ကျွန်မ သာ……တန်ဖိုး မဖြတ်နိုင်တဲ့ ....သိန်းကျော်တန်….CUSTOMER.....ဖြစ်ခဲ့ရင်…....by Swe Myat Hay Thi on Tuesday, 09 August 2011


      ကျွန်မ ရဲ့ ပထမဆုံး အသက်မွေး ၀မ်းကျောင်း အလုပ် က …( GINGER -အမျိုးသမီး သီးသန့် )…ကိုယ်ကာယ အလှ သင် တန်း ပါ…..စဖွင့်တဲ့ အချိန်ရဲ့ ရည်ရွယ်ချက်က အလုပ်လေး တစ်ခု ရှိရင်..အဓိက စိတ်မလေဘူး….ပုံမှန် ၀င်ငွေလေးလည်းရတယ် ….. သူများတွေကို လှအောင်လုပ်ပေးရင်း …… ကိုယ်ကိုယ်တိုင်လည်း လှလှ ပပ နေလို့ရတယ် …… အလုပ်လေး တစ်ခုရှိရင်… .အိနြေ္ဒလေး လည်းရတယ် …… လူတိုင်း လာနိုင်တဲ့…..ဈေးနှုန်း မျိုးလေး လည်း ဖြစ်ချင် ခဲ့ တယ်…….ဆိုပါတော့ …..အဲဒီလိုနဲ့ အလုပ်စလုပ်ဖြစ်ခဲ့ ပြီး …မျက်စိလေး နည်းနည်း ပွင့်လာတော့ ဆက် စပ်တဲ့ အလုပ်လေးတွေ တစ်ခုပြီး တစ်ခု တွဲလုပ် ဖြစ်လာ တယ်…… ဒီအချိန် အထိလည်း ခံယူချက်က သိပ်မပြောင်းသေး ပါဘူး…… .လူလာ ရင် ပျော် တယ်…. ပိုက်ဆံရရင် ပျော်တာဘဲပေါ့…….အခုကျတော့ အဲဒါထက် ပိုလာပြီး…. အလုပ် တွေ တိုးချဲ့ချင် လာ တယ်….. ပိုပြီး... အချက်အချာ ကျ တဲ့ နေရာတွေမှာ…..ဆိုင်ခွဲတွေ ဖွင့်ချင် လာတယ် ……အောင်မြင်ချင်လာတယ်… နာမည်ကြီး ချင် လာတယ် ..…..ကြီးကြီး ကျယ် ကျယ် ပြော ရရင်…..လုပ်ငန်းရှင် အကြီးကြီး ဖြစ်ချင်လာတယ် ပေါ့ …ဖြစ်ချင် လာ ရတဲ့ အကြောင်း က အကြောင်းအရင်းက ….. ဒီလို ပါ…… အလုပ်ပါး တဲ့ အချိန်လေး ရက်တို သင်တန်းလေးတွေ ရှိ လို့ အားတဲ့အခါ လိုက်တက်မိတာ က စ….ပါတယ်… .ကျွန်မမှာ… အလုပ်ထဲမှာဘဲ နေရတာများတော့....ကျောင်းပြီးတဲ့ အချိန်က စပြီး....အလုပ်လုပ် ရင်းခင်သွားတဲ့ သူတွေ က လွဲလို့….( သတ်သတ် သိတဲ့ မိတ်ဆွေ မရှိပါဘူး …… ကျောင်းတုန်း က သူငယ်ချင်းတွေ ဆိုတာ လည်း …သူ့ အလုပ် နဲ့ သူ့အိမ် ထောင် နဲ့သူဆိုတော့ ကင်းကွာခဲ့တာ ကြာပြီး….အခု.. Internet ...သုံးတတ် တော့မှ ……Face Book ကျေးဇူး နဲ့ ပြန်ဆုံ ကြရ ပါတယ်…..) သင်တန်း တက် တယ် ဆိုတာ က လည်း ...Short Course... လေးတွေ မို့စာလည်း မကျက်ရ …. စာမေးပွဲ လည်း ဖြေစရာမလို ….. လုပ်ငန်းပေါင်းစုံ ရဲ့ အသိ မိတ်ဆွေ တိုးသလို ဗဟုသုတ လည်း တိုးပြီး… စိတ် ထွက်ပေါက် လည်းရ တဲ့ အတွက်…. အားရင် အားသလို လိုက်တက် ဖြစ် ပါတယ် ……သင်တန်းကြေး အနေနဲ့က ကျွန်မ တို့ အလုပ် ကျွန်မတို့ ၀င်ငွေ အနေ အထား နဲ့ဆို..... တော်တော် အီလည် လည် ကြီးပါ ….ကျွန်မတို့ အထွာနဲ့ အီပေမယ့် ကျွန်မ သင်တန်း... ၁၀.. ခု....စာ ကုန် လိုက်ရတဲ့ သင်တန်းကြေး က သူတို့ကို… အကုန်အကျ ခံပေးတဲ့ ...ကုမ္ပဏီကြီးတွေ ရဲ့ Sponsor... တစ်ခါ..စာ ကိုတောင် မမှီပါဘူး….အရမ်းအောင်မြင် တဲ့ လုပ်ငန်းကြီးတွေ နဲ့ လုပ်ငန်းရှင်ကြီးတွေ ကို က အစ လက်ခံအောင် သင်နိုင် တဲ့ သင်တန်း မို့ အဲဒီ ဆရာကို တော်တော် သဘောကျ သလို…အဲဒီ သင်တန်း ကို လည်း တော်တော် အထင် ကြီးလေး စား မိပါတယ်….
      ပထမဆုံး စတက် တဲ့ အခေါက်က စပြီး တော်တော် နှစ်သက် သဘောကျတဲ့ အတွက်…..ပိုက်ဆံ အများကြီးပေး ရတာ တန်ပါတယ်ဆိုပြီး......အားတဲ့ အခါတိုင်း… .တက် လိုက်အောင် ကြိုးစား ပြီး တက်ပါ တယ်…. .တော်တော် လည်း ……ပျော်ပါတယ်…….ဒါက ကျွန်မ ...Side ...က အမြင်ပါ… …သူတို့ဘက်က အမြင်မှာ တော့ ....သူတို့ဆီလာတဲ့ အထက် တန်း လွှာ လူတန်းစား ပေါင်းစုံ ထက်စာရင်….ကျွန်မ အလုပ် အကိုင် အနေအထား က တော်တော် သေးနုပ်တဲ့ အနေ အထား ပါ…. အဲဒီ သင်တန်းကို ကျွန်မ တို့မိသားစုထဲက အရင်းနှီး ဆုံး ဆွေမျိုးတွေ ပါ….လာတာမို့ လာသမျှ ထဲမှာ တစ်ဆွေ လုံး တစ်မျိုးလုံး အားပေးတဲ့ သူဆိုလို့ ကျွန်မတို့ မိသားစုဘဲ ရှိမယ် တောင် ထင်ပါတယ်……. သွေးအရ အရင်းနှီး ဆုံး မို့….မိသားစုဖြစ်ပေမယ့် သူတို့ က …..သူဌေးတွေ ဖြစ် သလို. ...Sponsor ... တွေ အများကြီးပေးထားတာ မို့ ...ကျွန်မ နဲ့ ဆက်ဆံခံ ရပုံချင်း ဦးစားပေး ခံရပုံချင်းတော့ ဘယ်လို မှ မတူနိုင် မှန်း ကျွန်မ သိပါတယ်.. သင်တန်းက ဆရာ က တော့ သင်တန်း လာ တက် ရင်… .ဗဟုသုတ ရရုံနဲ့ မပြီးဘူး…. ..Visiting Card... တွေဖလှယ်….. သူ့အလုပ်.. ကိုယ့်အလုပ်... မိတ်ဆက်…သူ့ Customer ကိုယ်ရ ..ကိုယ့်..... Customer ...သူရ နဲ့ မို့ Marketing တောင် တကူးတက ဆင်းစရာ မလိုဘဲ….ဈေးကွက် အသစ်ရစေ ချင် တဲ့ အကြောင်း ကို သင်တန်း တိုင်း မှာ လည်း…အမြဲ သင်ပေးပါ တယ် ……
      ဆရာ မသိတဲ့ အကြောင်း က …. ဖလှယ်ခိုင်း တိုင်း လည်း မရဘူး ဆိုတာပါ…တချို့ဆို…..စားရင်းသောက်ရင်း မိတ်ဆက် စကားပြောလို့ Flyer လေး ၊ Card လေးပေး မိရင်တောင် ….လှန်းမိတဲ့ လက်ကို …အားနာ ပါးနာတောင် မယူ ဘဲ….ထသွားတဲ့ အခေါက်တွေလည်း ခဏ ခဏ ကြုံရပါတယ်…….ကျွန်မတို့အဆီချ လုပ်ငန်း ကို ဆို ကိုယ့် မြို့နယ် ဈေး ကွက်ရော… ရန်ကုန်မြို့တွင်း အရမ်းဝေးတဲ့ မြို့နယ် အသီးသီးက လူပေါင်းများစွာရော…..မှော်ဘီ ၊ ပဲခူး.. ၊ တိုက်ကြီး စတဲ့ အနီးတ၀ိုက် နယ်တွေဆို နေ့ချင်း ပြန် အဆီလာချ တာနဲ့ နယ်တွေက နေ အခန်းငှားပြီးအဆီလာချ တဲ့ သူတွေ အပြင် … နိုင်ငံ ရပ်ခြား က မြန်မာပြည် ခဏ ပြန်လာတုန်း အဆီလာချတဲ့ သူတွေက အစ လာပါတယ်…..…ဒါပေမယ့် မသိတဲ့ သူတွေက …ကျွန်မဆိုင်…က သိပ် အချက်အချာ ကျတဲ့ နေရာမှာ ဖွင့်ထားတာ မဟုတ်တဲ့ အတွက်… အထင်မကြီး ကြ ပါဘူး…..အဲဒီ အတွက် ကိုယ့်ဆိုင်ကို အထင်မကြီးတဲ့ သူတွေကို အရမ်းမကြော်ငြာ နေတော့ ဘဲ...ကျွန်မ ကို ယုံကြည် လို့ ရောက်လာတဲ့ သူတိုင်းကို တော့ အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်အောင် ကြိုးစားပါတယ်….. သူတို့ဆီသွား ရင် လည်း… . ကိုယ့်လက်ရှိ အနေအထား….က သူတို့ထက်….အများကြီး….နိမ့်ကျတာ ကို ….လက်ခံလိုက် ပြီး… ဘာ ကြော်ငြာ မှ ….ယူမ သွားတော့သလို...…သင်တန်းပြီးရင်... လုပ်ငန်းရှင်တွေ ၀ိုင်းဝိုင်းလည်နေတဲ့ ...ဆရာ့....ကို ပြန်ခါနီး ....သွားနှုတ်ဆက် ချင်တာမျိုး….သိချင်တာလေးတွေ သီးသန့် မေးချင်တာမျိုး ရှိပေမယ့် နောက်ပိုင်းမှာ..... ကိုယ့် အနေအထားကို ကိုယ်...သိပြီး တက်ပြီးတာနဲ့ ကုပ်ကုပ်လေးဘဲ ပြန်လာ ပါတယ် …..ကျွန်မ က ကျွန်မ ဘဲဖြစ် ချင် ပါတယ်…..ဘယ်သူ့တူမ…..ဘယ်သူ့ဆွေမျိုးမို့ မကောင်းတတ် လို့ အားနာပါးနာနဲ့ လက်သင့်ခံရတာ မျိုး မလိုချင် ပါဘူး….
      လက်ရှိ ကျွန်မ အလုပ်တွေ အကုန်လုံးက.... ကျွန်မကိုယ်တိုင် အစအဆုံးလေ့လာ ပြီးလုပ်လာတဲ့ သူမို့ လူ ၁၀၀ သိရင် လည်း… ကျွန်မကြောင့်… လူ ၁၀၀၀ ...သိရင်လည်း ကျွန်မ ကြိုးစားမှု ကြောင့်လို့ဆိုပြီး …….ခေါင်းကြော မာ…. တဲ့ အထိ အလုပ်နဲ့ ပတ်သက်ရင် မာန အပြည့် ရှိတဲ့သူပါ……..အဲဒီ အတွက်လည်း…ဦးစားပေးမှု ခံရအောင် ဘယ်သူ့ နာမည် ကို မှ….မသုံးဘဲ… ကိုယ့်အနေ အထား အတိုင်း ကိုဘဲ….. လက်ခံရင်ခံ …..မခံလည်း …..ဂရုမစိုက်ဘူး ဆိုတဲ့…. .အလုပ် မာနနဲ့ အတူ ....ကျွန်မ ဟာ ကျွန်မ အရည်အချင်း ကြောင့် သာ ကျွန်မ ဖြစ်ရမယ်..... တခြား လူေ ကြာင့် ဖြစ်ရတဲ့ ကျွန်မ ...မဖြစ်စေရဘူးလို့....ခံယူထားပါတယ်....… ဒါပေမယ့် အလုပ်က လူ အရမ်းပါး တဲ့ အခါ နဲ့ သင်တန်းက ကိုယ် တက် ချင်တဲ့ Course ရှိတဲ့ အခါမျိုး... ကြုံကြိုက် ရင်...ပိုက်ဆံ ကြပ် တဲ့ အချိန်မှာ သင်တန်းကြေး အများကြီးကုန် လို့... ကျွန်မ ခင်ပွန်း...ငြိုငြင် မှာစိုး တဲ့ အတွက်.....ကျွန်မ ခင်ပွန်း ကို ပိုက်ဆံရှိတဲ့ ကျွန်မ ရဲ့ ဆွေ မျိုး တွေ ရဲ့ နာမည် သုံးပြီး …သူတို့…. Sponsor... ပေးလို့…..သူတို့ ဆီက လူတစ်ယောက် မတက်လို့ ဆိုပြီး……. ညာပြီး သွားခိုး တက်ခဲ့ရ သလို ...တစ်ဘက် ကို လည်း အလကား တက်ရတယ်....လို့ ကူညာ ခိုင်းခဲ့ ရတဲ့... အခေါက်တွေ လည်း မနည်းပါဘူး… …ဒါတွေက ...ဘယ်သူမှ မသိလိုက်တဲ့ ကျွန်မဘက်က.... အခက်အခဲပါ ………ကျွန်မတို့ ကသာ အခက်အခဲ အမျိုမျိုး နဲ့ လိုလိုလားလား ရှိလို့ အဝေးကြီးကို သွားတက်ရပေမယ့် ....အခမဲ့ ဖိတ်ကြားခံရတဲ့ Sponsor ကုမ္ပဏီတွေနဲ့ VIP ဧည့်သည်တွေဆို ခဏလေး မျက်နှာပြရုံ လာ ထိုင်ပြီး ဆုံးအောင် မတက်ဘဲ ပြန်သွား ကြ တာတွေ့ တိုင်း.......သူတို့ အစား လစ်လပ်နေတဲ့ ထိုင်ခုံ တွေ ကို နှမြောနေ ရ ပါတယ်.....
      အဲဒီ သင်တန်း ကို တက်ချင်တဲ့ အတွက်….အတတ်နိုင် ဆုံး တခြား အပို သုံးတာရှောင်ပြီး…..သင်တန်းကြေး အတွက်....ကုန်ဖို့ကို ပဲ…. ရည်ရွယ်…ထားခဲ့ပါတယ် …..တခါတလေ…Marketing တွေ အပြောကောင်းလို့ လိုက်တက်မိ ပြီး …. …Company တွေ ရဲ့ …. ဖွဲ့စည်းပုံ တွေ ၊ လုပ်ရိုး လုပ်ထုံးတွေနဲ့ ပိုသက်ဆိုင် တဲ့ စီမံ အုပ်ချုပ် တဲ့ ....Course .... တွေ သင်တဲ့ အခေါက် ဆို ....လုံးလုံး နားမလည် ပါဘူး… ဘယ်လိုဘဲ ဖြစ်ဖြစ်..ချက်ချင်း မဟုတ်တောင် …. တက်တာ များရင်… နားလည် လာမှာ…တချိန်တော့ အကျိုးရှိမှာပါ…ဆိုပြီး အားတိုင်း လည်း သွားပါတယ် …….အဲဒီ သင်တန်းက တစ်ခါ တစ်ခါ သွား ရင် ….လာ တက်တဲ့ လူ ၁၀၀ ကျော် လောက် ရှိတဲ့ အပြင်…..လုပ်ငန်းရှင် ပေါင်းစုံ…..Sponsor Company ပေါင်းစုံ…..တစ်ခါ ကုမ္ပဏီပေါင်းစုံက နေ သူတို့ရဲ့ ၀န်ထမ်း အသီးသီးကို ..မျက်စိပွင့်အောင်.... အုပ်စု လိုက်ကြီး ...လွှတ်ပြီး တက်ခိုင်းတာက အစ တွေ့ရပါတယ်.......Trade Fair အသေးစားလေး လို မို့တော်တော် လည်း ပျော်စ ရာ ကောင်း လှပါတယ်.... ကျွန်မဆို ရင်...ကွန်မ ဆိုင်က ၀န်ထမ်းတွေ ကို အင်မတန် ပို့ချင်ပေမယ့် မ ပို့ပေးနိုင် တဲ့ ငွေကြေး အနေအထားကြောင့် ....ကျွန်မ နည်း နဲ့ ကျွန်မ .....သင်တန်းတွေ တက်ဖြစ်တိုင်း. ....သူတို့ သင်တာ ကို အတတ်နိုင် ဆုံး အိမ်ရောက်ရင် ကျွန်မ ဆိုင်က ကလေးတွေ ကို ပြန်ပြောပြနိုင်အောင်. ...ပြန်ပေး ဖတ် လို့ရအောင်က အစ .... အနီးစပ်ဆုံး သူတို့ပါ နားလည်နိုင်မယ့် အထိလေး ဘာသာ ပြန်ပြီး အိမ်ယူ သွားသလို..... အိမ်ရောက် ရင် ကိုယ်....ဒီ စာတွေ ရလာတယ်...ဒါဖတ်လို့ ပြောမယ့် အစား....Trade Fair လို Sponsor ကုမ္ပဏီတွေ က ပေးတဲ့ လက်ဆောင်လေးတွေ နဲ့ လူ အများကြီး အတွက် ကိုယ် ၀ယ်ပေးနိုင်တဲ့ ...ဈေးသိပ်မကြီးတဲ့ အမှတ်တရ လက်ဆောင်လေးတွေ ၀ယ်ပြီး.... လက်ဆောင်လေးတွေ ဝေပေး ရင်း.. .ဒီသင်တန်း ရဲ့ ပျော်စရာကောင်း တဲ့ အကြောင်းနဲ့ အားကျ စရာကောင်းလှတဲ့ အကြောင်းတွေကို သူတို့ စိတ်ပါ ၀င်စား လာအောင် ပြော ပြီး မှ....ပြန်ပြီး....Sharing လုပ်ပါ တယ်......ကျွန်မလည်း သင်သမျှ အကုန် နားလည်တာ မဟုတ်ပေမယ့် ကျွန်မ နှစ်သက်တဲ့ အချက်တွေ ရလာ လျှင် ပြန် လည်ဝေငှ လိုက်တော့ ကျွန်မပေးလိုက်ရတဲ့ သင်တန်းကြေးက ....ကျွန်မ တစ်ယောက်စာ မဟုတ်ဘဲ...ကျွန်မ ဆီက ၀န်ထမ်းတွေ ...၈... ယောက်လောက် ပါ.... အထိုက်အလျှောက်...ရသွားတာမို့ တန်တယ်လို့ ယူဆပြီး..... အမြဲတမ်း သွား တက်ချင်နေ ခဲ့ သလို ..ကိုယ် စ တင်နားလည် လာရသလောက် အသိပညာလေးအတွက်လည်း...မျက်စိရှေ့မှာ ကိုယ့်လို မျိုး မှားနေ တဲ့ လုပ်ငန်းတွေ ၊ ဆိုင်တွေ ၊ ကုမ္ပဏီ ကြီးတွေ တွေ့ရင်...ကိုယ်နဲ့ သိပ်ရင်းနှီးလို့ စကား စပ်မိရင် ..... အဲဒီမှာ... သင်တန်း သွား တက်ကြည့်ဖို့ ....နဲ့ တတ်နိုင်တဲ့ သုတွေကို ဆို ၀န်ထမ်းတွေ ကိုပါ..လွှတ်ပြီးတက်ခိုင်း ကြည့်ဖို့ .ကအစ...ပိုက်ဆံ မရဘဲ.. Marketing ဆင်းမိ ပါသေးတယ်....
     သင်တန်းတက်ရင်း နဲ့လည်း......ကိုယ် မှားတာတွေပါ...အများကြီး.... သိမြင် လာရပါတယ်…...သူတို့ သင်ပေး တဲ့ ...Human Resources , Marketing , Customer Service , Attitude , Advertising Management , Distribution , Strategic Management စတဲ့ …တန်ဖိုး ရှိတဲ့ Courses တွေ က နေ လည်း ……..ပြုပြင် စရာတွေလည်း အများကြီး တွေ့လာ ပါတယ်….. တခါတလေ… .မှားမှန်းသိတယ် ….ပြင်ရ မယ်မှန်း သိ တယ်….ဒါပေမယ့် ဘယ်က စပြင်ရမှန်း မသိတာတွေလည်း အများကြီးပါ…..ဘယ်လိုဘဲဖြစ်ဖြစ် …..ကျွန်မ အနေအထား နဲ့ အတတ်နိုင်ဆုံး အမှားတွေပြင် ၊ လိုအပ်ချင် တွေရှာရင်း…အတတ်နိုင်ဆုံး ပိုကြိုး စား ပြီး .. ... ပြုပြင်ပြောင်း လဲအောင် လုပ်ဖြစ် လာ ပါတယ်……
      သင်တန်းက တရားဝင် သင်ပေးလိုက်တဲ့ အသိ ပညာတွေက တန်ဖိုးရှိသလို..…… တရားမ၀င်…. သင်ပေး လိုက် တဲ့ မခံချင်စိတ်ကနေ.... ရ လိုက် တဲ့ အသိပညာတွေက လည်း လက်တွေ့  လုပ်ငန်းခွင်မှာ ....တော်တော်လေး.... အသိတရား ရပြီး....အသုံးတည့်ပါတယ်....... တရားဝင် သင်ပေးလိုက်တဲ့ အသိ ပညာတွေဆိုတာက ဆိုင်တစ်ဆိုင် စ ဖွင့်တာ နဲ့ မလိုအပ်ဘဲ...Discount ချတာမျိုး....၀န်ထမ်းတွေ ကို မယုံကြည်တာမျိုး.. ...လူယုံဆိုပြီး... ကိုယ့် လူ တစ်ယောက် သွင်း ပြီး...အချင်းချင်းအကြောင်း စနည်းနာတာ မျိုး က အစ..... ၀န်ထမ်းအချင်းချင်း သွေးခွဲပေးထား တာ ... တွေ... .ရာထူးအလိုက် ကိုယ့် တာဝန်ကိုယ် မယူဘဲ.....မဆိုင်တဲ့ အလုပ်တိုင်းကို ၀င်ပါနေလို့ မလိုအပ် တဲ့ ပြသနာတွေ ဖြစ် လာ ရတာတွေ......ကြောငြာနဲ့ ပတ်သက်ပြီး မှား တာတွေနဲ့ အထူးသဖြင့် Customer တွေကို ဘယ်လို ဂရုစိုက်သင့် တာမျိုး......Customer အသစ် အသစ် အတွက် ငွေ ကုန်ကြေးကျ အများကြီး ခံပြီးကြော်ငြာသလို ....ကိုယ့်ဆီ လာတဲ့ လက်ရှိ Customer ကို လည်း ...ဂရုစိုက်ပြီး..အဲဒီ လူရဲ့ စိတ်ခံစားချက်နဲ့ ကိုယ့် အလုပ်ကို ရဲ့.....၀န်ဆောင်မှုကို စိတ်ကျေနပ်မှု အပြည့်ရရှိစေဖို့.......Customer ပုံစံ အမျိုးမျိုးကို ဘယ်လို အကြောင်း နဲ့ ပဲ ဖြစ်ဖြစ်.... စိတ်ရှည်စွာနှဲု ကိုင်တွယ် ဖြေရှင်း တတ်ဖို့.....Customer တစ်ယောက်နဲ့ မိတ်ပျက်ရင်.. လည်း ကိစ္စ မရှိ ဘူး.......နောက်ထပ် လူတွေ အများကြီး...လာနေအုံးမှာလို့ မတွေးဘဲ..... အဲဒီ လူကနေ... .လူပေါင်းများ စွာ ကို ပြန့် နှံ့ သွားနိုင် တာမို့....Customer တစ်ယောက် မဆုံးရှုံး ရအောင်...အမြဲ ဂရုစိုက် ကိုင်တွယ်ဖြေရှင်း တတ် ဖို့.... ဘယ်လို ပုံစံ နဲ့ လာတဲ့ Customer ဖြစ်ဖြစ်....ကိုယ့်ဆီက ၀ယ် ၀ယ် မ ၀ယ်ဝယ် ..လေးစားစွာ...ပြောဆိုဆက်ဆံ တတ်ဖို့ .....Customer Data Base ထားပြီး.....ကိုယ့်ရဲ့ Customer တွေနဲ့ အဆက်အသွယ် မပြတ်ဖို့နဲ့က..... ဆရာ ဆိုလျှင် Customer တစ်ယောက် ကို ....စိတ်ကျေနပ်မှုရှိအောင် ၀န်ဆောင်မှုပေးလိုက်ရာကနေ....အဲဒီ Customer က စိတ်ကျေနပ် မှု အပြည့်ရှိ သွားတဲ့ အတွက်...သူကနေ...ဆက်စပ်ပြီး......နောက်ထပ် အလုပ်တွေ အများကြီး ရလာသလို..... သူနဲ့ သိတဲ့ အခြား....ကုမ္ပဏီ တွေကလည်း အုပ်စုလိုက် ...သင်တန်း အပ် တဲ့သူတွေ.....နဲ့ အဲဒီ သင်တန်းရဲ့... အခြား ၀န်ဆောင်မှုတွေ ကို ပါ ယုံကြည်မှု ရှိလာတဲ့ အတွက်.. .ထပ်ထပ် ဆင့် ပွား ပြီး.....အလုပ်သစ်တွေ....Customer အသစ်တွေ....ကို ပင်ပင် ပန်းပန်း... ခက်ခက်ခဲခဲ မရှာရဘဲ..... ထပ်ထပ် ရတဲ့ အတွက်... .ပထမ စိတ်ကျေနပ်မှုရသွားတဲ့ Customer ကိုလည်း ...ပိုပြီး... လိုလေသေး မရှိ ဂရုစိုက်ပြီး.... လိုအပ် ချက်တွေ ဖြည့်ပေး. ...အားရင် ချိန်းပြီး.. ..စားသောက်....အလုပ်အကြောင်း စကားစမြည်ပြောပြီး ရင်းနှီး မှုတွေ.... ဆ ထက် တိုးအောင် လုပ်ဆောင် ရင်း... Customer..... တွေရဲ့ ယုံကြည်မှုကို ကြာရှည်စွာ တည်ဆောက် နိုင်ပါကြောင်း ...စတဲ့ အဖိုးတန်တဲ့ သင်ခန်းစာတွေကို ...အများကြီးရိခဲ့လို့ ....ကျွန်တို့ မသိလို့ မှားခဲ့ရတဲ့ Customer နဲ့ ပတ်သက်တဲ့ အမှား လေး တွေ ကို ပါ သိမြင် ပြီး. .... အထိုက်အလျောက် ပြုပြင်လာနိုင်ခဲ့ပါတယ်.....
      တရားမ၀င်…. သင်ပေး လိုက် တဲ့ မခံချင်စိတ် ကနေ.... ရ လိုက် တဲ့ အသိပညာတွေ ဆိုတာက တော့ ကျွန်မရဲ့ ကိုယ်တွေ့ စိတ်ခံစားချက်...သိမ်ငယ်မှု ...စိတ်အားငယ်မှု ....က နေရလာတဲ့ အသိပညာပါ......( .ကျွန်မ ဒီ အကြောင်း ကို ရေးတဲ့ အတွက်.....ဖတ်မိတဲ့ သူတို့ ဦးစားပေးခံရတဲ့ ကျွန်မရဲ့ ဆွေမျိုး အရင်း တွေက ....ကျွန်မ ကို အပြစ်တင်ကောင်း တင် နိုင်ပါတယ်.......ကျွန်မက လည်း လုပ်ချင်ရင် တားမရတာမို့......ကျွန်မ ဘက်က ကြည့်ရင်.... သူတို့လို သိန်း ကြီးပေါင်း များစွာ အကုန်ခံပြီး....အလုပ် မအပ်နိုင်...၀န်ထမ်းတွေကို မထားပေးနိုင်..Sponsor .... မပေးနိုင်ပေမယ့် ကျွန်မ အထွာ နဲ့ ကျွန်မ ကတော့ တော်တော်ကို ရှိစု မဲ့စု..... ခြစ်ခြုတ် ပြီး.....မစုရက် မဆောင်း ရက် နဲ့ သင်တန်းပေါင်း များစွာ... ကို ခြစ်ခြစ်ခြုတ်ခြုတ် တက်ခဲ့ရတဲ့ Regular Customer .....ဖြစ်တာမို့... ကျွန်မ မှာလည်း ...Customer..... နေရာ က နေ.. ကျွန်မရဲ့ စိတ် ခံစား ချက် ကို ....ချပြ ခွင့်ရှိတယ် ဆိုတဲ့ ....ယုံကြည်ချက် ကြောင့် ...ဒီ Link ...ကို ကြိုးစား ပန်းစား ရေးဖြစ် ပါတယ်..........)...ဒီ Link လေးကို ဖတ်မိတဲ့ ...Customer နဲ့ သက်ဆိုင်တဲ့ လုပ်ငန်း အသီးသီး လုပ်ကိုင်နေ တဲ့ သူတွေ အတွက် လည်း ကျွန်မ ရဲ့ ကိုယ်တွေ့ စိတ် ခံစားချက် က နေ အထိုက် အလျောက်.... .ဆောင် ရန်ရှောင် ရန်လေးတွေ ရ နိုင်မယ်လို့လည်း .....ကျွန်မ ယုံကြည်ပါတယ်.....