အရိုးရှင်းဆုံး ဗိုက်ချပ်နည်း....by Swe Myat Hay Thi on Sunday, 21 August 2011


    ကုသိုလ် ကံ အကျိုးပေး ကောင်းလို့....ဘယ်လောက်စားစား လုံးဝ ကို ...မ ၀ ...လာတတ် သူ အမျိုးသမီး များ....မှ လွဲ ၍ အမျိုးသမီး အများစု ၏ ပြသနာမှာ....အိမ်ထောင်ပြု ၍ ၀ ခြင်း ၊ မီးဖွား ထား၍ ၀ ခြင်း...သားဆက်ခြားထား ၍ ၀ ခြင်း.၊ ဆေး အမျိုးမျိုး သောက်သုံးရ ၍ ...၀ ခြင်း......အသက်အရွယ် တစ်ခုရောက်လာလို့ ၀... ခြင်း တို့ဖြစ်ပါ တယ်........ ပုံမှန်ထက် ပိုပြီး.....စ ...၀...လာကတည်း က သတိထားပြီး....အစားလျော့....လေ့ကျင့်ခန်းလုပ်နှင့်.....ချက်ချင်းပြန်ထိန်းသင့်ပါတယ်.....ထိုသို့မဟုတ်ဘဲ......စိတ် အလိုလိုက်ပြီး...တစ်ရက် တလေ ...စားတာလို့ ခံယူခြင်း ၊ ၀ ...လာလို့ ...အ၀တ်အစားတွေ ကြပ်လာတာကို .....သတိမပြုမိဘဲ.....သက်တောင့် သက်သာရှိတဲ့ အ၀တ်အစားတွေ ထပ်ထပ် ၀ယ် ၀တ်ခြင်းဖြင့်.......မိမိ ၀ လာသည်ကိုချက်ချင်းမသိတော့ဘဲ......မေ့သလောက်ရှိမှ......မျက်လုံး...ပြူးရ လောက်အောင်.... ပုံပျက်ပန်းပျက် ၀ တက် နေတာမျိုးလည်း အများကြီး ဖြစ်တတ်ပါတယ်.......     သို့ဖြစ်ပါ၍ ပုံမှန်ထက် ပိုပြီး စ တင် ၀ လာပြီ ဆို ကတည်းက.....အလွယ်ကူဆုံး....ဗိုက်လေ့ကျင့် ခန်း များ လေ့ကျင့် ကစားရန်လိုပြီး......၀မ်းဗိုက် ကြွက်သားများ ပါ...ကျစ်လျစ် သန်မာ စေမည့် လွယ်ကူသော နည်း တစ်နည်း ...ကို မျှဝေလိုက် ပါတယ်...... ဗိုက်ချပ်တဲ့ နည်းတွေ အများကြီးရှိတဲ့ အနက် လူအများစု ... သတိမပြုမိတဲ့ စက်ကရိယာ.... လည်း မလို ၊ ဘယ်နေရာ သွားသွား လည်း လုပ်နိုင်ပြီး....ငွေကုန်ကြေးကျ လည်း မများတဲ့ အပြင်..အချိန် ကြာမြင့်စွာ လည်း ....လှပစေ သည့် အလွယ်ကူဆုံး နည်းလေး လည်းဖြစ် သလို.... အဆီချထား တာ ဖြစ်စေ.... အားကစား လုပ်ထား တာ ဖြစ်စေ..... ..အစားလေး လျှော့ရင်းး.....ဒီ နည်းလေးနဲ့ ထိန်းရုံနဲ့ ......လည်း တော်တော်လေး.... အဆင်ပြေ ပါ တယ် ...... ကျွန်မဆို ...ပုံမှန်မကစားဖြစ်ရင်တောင်..... ဒီနည်းလေး လေး ကို နှစ် သက် တဲ့ အတွက်....အမြဲ....သတိထားပြီး... အကျင့် လုပ်ဖြစ် ပါတယ်..... 
   အဲဒါကတော့ အမျိုးသမီး အများစု စ.... ၀.... လာတဲ့ အချိန် က စပြီး....ပူလာတတ် တဲ့ အောက်ဗိုက် ကို .....၀မ်းဗိုက် ကြွက်သားများ ၏ ညှစ်အားနဲ့ ချပ်ထားတာ ဖြစ်ပါတယ်..... အဲဒီလို အောက်ဗိုက် ကို အမြဲ ချပ်ထားခြင်းအားဖြင့် ...အချိန် ကာလ ကြာမြင့်လာတဲ့ အခါ......၀မ်းဗိုက် ရဲ့ ကြွက်သား နံရံများ....သန်မာလာပြီး........ဗိုက်သားကို ကျစ် လျစ်စေ သည့် အတွက်......အ၀တ်အစား ၀တ်ရာမှာ လည်း...... ပိုမို သွယ်လျ လှပ လာပါ လိမ့်မယ် ....... ... မီးဖွား ထားခါစဖြစ်၍ ...... အသား အရည်.....လျော့ရဲ..ပွစိနေသူ များ အတွက် လည်း....အထူးသင့်တော်ပါတယ်.........ဥပမာ အားဖြင့် ဗိုက်ချပ်. .ဘောင်းဘီ ... ( သို့ ) .....ဗိုက် စည်း ကို .....မည်မျှပင်...တင်းရင်းအောင်...ရစ်ပတ် စည်းနှောင် ထားလည်း....ဗိုက် မချပ်ထားလျှင်...မိမိ... အသက်ရူ သလောက် ......ဗိုက်ကြီးပူပြီး ...အရုပ်ဆိုးနေမှာ ဖြစ်ပါတယ်..... ၀... သောသူများ မပြောနှင့်... ပိန် သူများ ပင်....ဘယ် သွားသွား....ခါး ဆန့် မထားသည့် အတွက်..... ....လက်ပြင်ကြီး ကုန်းနေပြီး..... သိပ်မရှိ သည့် အောက်ဗိုက်ကို ......ပါ ပေါ်လွင် ထင်ရှားလာစေပါတယ်.....
    ကျွန်မဆို.....အဲဒီ ဗိုက်ချပ်နည်း ကို လေ့ကျင့် လာတာ....10 နှစ်ကျော် ကြာ ခဲ့ပြိဖြစ်သည်.......သမီး... ကိုယ်ဝန် ရှိသည့် အချိန်တွင် မှ......ဗိုက် ချပ်သည့် လေ့ကျင့်ခန်း ကို .....ကို သတိ ထားဖျောက်ပြီး.........မီးဖွားပြီးမှ... ကို တော်တော်လေး ပြန်လေ့ကျင့် ခဲ့ရပါတယ်......အလကားနေရင်း ကို ဗိုက် ချပ် ၊ ခါးဆန့် ....ဆိုတာ အမြဲ သတိပြုနေခြင်း အားဖြင့်........မိမိကိုယ်ကို ယုံကြည်မှုရှိသော အသွင် သဏ္ဍန်ကိုပေါ်လွင်စေသည့် အတွက်......ဘယ်နေရာ သွားသွား ထူးခြား စွာ ပေါ်လွင် လှပနေစေမှာ..... ဖြစ်ပါတယ်........