အအောင်မြင်ဆုံးသော လုပ်ငန်း တစ်ခု အတွက် .....ကျွန်မ ပေးချင်တဲ့ အကောင်းဆုံး ...ယတြာ....

by Swe Myat Hay Thi on Thursday, 06 October 2011


စာတွေ ရေးဖြစ်နေတဲ့ ကျွန်မ အကြောင်း …….

      စာရေးခြင်း အလုပ်သည် ကျွန်မ ၀ါသနာ ပါခဲ့သည့် အလုပ်များထဲမှ တစ်ခု အပါအ၀င်ဖြစ် ခဲ့ဖူးသော်လည်း စာရေးဆရာ ဖြစ်နိုင်လောက်သည့် အရည်အချင်းနှင့် ပါရမီ မရှိသည့်အတွက် စာရေးဆရာမတော့ ဖြစ်မလာခဲ့ပါ…. ကျွန်မ ၀ါသနာ ပါမှန်းကို သိသော ကျွန်မနှင့် ခင်မင်ရင်းနှီးသည့် စာရေးဆရာမ တစ်ချို့နှင့် Magazine တစ်ချို့က အမျိုးသမီး အလှအပ နှင့် ဆက်စပ်သော အလှအပဆောင်းပါးများ လစဉ်ရေးပေးဖို့လည်း တိုက်တွန်းအားပေးခဲ့ပေမယ့်လည်း ကိုယ်ကပုံသေချည်း တာဝန်တစ်ခုယူ၍မရေးနိုင်သည့် အတွက် ….မရေးဖြစ်ခဲ့ပါ…. သို့သော်ငြားလည်း…Internet သုံးတတ်လာချိန် ၊ ကိုယ့် Facebook Friend List ထဲ မှာ လည်း သူငယ်ချင်း အရေ အတွက် များ လာချိန်မှာတော့ အားလပ်တဲ့ အချိန် နဲ့ အထူး သဖြင့် အကြောင်းတိုက်ဆိုင်၍ စာရေးချင်တဲ့ စိတ်ပေါက် လာချိန် များမှာ တော့ ကိုယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ စာလေးတွေ ၊ အလှအပ နဲ့ ပတ်သက်တဲ့ စာလေးတွေ ရေးဖြစ် လာပါတယ် … .အကြောင်းအကျိုး တိုက်ဆိုင်ချိန် နဲ့ စိတ်ပါတဲ့ အချိန် မှာ မှ ရေးတယ်ဆိုပေမယ့် လည်း ကိုယ်ရေးတဲ့ အကြောင်းအရာ က ကိုယ်ရည်ရွယ်တဲ့ Target ဆီတော့ ရောက်စေချင် မိပြီး ဖတ်မိ တဲ့ သူဘက်မှ လည်း အလှ အပ ဆောင်းပါး ဆို အမျိုးသမီးတွေ အတွက် …အလုပ် နဲ့ ပတ်သက်တာ ဆို ကိုယ့် လိုဘဲ စမ်းတ၀ါးဝါး နဲ့ အလုပ်ခွင် ၀င်ရင်း မှားပြီး မှ သိ ၊ သိပြီး မှ ပြင်ရမယ့် အစား ကျွန်မ အမှားအတွက် နမူနာ ယူပြီး ရှောင်ရန်ဆောင်ရန် လေး ကျန် ခဲ့စေ ချင်တဲ့ စေတနာ စတဲ့ ကိုယ်တင်တဲ့ စာတိုင်းက ဖတ်တဲ့ သူအတွက် တစ်ခုခု အကျိုး ရှိစေ ချင်တဲ့ စိတ် ကလေး တွေ ကြောင့် ..Facebook ပေါ်မှာ စာတွေ ရေးဖြစ်နေ ခြင်း ဖြစ်ပါ တယ် …….  
        တစ်ခါတလေ သွားရင်းလာရင်း တွေ့တဲ့ အကြောင်းအရာလေးတွေ ကနေ လည်း စိတ်ကူးပေါက်တဲ့ အကြောင်း အရာ ဆိုရေးချင်လာလို့ Draft ထဲမှာ ခေါင်းစဉ်မေ့မှာ စိုးလို့ အကြမ်းချရေးမိပြီး ဆက်ရေးဖြစ်တာ ရှိသလို …အမျိုးမျိုးသောအကြောင်းနှင့် ဆက်မရေးဖြစ်တဲ့ စာတွေ လည်း ရှိပါတယ်…..ကျွန်မ လုပ်ရတဲ့ မျက်နှာ အဆီချ တာ ၊ Face Lift လုပ်ပေးတာ ၊ မိတ်ကပ်ပြင်တာ လိုရင် Photoshop ၀င်လုပ်ရတာတွေ အားလုံး က အာရုံ စူးစိုက်ရပြီး လုပ် တိုင်း ဇက်ကြော အရမ်းတက်ရ တဲ့ အလုပ်တွေ မို့ ကိုယ့်ရဲ့ အဓိက အလုပ် မဟုတ်တဲ့ စာရေးတဲ့ အလုပ် Computer ကြည့်ရ တဲ့ အလုပ်ကို …..နေလို့မကောင်းရင် ၊ မအားရင် လည်း မလုပ်နိုင်ပြန်ပါဘူး…အခုတလောတော့ စာရေးချင် စိတ်ကလေးက တော်တော်ပြန် ဖြစ်နေတာနဲ့ အားရင် နေလို့ ကောင်းရင် ရေးဖြစ်အောင် ရေးအုံးမယ် ဆိုပြီး ကြိုးစား ပမ်းစား ရေးတင်ဖြစ်လိုက်ပါတယ်…..
        အခုရေးချင်တဲ့ အကြောင်းအရာ က လက်ရှိမှာ Service ဘဲရောင်းရောင်း ၊ Product ဘဲ ရောင်းရောင်း ရောင်းနေ တဲ့ လုပ်ငန်းရှင် တွေ နဲ့ အဲဒီ အလုပ်တွေ မှာ လူအား ၊ ငွေအား ၊ လုပ်အား ၊ အတတ်ပညာ တစ်ခုခု စိုက်ပြီး ရင်းနှီး ထည့်ဝင်လုပ်ကိုင်နေတဲ့ မိတ်ဆွေတွေ ၊ အထူးသဖြင့် ကျွန်မ တို့ထက် ငယ်တဲ့ မောင်လေး ၊ ညီမလေး တွေ အတွက်….ရည်ရွယ်ပြီး.. ဒီစာလေး ရေးဖြစ်ခြင်းဖြစ်ပါတယ်….
       ပထမဆုံး ကိုယ်ပိုင် စီးပွားရေး အလုပ်တစ်ခု ကို လုပ်တော့မယ်ဆိုတာ နဲ့ ကိုယ့် ကိုယ်ကိုယ် အရင်း သုံး သပ်စေ ချင်ပါတယ်…ကိုယ် ဟာ ဒီ အလုပ်ကို ဘာကြောင့် လုပ်မှာလဲ ။ ၀ါသနာ ကြောင့်လား ။ အလုပ်ဖြစ်မယ်ထင်တဲ့ ယုံကြည် ချက်ကြောင့် လား ၊ အတွေ့ အကြုံ တစ်ခု ရချင်လို့လား ၊ ရေရှည် လုပ်နိုင်မှာလား…..ကိုယ်ရေရှည် မလုပ်နိုင် ရင် ဘယ်သူ က ဆက် လုပ်နိုင်မလဲ…အဲဒီ ဆက်လုပ်ပေးမယ့် လူကိုရော ကိုယ် ဘယ်လောက်ကြာကြာ ထိန်းထား နိုင် မလဲ…..ကိုယ်ရွေးချယ်ခဲ့တဲ့ နေရာ အကွက်အကွင်း က ရေရှည် ကောင်းနိုင်လား …မအောင် မြင်ခဲ့ရင် ဘာလုပ်မ လဲ …ကိုယ်ထင်တာ ထက်ပိုအောင်မြင်ခဲ့ရင် ပိုတိုးချဲ့ လုပ်ကိုင် နိုင် မယ့်နေ ရာလား ….က အစ …တစ်ခါ ကိုယ် ရည်ရွယ် ထားတဲ့ Market က ဘယ်လောက် အလွှာ လဲ ။ အဲဒီ Market မှာ လက်ရှိဖွင့်နေတဲ့ ဆိုင် ဘယ် နှစ်ဆိုင်ရှိလဲ …ဘယ်နှစ် ဆိုင်က အောင်မြင်ပြီး ၊ ဘယ်နှစ်ဆိုင် က မအောင်မြင်လဲ ။ အောင်မြင်တဲ့ ဆိုင်ရဲ့ အဓိက အချက် ၊ မအောင်မြင်တဲ့ ဆိုင် ရဲ့ မအောင်မြင်ရခြင်း အချက် ….စတဲ့ အချက်တွေ အကုန်လိုက်လေ့လာ ၊ နားလည်တဲ့ သူတွေ နဲ့ မေးမြန်းတိုင်ပင်ပြီး မှ…ကိုယ့် စိတ်ကိုယ် ပိုင်ပိုင်နိုင်နိုင် နဲ့ ဆုံးဖြစ်ချက် ချပြီး မှ လုပ်စေချင်ပါတယ်…… အခု ဆို ဘယ်နေရာ သွားသွား မြင်နေ ၊ ကြားနေရတာ က အလုပ်လုပ်တော့မယ် ဆိုတာ နဲ့ ကိုယ့် ကျွမ်း ကျင် တာ ၊ မကျွမ်းကျင်တာ ကိုယ်လုပ်ချင်တဲ့ အလုပ် နဲ့ ပတ်သက်တာ ကို သေချာ မလေ့လာ ဘဲနဲ့ သူများဖွင့် လို့လိုက်ဖွင့် ၊ သူများအောင်မြင်လို့ လိုက်လုပ် ရင်း ပြီး မှ ထင်သလို မဖြစ်မှ မရူနိုင် မကယ်နိုင် နဲ့ ဘုန်းကြီး လည်း မနေရ ၊ ဗေဒင် ယတြာ လည်းပေါင်း စုံ …မအောင်မြင်ရတဲ့ အထဲ ပိုက်ဆံ က သောက်သောက်လဲ ကုန်ပြီးရင်း ကုန်…ဗေဒင် ဆရာ တိုင်း ကို မဆိုလိုပေမယ့် ဗေဒင် အများစု ကလည်း လုပ်ငန်း အတွက်ဆို ပေးရတဲ့ ဥာဏ်ပူ ဇော် ခ နဲ့ ယတြာဖိုး က တနင့်နဲ့ ထမ်းပိုးထက် လက်ခ က ကြီး ပြီး ပတ်ချာ လည် နေ ကြတဲ့ သူတွေ နဲ့ အလုပ်တွေ ၊ ဆိုင်တွေ အများကြီးတွေ့ရ မြင်ရ ကြားရ ပါတယ်…. ကျွန်မ နဲ့ သိပ်မရင်းနှီးတဲ့ ….အသိဆိုင် တစ်ဆိုင် ပြင်နေတာ တွေ့ဖူးပါတယ်….အကြောင်းကတော့ ဆိုင် အပြိုင်တွေများလာလို့…လူပါးတဲ့ အတွက် လူပြန်ဝင်အောင် ဗေဒင်ဆရာ က ယတြာချေခိုင်း ၊ သေချာ တွက်ချက်ပေးပြီး ကိုယ်နဲ့ ကိုက်မယ့် ဒီနှစ်နဲ့ ကိုက်မယ့် ဆိုင်အပြင်အဆင် နဲ့ အရောင် ပြောင်းခိုင်းလို့ပါတဲ့…..လိုအပ်လို့ ဆိုင်ပြင်တာကို မဝေဖန်ချင် ပေမယ့် လူမလာလာ …အရောင်ပြောင်းပြီး ယတြာချေပြီး လူပြန်ဝင်အောင် လုပ်တယ်ဆိုလို့ပါ…..ဗေဒင် ဆရာ က လူ မ၀င်တဲ့ အဲဒီ ဆိုင် ရဲ့ အဓိက အကြောင်းအရာကို သေချာသိမသိ ၊ ကျွန်မ မသိပေမယ့် ကျွန်မ သိတဲ့ သူတို့ ဆိုင်ရဲ့ လူမလာတော့ တဲ့ အကြောင်းအရာ ကတော့ ….၀င်လာတဲ့ Customer တွေ ကို နွေးထွေးစွာ ကြိုဆိုမှု မရှိတာ ၊ Customer တစ်ယောက်ရဲ့ အတင်းကို နောက် Customer တွေ ရှေ့ မှာ ပြောတာ ၊ စပ်စုတာ ၊ Discount ချထားတဲ့ အချိန်မှာ သိပ်မတတ်နိုင်တဲ့ Customer တွေလာရင် မတူမတန်သလို လုပ်တာ ၊ ပိုင်ရှင် က အစ စူစူပုပ်ပုပ် မျက်နှာထား တင်းတင်း နဲ့ ဖြစ်နေတာ ၊ ကိုယ့် ၀န်ထမ်းတွေ ကို Customer တွေ ရှေ့ မှာ ဆူပူ မာန်မဲ ကြိမ်းမောင်း နေတာ …စ တာတွေ ဖြစ်ပါတယ်…..
      ကျွန်မလည်း အဲဒီဆိုင်လေးရဲ့Decorationလေးလှလို့ ဖွင့်ခါစကခဏခဏသွားဖူးပေမယ့် Relaxလုပ်ချင်လို့သွားတာ… Relaxမဖြစ်ဘဲအကြောင်းအမျိုးမျိုးနဲ့စိတ်မလွတ်လပ်ပဲပြန်လာ
ရတာ… ကိုယ့်ကို တလေး တစားမရှိတဲ့ ဆက်ဆံခံရတာ ခဏခဏ ဖြစ်ရတဲ့ အတွက်….နောက်မသွားဖြစ်တော့ပါဘူး…..တခြားတခြားသော ….Customer တွေ လည်း ကျွန်မ လိုဘဲ တဖြည်းဖြည်း နဲ့ ပျောက်သွားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်…. .ဆိုင် အပြိုင်တွေ များ လာရင် …ဈေးချင်းတူရင် ၊ ဆိုင်အပြင်အဆင်သာတဲ့ ဆိုင်ကို သွားမယ်… .အပြင်အဆင် ချင်းတူ ရင်… ကျွမ်းကျင်မှုသာတဲ့ ဆိုင်ကို သွားမယ်… ကျွမ်းကျင်မှုချင်းတူရင် …ဆက်ဆံရေး ပိုသာတဲ့ ဆိုင်ကိုသွားမယ်ဆိုတာ ပိုက်ဆံပေးလုပ်ရတဲ့…Customer တိုင်းရဲ့ တူညီတဲ့ စိတ်ပါ ဘဲ…..ချို့ယွင်းချက်တွေ ရှိရက် နဲ့ လူတွေ သွားနေကြ တယ်ဆိုရင်…ဆိုင်အပြိုင် မပေါ်ခင်မှာတော့ ရကောင်း ရနိုင်ပေမယ့် ဆိုင်တွေ များလာတဲ့ အခါမှာတော့ တော်တော် သိသာလာပါတယ်…..အဲဒီလို နဲ့ လူပါးလာမှ Discount တွေ ပေးလည်း မကယ်နိုင် ၊ ကံစမ်းမဲ လည်း မစွမ်း သာတော့ ပါ…..
       သူများ ဆိုင်ရဲ့ အားနည်းချက်ကို အားမနာ တမ်းဝေဖန်ပေးလို့…ကျွန်မ ကို နဲ့ ကျွန်မ ရဲ့ ဆိုင် ကိုလည်း စင်း လုံးချော …အပြစ်ကင်းကင်းနဲ့ အောင်မြင်မယ်လို့ မထင်ကြပါနဲ့…. ကျွန်မ ကိုယ် ကျွန်မ လည်း မရှက်စတမ်း ကျွန်မ ရဲ့ ညံ့ဖျင်းမှု နဲ့ အသုံးမကျခဲ့ ပုံ ကို အများသိအောင် စတင်ပြောပြ ပါ့မယ်…..ကျောင်းပြီးပြီး…ယောင်လည်လည် နဲ့ အလုပ် က မရှိ ၀င်ငွေ က မရှိ နဲ့…ပိုက်ဆံ မရှိလို့ မခေါ်ချင် ၊ အလုပ်မရှိလို့ ..မတူမတန် ဆက်ဆံရခံခဲ့ရတဲ့ မကျေနပ်ချက် တွေ ၊ မခံချင်စိတ်တွေ တသီကြီး နဲ့ ကျွန်မ …၀ါသနာပါတဲ့ အမျိုးသမီး အလုပ် တွေ ထဲက ပထမဆုံး လုပ်ကိုင်ဖြစ်ခဲ့တဲ့ GINGER အမျိုးသမီး သီးသန့်…ကိုယ်ကာယ အလှ သင်တန်း …ကို 2005 May ( 1 ) ရက် နေ့ မှာ စတင် ဖွင့်လှစ် လုပ်ကိုင်ဖြစ်ခဲ့ပါတယ် … မဖွင့် ခင်မှာ လည်း ကျွန်မ နည်း ကျွန်မ ဟန် နဲ့ ကျွန်မ ပြောခဲ့တဲ့နည်းတွေ အတိုင်း ..အဲဒီ အလုပ် ကို တော်တော် လေ့လာခဲ့ပြီး …. ကျွန်မ ကိုယ် ကျွန်မ ဒီ အလုပ်ကို ကျွမ်းကျွမ်း ကျင် ကျင် လုပ်နိုင်တယ်လို့ ယုံကြည် မှ … စတင် လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်….. အလုပ်မလုပ်ဖူးတဲ့ ကျွန်မ ကို သွေးနထင် ရောက်သွားစေတာ ကတော့ ကျွန်မ စတင်ဖွင့်ဖွင့်ချင်း လ မှာ ဘဲ….လာ ကစားတဲ့ သူပေါင်း အယောက် ( 150 ) ကျော် ပါတယ်…..နောက်လလည်း….လူ ( 180 ) ကျော် လာပါတယ် …အဲဒီ လိုနဲ့ ဖွင့်ဖွင့်ချင်း လူ အုန်းအုန်း ထ ပြီး ၀င်နေ….အလုပ် စ လုပ်လုပ် ချင်း လည်း..ပိုက်ဆံ က ကိုယ် မှန်း ထက် လူထက်ကျော် လွန်ပြီး ရနေတော့…တော်တော်လေး ကို ကိုယ့် ကိုယ် ကိုယ် အထင်ကြီးနေမိပါတယ်….အဲဒီလို နဲ့ မိုးတွင်းရောက်လာ …ကျောင်းတွေ ပြန်ဖွင့် နဲ့ …လူတွေ က လျော့လျော့ လာပါတယ်….အဲဒီ က နေမှ….တစ်လလုံး လူအရေအတွက် ( 100 , 80 , 60 , ….) စသဖြင့် တဖြည်းဖြည်း လူ အရေအတွက် လျော့ ကျကျ လာပါတယ်… ..နွေရာသီ ဆိုင်နှစ်ပတ်လည် ဆိုရင်…Discount ပြန်ချလိုက်…လူ ပြန်ဝင် လိုက်…ပြန်ပါးသွားလိုက်နဲ့…သြော်…နွေဆို လူ ၀င်တယ်…မိုးဆို ပါးတယ်….ပွဲတော် ရာသီ…ခရီးသွားရာသီ လူ ပါးတယ်..ပေါ့…