Professional .....on Wednesday, September 12, 2012


       Professional ...... ဆိုတဲ့ လူတွေ သတ်မှတ် လက်ခံ ယုံကြည်ကြ တဲ့ အောင်မြင်တဲ့ ဘ၀ တစ်ခု ကို နှစ်သက် အားကျမိ တဲ့ ကျွန်မ ဒီ Notes လေး ရေးဖို့ ကြိုးစားနေတာ တော်တော် ကြာပါပြီ .... ခေါင်းစဉ်တို သလောက် တော်တော်လေး ကျယ်ပြန့်တာ မို့ .... ရေးဖို့လည်း ခက်ခဲလှတဲ့ အတွက် ဆိုလိုချင်တဲ့ အချက်အလက်တွေ စုံလင်အောင် တော်တော်လေး အချိန်ယူ စုဆောင်းပြီး မှ ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ် ...... Professional ...... ဆိုတာ ကို အင်္ဂလိပ် - မြန်မာ အဘိဓာန် ထဲမှာ .... ကျွမ်းကျင် အတတ် ပညာရှင် ၊ ကြေးစား ၊ ပညာရှင် ပီသသူ လို့ တိုက်ရိုက် ဖွင့်ဆိုထားတာ ကို တွေ့ရပေမယ့် ..... တကယ်တန်း မှာ ကျွန်မ နားလည်မိ တဲ့ Professional ဆိုတာ လုပ်ငန်းရှင် ဖြစ်မှ ၊ ပိုင်ရှင်ဖြစ်မှ ၊ ပညာရှင် ဖြစ်မှ ၊ မဟုတ်ဘဲ အတတ်ပညာ ၊ အသိ ပညာရှင် တိုင်း ၊ ရင့်ကျက် ပြည့်စုံ သည့် အတွေ့ အကြုံ တစ်ခု အတွက်ကိုယ်လုပ်ကိုင်ရာ / ၀ါသနာပါရာ အလုပ် တစ်ခု ထဲ မှာ Professional ဖြစ်အောင် သူတို့ ၏ တန်ဖိုး ရှိလှစွာသော အချိန် ၊ ငွေ ၊ စိတ် ၊ ဘ၀ ပင်ပန်း ဆင်းရဲခြင်း များစွာမြှုပ်နှံ ၍ တစိုက်မတ်မတ် ရင်းနှီး ပေးဆပ် ပြီး ကြိုးစား အားထုတ် လာသူတိုင်း ကို ဆိုလိုတာ ဖြစ်တယ် ... လို့ လက်ခံ ယုံကြည် ထားပြီး .... ထိုသူများ အားလုံး ကို အထင်ကြီး လေးစားတဲ့ ကျွန်မ ဂုဏ်ယူ အားကျစိတ်များစွာ နဲ့ အတူ ...... နယ်ပယ် အသီးသီး မှာ အလုပ် လုပ်နေကြတဲ့ မောင်လေး ၊ ညီမလေး များ အတွက်ပါ တစုံတရာ အကျိုး ရှိစေချင်တဲ့ ရည်ရွယ်ချက် ကလေး နဲ့ အတူ ဒီ Notes လေး ကို ကျွန်မ အမြင် ရှုထောင့် တစ်နေရာ ကနေ ကြိုးစားပြီး ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ် ......
      Professional အကြောင်း မပြောမီ ..... ကျွန်မ တို့ Customer များ အနေနှင့် မိမိ အတွက် ၊ မိမိ ဘ၀ အတွက် တစ်ခုခု အသေးအမွှား က နေ ကြီးကြီးမားမား အထိ သွားဖို့ ၊ လာဖို့ ၊ စားဖို့ ၊ သောက်ဖို့ .... က အစ ပျော်စရာ ၊ ရွှင်စရာ တစ်ခုခု လိုအပ်လာ လျှင်ဘဲ ဖြစ်ဖြစ် .... အိမ်ထောင်ရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး မှ သည် ဘ၀ နေရေး ထိုင်ရေး အထိ ကိုယ့် ဘ၀ အတွက် တစုံတရာ လိုအပ် လာသည့် သွားဖို့ / လာဖို့ / ၀တ်ဖို့ / စားဖို့ /ကျန်းမာဖို့ / လှပဖို့ / တိုင်ပင်ဖို့ / အလုပ်အပ် ဖို့ ..... စသဖြင့် .....ပထမ ဦးစားပေး ရွေးချယ် စဉ်းစားသည့် အခါတွေတိုင်း မှာ ... ထို အလုပ် ထိုလောက မှာ ဘယ်သူဟာ နာမည် ပိုကြီးသလဲ ... ပိုအောင်မြင်နေ သလဲ ၊ လူတွေ ရဲ့ လက်ခံ ယုံကြည်မှု ဘယ်လောက် အထိ ပိုရနေသလဲ .... စတဲ့ Professional ပိုဖြစ်နိုင်မယ် ထင်တဲ့ အချက် အလက်တွေ ကို ပထမ ဦးစားပေး ရွေးချယ်ပြီး မှ ကိုယ် တတ်နိုင်သည့် ငွေကြေး ၊ ကိုယ် သွားလာနိုင်သည့် နေရာ ၊ ကိုယ့် အတွက် ဘယ်လောက် အရေးတကြီး ဆောင်ရွက်သင့်တဲ့ အလုပ်ဖြစ်မလဲ ၊ သွားရေး လာရေး လွယ် ၊ မလွယ် က အစ အမျိုးမျိုး ချင့်ချိန်ပြီး သာ ဒုတိယ ဦးစားပေး ၊ တတိယ ဦးစားပေး စသဖြင့် မိမိ နှင့် အဆင်ပြေ သင့်တော်နိုင်သည့် အနေအထား နှင့် တဆင့်ပြီး တဆင့် လျှော့လျှော့ စဉ်းစားပြီး ဖြစ်နိုင်သမျှထဲက အကောင်းဆုံး ကို ရွေးခြယ် ဆောင်ရွက်လေ့ ရှိကြတာဘဲ ဖြစ်ပါတယ် .....

      ထိုသို့ဖြစ်သော်ငြားလည်း....လူတော်တော် များများ သတိမပြုဘဲ ပြောဆိုတတ်ကြသည့် Professional ကို အားကျ ကြ သည့် အကြောင်းအရာလေးများ ကို လည်း ထည့်သွင်းပြောပြချင်ပါတယ် ..... ဥပမာ .... ကိုယ့် ကျန်းမာရေး အခြေအနေ အရ ခွဲစိတ် ဆရာဝန်ကြီး တစ်ယောက် နှင့် မဖြစ်မနေ ပြဖို့ ရွေးခြယ်ရမယ် ..... ဆိုပါတော့ .... မည်သူ တစ်ဦး တစ်ယောက် က မှ အမှားအယွင်း အတိမ်းအစောင်း မခံနိုင် သည့် အတွက် .... ကိုယ် အထင်အကြီးဆုံး ၊ အယုံကြည်ဆုံး ၊ စိတ်အချရဆုံး ကိုသာ ရွေးခြယ်၍ ကိုယ့် ရောဂါ ၊ ကိုယ့် အသက် ကို ယုံယုံ ကြည်ကြည် နှင့် ပုံအပ်ကြမည် ..... ချည်းသာ ..... သို့ပေမယ့် .... အမှတ်တမဲ့ ပြောဆိုမိကြသည် က ..... ထို ဆရာဝန် ကြီး ကို ဖြင့် တစ်နေ့ ကို လူနာ ဘယ်နှစ်ယောက်လောက် လာပြကြတယ် .... ဘယ်နှစ်ယောက် က ခွဲစိတ်မယ် .... ဆေးရုံ တစ်ခု ပြီး ရင် နောက် ဘယ်နှစ်ခု ပြေးကြည့် ရမယ် .... ပြီးရင် ဘယ်ဆေးခန်း ကနေ ဘယ်ဆေးခန်း ... အဲဒါ ဆို လူနာ တစ်ယောက် ကို ကြည့်လျှင် စမ်းသပ်ခ က ဘယ်လောက် ၊ လူတစ်ယောက် ကို ခွဲစိတ်လျှင် ခွဲစိတ်ခ က ဘယ်လောက် ၊ ဆေးရုံ မှာ ဒီနေ့ တစ်မနက်တင် ခွဲစိတ် လိုက်ရတာ ဘယ်နှစ်ယောက် ၊ ပြီးရင် ဘယ်ဆေးရုံ ၊ ဘယ်ဆေးခန်း .... ကူးရအုံး မယ် ..... ဟား ... အဲဒါဆို အဲဒီ ဆရာဝန်ကြီး က သူဌေးဘဲ .... ထောတာပေါ့ ..... ငါ့ သားလေး ကြီးလာရင် ....... အဲဒီလို ဆရာဝန်ကြီး ဘဲ လုပ်ခိုင်းတော့မယ် .... တဲ့ .......
နောက် ပန်းချီ ပြခန်း တစ်ခု မှာ နာမည်ကျော် ပန်းချီ ဆရာကြီး တစ်ယောက် ရဲ့ တန်ဖိုး အနဂ္ဂပေးရမည့် ဂန္ဓ၀င်မြောက် လက်ရာ ပန်းချီကား တစ်ကား ကို နားမလည်ဘဲ လက်ဆောင်ပေးချင်ရုံ သက်သက် မို့ ဈေးဆစ်နေတဲ့ သူ က ..... ဈေး က နည်းနည်း များနေတယ် ... လျှော့ပါအုံး ... တဲ့ ... ရောင်းတဲ့ သူ က ပြပွဲဈေး က သတ်မှတ်ဈေးနှုန်း ဖြစ်သလို .... နာမည်ကျော် ပန်းချီ ဆရာကြီး တစ်ယောက် ရဲ့ လက်ရာဖြစ်လို့ တန်ဖိုးကြီးတာပါ ... တခြား ကားတွေ ထဲ က ဆို ဈေးသက်သာတာ တွေ ရှိပါတယ် .... ဆိုတာမှာ နားမလည်ဘဲ ပြန်ပြောတဲ့ .... ၀ယ်သူ ရဲ့ စကားမို့ .... စိတ်ဆိုး လည်း အခက် ၊ စိတ်မဆိုး လည်း အခက် ၊ ကြားရသူ အတွက် မှာ အောင့်သီး အောင့်သက် နှင့် အခံရ ခက်လှပါတယ် ..... ပန်းချီ ကား ကင်းဘတ်စ်စ က ဘယ်လောက် မှ မရှိဘူး ... ပန်းချီ ဆေးတွေ ကို လည်း ငါ သိတယ် ..... ဘောင်တန်ဖိုး က လည်း တွက်လို့ရပါတယ် ..... တဲ့ ..... သူ လုံးလုံး နားမလည် သွားတာ က ဖန်တီးသူ တစ်ယောက် နှစ်ပေါင်း များစွာ ရင်းနှီး မြှပ်နှံ ပေးဆပ်ခဲ့ရသည့် နေရာ တစ်နေရာ အတွက် .... ထိုက်တန်သည့် တန်ကြေး ..... ဆိုတာ ဘဲ ဖြစ်ပါတယ် .....
      တစ်ခါကြေး အကြီးဆုံး / ဈေးအမြှင့်ဆုံးရနေကြသည့် အနုပညာရှင် မင်းသား ၊ မင်းသမီး ၊ နာမည်ကြီး ဒါရိုက်တာ ၊ နာမည်ကျော် အဆိုတော် ၊ အတီးအမှုတ် ဂီတ ပညာရှင် ၊ နာမည်ကြီးစာရေး ဆရာ ၊ လူတွေ လက်ခံ ယုံကြည်နေကြသည့် စီးပွားရေး လုပ်ငန်း အတိုင် ပင်ခံ ပညာရှင် ၊ နာမည်ကြီး ဓာတ်ပုံ ဆရာ ၊ နာမည်ကြီး ဒီဇိုင်နာ ၊ ဆံပင် ၊ မိတ်ကပ်ပညာရှင် ၊ ကျွမ်းကျင် အင်ဂျင်နီယာ ၊ တရားသူကြီး ၊ ရှေ့နေ ၊ သုတေသန ပညာရှင် ၊ ကွန်ပျုတာ ပညာရှင် ၊ ဗေဒင် လက္ခဏာ ပညာရှင် စသည့် အသိပညာရှင် ၊ အတတ်ပညာရှင် ၊ နည်းပညာရှင် တိုင်း ၊ ၀န်ဆောင်မှု လုပ်ငန်းတိုင်း ၊ လူလက်ခံ ယုံကြည်နေကြသည့် စားရေး ၊ ၀တ်ရေး ၊ သာရေး ၊ နာရေး ၊ ကျန်းမာရေး ၊ အလှအပ နှင့် လူမှုရေး လုပ်ငန်းများစွာတိုင်း ၊ အောင်မြင်သည့် စီးပွားရေး လုပ်ငန်း ရှင်တိုင်း က အစ ပြီးပြည့်စုံ အောင်မြင် စိတ်ချမ်းသာ ဖွယ် မိသားစုတိုင်း ၊ အိမ်ထောင်ရှင်တိုင်း ပါ မကျန် .... ယနေ့အချိန် ကျွန်မ တို့ လက်ခံ ယုံကြည်နေရသည့် နေရာ တစ်နေရာ ၊ ကျွန်မ တို့ အထင်ကြီး အားကျနေရသည့် နေရာ တစ်နေရာ ၊ ဘ၀ တစ်ခုဆီ သို့ ရောက်သည် အထိ စိတ်ရှည် သီးခံမှု အပြည့်ဖြင့် နှစ်ပေါင်း များစွာ ကြိုးစားခဲ့ရသလို ၊ ဘ၀ပေါင်း များစွာ ၊ စိတ်ပင်ပန်းခြင်း များစွာ ၊ လောကဓံ ၏ ဒဏ်ရာ ဒဏ်ချက် များစွာ ၊ ရင်းနှီးပေးဆပ်ခဲ့ရသည့် အချိန်ပေါင်းများစွာ နှင့် တတ်မြောက် ၊ ကျွမ်းကျင် ၊ အောင်မြင်သူ ဖြစ်သည့် အထိ လေ့ကျင့်ခဲ့ရသည့် အမှားပေါင်း များစွာ ကို ကြုံဆုံ ကျင်လည် ဖြတ်သန်းခဲ့ကြပြီး မှ .... သူတို့ အနှစ်နှစ် အလလ ကြိုးစားခဲ့ရသည့် ကြိုးစားမှု နှင့် ထိုက်တန် သည့် နေရာလေး တစ်နေရာ / ဘ၀လေး တစ်ခု ကို ရရှိကြခြင်းသာ ဖြစ်ပါတယ် .....
      ထိုမှ မကသေး ...... အောင်မြင်နေသည့် စားသောက်ဆိုင် ၊ အလှပြင်ဆိုင် ၊ လက်ဝတ်ရတနာဆိုင် ၊ အထည်ဆိုင် ၊ အလှပြင် ဆိုင် ၊ ကုန်ခြောက်ဆိုင် ၊ စတိုးဆိုင် ၊ အသိပညာ ၊ အတတ်ပညာ သင်တန်း အမျိုးမျိုး စသဖြင့် .... ကျွန်မ တို့ အားကျ အောင်မြင်နေ ကြ သည့် ဆိုင် အသီးသီး ၊ လုပ်ငန်း အသီးသီး အောင်မြင်နေကြသည် မှာ လည်း ...... ပစ္စည်း စုံလင်မှုလား ၊ လက်ရာ Quality က အားသာနေသလား ၊ ဆက်ဆံရေး မှာ အားသာနေသလား ၊ Decoration မှာ ခမ်းနားနေသလား ၊ အရသာ မှာ ထူးခြားနေသလား ၊ ဆိတ်ငြိမ် အေးချမ်းမှုမှာ ဆွဲဆောင်မှု ရှိနေသလား ၊ ကျွမ်းကျင်မှု နှင့် နည်းပညာ အရာမှာ ပိုပြီး တိုးတက် ကောင်းမွန်နေသလား ၊ အာမခံတာမှာ သူများထက် သာနေသလား ..... စသည့် Professional အားသာချက် များ အနက် မှ Customer ဘက် က အမြင်က တော့ ဆိုင်ချင်း ယှဉ် ရင် ၊ ဆိုင် အပြင်အဆင် သာတဲ့ ဆိုင်ကို သွားမယ်… အပြင်အဆင်ချင်း တူ ရင်… ကျွမ်းကျင်မှု သာတဲ့ ဆိုင်ကို သွားမယ်… ကျွမ်းကျင်မှုချင်း တူရင် … ဆက်ဆံရေး ပိုသာတဲ့ ဆိုင်ကိုသွားမယ် ၊ ဆက်ဆံရေးချင်း တူရင် အာမခံပေးတာ သာတဲ့ ဆိုင် ကို ဘဲ သွားကြမယ် .... ဆိုတာ .... ပိုက်ဆံပေး လုပ်ရ တဲ့….. Customer တိုင်းရဲ့ တူညီတဲ့ စိတ်ဘဲဖြစ်ပါတယ် .... တစ်ချို့သော နေရာတွေ မှာ ချို့ယွင်းချက်တွေ ရှိပါလျှက် နှင့် လူတွေ သွားနေကြတယ် ဆိုရင် ..... တစ်ခုခုသော ၀န်ဆောင်မှု မှာ အားသာနေတာ ဖြစ်လျှင် သော်လည်းကောင်း ၊ ဆိုင် အပြိုင် မရှိသေး လျှင် သော်လည်းကောင်း ဖြစ်နိုင်ပေမယ့် .... သူ့ထက် ငါ ဆိုင် အပြိုင်အဆိုင်တွေ များလာတဲ့ အခါ မှာတော့ Professional ဖြစ်အောင် လုပ်မထားခဲ့တဲ့ အလုပ်တစ်ခု ရေရှည်မှာ တည်မြဲနိုင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ် .....
      ကျွန်မ Management သင်တန်း တစ်ခု မှာ ဆရာကြီး တစ်ယောက် ပြောဖူးခဲ့တဲ့ ကျွန်မ နားထဲ စွဲနေတဲ့ စကားလေး တစ်ခု ရှိပါတယ် .... "ဘာ အလုပ်ဘဲ လုပ်လုပ် ၊ မလုပ်ရင် မလုပ်နဲ့တဲ့ .... လုပ်မယ်ဆို .... PRO ဖြစ်အောင် လုပ်ပါတဲ့ .... ဘယ်သော အခါမှာ မှ Discount ချလို့သူ့ ထက် ငါ ဈေးပြိုင်လိုက် မတိုက်ဘဲ .... သူ့ထက် Quality မှာ သာအောင် ... Service မှာ သာအောင် .... အမြဲတမ်း ကြိုးစား လုပ်ပါတဲ့ '' ..... ကျွန်မ အမြဲတမ်း အမှတ်ရနေသလို .... ရင်ထဲမှာ ကျေးဇူး အမြဲတင်နေခဲ့တဲ့ စကားလေး တစ်ခွန်းဘဲ ဖြစ်ပါတယ် ...... ကျွန်မ နားမလည်ခင် အချိန်များ က သူများတွေ Wedding Studio ဖွင့်လို့ အားကျစိတ် နဲ့ အလုပ်တစ်ခု ကို ကိုယ် ကျွမ်းကျင်တာ ၊ မကျွမ်းကျင်တာ နားမလည် ၊ ကိုယ် ရေရှည် လုပ်နိုင် ၊ မလုပ်နိုင် မတွေးတောဘဲ သူများအောင်မြင်တိုင်း ကိုယ် အောင်မြင်မယ် ... အထင် နဲ့ လုပ်ခဲ့ဖူးပါတယ် ...... စဖွင့်တဲ့ အချိန်မှာ ကိုယ် နားမလည်ဘဲ သူများ အားကိုး နဲ့ လုပ်မိသလို ၊ ကိုယ် မတတ်ဘဲ ဖွင့်ခဲ့မိသည့် အတွက် ၀န်ထမ်း ထိန်းရတာ မလွယ်ကူတာ ကို သိလိုက်ရသဖြင့် .... ကိုယ့် လိုင်း မဟုတ် သလို ကိုယ်တိုင် ဦးစီးမှသာ ဖြစ်နိုင်တဲ့ ... ဓာတ်ပုံ ရိုက်တဲ့ အလုပ် ကို ထပ်လေ့လာရ ၊ တခါ Photo Shop ကို ဆရာ ခေါ်သင်ရ နှင့် .... ကိုယ် ဖွင့်ပြီး ကိုယ် မတတ်ဘဲ လူ ထိန်းရတာ ဘယ်လိုမှ မလွယ်မှန်း သိလိုက်ရတဲ့ အတွက် ... .ကျွန်မ ရဲ့ မူလ အလုပ် ကို ပစ်ပြီး ဆိုင် နှစ်ဆိုင် ပြေးထိုင်ရ .... တခါ သင်မိသည့် Photo Shop ကို ကျွမ်းကျင်အောင် .... လူပေါင်းများစွာ ကို အခမဲ့ ခေါ်ရိုက် ၊ မိတ်ကပ်တွေ ခေါ်ပြင်ပေး ၊ ရိုက်ထားတဲ့ ပုံတွေ ကို တစ်ယောက်ထဲ မနားမနေ ထိုင်ပြင် နဲ့ ..... နောက်ဆုံး ဘယ်လောက် အထိ အလုပ် ကို ရူးရူးသွပ်သွပ် လေ့လာခဲ့ရသလဲ ... ဆိုတာ ကျွန်မ ဓာတ်ပုံ စပြင်တတ် က ထဲ က .... ကျွန်မ မူလ အလုပ်ဖြစ်သည့် အားကစား သင်တန်း နှင့် အဆီချ အလုပ် မှာ လူ တစ်ယောက် ကို မြင်လိုက်သည် နှင့် သူ့ ခန္ဓာ ကိုယ် ဆို ဘယ်နေရာမှာ လိုအပ်တယ် ၊ မလိုအပ်ဘူး ၊ အသားအရည် ကြည့်လိုက်တာ နှင့် ခက်တယ် ၊ မခက်ဘူး ကို က အစ တန်းခနဲ ပြောနိုင်သည့် အနေအထားမျိုး ဖြစ်အောင် လူတစ်ယောက် ၏ မျက်နှာ ကို မြင်လိုက်သည် နှင့် ... သဘာဝ အလင်းရောင်အောက် မှာတောင် ... Lighting က ဘယ် က ... ပေးထားသလဲ ... သူ့ မျက်နှာ မှာ ဘယ်နား ကို ပြင်ပေး ရမလဲ ... ဘယ်နားကို တော့ဖြင့် ဘာ Tool နဲ့ ချောပေးရမလဲ က အစ ..... မြင်မြင်သမျှ မျက်နှာတိုင်း ကျွန်မ စိတ်ထဲမှာ Photo Shop ကျင့်နေရသည့် မျက်နှာတွေ ချည်းသာ .... ဖြစ်ခဲ့ပါတယ် ....