ဘယ်သူ အရေးအကြီးဆုံးလဲ ..... ဆိုတာ .....on Friday, September 14, 2012


      ကျွန်မ ဆိုင် ကို ထူးဆန်းတဲ့ ဖုံး တစ်ခု ဆက်လာပါတယ်.... စုံစမ်းတဲ့ ဖုံး ပါ ... ကစားတာ ၊ အဆီချတာ ၊ မျက်နှာ လုပ်တာ ၊ ဈေးနှုန်း နဲ့ အာမခံ က အစ သေသေချာချာ မေးပါတယ် ..... ကျွန်မ လည်း စိတ်ရှည် ရှည် နဲ့ သေချာရှင်းပြပေး ပါတယ် ..... နောက်ဆုံး ဖုံး ချခါနီး ကျမှ ....ကျွန်မအတွက်သိပ်ထူးဆန်း တဲ့မေးခွန်းတစ်ခုမေးသွားပါတယ်...... အမတို့ဆိုင်ကိုဘယ်နာမည်ကြီးမင်းသမီး တွေ၊ မော်ဒယ်လ် တွေ လာလေ့ရှိ ပါသလဲ .... တဲ့ ..... ( ကျွန်မ တော်တော် အဖြေရ ကြပ်တဲ့ မေးခွန်း ဘဲ ဖြစ် ပါတယ် ...... ) ဘာဖြစ်လို့လဲ ဆိုတော့ .... ကျွန်မ ဆိုင် မှာ ဆိုင်ကြော်ငြာတွေ ကို က အစ သူများတွေ လို လှပြီးသား မင်းသမီး ၊ မော်ဒယ်လ် နဲ့ အလှ သရုပ်ဆောင်စေရုံ မရိုက်ဘဲ၊အပြင်မှာ တကယ် ၀တဲ့သူ ၊ တကယ်မျက်နှာ ဖောင်းတဲ့သူတွေ ကို သာ Sponsor ပေးပြီး ကြော်ငြာ သုံးရန် ခွင့်ပြုပါကြောင်းလက်မှတ်ထိုးပြီး မှ လက်တွေ့ လုပ်ပြပြီး လာသည့် Customer များ ၏ ယုံကြည်မှု ကို သာ တည်ဆောက်ချင်တဲ့ ဆိုင် ဖြစ်တာ က တကြောင်း ၊ ကျွန်မ ဆိုင် ကြော်ငြာ တွေ ကို ယုံယုံကြည်ကြည် ဖြင့် Sponsor အလုပ်ခံ ၍ ကြော်ငြာရိုက်ကူးပေးခဲ့သူများ အတွက် ကိုသာ အချိန်မရွေး သူတို့ လိုအပ်လျှင် Sponsor လုပ်ပေးသည် မှ လွဲ၍ .......မည်သို့သော မင်းသမီး ၊ မော်ဒယ်လ် ကို မှ ..... ဘယ် မင်းသမီး ကတော့ ကျွန်မ ဆိုင် မှာ အဆီ လာချသွားတယ် / မျက်နှာ လာလုပ်သွားတယ် ဆိုတာမျိုး ဖြစ်အောင် .... အထူးတလှယ် Sponsor ဆောင်ရွက်ပေးခြင်း မရှိသည့် အတွက် ..... အနုပညာလောက မှ လူနည်းစု လောက် က လွဲ၍ ကျွန်မ ဆိုင် မှာ မင်းသမီး၊ မော်ဒယ်လ် တွေ လည်း အုန်းအုန်းထ မလာခဲ့ကြ သလို ..... မင်းသမီး ၊ မော်ဒယ်လ် ရဲ့ ပြသနာ က အချိန် အတိအကျ ချိန်းဆို၍ မရနိုင်သည့် အတွက် သူတို့ အဆင်ပြေသည့် အချိန် မှ ရောက် လာခဲ့ရင် ကျွန်မ ဆိုင် ရဲ့ Service မှန်သမျှ က အချိန် ကြာကြာပေးရသည့် ၀န်ဆောင်မှုတွေ ချည်းသာ ဖြစ်တဲ့ အတွက် .... အချိန် နဲ့ ချိန်းထား တဲ့ နောက်လူ တွေ အကုန် အိုးနင်းခွက်နင်း ဖြစ်ရတဲ့ အတွက် ဘဲ ဖြစ်သလို ...... မည်သည့် Customer ဘဲလာလာ .... Booking ဖြင့် သာ ဆောင်ရွက်လေ့ ရှိသည့် အကြောင်း နှင့် အနီးစပ်ဆုံး အချိန် ကို ယူထားလျှင် ထိုသူ မပြီးမချင်း ထိုအချိန် ကို သူများ မပေးသည့် အတွက် .... လုပ်ရတာ က ပိုပြီး ဖိဖိစီးစီး ဖြစ်သည့် အကြောင်း .... နဲ့ ဗြုန်းခနဲ အချိန် အတိုးအလျှော့ ရှိပါက ဖုံး ကြိုဆက်ထားလျှင် လူ မတိုက်အောင် .... စီစဉ်ဆောင်ရွက် ပေးလျှက် ရှိနေပါတယ် ဆိုတဲ့ အကြောင်း ....... သေသေချာချာ ရှင်းပြလိုက်ပြီး မှ ....သူ ဘာကြောင့် မေးတယ် ဆိုတာ သိချင်မိတဲ့ အတွက် မေးကြည့်လိုက်တော့ .......သူ လုပ်ဖူးတဲ့ နေရာတွေ မှာ ..... နာမည်ကြီး မင်းသမီး လာရင် ယောက်ယက်ခတ် ပြီး လုပ်လက်စ သူ ကို ပစ်ထားခဲ့တာ ၊ လူတွေ အများကြီး က ထွက်ထွက် ကြည့်ပြီး အာရုံမမိတာမျိုး ....မကြာခဏ ခံရဖူးသလို .... ၂ ဆ ပေးရတဲ့  Home Service တွေ ခေါ် လုပ်ပြန်တော့လည်း ..... မင်းသမီး က အခု အချိန်ဘဲ အားတာမို့ .... ချက်ချင်းလာပေးမှ လုပ်လို့ ရမယ် ဆိုတာ နဲ့ လုပ်လက်စ လူ ကို ပစ်ပြီး မင်းသမီးနောက် ပါပါသွားကြတာ .... စိတ်အရမ်း ဆိုးလို့ပါ ... တဲ့ ........အဲဒါကြောင့် ကျွန်မ ဆိုင် မှာ မင်းသမီး မို့လို့ ၊ သူဌေး မို့လို့ ၊ Celebrity ဘယ်သူမို့လို့ ရယ်လို့ .... ခွဲခြားထားတာ မရှိပါဘူး ဆိုတာ နဲ့ ကျွန်မ ဆိုင် က ကလေး တွေ ကို က အစ .... ကိုယ် သတ်မှတ်ထားတဲ့ တန်ရာတန်ကြေး ပေးပြီး လုပ်တဲ့သူ မှန်ရင် .... Customer  တိုင်း အတူတူ ဘဲ .... ထူးပြီး ဘယ်သူ မို့လို့ .... ပြာလောင်ခတ်တာမျိုး မဖြစ်စေဖို့ က အစ နဲ့ ..... Customer  ဆိုတာ ဘယ်လို အ၀တ်အစား နဲ့ လာလာ .... ၊ ဘယ်လို ကိုယ်ရေး ကိုယ်တာ ပြသနာမျိုး ဘဲ ရှိနေနေ .... ကိုယ့် အလုပ် မဟုတ် ၊ ကိုယ် နဲ့ မဆိုင် .... အဓိက အချက် က ဘယ်လို လူ လာလာ လေးလေးစားစား ၊ ဆက်ဆံဖို့ နဲ့ စေတနာ စိတ်ကလေး ထည့်ပြီး လုပ်ပေးစေဖို့ ကို သာ သွန်သင်ထားသလို ....ကလေးတွေ ..... စိတ်ထဲ ရှင်းစေအောင် က အစ .... ရှေ့လူ နောက်လူ မတိုက်စေရအောင် .... အချိန်တွေ ပုံသေယူပြီး ချိန်းပေးပေမယ့် .... အကြောင်းကြောင်း နဲ့ ရှေ့ လူ က နောက်ကျ .... နောက် လူ က သူ့ အချိန် နဲ့ သူ ပုံမှန်ရောက်လာရင် က အစ ..... လက်ရှိ လုပ်လက်စ လူ ကို ပြီးစလွယ်လုပ်ပြီး နောက်လူ ဆီ ပြေးလို့ မရတဲ့ အတွက် .... သူ့ အချိန်နဲ့ သူ ရောက်လာတဲ့ နောက် လူ ကို မျက်နှာထွက်ပြပြီး ပြေးတောင်းပန်ထား .... သူ့ ကို တစ်ခုခုလေး နဲ့ သာ ဧည့်ခံပေးထား ....ဆိုတဲ့ အကြောင်း နဲ့ ......အရေးအကြောင်း က အစ တိုက်ဆိုင် လာလို့ .... ဆိုင် က ကလေး တွေ ပျာယာခတ်ပြီး .... ဘယ်သူ့ ကို ဦးစားပေးရမှန်း မသိ မဖြစ်ရလေအောင် ....  ကျွန်မ ဆိုင် မှာ လုပ်သမျှ ကလေးတိုင်း ကို .... အလုပ်ရှင် နှင့် Customer .... မှာ Customer သာ လျှင် အရေးအကြီးဆုံး ဖြစ်ကြောင်း ..... Customer အချင်းချင်း တိုက်ဆိုင်လာခဲ့လျှင်လည်း .... ကိုယ့် အနားမှာ ရှိသည့် Customer သာလျှင် အရေးအကြီးဆုံးသူ ဖြစ်ပါတယ်.... ဆိုတဲ့ .... အသိ စိတ်လေး ကို ရိုက်သွင်းပေးထားပါတယ်.... ဆိုတဲ့ အကြောင်း ........
( ဘယ်သူ အရေးအကြီးဆုံးလဲ ..... ဆိုတာ )