Discount & Quality ............. by Swe Myat Hay Thi on Monday , 13 Feb 2012


      ကျွန်မ အားလပ်တဲ့ အချိန် စာရေးချင်စိတ် ရှိတဲ့ အခါတိုင်း များသောအားဖြင့် အလှအပ နဲ့ ပတ်သက်တဲ့ စာလေး တွေ နဲ့ အလုပ်လုပ်ရင်း ကျွန်မ ကြုံတွေ့ ဖြတ်သန်းလာရတဲ့ အတွေ့ အကြုံ နဲ့ ပတ်သက်တဲ့ စာလေးတွေ အများ ဆုံး ရေးဖြစ် ပါတယ်… အကြောင်း အကျိုး တိုက်ဆိုင်ချိန် နဲ့ စိတ်ပါတဲ့ အချိန် မှာ မှ ရေးဖြစ်တယ် ဆိုပေမယ့် လည်း ကိုယ်ရေး တဲ့ အကြောင်း အရာ က ကိုယ် ရည်ရွယ်တဲ့ Target ဆီတော့ ရောက်စေချင်မိပြီး ဖတ်မိတဲ့ သူဘက်မှ လည်း အလှအပ ဆောင်းပါး ဆို အမျိုးသမီးတွေ အတွက် … အလုပ် နဲ့ ပတ်သက်တာ ဆို ကိုယ့် လိုဘဲ စမ်းတ၀ါးဝါး နဲ့ အလုပ်ခွင် ၀င်ရင်း မှားပြီး မှ သိ ၊ သိပြီး မှ ပြင်ရမယ့် အစား ကျွန်မ အမှားအတွက် နမူနာ ယူပြီး ရှောင်ရန်ဆောင်ရန် လေး ကျန် ခဲ့စေ ချင်တဲ့ စေတနာ နဲ့ အလုပ် စ လုပ် မယ့် မောင်လေး ညီမလေးများ အတွက်....စတဲ့ ကိုယ်တင် တဲ့ စာတိုင်းက ဖတ်တဲ့ သူအတွက် တစ်ခုခု အကျိုး ရှိစေ ချင်တဲ့ စိတ် ကလေး တွေ ကြောင့် .....အားလပ်တဲ့ အခါ ....Facebook ပေါ်မှာ စာတွေ ရေးဖြစ်နေ ခြင်း ဖြစ်ပါ တယ် …….အခု ရေးမယ့် Discount နဲ့ Quality ဆိုတဲ့ ဆောင်းပါး လေး ရေးဖြစ်တဲ့ အကြောင်းရင်း က ဒီလိုပါ.....
      ကျွန်မ အမေ နဲ့ အင်မတန်မှ ချစ်ခင်ရင်းနှီးတဲ့ အမေ သူငယ်ချင်း ရဲ့ သမီးလေး က အလှပြင်ဆိုင် တစ်ဆိုင် ဖွင့်ချင်တဲ့ အကြောင်း....ကျွန်မ နဲ့ စကားစမြည် ပြောကြရင်း သူက ဆိုင် ဖွင့်ပြီးလူမလာမှာ/ရှုံးမှာကြောက်တဲ့အတွက်....ဖွင့်တာနဲ့ဈေးကွက်တစ်ခု ရအောင်...အဲဒီ မြို့နယ် တ၀ိုက်မှာ ရှိတဲ့ အလုပ်ချင်း တူနေတဲ့ သူများ ဈေးကွက် တွေ လိုက်လေ့လာ ၊ ဈေးကွက် အပြိုင် ( Discount ) ချပြီး ....သူများ ဆီလာမယ့် Customer ကိုယ့် ဆီလာအောင် လုပ်ယူမယ့် အကြောင်း အားတက် သရော ပြောပြပြီး ကျွန်မ ကို လည်း အကြံဥာဏ် တောင်း ပါ တယ်.... အခု ချိန်မှာ ကျွန်မ သည် လည်း အလုပ်ခွင်ဝင်တာ ( 7 ) နှစ် နီးပါး ရှိခဲ့ပြီမို့...အလုပ်ရဲ့ သဘောတရား ကို တော်တော်လေး လည်း နားလည် သဘောပေါက်နေပြီ မို့....ကိုယ် မှားခဲ့ ဖူးသလို မမှားရအောင်...မလိုအပ်ဘဲ.... Discount မချဖို့ နဲ့ ကိုယ် လုပ်တဲ့ အလုပ် ကို ကြိုးကြိုးစားစား လုပ်ပြီး လာတဲ့ Customer တွေ အပေါ် စေတနာ လေး ထည့်လုပ် သွားခြင်းဖြင့် ဗြုန်းခနဲ မှာ အုံးအုံးထပြီး မအောင်မြင်သော်ငြား လည်း ရေရှည် မှာ အောင်အောင်မြင်မြင် ရပ်တည်နိုင် မှာဖြစ်ကြောင်း ပြောပြ ပါတယ်.. ....
      သို့ပါသော် လည်း ကျွန်မ ဘယ်လောက် ပြောပြော သူ့ရဲ့ ဆိုင်ဖွင့်ပွဲ ဖိတ်လို့ သွားတဲ့အခါမှာ လှပ ခမ်းနားတဲ့ ဆိုင် အပြင် အဆင် ၊ စုံလင် လှတဲ့ ၀န်ဆောင်မှုများစွာ နဲ့ တကွ....ဆိုင်သစ် ဖွင့်ပွဲ မိတ်ဆက် အထူး လျှော့ဈေး 50 % OFF ဆိုတဲ့ ဧရာမ ဆိုင်းပုဒ် ကြီး ကို တွေ့လိုက်ရ ပါတယ်....ဘယ်နှစ်ရက် ချမှာလဲ ဆိုတော့ မိတ်ရအောင် အကြာကြီး ချမှာပေါ့ တဲ့.. ...စားသောက် ပြီးတော့ အားပေး သွားပါအုံး ဆိုတာ နဲ့ ဘဲ....ခေါင်းလေးဘဲ လျှော်သွားတော့မယ် နော်...ဆိုပြီး ....ခေါင်းလျှော် ရင်း လျှော်ပေးတဲ့ ကလေးမလေး က ဖော်ဖော် ရွေရွေ ၊ စိတ်ရှည်သူ မို့...သဘောကျစွာ နဲ့ ဘဲ.. Discount 50 % Off ဆိုတော့ ပုံမှန် ဈေးက ဘယ်လောက်လဲ.... ဆိုတာ စပ်စု မိတော့ ... Discount အချိန်မှာ လျှော်ရင် ပုံမှန်ဈေး က 3000 /ကျပ် တဲ့.... Discount ပြီးသွား ရင်တော့ ပုံမှန် ဈေး က 2000 /ကျပ် ပါတဲ့....Discount အချိန် ရဲ့ပုံမှန် ဈေးက ပိုတောင် များနေပါ့လား ဆိုတော့.... ပျော့ဆေးတွေ ...ပေါင်းဆေးတွေ ထည့်ပေးတာမို့လို့ပါတဲ့... ..တခါ ဖြောင့် ရင် ကောက် ရင် ...ဘယ်လောက်လဲ... ဆိုတော့ လည်း ထူးဆန်းစွာ ဘဲ... Discount မချရသေးတဲ့ ပုံမှန်ဈေး က ပိုတောင် အဆမ တန် ကြီး နေ ပါတယ်....ကျွန်မ သိတာ က Discount ချမယ် ဆိုရင် ပုံမှန်ဈေး က ...ဥပမာ.... 50000 /ကျပ် ဆို Discount 50% Off ဆို 25000 /ကျပ် ဘဲ...ဖြစ်ရ မှာပေါ့... .တော်တော် ထူးဆန်းတဲ့ နည်းနဲ့ ချတဲ့ Discount ပါလားလို့.. ..စဉ်းစား လိုက်မိ ပါတယ် ......ဘေး ပတ်ဝန်းကျင် ကို ကြည့် မိတော့လည်း Discount ဆိုတာ နဲ့ လူ တအုံးအုံး နဲ့ ဖြောင့်ခေါင်း ၊ ကောက်ခေါင်း ၊ ခေါင်းလျှော် ၊ အညှပ် များ နဲ့ လက် မလည်အောင် ပါဘဲ... ..ခေါင်းလျှော်ပြီး တာ နဲ့ ကျွန်မ လည်း ....အသက် 20 သာသာ ရှိသေးတဲ့ သူ့သမီးလေး ရဲ့ ဆိုင်ဖွင့်ပွဲ ပထမ ဆုံးနေ့ အောင်မြင် မှု အတွက်.. ..ဂုဏ်ယူဝင့်ကြွားစွာ နဲ့ အပြုံး ပန်းတွေ ဝေ ဆာနေ တဲ့ ကျွန်မ အမေ ရဲ့ သူငယ်ချင်း အန်တီ ကို နှုတ် ဆက် ရင်း ပြန် လာခဲ့ပါတော့တယ်.......
      အဲဒီလို နဲ့ လ အတန်ကြာလို့ သူတို့ ဆိုင်နား ကို အကြောင်း ကိစ္စ ရှိလို့ သွားရင်း ၀င်နှုတ်ဆက်လိုက်အုံးမယ် ဆိုပြီး ၀င်သွား မိတော့ ဖွင့်ခါစ က နဲ့ မတူတဲ့ ထူးဆန်းတဲ့ Discount ချနည်း နဲ့ ချထားတဲ့ Discount ဆိုင်းပုဒ် ကိုတွေ့လိုက် ရပြန်ပါ တယ်.. ...ဆိုင်ဖွင့်ပွဲ ( 6 ) လ ပြည့် အထူး....ဆံပင် ပေါင်းတင်လျှင် မျက်နှာ ပေါင်းတင် ( Free ) ၊ 2 ယောက် လုပ်လျှင် 1 ယောက် Free ...ဆိုတာပါ....ဒီတစ်ခါ ၀င်သွားတဲ့ ဆိုင်ရှင် ညီမလေး ကို လည်း မတွေ့ရ ၊ ဆိုင်လာတဲ့ သူ က လည်း နည်းပါး ...၀န်ထမ်းတွေ က လည်း ဧည့်သည် ၀င်လာတာတောင်...ကြိုဆိုသမှု မရှိ ၊ စကား အပြော မပျက် ၊ TV ကြည့် မပျက် နဲ့...ခေါင်းလျှော်ပြန်တော့ လည်း အချင်းချင်း စကားတွေ လှန်းပြော ၊ လက်ကသာ အလုပ် လုပ်နေ လုပ်ပေးတဲ့ လူရဲ့ စိတ်က လွင့်ချင်ရာ လွင့်နဲ့ ...တခါ ပြန်သွားတဲ့ သူ ရဲ့ နောက် ကွယ်မှာ အတင်းပြောပြီး ကျန်ခဲ့ကြ နဲ့.. ..တော်တော် လေး ကို စိတ်ကုန် စရာကောင်းနေ ပါတယ်...ဒီရက် လူရှင်း လို့ပါလား ဆိုတော့ ....လူတွေ စီးပွားရေး မကောင်းကြတော့...သမီး တို့ Discount ချပေးလည်း လာ မလုပ်နိုင်ကြတော့တာ ပါတဲ့.....သူ့ အဖြေ ကို ကြားမိတဲ့ ကျွန်မ တောင် ပြုံးမိသွားသေး တယ်..... သူလည်း အခုမှ အလုပ်စ လုပ်တာကိုး ...နောက်တော့လည်း သူ့ အမှား သူ မြင် ပြီး....ပြန်ပြုပြင် သွားရင် ပြန်အဆင်ပြေသွားမှာ ပါ လို့ တွေးရင်း ကျွန်မ အလုပ် စလုပ်ခဲ့စဉ် အချိန်တုန်း က လည်း အဲဒီ ညီမလေး လိုဘဲ. ..အလွယ်ကူဆုံး နည်းလို့ တွေးမိခဲ့တဲ့ သူများဈေးကွက်ကို ဖျက်ပြီး ဘယ်သူတားတား နားမလည် လက်မခံခဲ့မိတဲ့ အလွယ်ကူဆုံး သူများဈေးကွက် ကို ဖျက်ပြီး Discount ချပြီး မိတ်ခေါ်တဲ့ နည်းနဲ့ ဆိုင် စ ဖွင့် ခဲ့တဲ့ အချိန်ကို သတိရ လိုက်မိပါတယ်.......
      အဲဒီ အချိန်တုန်း က ကျွန်မ တွေးခဲ့ဖူးတဲ့ အလွယ်ကူဆုံး ဈေးကွက်ဖောက် / ဖျက် နည်း ဆိုတာ လည်း သူ့လိုပါဘဲ… ကိုယ် လုပ်မယ့် အလုပ် ၊ ကိုယ် ရွေးချယ်တဲ့ မြို့နယ် မှာ ကိုယ် လုပ်မယ့် အလုပ် နဲ့ တူနေတဲ့ အလုပ် ၊ တူနေတဲ့ ၀န်ဆောင် မှု တွေ ရှိခဲ့ရင် ..… ဥပမာ ကျွန်မ စခဲ့ တဲ့ အားကစားသင်တန်း ဘဲ ဆိုပါတော့ … ကိုယ့်ဆိုင် က သူတို့ထက် အခန်း ပို ကျယ် မယ်… သူတို့ ထက် စက်တွေ ပိုစုံမယ် ။ အခန်း အပြင်အဆင် မှာ ကိုယ့် ဆိုင် က သာနေပြီး ဈေးနှုန်း မှာ သူတို့ ယူတဲ့ ဈေးနှုန်းထက် ပိုပြီး Discount ချလိုက် ရင် သူတို့ Customer အလိုလို ကိုယ့်ဆီ ရောက်လာ မှာ ဘဲ ..….ဆိုတာ နဲ့ ပြီးမှ ပုံမှန်ဈေး ရောက်တဲ့ အထိ ဈေးကို တဖြည်းဖြည့်း ဆွဲတင်သွားမယ် … ဆိုတာ ပါ….အဲဒီ အတွက် သူများတွေ ဈေး က ( 1 ) လ ကို 8000 ကျပ်လောက် ရှိတဲ့ အချိန်မှာ ကျွန်မ 5000 ကျပ် နဲ့ စ ဖွင့် ခဲ့ပါတယ်.... ကျွန်မ မှန်းခဲ့သလို ဘဲ တကယ်ဘဲ သူတို့ လူ ၊ ကိုယ့် လူ အကုန် လာပါတယ်….. Discount ရဲ့ အောင်မြင်ချက် ကတော့ ကျွန်မ စတင် ဖွင့်ဖွင့် ချင်း လ မှာ ဘဲ….လာ ကစားတဲ့ သူပေါင်း အယောက် ( 150 ) ကျော် ပါတယ်…..နောက် လ မှာ လည်း Discount ရှိသေး တာ မို့ လူ
( 180 ) ကျော် လာပါတယ် …