ကျွန်မ ချစ်သော ရဲဘော် များ ......    by Swe Myat Hay Thi on Sunday, 16 October 2011
      အောင်မြင်သော လုပ်ငန်း တစ်ခု ကို တည်ထောင်နိုင်ရန် အတွက်...ငွေအရင်း အနှီး ၊ အချိန် ၊ အတွေ့အကြုံ ၊ အရည်အချင်း ၊ အတတ် ပညာ.... စသည်တို့လိုအပ်သကဲ့သို့.... အရည်အချင်းင့်သော... ၀န်ထမ်းကောင်းများစွာလည်း လိုအပ်ပါတယ်.... အရည်အချင်းမြင့်သော.... ၀န်ထမ်း၏ အရည်အသွေးဆိုသည်မှာ... အလုပ်ကို....... မခိုမကတ်ဘဲ .. အပတ် တကုတ် ကြိုးစားလုပ်ကိုင်ခြင်း၊ မိမကိုယ်ပိုင်ငွေဖြင့် ဖွင့်ထားသော ဆိုင်/အလုပ် ဟူသကဲ့သို့သော စိတ်မျိုးဖြင့် အလုပ် အပေါ် စေတနာ ထားဆောင်ရွက်တတ်ခြင်း၊ မိမိကို ထမင်း ကျွေးသော အလုပ်အပေါ် သစ္စာရှိခြင်း ၊ ကတိ တည် ခြင်း ၊ နာခံတတ်ခြင်း ၊ တာဝန်ယူတတ်ခြင်း ၊ အချင်းချင်း တွဲခေါ်တတ်ခြင်း ၊ စိတ်ဝင် စားစွာ စူးစမ်း လေ့လာ တတ်ခြင်း ၊ မည်သည့် အလုပ်ကို မဆို ၀င်ရောက် လုပ်ကိုင် လိုစိတ်ရှိခြင်း ၊ မှားလျှင် ပြင် တတ်ခြင်း. ... အောင်မြင် လာလျှင် လည်း စိတ်ထား မပြောင်းတတ်ခြင်း ၊ ကျေးဇူးသိတတ်ခြင်း ...စသည့် အချက်များ ဖြစ်ပါသည် ။
      အလုပ် တော်တော်များများ မှာ အဓိ က အကျဆုံးနီးပါး ပြသနာ က ၀န်ထမ်း ပြသနာ ဖြစ်ပါ တယ်... .ဘယ်ကုမ္ပဏီ သွား သွား...ဘယ်လို ဆိုင်ကြီး ငယ်မဆို ရောက်သွားမိတဲ့ အခါတိုင်း ...အများ ဆုံးကြားရတာ ၀န်ထမ်း ပြသနာ ဘဲ ဖြစ်ပြါတယ်.....၀န်ထမ်း က ဗြုန်းစားကြီး နယ်ပြန်သွား လို့...အ လုပ်ထွက်သွားလို့....သူတို့ မရှိရင် မဖြစ်ဘူးဆိုတဲ့ အချိုးချိုးလို့...ပညာ တစ်ခု တတ်လာတာ နဲ့ ကန်သွား လို့..ခြေရာယှဉ်လို့...အချင်းချင်း မညီညွတ်လို့...စသဖြင့်...အမျိုးမျိုးသော အကြောင်းအရာ တွေ နဲ့..အပ်ကြောင်း မထပ်အောင် ကြားရ တတ်ပါတယ်.....
      တကယ့် တကယ်တမ်း မှာ တော့ အလုပ်ရှင် နဲ့ ၀န်ထမ်း ဆိုတာ ..အချင်း ချင်း အပြန် အလှန် မှီခို နေရ သူများ ဖြစ်ပါ တယ်. ..အလုပ်ရှင်မှာ ပိုက်ဆံ ရှိ ၊ ပညာတတ်ပါသော် လည်း..မိမိ ကို ၀ိုင်းကူပေးမည့် အဆင့် အနေ အထား အမျိုးမျိုးကို လိုက်၍... ၀န်ထမ်းတွေ လို အပ်သလို... ၀န်ထမ်းတွေ ဘက် မှ လည်း မိမိတို့ တတ်ကျွမ်းသည့် အတတ်ပညာ ၊ အရည်အချင်း ကို အသုံးချရန် အတွက်..အလုပ်ရှင် ဆိုတာ လိုအပ်ပါတယ်....၀န်ထမ်း ဘက်မှ...ချွေးသွေး ..စသည်တို့ကို လုပ်အားအဖြစ် ရင်းနှီး ပေး ဆပ် ရသ လို...    အလုပ် ရှင်များ ဘက်မှ လည်း အတတ် ပညာ ၊ အချိန် ၊ ငွေ ၊ နေရာ ရင်းနှီးမှု ၊ လေ့လာမှု ၊ အတွေ့အကြုံ စသည်တို့ ကို ပေးဆပ်ရတာ မတူညီတဲ့ အတွက်သာ ..၀န်ထမ်း နှင့် အလုပ်ရှင်...ရရှိသည့် အကျိုးအမြတ် ကွာခြားနေတာ က လွဲလို့... တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် မှီခိုနေရသူခြင်း အတူတူ ပင်ဖြစ်ပါတယ်....
      ကျွန်မ မှာ လည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် မှီခို နေရတဲ့ ၀န်ထမ်း လည်း ဟုတ်..ညီအမ တွေ ဆိုလည်း ဟုတ်..အလုပ်လုပ်ဖော်ကိုင်ဘက် …ရဲဘော်.. ရဲဘက်ဆိုလည်း ဟုတ် တဲ့…၀န်ထမ်းတွေ ( ကိုယ်ကာယ အလှသင်တန်း နဲ့ အဆီချ လုပ်ငန်းမှာ…စုစုပေါင်း ၀န်ထမ်း ( 7 ) ယောက် နဲ့..ဓာတ်ပုံ နဲ့ မိတ်ကပ် ဆိုင် အလုပ် အထွေထွေ.အတွက် က  ( 5 ) ယောက် ) ရယ်လို့  ရှိပါတယ်… သူတို့လေးတွေ အသီးသီးမှာလည်း …ကောင်းတာ ရှိသလို…အနည်းနဲ့ အများတော့ ..အားနည်းချက် ကလေးတွေ ရှိကြပါတယ်…. ခွင့်မလွှတ် နိုင် လောက်အောင်..ကြီးကျယ် ဆိုးရွား တဲ့ အပြစ် ကျူးလွန် လို့ အလုပ်ဖြုတ်လိုက်ရတဲ့ သူမျိုး က လွဲရင်… သူတို့ အားလုံး ကို အတတ်နိုင်ဆုံး ပြေလည်အောင် ညှိုနိုင်းပြီး ….ဆိုး တာရှိရင်…ကောင်းခဲ့တာလေး နဲ့ ဖြေသိမ့် လို့….အောင်မြင်တဲ့ အလုပ်တစ်ခု ဖြစ်အောင်…တက်ညီလက်ညီ ချီတက်နေကြတဲ့ ရဲဘော် ရဲဘက်များ သာဖြစ်ကြ ပါတယ်….
      စန္ဒာ သူ ကတော့…ချောက်မြို့သူ ဖြစ်ပြီး..ကျွန်မ ရဲ့ ညီမ တစ်ဝမ်းကွဲ လည်းဖြစ်…ကျွန်မ ဆီမှာ ( 5 ) နှစ် ကျော်ကြာ…ကျွန်မ ရဲ့ ကောင်းတာ ဆိုးတာ..အနွံအတာ ကို ခံပြီး…ကျွန်မ နဲ့ အချိန် အကြာဆုံး လက် တွဲ လုပ်ကိုင်ခဲ့သူလည်း ဖြစ်သလို ..အမြဲတစေ ကျွန်မ ..စိတ် နဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး လိုက်လျော ညီထွေ နေပေးတတ်သူ လည်း ဖြစ်ပါတယ်….စားနိုင်သောက် နိုင်တဲ့ မိသားစု က လာပေမယ့်… မောင်နှမ မွေးချင်း ( 10 ) ယောက် ရှိ လို့ အထိုက် အလျောက်..ကြပ်တည်းတာ ကို အလိုလို… သိမ် ငယ် နေတတ်တဲ့ သူလည်း ဖြစ်ပါ တယ် …မသိစိတ် က ညှိုးငယ်တာ အကြောင်းမဟုတ်ပေမယ့်… ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု မရှိလောက်အောင်ကို တစ်ခါတစ်ရံ စိတ်ဓာတ်ကျပြီး မှိုင်တွေ ငေးငိုင်နေ တတ်လို့ …ကျွန်မ …ခဏခဏ.အားမလို အားမရ ဖြစ်ခဲ့ရသူလည်း ဖြစ်ပါတယ်…. အခုချိန် မှာတော့ ….အချိန်တွေ တရွေ့ရွေ့ နဲ့ ကုန်လွန်ခဲ့ သလို..သူမသည်လည်း… လူတိုင်း နဲ့ အဆင်ပြေအောင် ပြော ဆို ဆက်ဆံနေထိုင်တတ် ပြီ ဖြစ်သလို…အားကစား သင်တန်း နည်းပြ နှင့်..မျက်နှာ အဆီချ အလုပ်ကို ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိစွာ ဖြင့် ကျွမ်းကျင်စွာ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်….။
      မအိ သူ့နာမည်အပြည့်အစုံကအိသဇင်မြင့်ပါ…..။ သူ ကတော့ ..ဟိုင်းကြီးကျွန်း ဇာတိ ဖြစ်ပါတယ်….. GINGER မှာ အလုပ်ဝင်တာ( 4 ) နှစ် ကျော်ကြာ ရှိပြီ ဖြစ်ပြီး….အဆင်မပြေတဲ့ မိဘ ကြားမှ..မွေးဖွားလာ လို့…ရုတ်တရက် ကြည့်ရင် မသိသာပေမယ့် သေချာ ဆက်ဆံ ကြည့်ရင် အရာရာ ကို အမှားမခံ..ထိလွယ်ရှလွယ် ခံစားလွယ်ပြီး…တစ်ခါတစ်ရံ အင်မတန်မှ နားလည် ရခက်သူလည်း ဖြစ်ပါတယ်.. ။ ဦးဆောင် လိုစိတ်ရှိပြီး…ကျွန်မ မလုပ်ချင်တဲ့ အလုပ်နဲ့…ပတ်သက်တဲ့ လူမုန်း ခံရမယ့် အလုပ်ကို ဒိုင်ခံ လုပ်ပေးတဲ့သူလည်း ဖြစ်ပါတယ်…အလုပ်မှာ အဆင်မပြေတာ များလာလို့…စိတ်ညစ်ငြီးငွေ့ စွာနဲ့…သူ့နယ် ကို ဘယ်လောက်ဘဲ ပြန်သွားသွား…အဝေး ရောက်သွားရင် အလုပ်မှာ အဆင် မှ ပြေပါ့မလား..လူ ကျနေရင် ကသီနေမလား စိတ်ပူစွာ နဲ့…ဘယ်လောက်ဘဲ စိတ်ညစ် ညစ်.. ပြီး အိမ်ပြန်ပြန်..GINGER ကို သံယောဇဉ် မပြတ်နိုင်စွာ နှင့် ပြန်ပြန်လာတတ်သူ၊ ဆိုင် နာမည် ပျက် မှာ လည်း အင်မတန် ကြောက်ပြီး စိတ်ပူတတ် သူ ဖြစ်သလို…ကျွန်မ Nargis မုန်တိုင်း ကြားမှာ. .ယောကျာ်း အနားမှာ မရှိ.. ..ဆေးရုံ ပို့မယ့်သူ မရှိ ၊ ဆေးရုံစောင့်ပေးမယ့်သူ မရှိ နဲ့..တစ်ခါ.. လမစေ့ ဘဲမွေးလို့…အသားတွေ. .၀ါ..နို့မစို့နိုင်လို့..တစ်ပတ်တိတိ ကလေးဆေးရုံ တင်နေရတဲ့ အခါများမှာ …ဖုံးလိုင်းတွေ အဆက် အသွယ် မရ..သူ့မြို့က သူ့ မိဘ တွေ..သေသလား ရှင်သလား မသိတာ ကို. .ကျွန်မ မသိအောင်သာ ကြိတ်ကြိတ်ငိုပြီး ကလေးနေကောင်းလို့ ..ဆေးရုံ က ဆင်းတဲ့ အထိ ကျွန်မ ညီမ စန္ဒာ နှင့် နေ့ မအိပ် ည မအိပ်…ကလေး ဆေးရုံ မှာ စောင့်ပေးပြီး..ကျွန်မ နဲ့ အတူ ဒုက္ခ ဆိုတာ တွေ ကို မျှဝေ ခံစားပေးခဲ့ သူလည်း ဖြစ်ပါတယ်…...
      သီသီ နာမည် အပြည့်အစုံ က သီသီဝင်း ဖြစ်ပြီး..ပဲခူးတိုင်း ကျောက်တံခါး မြို့ မှ လာသူလေး ဖြစ်ပါတယ်…. သူသည် လည်း GINGER က ရောက်ခါစ ကတော့ ညှိုးညှိုးငယ်ငယ် လေး နဲ့ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု မရှိသူ တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်….သူ အလုပ်စ ၀င်တဲ့ အချိန်မှာ လူ ပါးနေတဲ့ အချိန် ဖြစ်လို့..လစာ နဲ့ ကော်မရှင် အများကြီး မရ ပေမယ့်လည်း…သူ ထွက်သွားရင်… ကျွန်မ နောက် လူ အသစ် အစ ကနေ ပြန်သင်ရမှာ ကို အားနာတဲ့ အတွက်.အလုပ်မှာပျော်အောင်...ကြိုးစားနေရင်း.. မလုပ်ဖူး တဲ့ အလုပ်တွေ ကို အားကြိုးမာန်တက် ကြုံးရုန်း လုပ်ရင်း အလုပ်မှာ ပျော်လာသော ..မိမိ ကိုယ် ကို ယုံကြည်မှုရှိလာသော…၀န်ထမ်း အသစ်တွေ လာရင်..ဘယ်လောက် ပဲ ဝေးဝေး စိတ်ရှည် ချိုသာ စွာ ….သင်ပြပေးနိုင်သော ..ပုံမှန်ထက် ပိုပြီး ဂျီကျတတ်တဲ့ Customer တိုင်းကို စိတ်ရှည်စွာ.. စေတနာ ထား ၍ ဆောင်ရွက်ပေးတတ်သူ လည်း ဖြစ်ပါတယ်…..သူ ရောက်ပြီး သိပ်မကြာဘဲ..သူ့မြို့ ကို ခဏ ခွင့် တောင်းပြီး ပြန်သွားတုန်းက အလုပ်မကောင်းလို့..ထွက်သွားပြီတောင် ထင်ခဲ့တာ… ကျွန်မ နဲ့ သိပ် မရင်းနှီးသေးပေမယ့်…ပေးထားတဲ့ ကတိကို တည်စွာ နဲ့ နေထိုင်မကောင်းလျှက် နဲ့..ပြောသွားတဲ့ ရက်..အတိအကျ ရောက်အောင်…ကတိတည်စွာ…ပြန်လာတတ်သူ လည်း ဖြစ်ပါတယ်….