Face Lift ...လုပ်ဖို့ လိုပြီလား....by Swe Myat Hay Thi on Monday, 03 October 2011


    Face Lift ဆိုတာ အမျိုးသမီး တွေ အသက် အရွယ် တစ်ခု ရလာ လျှင် ဖြစ်ပေါ်လာ တဲ့ လျော့ ရဲပြီး ပွ စိစိ ဖြစ် လာတဲ့ မျက်နှာ ပြင် နဲ့ အရေးအကြောင်းများ ကို Facial Massage , Skin Care , Facial Machine များ ဖြင့် ပင့်တင်ပြီး ပြန် လည် တင်းရင်း လှပ လာအောင် ပြု လုပ် တာ ဖြစ်ပါတယ်.....  မျက်နှာ အဆီ ချ ပေးခြင်း ဆိုတာ ကတော့ အသက်အရွယ် တစ်ခုထဲကြောင့် မဟုတ် ဘဲ.. အမျိုး သမီးတွေ စ တင် ပြီး ..၀ လာရင်...ဖြစ်လာတတ်တဲ့ မေးနှစ်ထပ် နဲ့ မျက်နှာပြင် ဖောင်း လာတာ ကို အကြမ်းဖျဉ်း ဆိုလို တာ ဖြစ်ပေ မယ့်. ....Face Lift လို့ ခေါ်တဲ့ မျက်နှာ ပင့်တင်တာ က ကျတော့ လူ ၀ တာ ၊ ပိန်တာ နဲ့ မဆိုင်ဘဲ.....အသက်ကြီးလာရင် ....ကြီး လာ သလောက် ဖြစ်ပေါ် လာတဲ့ ....လျော့ရဲပြီး ပွစိ စိ ဖြစ်လာတဲ့ မျက်နှာ အသားအရည် နဲ့ မျက်လုံး နား ၊ နှာခေါင်း တစ် ဘက်တစ်ချက် ၊ နှုတ်ခမ်း တစ်ဘက် တစ်ချက်စီ နဲ့မေးရိုး ၊ မေးစေ့ နေရာ တွေပါ...လျော့ကျ လာတာ ကို...ပြန် တင်းအောင် လုပ်တာ ဖြစ်ပါ တယ်....  Face Lift လုပ်တာ မလုပ်တာ ထက် ပထမဆုံး ကျွန်မ နဲ့ အတူတူ ..အသက်အရွယ် တစ် ခုကြောင့် ဖြစ် လာ ရတဲ့ ကိုယ့် မျက်နှာ ရဲ့ ....အားနည်းချက်များကို ...တူတူ ရင်ဖွင့် ကြည့် လိုက် ကြ ရအောင်နော်... 
   အမျိုး သမီးတွေ မှာ အသက် ၂၅ နှစ် ကျော် လာတာနဲ့ ....ရုပ် က ကျ မှန်း မသိ စတင် ကျလာ ပါပြီ....မျက်လုံး ၊ မျက်ခွံ တွေ ချိုင့် မှန်း မသိ စ ချိုင့်လာသလို... မျက်နှာ က လည်း ဖောင်း မှန်း မသိ ဖောင်းလာ / ကျ မှန်း မသိ ဘဲ စ ကျ လာပါတယ်....ဒါ ကို သတိထား မိတဲ့ သူ ရှိပေမယ့် ....ကျွန်မ နဲ့ တကွ အများစု က သတိမထား မိကြ တာ များ ပါတယ် ....ပွဲထိုင် သွားရလို့ ၀တ်ကောင်း စားလှ ၀တ်ပြီး အလှပြင်လို့ မိတ်ကပ် နဲ့ လိမ်း လိုက် ရင်.....လှနေသေးတာ မို့ ...ကိုယ့် ရုပ်ကျတာ ကို စတင် သတိထားမိရင်တောင် လက်သင့် မခံ ချင်သေး ပါဘူး........အဲဒီ လို နဲ့ အိမ်ထောင် မှု ၊ စီးပွားရေး ၊ လူမှုရေး ၊ သားသမီးရေး အပူတွေ နဲ့ Stress တွေ ကို နေ့စဉ် ရင်ဆိုင်ဖြေရှင်း ရင်း....ခေါင်းမှာ ဗြုန်းကနဲ ဆံပင်ဖြူ တစ်ချောင်းစ ၊ နှစ်ချောင်း စ တွေ့ လာရ မှ...မျက်လုံးပြူး ၊ မျက်ဆန်ပြူး နဲ့ ကိုယ် သတိမထား မိ ခဲ့ တဲ့ ကိုယ့် မျက်နှာ ကို မှန် ထဲ ပြေး ကြည့်တော့ ....အား...လားလား... အသက် .... နှစ်ဆယ့်ငါး နှစ်ကျော် က ရပါသေး တယ်.. .သိပ်မ ဆိုး သေး ပါဘူး... ဆိုတဲ့ ....ကိုယ့် မျက်နှာ က ...ပုံမှန်ထက် ပိုကြီးနေတာ ( သို့ ) မျက်လုံးထောင့်စွန်းနားမှာ ကျီးခြေရာလို့ ခေါ်တဲ့ အရေး အကြောင်း တွေ ဖြစ်နေတာ ၊ နှာခေါင်း နဲ့ ပါးစပ် နား မှာ...Smile Line လို ခေါ်တဲ့ အတွန့် အရေး အကြောင်း နဲ့ နှုတ်ခမ်း တစ်ဘက် တစ်ချက် စီ မှာ ...ရုတ်တရက် ကြည့်လိုက်ရင်. ..အရိပ်လေး ကျလို့ညိုနေ သလို နဲ့ သိပ် မသိသာ ခဲ့တဲ့ နှုတ်ခမ်း နား အ တွန့် လေး က နေ...လျော့ ကျလာတဲ့ လိုင်းတွန့် တွေ များစွာနဲ့ လျော့ကျနေတဲ့ မျက်နှာပြင် ကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင် ရပြီ ဖြစ်ပါတယ်....
    ကျွန်မ နှင့် တကွ အမျိုးသမီး အများစု စ ဖြစ်နေကြပေမယ့်...Skin Care မှန်မှန် လုပ်ပြီး ....Facial Massage Treatment မှန်မှန်ယူ ခဲ့ တဲ့ အမျိုးသမီးတွေ ၊ Stress နည်းနိုင်သမျှ နည်းအောင် နေနိုင်တဲ့ အမျိုး သမီးတွေ နဲ့ ရေများများ သောက်ပြီး ဟင်းသီးဟင်းရွက် နဲ့ သစ်သီး ၀လံ များများ စားတတ်တဲ့ အမျိုးသ မီး တွေ ကတော့ ကျွန်မ တို့ ထက်... အရွယ်ပို တင်ပြီး.. .စောစီးစွာ ရုပ် ကျ တာ. ..သက်သာနေ မှာဖြစ် ပါ တယ်...
    ဒီ ဆောင်းပါး ကို ရေးရ တဲ့ အဓိက ရည်ရွယ်ချက် က ...မျက်နှာပြင် အရေးအကြောင်း ကင်းပြီး ရှိရင်း စွဲ အသက်ထက် ပိုနုပြီး လှပနေသူများ လည်း ဆက်လက် လှပအောင်... ထိန်း သိမ်းနိုင်စေရန်...ရည်ရွယ် သကဲ့ သို့... ...အိမ်ထောင်မှု ၊ စီးပွားရေး ၊ လူမှုရေး ၊ သားသမီးရေး အပူတွေ နဲ့ Stress တွေ ကို နေ့စဉ် ရင်ဆိုင်ဖြေရှင်း ရင်း.. ကျွန်မ ကဲ့သို့ .....ရုပ်ကျမှန်း မသိ ကျ ...နေရသူများ လည်း ...ဒီ ဆောင်းပါး လေး ကို ဖတ်ပြီး...အချိန်မီ...Skin Care မှန်မှန် လုပ်. ..Facial Massage & Treatment မှန်မှန်ယူ ... ရေများ များသောက်၊ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံ များ များ စား ပြီး... အတတ်နိုင်ဆုံး Stress နည်းနိုင်သမျှ နည်းအောင် နေခြင်းဖြင့် ......ဇရာ ကို မလွန် ဆန်နိုင် သော်ငြား လည်း ...ရှိ ရင်းစွဲ အသက်ထက် ပို၍ နုပျို လှပနေခြင်း အားဖြင့် မိမိတို့ ကျင်လည်ရာ ...လူနေမှု ဘ၀ အသီး သီး တွင် ...မိမိကိုယ်ကို ယုံကြည်မှု ရှိစွာဖြင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ပြီး ... .... အောင်မြင် မှု...သရ ဖူ ကို ....အချိန်ကြာမြင့်စွာ ဆောင်းထားနိုင်စေရန် ရည်ရွယ် ၍ ရေးသားခြင်း ဖြစ် ပါတယ်......