လှပ ခန့်ငြား မိန်းမသားများ ဖြစ်ကြစေဖို့ ............. by Swe Myatt Hay Thi on Thursday, February 23, 2012


   အလှအပ ကို မြတ်နိုးကြသည့် အမျိုးသမီး တိုင်း လူမှုရေး ၊ စီးပွားရေး ၊ အိမ်ထောင်ရေး စတဲ့ နယ်ပယ် အသီးသီး မှာ ကျန်းမာ ပျော်ရွှင် မှု အပြည့် နှင့် အောင်မြင်မှု များ ရရှိစေရန် အတွက် မိမိ ကိုယ် ကို ယုံကြည်မှု ရှိဖို့ လိုအပ်ပါတယ်...အဖိုးတန် ရွှေငွေ လက်ဝတ် ရတနာ တွေ နဲ့ ၀တ်ကောင်း စားလှ တွေ ဘယ်လောက်ဘဲ ဆင်မြန်း ထားထား မိမိ ကိုယ် ကို ယုံကြည်မှု မရှိရင် ဘယ်လိုနေရာ ဘယ်လို အခြေအနေမျိုး မှာ မဆို အောင်မြင်မှု ရရန် အလွန် အင်မတန်မှ ခဲယင်း ပါတယ်...ယုံကြည်မှု ရှိရမယ် ဆိုတာ မှာ မိမိ အသက် အရွယ် အလိုက် လှပ ခန့်ငြားနေ ဖို့ လိုသလို ကျန်းမာ ကြံ့ခိုင်ပြီး ရောဂါ ကင်း တဲ့ ခန္ဓာ ကိုယ် မျိုး ပိုင်ဆိုင် ဖို့လည်း လိုအပ် ပါတယ်. ...အဲဒီ မှာ အထူး ပြောစရာ ရှိလာတာ က အမျိုးသမီးတွေ အများစု အဓိက ဖြစ်တတ် တဲ့ ခန္ဓာ ကိုယ် ၀ လာတဲ့ ပြသနာ ဘဲ ဖြစ်ပါ တယ် ...   ကျွန်မ နှင့် တကွ အမျိုးသမီး အများ စု ဟာ ရှိရင်း စွဲ မူလ ခန္ဓာ ကိုယ်ထက် ပိုပြီး ၀လာပြီ ဆိုတာ နဲ့ လုပ်ငန်း ခွင် ၊ ပွဲလမ်းသဘင် သွား ရမှာ မ၀ံ့မရဲ ၊ အ၀တ်အစား ၀တ်ရမှာ မလုံမလဲ နဲ့ စိတ်ဓာတ်တွေ ကျပြီး ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု ဆိုတာတွေ ပျောက်ဆုံး ကြတာ က စပြီး စိတ်ညစ် လို့ စား ၊ စားလို့ ၀ ၊ ဝ လို့ ဆက်စား နဲ့ ဘဲ အ၀ သံသရာ လည် ပြီး ကိုယ့်ကိုယ် ကိုယ် စတင် ၀ နေပြီ မှန်းသတိ စပြု မိသည့် ကိုယ်အလေးချိန် တွင် ပြန်လည် ၍ မထိန်းသိမ်း ခဲ့သည် က စလို့ ၀သည် ထက် ပိုပို ၀ ပြီး နှလုံး ၊ သွေးတိုး ၊ ဆီးချို ၊ လေးဘက်နာ ရောဂါ နဲ့အခြား မလိုလား အပ်တဲ့ ရောဂါတွေ မလိုချင်ဘဲ ၀င်လာရတဲ့ အထိ ဆုံးရှုံးမှု တွေ အများကြီး ဖြစ်လာ ရပါတယ်......
   ကျွန်မ တို့ အမျိုးသမီး တွေ ရဲ့ ယေဘုယျ ခန္ဓာ ကိုယ် သဘော အရ ..တချို့ က ငယ်စဉ် ကလေး ဘ၀ ထဲ က ၀ နေတတ် တာ ဖြစ်သလို.... တချို့ က အသက် ၂၃ ၊ ၂၄ ..မှာ စတင်...၀ တတ်ပြီး .. အများစု က တော့ အိမ်ထောင်ကျလျှင် ၀ ၊ ကလေး မွေး လျှင် ၀ ၊ ....သားကြောဖြတ် လျှင် ၀ ၊ သားအိမ် ထုတ်လျှင် ၀ ...နဲ့ ဘဲ တချို့ သော ဘယ်လောက် စားစား မ ၀ တတ်သည့် ဘ၀ပေး ကုသိုလ် ကံ အကျိုးပေး အင်မတန် မှ ကောင်းသည့် အမျိုးသမီးများ မှ လွဲ၍ အမျိုးသမီး အများစု က အကြောင်းကြောင်း သော ၀ ခြင်း များ နှင့် အ၀ သံသရာ လည်နေကြရပါတယ်....ကျွန်မ တို့ ခေတ် က State ကျောင်းမှာ ..တက္ကသိုလ် မှာ အလွန်တရာ မှ ချောမော လှပခဲ့သည့် အမျိုးသမီး မိတ်ဆွေ သူငယ်ချင်းများ နှင့် အမှတ်မထင် ပြန်ဆုံ ရသည့် အခါတိုင်း မှာ တခေတ်တခါ ပျိုမျစ်နုနယ် စဉ် က ငယ် ဂုဏ်လေးနှင့် အင်မတန် မှ ချောလှ ခဲ့သည့် ရုပ်ဆင်း သွင်ပြင် များလည်း ကြက်ပျောက် ငှက်ပျောက် နှင့် ...မျက်နှာ မှ စ ပြီး ၀ လိုက် တာ တစ်ကိုယ်လုံး ပုံပျက်ပန်းပျက် နှင့် ၀တုတ်တုတ်ကြီး ဖြစ်နေကြ တာ မြင်ရလျှင် အလွန်တရာ မှဘဲ အံ့သြခြင်း ကြီးစွာနဲ့ နှမြော တသ ဖြစ်ရ ပါတယ်... .ရောက်တဲ့ အနေအထား က သတိပြန်ထားပြီး ၀ိတ်ပြန်ချပါလား လို့ တိုက်တွန်း မိပြန်လျှင်လည်း အနည်းအကျဉ်း ပုံပျက် ရုံလောက် စ ၀ နေသူများ မှ လွဲ၍ အများစု ပိန်လိုသည်မှ လွဲ၍ ပိန်အောင် ပြန် လုပ်ဖို့ အင်မတန် မှ ခဲယင်း သွားကြသလို...အိမ်ထောင်ရေး ၊.စီးပွားရေး ၊ ခင်ပွန်း နှင့် သားသမီး ဝေယျာဝစ္စ ၊ လူမှု ကိစ္စများ နှင့် လုံးလည် ချာလည် လိုက် ရင်း ...ဖွဲရှိရှိ နှင့် ပိန်အောင် ပြန်လုပ်ဖို့ အချိန် မပေးနိုင်ကြသည် က ပိုများလို့ နေတာ သာ တွေ့ရပါတယ်....
   ကျွန်မ တို့၏ အားကစား သင်တန်း နှင့် ခန္ဓာ ကိုယ် အဆီချပေးသည့် လုပ်ငန်းများ သို့ အမျိုးသမီးအများ စု ရောက်လာကြတာ မှာ တချို့က ကိုယ့် ကိုယ်ကိုယ် စတင်ပြီး ၀လာတာ ကို စတင် သတိထား မိလို့ လာကြတာမျိုး ရှိပေမယ့် အများစု က တော်တော်လေး ကို ပုံပျက် ပန်းပျက် ဖြစ်မှ....စိတ်ဓာတ်ကျလို့...ယောကျာ်း က အိမ်ထောင်ရေး ဖောက်ပြန်လို့ ...အပြင်သွားရင် တွဲဖက် မသွား ချင်တော့ တာ ကို မခံချင်လို့...ဒါမှ မဟုတ်ရင် အမျိုးသား က ပိန်အောင် လုပ်ခိုင်းလို့ ...အုပ်ထိန်းသူ မိဘ များ က ပိန်အောင် လုပ်ခိုင်း လို့. ..စ သည်ဖြင့် .. အကြောင်း ကြောင်း က လှုံ့ဆော်၍ မလာချင်ဘဲ လာကြရသည်များလည်း ရှိပါ သေး တယ်..... အမျိုးသမီး များ မိမိ ကိုယ် ကိုယ် ယုံကြည်မှု ရှိစွာ နှင့် အနာရောဂါ ကင်းပြီး သွယ်လျ လှပစေလိုသည်မှာ ...အိမ်ထောင်ရေး သာယာဖို့ ရန် အကြောင်း အချက် တစ်ခုထဲ ကို မဆိုလိုသလို...မိမိ ၏ ဇနီးသည် ၏ ကိုယ် ခန္ဓာ လှပနေပါမှ အိမ်ထောင်ရေး ပျော်ရွှင် သာယာနိုင် တယ် ဆိုရအောင် လည်း လှပနေရုံနှင့် ဇနီး သည် ကျင့်ဝတ် ၊ မိခင် ကျင့်ဝတ် စသည့် လူ့ဘောင် လောကကျင့် ၀တ် များ နှင့် အကြောင်း မညီညွတ် ပြန်လျှင်လည်း လှပနေ ရုံ နှင့် ပျော်ရွှင် သာယာ သည့် မိသားစု ဘ၀ ကို အောင်မြင် စွာ တည်ဆောက်နိုင်မည် မဟုတ် သည့် အတွက်....လှပနေမှ မိမိ ခင်ပွန်း သည် နှင့် အိမ်ထောင်ရေး သာယာနိုင်မယ်...ဆိုတာ တစိတ်တဒေသ သာ မှန်ကောင်း မှန်နိုင်ပေမယ့် လုံးဝချည်း သက်သက် အိမ်ထောင်ရေး သာယာဖို့ဆိုတာ ကို မရည်ရွယ်ခြင်း ဖြစ် ပါတယ် .....
   အမျိုးသမီးများ ၏ ခန္ဓာ ကိုယ် အကြောင်း ပြောရင်း ...ကျွန်မ ၏ ဒုက္ခ ဆင်းရဲခြင်းများစွာဖြင့် ထိန်းသိမ်းရသော ခန္ဓာ ကိုယ် အကြောင်း လေး လည်း ဆက်ပြောချင်ပါသေးတယ်.....ကျွန်မ ဆိုတာ အလှအပ နှင့် သက်ဆိုင်တဲ့ အလုပ်မျိုး လုပ်ကိုင်ရသူ ဖြစ်သည့် အတွက်. ..ကျွန်မ ဆိုင်ကို လာသည့် Customer များ ၏ ယုံကြည်မှု တည်ဆောက်နိုင်ရန် အတွက် ကျွန်မ က စပြီး ၀ နေ၍ မရသဖြင့်.. ...မနက်စာ ၊ နေ့လည်စာ ၊ ညစာ တိုင်း ကို သတိအမြဲ စွဲ၍ အိပ်ကောင်း တိုင်း မအိပ်ရ ၊ စားကောင်း တိုင်း မစားရနှင့် ...တော်တော် လေး ခက်ခဲ ပင်ပန်းစွာ ထိန်းသိမ်းရ နေသူမျိုး သာ ဖြစ်ပါတယ်.....ကျွန်မ ၏ ခန္ဓာ ကိုယ် သည်လည်း ကြိုက်သလို အ၀ စား တာနှင့် သုံးလေး ရက်နေလို့ ပေါင် ချိန်ကြည့်ရင်.. လေး ၊ ငါးပေါင် မျှ အသာလေး တက်တဲ့ သူမျိုး ဖြစ်သလို ..ကျွန်မ တို့ စိတ်ကြိုက် စားသမျှ သိမ်းထားနိုင်သည့် အစာအိမ် ဆိုတာ လည်း ထည့်ရင် ထည့်သလောက် ဆန့်ပြီး ..ပြန်ကျုံ့ ချင်ရင် သုံးလေး ရက် သာ အကျင့်လုပ် ဒုက္ခ ခံ..ပြန်ထိန်းပြီး စားသောက် လိုက်ရုံ နှင့် ပြန်ကျုံ့နိုင်သည့် ...Elastic လို မျိုး ကြီးသာ ဖြစ်ကြောင်း နားလည် ထားသည့် အတွက် ...ကိုယ့် အကြောင်းနှင့် ကိုယ်..မနက် Breakfast အချိန် မှာ မသောက်ရင် မနေနိုင်တဲ့ ကော်ဖီ လေး တစ်ခွက် သောက်ရ လျှင် သာ တင်းတိမ် နေ ရပြီး ...နေ့လည် နှင့် ညနေ ထမင်းစားချိန်များ မှာ ထမင်းစားရပြန်လျှင်လည်း တရုတ် ဟင်းချို ပန်းကန်လုံး အသေးလေး တစ်လုံး ( စတီးဇွန်း နှင့် ချိန် ထည့်လျှင် ၅ လုပ် စာမျှ ) သာ ရှိသည့် ကြောင်စာ တမျှ ထမင်း.... .လောက် ကိုသာ မ၀ လည်း စား ၊ ၀ လည်း စားနှင့် စားသောက်နေရပြီး ...မတင်းတိမ် သည့် နေ့ များ တွင်...အရွက်ပြုတ် ၊ သုပ်များ နှင့် သစ်သီး ၀လံများ ကို ဗိုက်ဆာသမျှ ..အငြိုးအတေး နှင့် သာ အ၀ စားသောက်နေရသူ ဖြစ်သလို ...တစ်လ လုံး မှ တစ်ခါ နှစ်ခါ မျိုး မိသားစု လိုက် / မောင်နှမ တွေ နှင့် အုပ်စုလိုက် အပြင်ထွက်ပြီး စားရတဲ့ စားပွဲသောက်ပွဲများ မှာတော့ တစ်ရက် တစ်လေ ဆိုပြီး ငတ်ခဲ့ သမျှ အတိုးချ ပြီး စားသောက် နေထိုင်နေရသူ သာ ဖြစ်ပါတယ်....ကျွန်မသည် ကိုယ့် အလုပ်နှင့် ကိုယ် ဒုက္ခ ခံရ သူမို့ သာ ...စားတာ နှင့် တက်တတ်တဲ့ ခန္ဓာ ကိုယ် မျိုး ဖြစ်သဖြင့် မ ၀ အောင် သတိ နှင့် နေထိုင် စားသောက်နေရသူ မျိုး ဖြစ်သော် လည်း တကယ်တမ်း စိတ်လွှတ်ပြီး အ၀ စိတ်တိုင်းကျ စားစတမ်း ဆိုလို့ က တော့.. .ယောကျာ်းကြီး တစ်ယောက် စားသလောက် ကို အ၀ စားနိုင်သည့် အစား အသောက် အင်မတန် မှ ခုံမင်လှ သူ လည်း ဖြစ်ပါ တယ်.....