ကျွန်မ ကောင်းစွာ နားလည်ခဲ့ရပါသော Customer Service ဆိုတာ ............. by Swe Myatt Hay Thi on Friday, February 24, 2012


      ကျွန်မ ဆိုင်မှာ အဆီ လာချရင်း ၊ လာ ကစားရင်း ညီအမ လို ခင်မင်ရသည့် အမ တစ်ယောက် က ...ကျွန်မ ဆိုင် ရဲ့ Website ကို အမှတ်မထင် ၀င်ကြည့်ဖြစ်ရင်း ကျွန်မ ..Website ဖြစ်သည့် .. http://www.gingerbeautyland.com ..မှာ Facebook Notes ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျွန်မ ရေးထားတဲ့ စာလေးတွေ တစ်ပုဒ် စ ၊ နှစ်ပုဒ် စ ၀င်ဖတ်ကြည့်ရင်း စိတ်ဝင်စားသွားတာ နဲ့ Website တစ်ခုလုံး ကို အချိန်ပေးပြီး ဖတ်လိုက်တာ မှာ...ကျွန်မ ရေးတဲ့ ဘ၀ နဲ့ ပတ်သက်တဲ့ စာလေးတွေ နဲ့ အထူးသဖြင့် Customer Service နဲ့ ပတ်သက်တဲ့ စာလေးတွေ ကို တော်တော် သဘာကျပါ တယ်...တဲ့....အဲဒီ စာတွေ ရေးနိုင်အောင် က Service နဲ့ ပတ်သက်တာ တွေ ကို ဘယ်မှာသင်ထားတာလဲ..လို့ မေးတာ မှာ ...ကျွန်မ က Management Course တော်တော်များများ ကို အချိန်ပေးပြီး လိုက်တက်ဖူး ပါတယ်....ကိုယ်က Short Course ကိုသာ အချိန်ပေးပြီး တက်ရတာ ဖြစ်တဲ့ အတွက် Course တိုင်း ကို ကိုယ် နားလည်မယ့်အလွယ်ကူ ဆုံး အဓိပ္ပါယ် နဲ့သာ အသေမှတ်ပြီး ပြန်ပြန်လာရသလို ကိုယ့် ဆိုင်က ပေးတဲ့ ၀န်ဆောင်မှု မှန်သမျှ တိုင်း ရဲ့ ကောင်းတာ ဆိုးတာ ကို အမှန်အတိုင်း သိလိုတာ မှာ လည်း ကိုယ့် ကိုယ်ကိုယ် ပိုင်ရှင်နေရာ မှာ မနေဘဲ. ..Customer နေရာ ကနေ အမြဲနေနေကြည့် ရင်း မှားတာ ၊ လိုတာတွေ ပြင်ရင်း အတတ်နိုင်ဆုံး ကြိုးစား ဖန်တီးထား ရတဲ့ အကြောင်း ပြောမိတာကနေ.. သူ နဲ့ ကျွန်မ မရည်ရွယ်ပါ ဘဲနဲ့ Service နဲ့ ပတ်သက် တဲ့ အကြောင်း နဲ့ ကျွန်မ တို့ ဆိုင်ကောင်းသော ပြောင်းလဲခြင်းတွေ နဲ့ တော်တော်လေး အဆင့်မြင့် ပြောင်းလဲလာတဲ့ အကြောင်း ဆိုတာတွေ ကို ပါ.. ဆွေးနွေးဖြစ် သွား ပါတယ်...သူနဲ့ စကားစပ်မိတဲ့ ...Customer Service ဆိုတာ နဲ့ ကျွန်မ တို့ ဆိုင် တဖြည်းဖြည်း ပြောင်းလဲ ခဲ့ရပုံဆိုတာတွေ ကတော့. ......ဒီလိုပါ....... ကျွန်မ ပတ်ဝန်းကျင် က အသိမိတ်ဆွေ တော်တော်များများ မှာ တူညီတဲ့ အချက် တစ်ခု ရှိကြပါတယ်... အဲဒါ က တော့ ပိုက်ဆံ တတ်နိုင်ရင် တတ်နိုင်သလို ကောင်းနိုင်သမျှ အကောင်းဆုံး ဆိုတဲ့ နေရာ ကို သွားချင်ကြတာပါ...အဲဒီ အကောင်းဆုံး ဆိုင် ဆိုတာ မှာလည်း ဆိုင်ရဲ့ အပြင်အဆင် ၊ ကျွမ်းကျင်မှု ၊ ၀န်ဆောင်မှု နဲ့သုံးစွဲတဲ့ ပစ္စည်း အမျိုးအစား တင် ကောင်း တာ မကောင်းတာ ကို စိတ်ဝင်စားကြတာ ထက် ...ပထမဆုံး သူတို့ စိတ်ဝင်စားကြတာ က....ဘယ်နေရာ မှာ ဖွင့်တာလဲ... ဘယ်လောက် အထိ အဆင့် အတန်း မြင့်မြင့် ပြင် ဆင်ထားလဲ ဆိုတာ ကို ပါ....ပြီးမှ သာ ဘယ်လိုလူတွေလာ လဲ... ဘယ်နေရာတွေ မှာ ကြော်ငြာလဲ... ဘာပစ္စည်းတွေ သုံးလဲ... ဘယ်လောက် အထိ လုပ်ငန်း ကျွမ်းကျင်မှု ရှိပြီး ၀န်ဆောင်မှု ဘယ်လောက် ကောင်းတဲ့ ဆိုင်မျိုး လဲ....ဆိုတာ ကိုပါ...အဲဒီ လို ပထမ ဆုံး ဘယ်မှာ ဖွင့်တာလဲ ဆိုတဲ့ နေရာ နဲ့ ဆိုင် အပြင်အဆင် Decoration မကောင်းတဲ့ အတွက် ကျွန်မ ဆိုင် ဆို တော်တော်လေး မျက်နှာငယ် ခဲ့ရပါတယ်...ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေ တွေ က အစ နင့် ကို ယုံကြည်လို့.. နင့် ဆီမှာ တော့ အဆီချ တာ /ကစားတာ လုပ်ချင်ပါတယ်...ဒါပေမယ့် ဘယ်မှာ ကစားလဲ...ဘယ်မှာ အဆီချသလဲ လို့ သူများမေး ရင် Traders ..တို့ ..Sedona တို့ ..The Grand Meeyahtar တို့ ဆို ဖြေလို့ ကောင်းတယ်..... ကျွန်မ နေရာ ဖြစ်တဲ့ ...အလုံ ၊ ဧရာဝတီလမ်း ၊ ဆင်မင်းဈေး နား မှာလို့ မပြော ချင်ဘူး.. .အောက်တယ် ... ဥပမာ ..အင်းယားလမ်း တို့ ..ပြည်လမ်းတို့ ..တက္ကသိုလ်ရိပ်သာလမ်းတို့ ဆို.. သူများမေး ရင် ဖြေလို့ ကောင်း တာပေါ့... ဆိုတာ ကို ကျွန်မ နားနဲ့ ဆတ်ဆတ် ကြားဖူးခဲ့လို့ ဘာမှ ပြန် မပြောနိုင်ပေမယ့်.. .. တော်တော်လေး ထိခိုက် ခံစားခဲ့ရဖူး ပါတယ် ....
      ရင်းနှီးတဲ့ မိတ်ဆွေ တွေ နဲ့ သူငယ်ချင်းတွေသာ မက ...သင်တန်းတွေ သွားတက်ပြန်လို့ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက် ကြရင်လည်း ကျွန်မ အလုပ် နဲ့ ကျွန်မ ဆိုင်နေရာ က ဘယ်မှာလဲ မေးလို့ဖြေမိရင် ... နေရာ ကို အထင်မကြီးကြတဲ့ အတွက် မျက်နှာငယ် ရပြန်ပါရော....တခါ ၀န်ထမ်းဗြုန်းခနဲ ခေါ်တာမရလို့ နီးစပ်ရာ အသိုင်းအ၀ိုင်းမှာ မေးစမ်း ကြည့် ပြန်ရင်လည်း ..ကျွန်မ တို့ အလုပ် ဆိုတာ Body ကိုင်ရတာ ဖြစ်လို့..တော်တော့ တန်တန် ဘွဲ့ရ ဆိုတာ က မလုပ်ချင်ကြဘူး ဆိုတာ တစ်မျိုး. .Level နိမ့် လို့ ဆိုတာ က တသွယ်....Hair ပိုင်း တို့ ..Facial ပိုင်းတို့ ...Make Up ပိုင်းတို့ ကျတော့ သာ ...Technician... သတ်မှတ်တာ မို့ လူတိုင်း လုပ်ချင် ကြပြီး...Body ဆို ဘယ်သူမှ မလုပ်ချင်ကြပါ..ဆိုတာ က တစ်မျိုး ပါ....အဲဒီ အခါ မှာ ...ကျွန်မ စိတ်ထဲ က ပြန်ပြောမိတဲ့ စကား က Make Up သမား မှားရင် မလှတာ ....Facial သမား မှားရင် အဖု ထွက်လာမှာ.. .ဆံပင် သမား မှားရင် ကတုံး တုံး ပစ်ရမှာ နဲ့ ...Body သမား မှားရင် ....ဆေးရုံ ရောက်ရမှာ မို့...လူရဲ့ ခန္ဓာ ကိုယ် ကြီး တစ်ခု လုံး ကို အချိန်တို အတွင်း မှာ အန္တရာယ်ကင်းကင်း နဲ့ ပိန်အောင် လုပ်ပေးနေရတဲ့ သူတွေ ကို ဘာကြောင့် နှိမ့်ချစွာ မြင်ကြတာလဲ..... ဆိုတာပါ....
      ထိုမျှ မကသေး ကျွန်မ ၏ ချစ်လှစွာသော မောင် တစ်ယောက် က ..သူတို့ဆိုင်လာတဲ့ Customer တွေ အတွက်... အခြားခြားသော...Branded အသုံး အဆောင်တွေ ၊ နာမည်ကြီး ကုန်တိုက်တွေ နဲ့လုပ်ငန်းချင်း Network ချိတ်ဆက်ထားပြီး Member Card လုပ်ကာ တစ်နေရာ က Customer တစ်ဆိုင်ဆိုင် မှာ တစ်ခုခု ၀ယ်ရင် အဲဒီ Network ချိတ်ထားတဲ့ တစ်ခြား ဆိုင်တွေ ဆီ ကပါ... အထူး ဈေးနှုန်း တစ်ခု နဲ့ ဈေးဝယ်ခွင့် ရတဲ့ အခွင့်အရေး မျိုး လုပ်ပေးထားတာမို့ စိတ်ဝင်စားရင် သူတို့ နဲ့ ချိတ်ပါလား လို့..ပြောခဲ့ဖူးပါ တယ်...သူတို့ နဲ့ချိတ်ထားတဲ့ ဆိုင်တွေ က တကယ့် နာမည်ကြီး ဆိုင်တွေ မို့ ကျွန်မ လည်း စိတ်ဝင်စားသွားတာ မှာ..သူ့နဘေးမှာ ရှိနေတဲ့ သူတို့ ရဲ့ အခြားသော Share Holders များရဲ့...အမြင် မှာ သေးနုတ်လှတဲ့ ကျွန်မ ဆိုင် ပါမှာ ကို မနှစ်မြို့တဲ့ မျက်နှာ နဲ့မလိုလားတဲ့ မျက်လုံး ကို မမေ့နိုင်စွာ နဲ့ မြင်လိုက်ရတဲ့ အတွက် အလိုက်တသိ ဘဲ ကျွန်မ ငြင်းခဲ့ပါတယ်....ကျွန်မ စိတ်ထဲ မှာတော့ ...တစ်နေ့ကျွန်မ သူတို့ အထင်ကြီး လက်ခံလောက်တဲ့ ..ဆိုင်ကြီး တစ်ဆိုင် အနေအထား ဖြစ်ကို ဖြစ်ရမယ်.... ဆိုတာ ပါ....သူတို့ သူဌေး ရဲ့ အမျိုး မို့ အားနာ ပါးနာနဲ့ လက်ခံလိုက်ရတဲ့... GINGER ဘယ်တော့ မှ မဖြစ်စေ ရ....ကျွန်မ ဟာ ကျွန်မ ဘဲ ဖြစ်ရမယ်... ဘယ်သူ့ အရှိန်အ၀ါ နဲ့ မှ အရောင်ဟပ်ပြီး မကောင်းတတ်လို့ လက်ခံ ရတဲ့ GINGER ..မဖြစ်စေရ ဆိုတဲ့....ခံယူချက်တွေ နဲ့ ဘဲ... ကျွန်မ ဆိုင် ကို တဖြည်းဖြည်း ကြိုးစားပြောင်းလဲမယ် လို့ ဆုံးဖြတ် ချက်ချခဲ့ ပါတယ်...