Gmail, Gtalk နဲ့ Facebook.........by Swe Myat Hay Thi on Thursday, 27 October 2011


       ကျွန်မ သူငယ်ချင်း စာရေး ဆရာမလေး တစ်ယောက် က ပြောဖူးပါတယ် ။ ရန်ကုန်မှာ ဘယ်နေရာသွားသွား Gmail , G- talk နဲ့ Facebook Account မရှိရင် တိုက် တွေ ၊ ကားတွေ ၊ ဟမ်းဖုန်း တွေ မရှိသလိုဘဲ လူရာ မ၀င် မျက်နှာ ငယ်ရ ပါတယ် ...တဲ့.. .သူပြော တုန်းက ကျွန်မ သဘောကျ လို့ ပြုံးမိသေးတယ်...တကယ်လည်း ဟုတ်နေတာကိုး ...နိုင်ငံခြား မှာတော့ မျက်နှာ ငယ် ရသလား .၊ မငယ် ရသလား မသိပေ မယ့်...ရန်ကုန်မှာ တော့ တကယ့် ကို လူကြားထဲသွားလို့ G mail , G- talk နဲ့ Face Bock လိပ်စာ လေး မှ မပေးနိုင်ရင် ခေတ်မှီနေ တဲ့ ကမ္ဘာကြီး တစ်ခုလုံး မှာ ကိုယ် တစ်ယောက်ထဲ နောက်ကျ ကျန်ခဲ့ရသလို မျိုး အင်မတန် မျက်နှာ ငယ် ရပါတယ်....သင်တန်း တွေ သွားတက်ရင် လည်း အပေါက် ၀ မှာ လက်မှတ်ထိုး လို့ မှ ...Gmail လိပ်စာ လေး ပေးခဲ့ပါ ဆိုရင်..ကျွန်မ မှာ မရှိပါ ဘူးလို့..ပြောလိုက်ရင် ဖြစ်သွားတဲ့ ၀န်ထမ်းတွေ မျက်နှာများ Scan ဖတ်ပြီးတောင် အခု Internet ပေါ်တင်ပြချင်ပါတယ်...တစ်ခါ ကုမ္ပဏီ ဧည့်ခံပွဲ တွေ ၊ ကုန်ပစ္စည်း မိတ်ဆက် ပွဲတွေ သွားတော့လည်း Gmail လိပ်စာ တောင်းပြန်ရော..အဲဒီ အခါမှာ လည်း အလုပ် မ အား လို့ အချိန်ပေးမသုံးနိုင် လို့ ပေးစရာ မရှိပါဘူး...ဆိုရင်လည်း အင်မတန်မှ ထူးဆန်းသော အကြည့်တွေ နဲ့ အကြည့်ခံ ရပြန် ပါတယ်.. ..တခါ ကျွန်မ အဆီချလုပ်ငန်း ကို ရပ်ဝေး က Customer တွေ ခန္ဓာ ကိုယ် အဆီလာချ လို့ သူ့ရက်ပြည့် လို့ ပြီးဆုံးတဲ့ အခါ သူ့နိုင်ငံ သူ ပြန်မှာ မို့ ကျွန်မ နဲ့ ဆက် သွယ်ချင် လို့...Account လိပ်စာလေး ပေးပါ ဆိုရင်လည်း အခု မရှိသေးကြောင်း နဲ့ သိပ်မသုံး တတ် လို့ ဆိုတဲ့ အကြောင်း နဲ့ သုံးတတ်တဲ့ အခါ အကောင့် လိပ်စာ ရရင် ဆက်သွယ်ပါမယ့် အကြောင်း အဆင်ပြေအောင်ပြော လိုက်ရ ပြန်ပါ တယ်.. ...
         တကယ်တမ်း G-mail , G-talk နဲ့ Facebook နဲ့ Chatting ဆိုတာ ကို အလုပ် သဘော နဲ့ အကျိုးရှိရှိ သုံးကြတာ ရှိပေ မယ့် အများစုကတော့ ကျွန်မ တို့ ငယ်ငယ်တုန်း က ဖုံးသရဲ လုပ်ပြီး တွေ့တဲ့ နံပါတ် ၅ လုံး ကို နှိပ် ၊ လာကိုင်တဲ့ ကောင်လေး ရဲ့ အသံ က အင် မတန် နားဝင်ပီယံ ရှိ ရင်..ပေါက်တတ်ကရ နာမည်တွေ နဲ့ အရည်မရ အဖတ်မရ တွေ လျှောက်ပြော.. ချိန်း ရင်...ဖုံးထဲ မှာ ပြော ထားတဲ့ အ၀တ်အစား နဲ့ တလွဲတွေ ၀တ်ပြီး ရုပ်ချော ရင် ရှေ့ဆက်တိုး ရုပ်ဆိုးရင် အရူးကွက် နင်းပြီး ပတ်ပြေးခဲ့ကြရသလို သုံးတာမျိုးက များများ မဟုတ်လား....အခုချိန်မှာ ကိုယ် က အဲဒီလို ကလေးကလား..Chatting ထိုင်ပြီး ရုပ်ချော မချော ...ချောင်း ကြည့်ပြီးမှ ထွက်တွေ့ ရမယ့် အသက်အရွယ် လည်း မဟုတ်တော့ ....G- talk နဲ့ ဘယ်သူ ဘယ်ဝါမှန်း မသိဘဲ Chatting ထိုင်ပြီး..... အသိမိတ်ဆွေ လုပ်ရ မယ့်. .Facebook Friend ဆိုတာတွေ ကို လည်း မလိုတော့ ပါ ဘူး...လေ. .အဲ... ငယ်ငယ်တုန်းက သာ အဲဒါ တွေ ပေါ်ခဲ့ရင်တော့ တော်တော် အသုံးတည့် မှာ လို့ ငယ် သူငယ်ချင်း တစ်ယောက် နဲ့ တောင် ရယ်စရာ အဖြစ် ပြောခဲ့ဖူးပါသေးတယ်....ဒါပေမယ့်လည်း သုံးတဲ့သူတွေ က ဘယ်လို ပုံစံမျိုးနဲ့ သုံးသုံး G-mail , G-talk နဲ့ Facebook မရှိရင် မျက်နှာငယ်ပြီး လူရာမ ၀င်ဖြစ်ရတယ် ဆိုတာ က တော့ ကိုယ်တွေ့ကြုံနေကြဘဲ ဖြစ်ပါတယ်......
      အဲဒီ လို နဲ့ ဘဲ ဟုတ်သော်ရှိ မဟုတ်သော် ရှိ ....ပိုက်ဆံပေး မ၀ယ်ရဘဲနဲ့ Visiting Card ဘဲ ပေးပေး..ပါးစပ်နဲ့ ဘဲ ပြောပြော ...ပေးရတာ...အင်မတန် မှ ဂုဏ်ရှိ လှတဲ့ G-mail , G-talk နဲ့ Facebook အကောင့် တစ်ခုဖွင့်တော့ လိုရမယ်ရ ဖွင့်ထားအုံးမှ လို့ စိတ်ကူး မိလာပါတယ်...စိတ်ကူးမိတာ ဆိုပေမယ့်လည်း တကယ်တမ်းမှာ ကိုယ် က အချိန်ပေးပြီး လည်း မသင်နိုင် ၊ တစ်ခါ ကိုယ့် နား တ၀ိုက် က ဆိုင်တွေသွားပြီး ...ဘာမှ မလုပ်တတ်လို့ပါ ဆိုပြီး Staff တစ်ယောက် ဘေး မှာ ခေါ်ထားတော့ လည်း အင်မတန် တုံးပြီး ဒုန်းဝေးတဲ့ ကျွန်မ ကို အထင်ဘဲ သေး သလိုလို နဲ့ မသိလို့ မေးရင် မဖြေချင် ၊ စိတ်မရှည်စွာ နဲ့ ဆက်ဆံ တာခံရပြန်ပါရော.....အဲဒီလို နဲ့ ...Internet Cafe ဆိုတာ တွေ့ခါ စ က Coffee ဆိုင် နောက် တစ်မျိုး လား လို့ ထင်ခဲ့တဲ့ ကျွန်မ ၊ ကိုယ့် ဆိုင်မှာ သူများတွေ G- talk မှာ ဘယ်သူနဲ့ တွေ့တာ ..Chatting ထိုင်တာ က ဘယ်လို ၊ VZO ဆိုတာ က တစ်မျိုး ၊ Website မှာ ၀င်ကြည့်တာ က ဘယ်ပုံ ၊ Google ထဲမှာ ၀င်ရှာ ....စ သဖြင့် ကိုယ့်ရှေ့ ပြောနေလည်း မမြင် ဖူးတော့ လူရာ မ၀င်စွာ နဲ့ ဘဲ....အူကြောင်ကြောင် နဲ့ပါးစပ်ကြီး ပိတ်လို့.. နေနေရပါတယ်... တစ်ခါ ကျောင်းက ငယ်သူငယ်ချင်း တွေ တော်တော် များများ နဲ့ Facebook မှာ ပြန်တွေ့ကြ တယ်.. သုံးသုံး မသုံးသုံး Face Book အကောင့်လေးတော့ ဖွင့်ထား စမ်းပါ လို့ ပြောလာ တဲ့ နိုင်ငံခြား က သူငယ်ချင်း ကို လည်း... အင်းအင်း ..နဲ့..သူပြောတာ သာ လွယ် တာလေ...ကိုယ် က ဘယ် က စရမှန်း မှ မသိတာ ....သူများ လို Internet မသုံးတတ်လို့ စိတ်ညစ်တဲ့ အကြောင်း ကျွန်မ အမျိုးသား ကို ပြောတော့ သူကတောင် Internet က ဓာတ်ပုံဆိုင် မှာ ကျွန်မ လုပ်နေရ တဲ့ Photo Shop လောက်တောင် မခက်ပါဘူး တဲ့....လုပ်တတ်ရင် Game ကစားသလို ပါဘဲ..တဲ့...လေ...
         ဖြစ်ချင်တော့ လည်း ကျွန်မ ဆိုင် ကို စိတ်ဝင်စားလို့ တကူးတက လာစုံစမ်း ကြတဲ့ ရပ်ဝေး က Customer တွေ ကို အကြောင်း ပြု ပြီး သူများတွေ ပြောတာ ကြားဖူးခဲ့တဲ့ Website မှာ ကိုယ့်အလုပ် ဖြစ်တဲ့ ကစားတာ ၊ ခန္ဓာ ကိုယ် အဆီချတာ ၊ မျက်နှာ အဆီချတာ နဲ့ ပတ်သက်တဲ့ လေ့လာစရာတွေ အကုန်တင်ပေးထား ရင် ၊ ကိုယ့် ဆီ လာချင်တဲ့ ကိုယ့် ဆိုင် ကို စိတ်ဝင် စားတဲ့သူ မှန်သမျှ ကြိုတင် ၀င်ကြည့် လေ့လာပြီး မှ...ထပ်သိချင်ရင် ဖုံး သို့ မဟုတ် Mail က နေ လှန်းမေး ပြီးမှ လာ လုပ်ရ ရင် တော်တော် လေး အဆင်ပြေ မှာဘဲ လို့.....တွေးမိတာ က စပြီး ..ကိုယ့် ဆိုင် ရဲ့ အချက်အလက် တွေ ဓာတ်ပုံတွေ အကုန် စု လို့ တော်တော် အပင်ပန်းခံ ပြီး ...Website. .. တစ်ခုကို ကိုယ်တိုင် မရေးတတ်လို့ မရေးတာ က လွဲပြီး စာ က အစ ကိုယ်တိုင်ရိုက် ၊ ကိုယ်တိုင် လုပ်ရမှ စိတ်တိုင်း ကျသော ကျွန်မ Home Page က အစ Photo Shop နဲ့ ကိုယ်တိုင် ဆွဲပြီး Website တစ်ခု အပ် ဖြစ် သွား ပါတယ်...တစ်ခါ Website ကြီး တစ်ခုလုံး ဖွင့်ပြီး မှ...သူ များပြောတဲ့ Gmail , G- talk နဲ့ Face Bock Account မရှိရင် ကျွန်မ ပင်ပင် ပန်းပန်း လုပ်ထားတဲ့ Website ကို ၀င်ကြည့် တဲ့သူ မရှိမှာ စိုးတာ နဲ့ ဘဲ...Website Marketing လုပ်ချင်တာ ကို အကြောင်း ပြု ပြီး ကလေး ၊ လူကြီး ၊ ယောကျာ်း ၊ မိန်းမ မရွေး အင်မတန် ရေပန်းစားလှတဲ့ Gmail , G- talk နဲ့ Face Bock Account တွေ ဖွင့်ပြီး .. ကျွန်မ ဆီမှာ ဓာတ်ပုံ လာရိုက်ရင်း ခင်သွား တဲ့ Internet ဆိုင် က မောင်လေး တွေ ကို အကူ အညီတောင်းပြီး သွား သုံးရင်း သင်ဖြစ် သွားပါတယ်.. ကမ္ဘာလုံးကြီး ကို နဂါးပတ်နေတဲ့ အရုပ် ကို နှိပ်လို့ ....Face Book ဆို Account လိပ်စာ နဲ့ Pass Word ...ရိုက်ထည့် ၊ ပြီး ဘာမှ မလုပ်တတ်ရင် Home ကို နှိပ် ၊ တခါ ပိတ်ချင် ရင် Log Out ကို နှိပ် ၊ ဆိုတာ ကို အသေ မှတ် ရင်း...ကိုယ့် ဟာကိုယ် လျှောက် ကလိလို့ အကောင့်တွေ ခဏ ခဏ အပိတ် ခံရင်းနဲ့ ဘဲ...Gmail , G- talk နဲ့ Face Bock Account ဆိုတာ ကို ကျွမ်းကျွမ်း ကျင်ကျင် ကလိ နိုင်သော ဘ၀ သို့ရောက်လာရပါတယ်.....
            အဲ..အခုဆို ကျွမ်းကျင် လာရုံမျှ ...မက ....ခင်မင်ရင်းနှီး တဲ့ အကို တစ်ယောက် က ကျွန်မ တို့ ဆိုင် ကြော်ငြာတွေ မှာ မျက်နှာ နဲ့ ခန္ဓာ ကိုယ် အဆီ ချ တဲ့ အလုပ်ကို အသေးစိတ် သိရှိလိုပါက ...Website - http:// www.gingerbeautyland.com ကို ၀င်ကြည့် ဖို့ တကူး တ က ကြော်ငြာ နေရတယ် ဆိုတာ နဲ့ စကားစပ်လို့...Facebook ဆိုတာလည်း အကျိုး ရှိရှိ သုံး တတ်ရင် Market အကြီးစား တစ်ခုတောင် ရပါသေးတယ်..တဲ့ ...ကိုယ့်ရဲ့ Friend List ထဲမှာ သူငယ်ချင်း များများ ရှိလားတဲ့...ကျွန်မ မှာ တစ်ရာ ကျော် ဘဲ ရှိတယ် ဆိုတော့ သူ က....Notes ထဲမှာ စာများများ ရေးတဲ့....ကိုယ် ရ ဖို့ မစဉ်းစားဘဲ ...ကိုယ် က အရင် ..ဘာ ဗဟုသုတ တစ်ခု ခု ပေးမ လဲ ....စဉ်းစား...ဆိုပြီး အကြံကောင်းလေး ပေးသွားပါတယ်...အဲဒါ နဲ့ ဘဲ...လျှောက် စဉ်းစား ရင်း ကျွန်မ အလုပ် က မိန်းကလေး ဈေးကွက် သီးသန့် အတွက် မှန်ပေမယ့်လည်း ယောကျာ်းလေး မိတ် အတွက် ပါ..အကျိုး ရှိစေမယ့်.. .ကျွန်မ ရဲ့ အလုပ်လုပ် ခဲ့ တဲ့ သက်တမ်း တလျှောက် မှာ ဖြစ်လာတဲ့ အတွေ့ အကြုံလေး တွေ ၊ ဗဟုသုတ လေးတွေ ၊ Customer နဲ့ ပတ်သက်တဲ့ ကိုယ် မှားခဲ့တဲ့ အမှား လေး တွေ ကို က အစ ...ဖတ်မိတဲ့ လူငယ်လေးတွေ အတွက်...လက်တွေ့ ဘ၀ ထဲက ...အသိပညာ ဗဟု သုတ လေး ရစေရန် ရည်ရွယ် ပြီး မတောက် တခေါက် နဲ့ဘဲ Notes ထဲ မှာ ခေါင်း စဉ် အမျိုးမျိုး နဲ့ စာတို စာ ရှည်လေးတွေ ရေးရာ ကနေ သူငယ်ချင်းတွေ လည်း အများ ကြီးဖြစ် လာ ပါတယ်.....
            ပြန်ရလာတဲ့ အကျိုးအမြတ် က တော့ မတူညီတဲ့ ခေါင်းစဉ် အမျိုးမျိုး နဲ့ စာတစ်ပုဒ် ရေးဖြစ်တိုင်း အဲဒီ စာ နဲ့ အကြောင်းအ ရာ ကို စိတ်ဝင်စားတဲ့ မိတ်ဆွေ တွေ ထပ်ထပ် ရလာတာပါ....ဥပမာ..မိသားစု အကြောင်းရေးရင်..မိသားစု အကြောင်း စိတ်ဝင်စားသူ ၊ အလုပ် အကြောင်းရေး ရင် အလုပ် နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားသူ မိတ်ဆွေ တွေ နဲ့ အလှအပ အကြောင်း ရေး ဖြစ်ရင်...အလှအပ ကို စိတ်ဝင်စား တဲ့ အမျိုးသမီး အသိမိတ်ဆွေ တွေ တိုးတိုးလာ ရသလို...ခါတိုင်း.ရပ်နီး ရပ်ဝေး နဲ့ နိုင်ငံရပ်ခြား ဈေးကွက် ဆိုလို့ ...Magazine မှာ ကြော်ငြာတွေ့ ပြီး လာတဲ့ Customer တွေ သာ ရှိခဲ့တဲ့ ကျွန်မ Internet ကျေးဇူး နဲ့ နိုင်ငံရပ်ခြား တွေ ကနေ mail တွေ နဲ့ မြန်မာပြည် မှာ မင်္ဂလာ လာပြန်ဆောင်မယ့် သတို့သမီး တွေက အစ ....ကျွန်မ အလုပ် အကြောင်း...ဈေးနှုန်းက အစ..Mail ပို့ပြီး.... ကြိုတင် စုံစမ်း လို့..ဘယ်နေ့ဘယ်ရက် မှာ ရောက်ပြီး ဘယ်နှစ်ရက်စာ လုပ်မယ်... ပြီးရင်....Pre Wedding Package ဓာတ်ပုံ ကို ဘယ်နေ့ မှာ ရိုက်မယ်... သတို့ သမီး ၀တ်စုံတွေ ကို ဘယ်နေ့ မှာ ...Fitting ချမယ် ..ဆိုတဲ့ ....Wedding Package Program ကြီး တစ်ခုလုံး စာ မှာ GINGER ပါဝင်ခွင့် ရတဲ့ အထိ...စန်းပွင့် လာ ရပါတယ်.....Internet ဆိုတာ ကို အစ က ဓာတ်ပုံ တွေ တင် ၊ Chatting ထိုင် ၊ ရေးချင်ရာတွေရေး ပြီး တင်ချင်ရာတင် တာကြီးလို့ထင်ခဲ့တဲ့ ကျွန်မ လည်း ....အကျိုး ရှိရှိ သုံးတတ် မယ်ဆို ရင်...Market အသစ် တွေ ထပ်ထပ် ရသလို ၊ ပညာပေး Website တွေအမျိုးမျိုး က နေ လည်း ဖတ်မှတ် သင်ယူ လေ့လာ စရာ တွေ အများကြီး ရှိနေတာ ကို သိလာရပြီ ဖြစ်တဲ့ အတွက် ကျွန်မ ဆိုင် က ၀န်ထမ်းတွေ ကို က အစ ..ကျွန်မ လို ခေတ်နောက်ကျ မကျန်ခဲ့ရလေအောင် ...Account လေးတွေ ကိုယ်စီ ကိုယ်စီ ဖွင့်ပေးပြီး ...အလုပ် ပိတ် ရက် ကို လျှောက်သွားမယ့် အစား Internet ကနေ တတ်ချင် သိချင် လေ့လာ ချင်တာကို ဗဟုသုတ လေး ရှာလို့ ရတယ်ဆိုတာ ကို တွဲခေါ် သင်ပေး ဖြစ်လာပါတယ်.....
            အခု ဆိုရင်....ယခင် က ရန်ကုန်မှာ ဘယ်နေရာသွားသွား Gmail , G- talk နဲ့ Facebock Account မှ...မရှိရင် တိုက် တွေ ၊ ကားတွေ ၊ ဟမ်းဖုန်း တွေ မရှိသလို ဘဲ လူရာ မ၀င် မျက်နှာ ငယ်ခဲ့ ရ..တဲ့..ကျွန်မ လည်း....Internet မှာ ကြော်ငြာ တဲ့ ဆိုင် ၊ ဆိုတာ နဲ့...Facebook မှာ မတောက်မခေါက် စာတို စာရှည် လေးတွေ ရေးတတ်တဲ့ အမ ဆိုင်ရယ်...လို့ လူ စိတ်ဝင်စားပြီး ခင်မင်တဲ့သူ များ လာရတဲ့ အထိ....Gmail , G- talk နဲ့ Facebook...က နေ ကျွန်မ ရော ကျွန်မ ရဲ့ ဆိုင် ဖြစ်တဲ့ GINGER ..ပါ...စန်းပွင့် လာရပါလေသတည်း.....