာကိုယ် အမျိုးမျိုး ကို အထူး အာမခံ နှင့် လက်ခံ ဆောင်ရွက်ပေးနေခြင်းဘဲ ဖြစ် ပါတယ် .....
    တခါ .... '' နင့် မှာ အလုပ် အတွက် ကိုးကွယ်တဲ့ ဘုန်းကြီး ၊ ဗေဒင်ယတြာ နဲ့ အဆောင် ၊ အစီအရင်တွေ ဘာတွေ ရှိရင် ငါ တို့ ကိုလည်း မျှဝေပါအုံး '' .... တဲ့ .....
 တကယ်တမ်း အလုပ် တစ်ခု အောင်မြင်ဖို့ အတွက်  ကံ ကိုဘဲ အားကိုးပြီး လုပ်ခဲ့ရသလား .... စိတ် ဒုက္ခ ၊ လူ ဒုက္ခ ၊ အမျိုးမျိုးခံပြီး လူ လက်ခံ ယုံကြည်မယ့် နေရာလေး တစ်နေရာ ရဖို့အတွက် ဘယ်လောက် စိတ် /လူ ဆင်းရဲ ပင်ပန်းခြင်းများစွာဖြင့် ..... လုပ်ခဲ့ရသလဲ .... ဆိုတာ ကျွန်မ ဘဲ သိသလို .... အထိုက်အလျှောက် ဆိုင် မှာ စိတ်မသန့်တာ လေး ရှိခဲ့ရင် မြတ်စွာဘုရားရှင် ရဲ့ နှုတ်ကပတ်တော် ဖြစ်တဲ့ ပရိတ်ရေ ကို သာ သပြေခက်လေး နဲ့ တစ်ဆိုင်လုံး ကို လိုက်ဖြန်း လိုက်ရရင် ကျွန်မ စိတ် အတွက် ပြီးပြည့်စုံ ၊ လုံလောက်စေတဲ့ အစီအရင် ဘုရား ယတြာသာ ဖြစ်တာမို့ ..... အလုပ် အောင်မြင်ဖို့ အတွက် ကို ဘယ်ဘုန်းကြီး ၊ ဘယ်ဗေဒင် ဆရာဆီ ကို မှ မသွားဘဲ ...... အောင်မြင်လည်း ကိုယ်ကြောင့်  ၊ ကျရှုံးလည်း ကိုယ့်ကြောင့် ၊ လူပါးလည်း ကိုယ့်ကြောင့် လို့သာ ခံယူပြီး .... တစ်ဆိုင်လုံး ရဲ့ လိုအပ်ချက် မှန်သမျှ ကို ကိုယ့် နည်း ကိုယ့် ဟန် နဲ့ သာ အပြစ်ရှာ ပြီး ကြိုးစားပြုပြင်ခဲ့တာသာ ဖြစ်ပါတယ်.....
      သူတို့ မြင်ကြတဲ့ ပေါက်ကရ လုပ်ပြီး အောင်မြင်တယ် ဆိုတဲ့ ကျွန်မ တကယ်တမ်း က  ........ပေါက်တတ်ကရ လုပ်လာတာ မဟုတ်ပါဘူး ...... သမားရိုးကျကနေ ခွဲထွက်အောင် လုပ်ခဲ့တာပါ ..... အခုခေတ် မှာ လူတော်တော်များများ က အလုပ် တစ်ခု ကို သူများ လုပ်ရင် လိုက်လုပ်ချင်ကြသလို ၊ သူများအောင်မြင်ရင် ဘာကြောင့် အောင်မြင်သလဲ မစဉ်းစားဘဲ .... လိုက်ဖွင့်ချင်ကြတဲ့ ခေတ် မှာ....... ကျွန်မ အတတ်နိုင်ဆုံး .... သူများတကာ သိပ် မလုပ်တဲ့ အလုပ် နဲ့ .... ကျွန်မ ကျင်လည် နေ့စဉ် လုပ်ကိုင်နေတဲ့ အမျိုးသမီးလောက နဲ့လည်း အကျုံးဝင်မှုရှိပြီး အမျိုးသမီးများ ရဲ့  သမရိုးကျ အလှအပ Service Market  မှာ ရှိ မနေတဲ့ ၊ လုပ်တဲ့သူ နည်းနေတဲ့ အမျိုးသမီးတွေ အများဆုံး ရဲ့ စိတ်ဝင်စားမှု ကို ရနိုင်မယ့် အလုပ်လေးတွေ ကို သာ ရွေးခြယ်ပြီး လုပ်ခဲ့တာသာ ဖြစ်သလို လုပ်သမျှ အလုပ်တိုင်း ကို လည်း မလုပ်ခင်မှာ ..... ဒီ အလုပ် ကို လုပ်ရင် အကျိုး အပြစ် ဘာဖြစ်နိုင်မယ် .... ဆိုတာ က အစ ချိန်ဆပြီး မှ လုပ်ကိုင်သလို ၊ လက်ရှိ မှာ လုပ်နေတဲ့ ဆိုင် ဘယ်နှစ်ဆိုင် ရှိတယ် ဆိုတာ နဲ့ အဲဒီ ဆိုင် တွေ ကို လာတဲ့ လူတွေ ရဲ့ လက်ခံ ယုံကြည်မှု ကောင်း၏ ၊ ဆိုး၏ ဆိုတာ အပြင် ၊ ဒီ Service  အသစ် ကို စလုပ် လိုက်လျှင်ဖြင့် .... ဘယ် Market  အလွှာ ကတော့ ကိုယ့် ဆီလာနိုင် တယ် ၊ မလာနိုင်ဘူး ၊ ကိုယ် ထင်သလို ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး .... ကို က အစ သေသေချာချာ ချင့်ချိန် တွက်ချက် ပြီး မှ လုပ်ခဲ့တာ ဖြစ်ပါတယ် .....
အလုပ်ချင်းတူ လို့ တချိန် မှာ ကိုယ့် ထက် စက်ပစ္စည်း ပိုသာမယ် ၊ Decoration  ပို ခမ်းနားမယ် ဆိုရင် ...... 
For Show  အလုပ် လုပ်တာ မဟုတ်တဲ့ ကျွန်မ  For Show  အလုပ်လုပ်တဲ့ သူတွေ နဲ့ သူသူ ကိုယ်ကိုယ် ယှဉ်စတမ်း ဆိုရင် ငွေကြေး အားဖြင့် ဘယ်လိုမှ မယှဉ်ပြိုင်နိုင်တဲ့ အတွက် .....ကိုယ် လုပ်တဲ့ အလုပ်တိုင်း ကို ကျွမ်းကျင်မှု နဲ့အတွေ့အကြုံမှာသာအောင် အကောင်းဆုံး ကြိုးစားပြီး လုပ်ခဲ့သလို ၊ လာတဲ့ သူတွေ ရဲ့ ယုံကြည်မှု ကို အဓိက တည်ဆောက်ချင် တာ ဖြစ်တဲ့ အတွက် လည်း ငေကြေးရလိုမှု တစ်ခုထဲ ကို မကြည့်ဘဲ အချိန် ကာလတွေ အများကြီး ရင်းနှီးပေးဆပ်ခဲ့ရပါတယ် .....
 '' နင့် ဆီ ကျတော့  Internet ပေါ် က နေ လူတွေ လာလိုက်တာတဲ့ ...... ငါ တို့ ဆိုင်လည်း တင်တာဘဲ ....  Internet Market  ရယ် လို့ ထူးပြီး ရမလာပါဘူး '' .... တဲ့ ...  
       ကျွန်မ လည်း နားမလည်ခင် တစ်ခုသော အချိန်အခါ ကာလများ က လူပြောများလှတဲ့  Internet ဆိုတာကြီးပေါ် ကိုယ်ပိုင် Website  တစ်ခု ၀ယ်ပြီး တင်ထားလိုက်ရင် ၊ ဒါမှမဟုတ် Social Website အင်မတန် မှ ကြီးကျယ်လှပါတယ် ဆိုတဲ့ ... Facebook  စာမျက်နှာပေါ် ကိုယ့် ဆိုင်ကြော်ငြာတင် လိုက်ရင် .... တန်းခနဲ လူ စိတ်ဝင်စားမှု ရပြီး .... Mail Box မှာ ၊ Wall ပေါ်မှာ .... လူတွေ အများကြီး ရဲ့ သိချင် တာတွေ လာလာ မေးလို့ ..... အဆင်ပြေလိုက်တာ ... လွယ်လွယ်လေး ဘဲ .... လို့ထင်ခဲ့ပေမယ့် ......ကိုယ် က Celebrity  မဟုတ်တဲ့ အတွက .... Internet ပေါ် တင်လိုက်တိုင်း လူ စိတ်ဝင်စားမှု မရနိုင်ဘူး ဆိုတာ သိလာတာမို့  .....
 ကျွန်မ .... အားရင် အားသလို ...... ကျွန်မ ဘ၀ ရဲ့ ကုန်ကြမ်းတွေ နဲ့ ကျွန်မ ဖြတ်သန်းလာရတဲ့ အလှအပ နဲ့ ပတ်သက်တာ ၊ အလုပ် နဲ့ ပတ်သက်တာ ၊ မိသားစု နဲ့ ပတ်သက်တာ စတဲ့ ဗဟုသုတလေးတွေ ကို  Sharing  လုပ်ရင်း နဲ့ဘဲ မိတ်ဆွေသစ် ရအောင် ၊ ကိုယ့် ကို လူချစ် လူခင်များအောင် ၊ လူတွေ ရဲ့ ယုံကြည်မှုရအောင် အချိန် အများကြီး ယူပြီး တဖြည်းဖြည်းချင်း ရင်းနှီးမြှပ်နှံ ပေးဆပ်ခဲ့ရပါတယ် ......
  အင်တာနက် က နေ လူ လာတော့ နံပါတ်  ( ၁ ) ကကြော်ငြာ Cost တစ်ခု တော်တော်လေး သက်သာသလို ..... ခေတ်ရေစီးကြောင်း ရဲ့ Market  တစ်ခုလည်း ရတယ် ဆိုပေမယ့် ..... သူတို့ သတိ မပြုမိတာ က တစ်ခု လိုချင်ရင် တစ်ခု အရင် ပြန်ပြီး ပေးဆပ်ရမယ် .....  ဆိုတာ .... ပါဘဲ  .....
 အဲဒီ အတွက်ကိုယ် က လိုချင်တဲ့ သူ ၊ အရင် လုပ်မှာလား ..... အရင်ဆုံး ပေးဆပ်မှာလား ......ဘာနည်း နဲ့ ပေးဆပ် ဝေမျှမှာလဲ ........ဗြုန်းကနဲ ပွဲဆူလို့ ၊ လူ အုန်းအုန်း ထစေချင်တာလား ....... တကယ်တမ်း အဲဒါတွေ က တပွဲထိုးဘဲ ရနိုင်ပါတယ် .....
  ( ဒီ အချက်တွေ အားလုံးက အပြင် လူတွေ သတိ မပြုမိခဲ့တဲ့ ...... ကျွန်မ ရဲ့ ခံယူချက်တွေ နဲ့ ကျွန်မ အလုပ် ရဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေဘဲ ဖြစ်ပါတယ် .... လို့ ....  ကျွန်မ ကို ချစ်တဲ့  Facebook က မိတ်ဆွေ / သူငယ်ချင်းများစွာ ကို တိုးတိုး တိတ်တိတ် ပြန်လည် မျှဝေလိုက်ပါတယ် .... ရှင် )