အလုပ်ချင်း တူရင်....ရန်သူ.... ဖြစ်သတဲ့ လား.... by Swe Myat Hay Thi on Saturday, 23 July 2011


       ကျွန်မ ဓာတ်ပုံဆိုင် ဖွင့်ခါစက ဖြစ်ပါတယ်....ဓာတ်ပုံဆိုင် ဆိုတာက ဖွင့်တာနဲ့ လူအုံးအုံးထတဲ့ အလုပ်မျိုးမဟုတ်တော့... .တစ်နေ့တစ်နေ့ လူ တစ်ယောက် လာဖို့ တော်တော် မျှော်ရပါတယ်..... တခါတလေဆို....၃ ၊ ၄ ရက်ဆက် တစ်ယောက်မှ မလာတဲ့ နေ့မျိုးလည်း ရှိပါတယ်....နာမည်ကြီးဖို့ ကတော့ အဝေးကြီးပါဘဲ.....Magazine မှာ.....ကြော်ငြာရ ၊ သတင်းစာ ထဲထည့်ရ.... ဘွဲ့နားနီးရင်... ..ဘွဲ့လက်မှတ်.....လျှောက်တဲ့ နေရာတွေမှာ ကြော်ငြာတွေ ကမ်းရနဲ့.....ကမ်းတာက တစ်နေ ရာ... လာတဲ့လူက တစ်နေရာမျိုး လည်း ဖြစ်တတ်ပါသေးတယ်....နောက်တစ်မျိုးကြော်ငြာတာကတော့.......ဒီဇိုင်နာတွေ...အလှပြင်ဆိုင်တွေကိုပါ......ကျွန်မတို့ဆိုင်မှာက ဓာတ်ပုံတင် မဟုတ်ဘူး... မိတ်ကပ်ရော.. .လက်ဝတ်လက်စားငှား... တာရော..... .ဘွဲ့ဝတ်စုံငှားတာရောပါ.....အပျော် ဂါဝန်နဲ့ ၀တ်ရိုက်ချင်ရင်တောင် ....Wedding Dress.. တွေ ရှိပါသေး တယ်.....ဒါပေမယ့်..... လိပ်စာကတ် အားလုံး မှာ အဲဒီ Service တွေအားလုံး ...မရေးပါဘူး..မရေးရတဲ့ အကြောင်းက ..လုပ်ငန်းတူတဲ့ အတွက် စည်းထားတဲ့ သဘောပါ.......ဒီဇိုင်နာတွေကို ပေးမယ့် ကတ်တွေ နဲ့ Album တွေ..မှာ. ...ရှိသမျှ.... Service တွေ အကုန် ပါပြီး...Beauty Saloon တွေကို ပေးရင်တော့....... Photo Studio ဆိုတာ ပါတဲ့ ကတ် ပဲပေး ပါတယ်.. .တစ်ချို့ ဒီဇိုင်နာ နဲ့ Saloon တွေဆိုရင်တောင်...ကြော်ငြာ ပါ ကပ် ပေးပါသေးတယ်........မပေးခင်မှာ....ကြိုတင် ခွင့်တောင်းပြီးမှ...လိုလိုလားလား လည်း... လက်ခံတဲ့ဆိုင်ဖြစ်မှ .......သွားတာပါ..... အသိဆိုင်တွေ ဆီသွားရင်...ဆိုင် က ကလေးတွေကို မသွားခိုင်းပါဘူး....ကျွန်မ ကိုယ်တိုင်ဘဲ..... ခင်မင်မှုနဲ့ ကူညီတဲ့ သူဆိုရင်တစ်မျိုး ၊ % ပေးရတဲ့ ဆိုင်တွေဆို တစ်မျိုး ၊ အမျိုးနဲ့ ကော်မ ရှင် ပေးတန်ပေး ၊ လက်ဆောင်ပေး တန်ပေး နဲ့ ပုံစံ အမျိုးမျိုးနဲ့ ကြော်ငြာဝေ. ... ဖြစ်ပါတယ်.... ..နာမည်ကြီး မိတ်ကပ် ဆရာတွေ က အစ ...လိုလိုလားလား...သူတို့ဆီလာတဲ့ သူတွေကို ဓာတ်ပုံရိုက်ဖို့ ကြော်ငြာပေး ပါတယ်... ..ကိုယ်က လည်း ကိုယ့်ဆိုင်နဲ့ နီးရင်နီး ၊ မနီးရင်လည်း လာနိုင်ချေရှိမယ့် နေရာတွေကို ဘဲ ပေးဖြစ်တာပါ..... အဲဒီလိုနဲ့ ကျွန်မ နဲ့ ရင်းနှီးတဲ့ အလှပြင်ဆိုင် တစ်ဆိုင် ကို ဓာတ်ပုံ လိပ်စာကတ်လေးပေး ထားချင်တဲ့ အကြောင်း...... .ကြိုတင် ချိန်းမိပါတယ်.. .အဲဒီဆိုင်ကိုလည်း ကိုယ်က တော်တော် အားကျမိတဲ့ ဆိုင်မို့ပါ....သူလူထိန်းတာ. ..ဆက်ဆံ တာ....စီမံအုပ်ချုပ်တာတွေကို က အစ အထင်ကြီးလွန်းလို့.... ပညာသင် ၀န်ထမ်းလို မျိုး အောက်ခြေ သိမ်း ၀င် အလုပ် လုပ်ပေးပြီး... ၀င်လေ့လာ ချင်တဲ့ အထိတောင် အဲဒီဆိုင်ကို အားကျ ခဲ့ တာပါ...... မသွား ခင် အထိတော့ လိုလိုလားလားပါဘဲ.....Wall Sheet တွေပါရှိရင် .......ယူခဲ့ဖို့နဲ့... .ဘွဲ့ရက်တွေမှာ.. .. ဖြစ်နိုင် ရင်..သူ့ဆိုင်မှာ လာရိုက်ပေးဖို့ က အစ ...သူက.... လိုလိုလား လားတောင် ကမ်းလှန်းပါသေးတယ်.....အဲဒါနဲ့ သူ့ဆိုင်ရဲ့ လူရှင်း တဲ့ နေ့ကို လာဖို့ ချိန်းလိုက်ပါတယ်...တကယ်လည်း သွားရော....ဆင်းမလာပါဘူး.....Flyer တွေ ၊ လိပ်စာကတ်တွေ အပြင် သူယူခိုင်းလို့ယူလာမိတဲ့ Wall Sheet တွေနဲ့ပါ..ဆိုတော့ လက်ထဲမှာလည်း တော်တော်လေး ရှုပ်နေပါတယ်.... ..သူတို့ပေးထိုင်တဲ့ .....ဆိုင်ရဲ့ မြေညီထပ်... တံစက်မြိတ် အပြင် မှာ...အကြာကြီးထိုင်နေရပါတယ်.....၂ နာရီ နီးပါး ကြာနေပြီ.....ဆင်းမလာဘူး....အခုမှ ထပြန်လို့လည်း မကောင်းတော့.. ကိုယ့် အပြစ်နဲ့ကိုယ်မို့ အကြာကြီး . ဆက်စောင့်နေပြီးမှ.. . ..သူဆင်းလာပါတယ် .....လာတော့လည်း ကျွန်မကို လုံးဝ စကား မပြောနှုတ် မဆက်ပါဘူး... ပထမတော့ သူ အလုပ်ရှပ်နေ တယ်... .အောက်မေ့လိုက်တာ.... Customer ကလည်း အဲဒီ အချိန် မှာ တော်တော် ရှင်းနေ ပါတယ်... ..သူလုပ်ချင်တာတွေလုပ်နေလိုက်...နဲ့ပါ........ဗြုန်းခနဲ မအားဖြစ်သွားလို့ဆိုပြီး. ...တခွန်း တလေ.. .. နှုတ်ဆက်... စကားလေးတစ်ခွန်းလောက်..... လှမ်းပြော ရင်တောင်... ကျွန်မနားလည်ပေးလို့ရပါတယ်....နောက်ဆုံးမှာတော့ သူ့ယောကျာ်းက ဘဲ....ဘာပေးခဲ့ချင်သလဲ...ပေးခဲ့ ဆိုတာနဲ့...ကျွန်မမှာ ပေးလည်း အခက်... မပေးလည်း အခက်နဲ့ အနှောက် အယှက်ဖြစ်မယ် ဆိုရင်...မယူထားပါ နဲ့ဆိုတာ ရပါတယ်....ပေးခဲ့ပါ...ဆိုတော့လည်း မထားချင်ဘဲ.... ထားခဲ့လိုက်ရပါတယ်.. ..ကိုယ့် အပြစ် နဲ့ ကိုယ်မို့ သူ့ဟာသူ ဘာ ဖြစ်ဖြစ် ဆိုပြး ...ကျွန်မ ...မသိချင်ယောင်ဆောင်ပြီး ....ပြန်ခါနီး....တော့ ၀င် နှုတ်ဆက်ပြီးပြန် ခဲ့ လိုက်ပါတယ်....အဲဒီနေ့ တစ်နေ့လုံး စိတ်မကောင်းဖြစ်ပြီး...ဘာမှ မလုပ်နိုင်ပါဘူး.... .အောက်ကျ နောက်ကျ ဖြစ်လိုက် ရတာဆိုပြီး.... လည်း တော်တော် ရှက်မိပါတယ်.. ..လူမလာရင်နေ ပါစေတော့ ကြော်ငြာလည်း မကမ်းတော့ပါဘူး....လာတဲ့သူလေးကို ပဲ တစ်ယောက်ရ တစ်ယောက် အကောင်းဆုံး လုပ်ပေး ရင်း...နဲ့ ဆင့်ပွားကြော်ငြာ ရတဲ့အကောင်းဆုံး နည်း ပဲဆိုပြီး......နောက် ဘယ်တော့မှ... ဘယ်လောက် ခင် ခင်...မသွားတော့ ပါဘူး.......ဒါက သင်ခန်းစာ တစ်ခုပါ.....
        နောက်တစ်ခုကတော့ ကျွန်မက.. မိန်းကလေး အလုပ်တော်တော်....များများကို ၀ါသနာပါတော့ ကိုယ့်အလုပ်နဲ့ ဆက်စပ် တာ လေးဆို ထပ်ထပ်ထည့်ချင်တော့.....Beauty Saloon ပါ တွဲရကောင်း မလား ၊ စဉ်းစားမိပြီး.... .ဖြစ်နိုင် မဖြစ်နိုင်ကို စ စိတ်ကူး မိပါ တယ်... .သေချာတာ ကတော့ ကျွန်မကိုယ်တိုင် အချိန်ပေးပြီး မသင်နိုင်တာပါ. ....ကျွန်မဆိုင်က အလားအလာရှိမယ် ထင်ရတဲ့ ကလေး တစ်ယောက် ကို.... သင်ခိုင်းရင် ကောင်းမှာ ဘဲလို့ စဉ်းစားမိပြီး.....ကျွန်မ သဘောကျတဲ့... .အညှပ် ၊ အကောက် ၊ ဆေးဆိုးက အစ ဈေးကြီး သလောက် လက်ရာလည်း ကောင်း ၊ ၀န်ဆောင်မှုလည်း ကောင်းတဲ့ နောက် ဆိုင်တစ်ဆိုင်က ဆိုင်ရှင် ကို ကိုယ့် ကိုယ် ကိုယ် မိတ်ဆက် ပြီး. ...သင်တန်း စုံစမ်းမိ ပါတယ်...ကောင်းတဲ့ ဆိုင်မို့ နာမည်လေးကြော်ငြာပေး ချင်ပါတယ်...ဆိုင် နာမည်က ...IMAGE . ပါ... .မြေနီကုန်း မှာ ပါ.....မပိုနဲ့ မယု ဆိုတဲ့ ညီအမ နှစ်ယောက် ဦးစီး လုပ်ကိုင် ပါတယ်.. ...သူ့တို့ ဆီမှာလည်း ကျွန်မတို့လို အဆီချတာ ၊ ချေးချွတ်တာ.. .တွေလည်း ရှိပါတယ်..... အဲဒီ အချိန်က အဲဒီဆိုင်ရဲ့ သင်တန်းကြေးက ၁၀ သိန်းပါ.....သူက သူ သင်တန်းသူ အသစ်ရရင် ပိုက်ဆံရမှာ ထက်ပိုပြီး....စိတ်ဝင်စားရင် ကျွန်မကို ကိုယ်တိုင် သင်ဖို့ဘဲ အကြံပေးပါတယ်....လူထိန်းရတာ ...မတတ် ခင်... သင်ဆဲ ကာလ.. .သင်ပြီးချိန် ...ကျွမ်းကျင်သွားရင်... ..အဲဒီလူကို ကျွန်မ တကယ် ကိုင်တွယ်နိုင်မလား တဲ့.... လူ့စိတ် ဆို တာ ပြောင်း တတ်တော့ ......ကိုယ်လွှတ်တဲ့သူက ကောင်းရင် ကိစ္စမရှိဘူး.... .ကိုယ့်ကို ပြန်ကန်ပြီ ဆိုရင်.. .သူ့ကိုသင်ပေးထားတဲ့ ပညာသင် စားရိတ် အားလုံးက အစ....ဘယ်လို လုပ်မလဲ... .ကျွန်မလည်း တခြား အလုပ်နဲ့ဆိုတော့ .....အစ အဆုံး သေသေချာချာ... .ဖြစ်နိုင်မဖြစ်နိုင် ....စဉ်းစားဖို့ဘဲ... အကြံပေးပါတယ်... ..သူနဲ့ ကျွန်မနဲ့က Customer နဲ့ဆိုင်ရှင် ရဲ့ ဆက်ဆံရေး မျိုးဘဲ ရှိတာပါ. ...သူ့ဆိုင်ကို ကြိုက်ပေမယ့် လည်း ဈေးအ ရမ်း ကြီးတော့ အမြဲမသွားနိုင်တဲ့ ဆိုင်ဆိုတော့ ရင်းနှီးတဲ့ အထဲလည်း မပါပါဘူး....ဒါပေမယ့် သူသေချာ ရှင်းပြတာ.. .စေတနာ နဲ့မှန်းသိတာနဲ့ ကျွန်မ နောက် ဆုတ်လိုက် ပါတယ်.... ကံကောင်းချင်တော့ ကျွန်မ မြေတောင်မြှောက်ပေး ချင်နေခဲ့ တဲ့. ...ကျေးဇူး ရှင်မလေး က..... ကုမ္ပဏီကြီးတစ်ခု မှာ သိန်းပေါင်းများစွာ....ပြသနာနဲ့ အလုပ်ပြုတ် ထားတဲ့ သူဖြစ်နေပါ တယ်.. ....ဖြစ် ပုံက လည်း သင်္ကြန်နားနီးလို့ ၀န်ထမ်းတော်တော် များများ ပြန်ကြတဲ့ အချိန်မှာ မှ...ပိုက်ဆံပျောက်တာက စပြီး...သံသယဖြစ်လို့ စုံစမ်း မှ.. ...ခေါင်းနပန်း ကြီး ခဲ့ရတဲ့ ဇာတ်လမ်းပါ.......ရုပ်ချောမှ အလုပ်ခန့်ချင်တဲ့ ကျွန်မလည်း.... တော်တော်လန့်သွားပြီး.... .ဆံပင်ဆိုင် လုပ်ဖို့ ... ..စေတနာနဲ့ သတိပေးခဲ့တဲ့ အမ ...ကို..တော်တော်လေး ကျေးဇူးတင် နေမိပါတယ်......အဲဒီအဖြစ်အပျက်တွေ ပြီးလို့ .......တော်တော်ကြာ သွားတဲ့ အထိ....ကျွန်မ ...သူ့ဆီကို မရောက်ဖြစ်ပါဘူး...... ပြီးခဲ့တဲ့ ...အပတ်လောက်..က ...MRTV 4 အတွက်.... Facial ...လုပ်တာ ရိုက်ပြစရာရှိတာမို့ 2 ရောင် ဖြစ်နေတဲ့ ဆံပင်ကို ဆေးပြန်ဆိုး..ရင် ဆိုင်တော်တော် များများ က ..အဟောင်းနဲ့ အသစ်ကို ညီအောင် မဆိုးနိုင်တာမို့ သူ့ဆိုင် ကို တော့ ....ယုံကြည် လို့ သွားဖြစ်ပါတယ်.....ဆံပင်လည်းဆိုးရင်း...သူ့ကို ကျေးဇူးတင် စကားလည်းပြော ရင်းပေါ့. ....အားလုံးပြီးတော့ ပြန်ခါနီး TV ရိုက်ဖို့ ကျွန်မ Tower Coat အဖြူဆွတ်ဆွတ် ရှာတာမရလို့...ဘယ်ဆိုင်မှာ ရနိုင်မလဲနဲ့ ရိုက်ရက် က နီးနေတော့ရှာချိန်လည်း သိပ်မရတာပြောရင်း...မေးကြည့် တော့....သူက ..ကျွန်မ လိုချင်တဲ့ အဖြူ က Hotel တွေမှာ ဘဲရနိုင်ကြောင်းနဲ့.....မရတဲ့ အဆုံး သူ့အတွက် Bangkok က ၀ယ်လာတဲ့ Coat လေး ...ယူပြပြီး....ကျွန်မ အခက် အခဲဖြစ်နေတာကို ယူသုံးဖို့ ...တိုက်တွန်းတာနဲ့ .....ရှာ မရတဲ့အဆုံး အားနာနာနဲ့ဘဲ ....ယူလာပြီး...ရိုက်တဲ့နေ့က ထည့်သုံး ဖြစ်သွားပါတယ်...ကြော်ငြာ ပစ္စည်းဆိုတာမျိုးက တစ်ယောက် သုံးပြထား ရင်...ပြန်မသုံး ချင်ကြတာ မျိုးပါ.. ..ကျွန်မနဲ့သူ....ခေါင်းလျှော် ၊ ဆံပင် အညှပ် အကောက် ၊ ဆေးဆိုး ၊ ခြေသည်းလက်သည်း ပုံဖော် က လွဲရင် အကုန်နီး ပါးတူ မှန်း သိရက်နဲ့ ...သဘောကောင်းစွာ...ကူညီလိုက်တဲ့ ...သူ့ကို ကျွန်မ တော်တော် ကျေးဇူးတင် သလို ၊ တအံတသြနဲ့.. .ချီးကျူးမိပါတယ်.....
      အလုပ်ချင်းတူတူကို ..မရင်းနှီးဘဲ... .စိတ်စေတနာကောင်းမွေးနိုင်တဲ့ မပို ၊ မယု ( IMAGE Beauty Spa ) ....နဲ့ ..ကျွန်မ Body Beauty စဖွင့် တုန်းက... သိပ်မရင်းနှီးဘဲ....ဒီအလုပ်နဲ့ ဆိုင် ဖွင့်ချင်တာ ကို..ပွင့်ပွင့်လင်းလင်း မေးမိတာ ကို .လိုလိုလားလား. ...ရှင်းပြပေး ၊ ကူညီပေး ၊ ဖြစ်တတ်တဲ့.ပြသနာလေးတွေကို... ရှောင်တတ်ဖို့က အစ ...သင်ပေးတဲ့ ....မယုနန္ဒာမြင့် ( ရုပ်ရှင် သရုပ်ဆောင် ) တို့ကို ပါ...အထူး ....ကျေးဇူးတင် ပါကြောင်း. .အမှတ်တရ.. ထည့်ရေးချင် ပါတယ်....... ( ဒီ Link ...ကို ဖတ်မိ တဲ့သူ... အားလုံးကို..လည်း.....အလုပ်တူ ရင်...ရန်သူ မဖြစ်ဖို့....နဲ့...လုပ်ငန်းတူ..ချင်း ဆို ပိုလို့ တောင် အချင်းချင်း ရင်ဖွင့်လို့ရ.. .ဖလှယ်လို့ရနဲ့...မို့.... အလုပ်တူချင်း ကို စိတ်ကောင်း...ထားနိုင်ဖို့....မကောင်းတဲ့ စိတ်မွေး မယ့် အစား သူမမြင် တဲ့ ဈေးကွက် အသစ် ကို ...ကိုယ် ဘယ်လိုရှာမလဲ.....သူ့နောက် မှ..လိုက် လုပ်ဖြစ် တဲ့ အလုပ်မျိုး ဆိုရင်လည်း...သူနဲ့ မတူအောင်. ..ဘယ်လို စဉ်းစားမလဲ....ဘယ်လို ဆန်းသစ် ...လုပ်ကိုင် ကြံဆပြီး....လုပ်ငန်းခွင် အသီးသီးကို ဆထက် တပိုး... ပိုမို တိုးတက် အောင်မြင်အောင် ...ဘယ်လိုလုပ်မလဲလို့ ကောင်းတဲ့ ဘက်က... ကောင်းသော ယှဉ်ပြုင်ခြင်းနဲ့... တွေးတော စဉ်းစား ချင့်ချိန် လုပ်ကိုင် တတ်ဖို့....အကြံကောင်းလေး ......ပေးချင်ပါတယ်........)