ကျွန်မ Beauty Consultant နှင့် ထူးဆန်းထွေလာ Customer ........ on Thursday, July 12, 2012


   Sweဲ Myat Hay Thi ( Beauty Consultant )ဆိုတာ ကျွန်မ ဟာ ကျွန်မ ကိုယ့် ကိုယ် ကိုယ် ပေးထားတဲ့ အလုပ် တာဝန် နဲ့ ရာထူး ဖြစ်ပါတယ် .... Beauty Consultant ဆိုတာအလှအပ ရေးရာ နှင့် ပတ်သက်ပြီး တိုင်ပင် အကြံပေး ဆွေးနွေးပေး သူသာ ဖြစ် တဲ့ အတွက် ကျွန်မ ခံယူထား တဲ့ ကျွန်မ ဖြစ်ချင်တဲ့ Beauty Consultant ဆိုတာ ကိုယ့် ကို ယုံကြည်လို့ ကိုယ့် ဆိုင်လာတဲ့ သူ ကို စိတ်ရှည်ရှည် နဲ့ လက်ခံ စကားပြောပေး အကြံ ပေးဆွေးနွေးပေးပြီး သင့်ရင် သင့်တယ် ၊ မသင့်ရင် မသင့်ဘူး.... မသင့်ဘူး ဆိုရင် ဘာကြောင့် ၊ သင့်တယ် ဆို ဘာကြောင့်ရယ် လို့ ....သဘာဝ ကျကျ နဲ့ အဖြစ်သင့်ဆုံး ကို ဘဲ ဦးစားပေး စဉ်းစားပြီး လုပ်သင့် ဖြစ်သင့် တာ ကိုသာ အမှန်တကယ် အကြံပေးဆွေးနွေးပေးတဲ့ ၊ တာဝန် ယူပေးနိုင်တဲ့ Beauty Consultant သာလျှင် ဖြစ်ရမည် ....  ဤ အလုပ် နဲ့ လုပ်ကိုင်စားသောက် ပြီး အသက်မွေး ၀မ်းကျောင်းနေတာ မှန်ပေမယ့် ကိုယ့် ဆီကို ယုံကြည်မှု တစ်ခု နှင့် လာတဲ့သူတွေ ရဲ့ ယုံကြည်မှု ကို အခွင့်အရေး ယူလို့ သူတို့ စိတ်ကျေနပ်မှုရအောင် သူတို့ ပြသနာ အသီးသီး ကို စိတ်ရှည်ရှည် နဲ့ နားထောင်ပေးပြီး ကိုယ့် ဆိုင်ရဲ့ ၀န်ဆောင်မှု တစ်ခုခု ကို မလုပ် မဖြစ် လုပ်သွားအောင် စည်းရုံး သိမ်းသွင်းပြီး ကိုယ့် ဆိုင်က Service တစ်ခုခု ကို ထိုးရောင်းလိုက်တဲ့ Beauty Consultant ဘယ်သောအခါ မှ မဖြစ်စေရ ဆိုတာပါ .......
   အဲဒီ့ အတွက် ကိုယ့် ခံယူချက် နဲ့ ကိုယ် မို့..... ကျွန်မ မှာ ဆိုင် ကို လူ ကိုယ်တိုင် လာဆွေးနွေးတဲ့ သူ ၊ အကြောင်းကြောင်း နဲ့ မလာနိုင်လို့ ဖုံး နဲ့ G-mail / Facebook စတဲ့ နေရာအသီးသီး က နေ မေးမြန်း ဆွေးနွေး သူ တိုင်းရဲ့ ပြသနာ တိုင်း ကို အမြဲ နားထောင်ပေးပြီး အကြံပေးရင်း နဲ့ အမှန်တကယ် လိုအပ်သူ ဖြစ်မှသာ လုပ်ပေးဖြစ်သလို သူလုပ်ချင်တဲ့ ၀န်ဆောင်မှု ဆိုတာ ကို ကျွန်မ အမှန်တကယ် တာဝန်ယူပေးနိုင် မှ သာ ကျွန်မ ဆိုင် ရဲ့ မျက်နှာ ၀န်ဆောင်မှု တွေ ဖြစ်တဲ့ မျက်နှာ အဆီချတာ ၊ မျက်နှာပြင် တစ်ခုလုံး တင်း ရင်းအောင် ပင့်တင်ပေးတာ ၊ ၀က်ခြံ ၊ တင်းတိတ် ၊ နေလောင်ကွက် စတဲ့ အသားအရည် ပြုပြင်ပေးတာ ၊ ခန္ဓာကိုယ် တစ်ခုလုံး အဆီချပေး တာ ၊ ရင်သား အလှပြုပြင်ပေးတာ စတဲ့ ၀န်ဆောင်မှုတွေ ကို တာဝန်ယူ လက်ခံဆောင်ရွက်ပေးနေခြင်း ဖြစ်ပါ တယ် ..... ကျွန်မ ရဲ့ အဓိက အလုပ် တာဝန် က Beauty Consultant လို့ ကိုယ့် ကိုယ် ကိုယ် သတ်မှတ်ပေမယ့် တကယ်တမ်း မှာ ကျွန်မ ကိုယ့် ကိုယ် သတ်မှတ် တဲ့ Beauty Consultant အလုပ် နဲ့ ကျွန်မ ဆိုင် ရဲ့ လိုတဲ့ နေရာတိုင်း မှာ ဂျိုကာ ၀င်လုပ်ရုံတင် မဟုတ်ပါ ဘူး … ကိုယ့် ဆိုင် လာတဲ့ Customer တွေ ရဲ့ ကျန်းမာရေး အခြေအနေ ၊ ရောဂါ ရာဇ၀င်တွေ နဲ့ အလှအပရေးရာတွေ သာမက ….. လူမှုရေး ပြသနာတွေ မှာ ပါ …. သူတို့ တိုင်ပင် လာရင် ပါဝင်နေရသလို …. ကျွန်မ နဲ့ သိပ်မဆိုင်လှတဲ့ သူတို့ ရဲ့ Budget အခြေအနေ အထိ ပါ တွက်ချက်ပေးပြီး လုပ်သင့် ၊ မလုပ်သင့် တွက်ချက် ချိန်ဆ ပေးရတဲ့ Beauty Consultant လည်း ဖြစ်ပါသေးတယ် …. ထူးဆန်းထွေလာ Customer လို့ နာမည်ပေးထားတဲ့ ဤ ခေါင်းစဉ် အတိုင်း ကျွန်မ တာဝန်ယူဆောင်ရွက်နေတဲ့ အလုပ်အကိုင် တွေ မှာ ဗဟုသုတများစွာ ရရှိအောင် ဆောင်ကြဉ်းပေးခဲ့ကြ တဲ့ ကျွန်မ အမြဲ အမှတ်တရ နဲ့ သတိတရ ရှိနေရတဲ့ Customer တွေ ရဲ့ အကြောင်းတွေ က တော့ .......

အရွယ် မရောက်သေးတဲ့ သမီးလေး ကို ခါး ၊ ရင် ၊ တင် တွေ နဲ့ ခန္ဓာကိုယ် အချိုးကျ လှပစေချင်တဲ့ မေမေ


      အသက် ( ၁၄ ) နှစ် ၀န်းကျင် အရွယ်လောက်သာ ရှိမယ့် သမီးလေး ကို သူ့အမေ က အရမ်းပိန်နေတဲ့ အတွက် ခါး ၊ ရင် ၊ တင် အလှတရားတွေ နဲ့ ခန္ဓာကိုယ် အချိုးကျလှပစေချင်လို့ ဆိုပြီး လာစုံစမ်းပါတယ်.... ကလေး ကြည့်လိုက်တော့ သေးသေး ပိန်ပိန် သွယ်သွယ်လေး ၊ မျက်မှန်လေး က လည်း တပ်ထားသေးတယ်.... အပြစ်ရှာ ကြည့်ရင် မသိမသာ လက်ပြင်လေး ကုန်းချင်နေတာ တစ်ခုက လွဲလို့ တခြား .... ဘာမှ မရှိသလို .....ကလေး က လည်း တကယ့် ကလေး ပုံစံ ....( အပျို လို လှချင်နေပုံမျိုးလည်း မဟုတ် ) ....အမ က ကစားစေချင်တာ တခြား ဘာအကြောင်းများ ရှိသေးလဲ .... လို့ ဥပမာ အညောင်းမိတာ မျိုး ၊ ကျန်းမာရေးကောင်းစေချင် လို့ ကစားစေချင်တာမျိုးလား ဆိုတော့လည်း မဟုတ်ပါ ..... သူ့သမီးလေး အချိန်တန် လို့ အပျို အရွယ်ရောက်ရင် မလှမပ ဖြစ်မှာသာ စိုးလို့ပါ တဲ့ ..... အဲဒါ နဲ့ ကျွန်မ သဘောသက်သက် နဲ့ အကြံပေးရမယ် ဆိုရင် ...... ကလေး က လက်ပြင်လေး ကုန်းချင်ချင်ဖြစ်နေ တာ အတွက် သာ နွေရာသီ ကျောင်းပိတ်ရက် လိုမျိုးမှာ ....ခါးဆန့်တဲ့ အလေ့အကျင့်လေးရအောင် ကြက်တောင်ရိုက်တာလိုမျိုး ၊ ပြေးခုန်ပစ်လိုမျိုး ၊ ဘတ်စကက်ဘော လိုမျိုးကို သာ ကစားခိုင်းပါလား .... အမ ရယ် .... ကလေး က အရမ်း ၀နေရင်တော့ တစ်မျိုးပေါ့ ..... အဲဒီလို မဟုတ်ဘဲ .... ရင်တွေ တင်တွေ ထွက်အောင် ကစားခိုင်းလိုက်ရင် အပျိုပုံပေါက်ပြီး လှသွားတာ မှန်ပေမယ့် ကလေး က အပျိုတွေ ကြားမှာ နေပြီး တဖြည်းဖြည်း နဲ့ အပျိုစိတ် ၀င်သွားရော .....လို့ ....နောက် သူ့ အသက်နဲ့ သူ အရွယ်ရောက် ရင် ထွက်သင့်သလောက် ထွက်လာမှာဘဲ .... အဲဒီ အခါ ကျလို့ မထွက်လာရင်သာ ကစားချင် ကစားခိုင်းလို့ ရတာဘဲ .... အမ ရယ် .... ဆိုတာ နဲ့ ဘဲ .... သမီးလေး ကို လှစေချင်လွန်းတဲ့ သူ့မေမေ ခမျာလည်း ကျွန်မ ပေးတဲ့ အကြံလေး ကို လက်ခံသွားပါတော့ တယ် ....

နှလုံးရောဂါလား / စိတ်ဖိစီးမှု ရောဂါလား


   Stress များသလို ၊ အညောင်းမိတဲ့ အလုပ်မျိုး ကိုလည်း လုပ်ကိုင်ရသူ တစ်ယောက်ဖြစ်ပြီး တစ်နေ့တစ်နေ့ ယောကျာ်းကိစ္စ ၊ ကလေးတွေ ရဲ့ ဝေယျာဝိစ္စ တွေ နဲ့ အချိန်ကုန်နေရပြီး ဒီ့ထက်ပိုပြောရလျှင် အ၀လွန်လွန်းနေသလို .... ၀နေတဲ့ အတွက် အိမ်ထောင်ရေး ပြသနာတွေ နဲ့ ပါ ရင်ဆိုင်နေရပြီး အိမ်ထောင်တစ်ခု ကို စိတ်ကုန်နေသလို ၊ သားသမီးတွေ အတွက် ပါ အလွန်အမင်း စိုးရိမ်ပူပန်နေတတ်ပြီး အသက်ရှုရင် က အစ နှလုံး က အမောမခံနိုင်လို့ ..... လာကစားတာ ဖြစ်ပါတယ် တဲ့ .... အမောမခံနိုင်သလို ... အပင်ပန်း လည်း မခံနိုင်ပါဘူးတဲ့ .... ကျွန်မ က အမ အခု နှလုံးဆေးတွေရော သောက်နေရလား .....ဆိုတော့ .... အမောမခံနိုင်တာ က လွဲရင် နှလုံးရောဂါ ရယ်လို့ သေသေချာချာ တော့ လည်း မရှိပါဘူးလို့ .... ဆရာဝန်ကြီး က ပြောပါတယ်တဲ့ ..... ကျွန်မ အဲဒီ အချိန်မှာ အဲဒီ အမကြီး ကို သတိထားလိုက်မိတာ က နှလုံးရောဂါ ရှိမရှိ ဆိုတာ ထက် ..... သူ့မျက်နှာ နဲ့ အသားအရည် က တကယ် ရှိနေသင့်တဲ့ အရောင် အဆင်း ထက် ပိုလို့ကာ အလွန်အမင်း ညစ်နွမ်းပြီး မကြည် မလင် ဖြစ်နေတယ် ဆိုတာကို ပါ .... အဲဒါ နဲ့ ဘဲ ကျွန်မ က စစချင်း ကစား တဲ့ နေ့မှာ အကြော အရမ်းတင်းနေမယ် ...နောက်တစ်နေ့ဆို တအားနာတယ် ..... ဒုတိယ နေ့ မှာ မကစားရင် ပိုနာတယ်.... နည်းနည်းဖြစ်ဖြစ် ကစားလိုက် လို့ ချွေးထွက် လာရင် သက်သာသွားတယ်.... နာမှာကြောက်ရင် အကိုက် အခဲ ဆေးလေးလောက်သောက် ထားပြီး အိမ်ပြန်ရောက်ရင် ရေနွေးနွေးလေး နဲ့ ရေချိုးလိုက် ရင် သက်သာသွားလိမ့်မယ် ..... ကောင်းတာ ကတော့ နေနိုင်မယ် ဆိုရင် ဆေး မသောက်တာ ပိုကောင်းမယ်..... ငါးရက် အထိ ဘဲ ...အမ .ငါးရက် ကျော်ရင် .... လုံးဝ မနာတော့ဘူး ..... နှစ်ပတ်ကျော် ရင် နေရတာ တော်တော်လေး ကောင်းသွားလိမ့်မယ်.... ကစားလို့ အသက်ရှုတာ က အစ အဆုတ်ထဲ ထိ ပြင်းပြင်းရှု တာ ဖြစ်တဲ့ အတွက် ....နေလို့ လည်း ပိုကောင်းပါတယ် ..... နှစ်ပတ်ကျော်လောက် ဆို တော်တော်လေး ပေါ့ပါး လာပြီး နေလို့ထိုင်လို့ ကောင်းပြီး အမောပါ ခံနိုင် လာလိမ့် မယ်....အမ နည်းနည်း အပင်ပန်းခံနိုင်လာပြီ ဆိုမှ .... ပိန်ဖို့ အဓိက ဆက် ကစားတာပေါ့နော် .... လို့ အကြံပေးပြီး ကစား ခိုင်းဖြစ်ခဲ့ပါ တယ် .....
    နောက်ပိုင်းမှာတော့ ကစားရင်း နဲ့ သိသိသာသာ နေလို့ ကောင်းလာသလို .... အသက်ရှုတာ က အစ သိသိ သာသာ ကောင်းလာပြီး တဖြည်းဖြည်း ပို ကစားနိုင်လာသလို .... ခန္ဓာကိုယ် လေး ပါ အနည်းငယ် စစ်စစ်လာပြီး ကစားသက် ကြာလာ တာ နှင့် ကျွန်မ ကို ပါ တဖြည်းဖြည်း ခင်မင်လာတာ က စလို့ သူ့အကြောင်းတွေ ထပ်မံ ရင်ဖွင့်တာ ကို ခဏခဏ နားထောင်ပေးဖြစ် ရင်း နဲ့ သူ့ ခံစားချက် ကို နားလည်စွာ နှင့် ကျွန်မ အကြံပေးဖြစ်သွားတာ က Psychiatrist ( သို့) Psychologists တစ်ယောက်ယောက် နဲ့ တခဏ ဖြစ်ဖြစ် တွေ့ကြည့်ပြီး စိတ် ပင်ပန်း မွန်းကြပ်ရသမျှ ရင်ဖွင့်လိုက်စေချင်တာ ပါ ..... သူ က ပထမ တော့ လက်မခံပေမယ့် .... Stress ဆိုတာ လူတိုင်းမှာ ရှိတဲ့ အကြောင်း နဲ့ အဲဒီ Stress ဆိုတာ တခြားဘ၀တွေ ပြီးပြည့်စုံနေချိန်မျိုး မှာ မသိသာပေမယ့် အဆင်မပြေတာတွေ များလာရင် လောကဓံ ကို မခံနိုင်တဲ့ ရောဂါ တစ်မျိုး အဖြစ် အုံကြွလာတာ ကို မခံစားနိုင်တဲ့ အတွက် အခုလို ခံစားနေရတာ သာ ဖြစ်ကြောင်း နဲ့ စိတ်ရှည်ရှည် နဲ့ ခံစားနားထောင်ပေးမယ့် ဆရာဝန် တစ်ဦးဦး နဲ့ သေသေ ချာချာ ဆွေးနွေးပြီး ကိုယ်ခံစားရတာ သက်သာရာရစေ မယ့် ဆေးကုသမှု ကို ခဏတဖြုတ်ယူခြင်းဖြင့် သိသိ သာသာ ကောင်း သွားမည် ဖြစ် သလို တစ်ဘက် မှာ အားကစား တစ်ခုခု တွဲလုပ်နေတာ က လည်း စိတ်အပန်းဖြေမှု တစ်ခု ရသလို သွေးလှည့်ပတ်မှု လည်းကောင်းလာ လို့ .... ခန္ဓာ ကိုယ် နဲ့ အသားအရည်ပါ သိသိသာသာ ကြည်လင် လာမည် ဖြစ်ကြောင်း ကို သူစိတ်ဆိုးသွားမှာ ကြောက်ကြောက်နှင့် ဘဲ အကြံလေး ပေးလိုက်မိပါတယ် .... တကယ်ပါဘဲ .... တခြားသူ တစ်ယောက် ကပြောလာလျှင် စိတ်ဆိုးမှာ မှန်ပေမယ့် ကျွန်မ ကို ချစ်ခင်သော အားဖြင့် ကျွန်မ စကား နားထောင်ကြည့်ပြီး သူသွားဖြစ် သွားသလို ..... နှစ်လလောက် သာ ဆေးသောက်လိုက်ရပြီး .... နောက် ထပ် ဘာဆေးမှ ထပ်မသောက်ရတော့ဘဲ စိတ်သက်သာရာ ရလို့ နေထိုင်ကောင်းသွားရုံမျှ မက စိတ်ချမ်းသာလာ တဲ့ အတွက် မျက်နှာ နှင့် အသားအရည် က အစ သိသိသာသာ စိုပြည် ကြည်လင် လာပြီး ခြောက်လလောက် အကြာမှာ ခန္ဓာကိုယ်က အစ တဖြည်းဖြည်း သွယ်လျ လာပြီး အခုချိန်မှာတော့ ကျွန်မ ဆီ မှာ လာ မကစားတော့ပေမယ့် လူကျန်းမာ ၊ စိတ်ချမ်းသာ စွာ နှင့် ပျော်ရွှင်နေတာကို ၀မ်းသာစရာ သတင်းကောင်း အနေနဲ့ ကြားသိခဲ့လိုက်ရပါ တယ် ....