အလှဆုံး ဖြစ်ချင်တဲ့ မင်္ဂလာ သတို့သမီးလေးများ အတွက် .....GINGER Beauty Land မှ မစွဲမြတ်ဟေသီ ၏ အကြံပြုချက်



   တစ်သက်မှာ တစ်ခါကျင်းပတဲ့ မင်္ဂလာပွဲမှာ အလှဆုံးဖြစ်ချင်တာ မိန်းကလေးတိုင်း၏ စိတ်ကူးယဉ် အိပ်မက်တစ်ခုပါ ..... ထိုသို့ ကြီးကျယ် ခမ်းနားပြည့်စုံတဲ့ မင်္ဂလာပွဲမှာ အလှဆုံးဖြစ်နေစေဖို့ ကြိုတင်ပြင်ဆင်ရတာတွေ ကတော့ပွဲနေ့တွေမှာဝတ်မယ့် အ၀တ်အစား၊ ဖိနပ်နဲ့ လက်ဝတ် ရတနာ တွေက အစကြိုတင်ပြင်ဆင်ထားရသလို မင်္ဂလာပွဲနေ့မှာ ရူမငြီးရတဲ့ချစ်စရာအလှဆုံး သတို့သမီးလေးဖြစ်နေစေဖို့ခြေဆုံး ခေါင်းဖျားက ကြိုလို့ကာပြင်ဆင်ရပြန်ပါတယ်..ာမင်္ဂလာဆံထုံး အလှဆုံးဆင်ယင် ထုံးဖွဲ့နိုင်အောင် ဆံပင်ကအစ ပြုပြင်ထားရသလို မင်္ဂလာပွဲထွက် တဲ့နေ့မှာ မြင်သူတကာငေးရတဲ့ ၀င်းဝါစိုပြည်လှပတဲ့ အသားအရည် ပိုင်ရှင်လေး ဖြစ်ဖို့လည်း အသားအရည်ကအစ ဂရုတစိုက်နဲ့ ပြင်ဆင်ရပြန်ပါရော။ ချစ်သူသတို့သားလေးနဲ့ ရွှေလက်တွဲရမယ့် လက်ကလေးမှာ အလှဆုံးသော မင်္ဂလာလက်စွပ်လေး ပနံရစေဖို့ လက်သည်း၊ ခြေသည်းလေးတွေကအစ အလှဆုံး ပြင်ဆင်ထားဖို့ကလည်း မပါမဖြစ်ဘဲဖြစ်သလို ဤကဲ့သို့ အလှဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားရမှာတွေထဲမှာ မမေ့မလျော့ရမယ့် အရေးကြီးဆုံး အချက်ကတော့ သတို့သမီးပွဲထွက်ဖို့ မိတ်ကပ်ပြင်ဆင်ချယ်သတဲ့ အခါ အလှပျက်စေမယ့် ၀က်ခြံ၊ တင်းတိတ်၊ နေလောင်ကွက်၊ အမည်းစက် တွေနဲ့ အဆီပိုတွေ မရှိဘဲ မျက်နှာပြင်နဲ့ အသားအရည်ကအစ နူးညံ့ကြည်လင် ချောမွတ် စိုပြည် တင်းရင်း လှပစေနေဖို့နဲ့ ခမ်းနားထည်ဝါ လှပတဲ့ မြန်မာဝတ်စုံ ထိုင်မသိမ်းဘဲ ၀တ်ဝတ် ၊ ဆန်းကျယ်လှပတဲ့ အနောက်တိုင်း သတို့သမီး ဂါဝန်လေးဘဲ ၀တ်ဝတ် ခန္ဓာကိုယ် မှာ အဆီပိုတွေ မရှိဘဲ ကျစ်လျစ်သွယ်လျတဲ့ ခါး ၊ ရင် ၊ တင် ခန္ဓာကိုယ် အလှတွေ နဲ့ ထူးခြား လှပနေစေဖို့ ဆိုတာတွေ ကလည်း မင်္ဂလာ သတို့သမီးလေးများ အတွက် အထူး အရေးကြီးတဲ့ အခန်း ကဏ္ဍဘဲ ဖြစ်ပါတယ် ......
      မင်္ဂလာပွဲနေ့မှာ အလှဆုံးဖြစ်ချင်နေတဲ့ မင်္ဂလာသတို့သမီးလေးများ အတွက် ကျွန်မတို့ GINGER Beauty Land မှာ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့မျက်နှာနဲ့ခန္ဓာကိုယ် အလှအပ ဆိုင်ရာဝန်ဆောင်မှုတွေကတော့မိတ်ကပ်လိမ်းခြယ်ရာမှာပြစ်မျိုးမှဲ့မထင်
လှပနေစေဖို့ အတွက် ချောမွတ်နေတဲ့ မျက်နှာ အသားအရည် နဲ့ ၀က်ခြံ ၊ တင်းတိတ် ၊ နေလောင်ကွက်တွေမရှိတဲ့ သတို့သမီးလေးများဆိုရင်တော့ မင်္ဂလာပွဲ မတိုင်မီ ( ၁ ) လ လောက် အလို ထိန်းသိမ်းပြုပြင်ထားရင် အဆင်ပြေနိုင်ပေမယ့် ခရီးမှ ပြန်လာတဲ့ သတို့သမီးလေးတွေနဲ့ မျက်နှာ မှာ ၀က်ခြံ ၊ တင်းတိတ် ၊ နေလောင်ကွက် အမည်းစက် တွေ ရှိတဲ့ သတို့သမီးလေးတွေ အတွက် ဆိုရင်တော့ မျက်နှာ အနေအထားပေါ်မူတည်ပြီး အနည်းဆုံး ( ၃ ) လလောက် စောကာ ကြိုတင်ပြုပြင်ထားသင့်သလို ခန္ဓာ ကိုယ် ၀လို့ မျက်နှာပြင် နဲ့ မေးနှစ်ထပ်ပါ ပြည့်ဖောင်းဖောင်း အနေအထားလောက် ရှိတဲ့ သတို့သမီးလေးတွေ ဆိုရင်တော့ မင်္ဂလာပွဲမတိုင်မှီ အနည်းဆုံး ( ၁ ) လ မှာ ကြိုတင်ပြီး Facial Shaping Treatment
( မျက်နှာအဆီချပေါင်းတင် ) လုပ်ထားနိုင်သလို မျက်နှာပြင် တစ်ခုလုံး တင်းရင်းလှပနေစေရန် အတွက်လည်း Facial Lifting Treatment ( မျက်နှာပြင်တစ်ခုလုံးတင်းရင်အောင် ပင့်တင်ပေးခြင်း ) ဆိုတာတွေ နဲ့ အလှဆုံး ပြင်ဆင်ထားနိုင် ပါတယ် .....
ခန္ဓာကိုယ် ကတော့ ပုံမှန်ထက် မဆိုသလောက်လေး ပြည့်နေရုံ အနေအထား ဆိုရင် မင်္ဂလာပွဲ မတိုင်ခင် ( ၁ ) ပတ်မျှ အချိန်ပေးနိုင်ရုံ နဲ့ အချိန်တို ( ၅ ) ရက် အတွင်း သွယ်လျ လှပစေမယ့် နည်းစနစ်တွေ နဲ့ အဆီချပေးနိုင်သလို ၊ သူ့ထက်ပို ၀ နေမယ့် မင်္ဂလာ သတို့သမီးလေးတွေ အတွက်လည်း ၀ နေတဲ့ ခန္ဓာကိုယ် အနေအထားပေါ်မူတည်ပြီး ၀တ်လို့စားလို့ ကောင်းရုံ ပိန်ချင်တာဆို ( ၁၀ ) ရက် Package လောက် ဆို လုံလောက်ပေမယ့် ပိုမိုထူးခြားစွာ ထင်ရှားလှပနေ ချင်တယ် ဆိုရင်တော့ ( ၁ ) လ မှ ( ၂ ) လ ခန့် အချိန်ယူပြီး ၊ နိုင်ငံတကာသုံး ခေတ်မှီ အဆီချ နည်းစနစ်စုံလင်စွာဖြင့် အဆီချပေးနေတဲ့ GINGER Beauty Land ရဲ့ Vibration နည်း ၊ Radio Frequency နည်း နဲ့ Cellulite ချတဲ့ နည်းစနစ် စတာတွေ ထဲ က ကြိုက်နှစ်သက်ရာ ရွေးလို့ အဆီချကာ အနေအထိုင် အစား အသောက် ပါ ဆင်ခြင်ပြီး ခါး ၊ ရင် ၊ တင် ပါ မကျန် ခန္ဓာကိုယ် တစ်ခုလုံး အချိုးအစားကျလို့ တင်းရင်းလှပနေအောင် နည်းစနစ်တကျ ရှိစွာ ဇွဲရှိရှိ နဲ့ ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားမယ် ဆိုပါက မင်္ဂလာပွဲ မတိုင်ခင်မှာ ရင်ခုန်ကြည်နူး ပုံဖော်ရမယ့် တစ်သက်စာ အမြတ်တနိုး အမှတ်ရစွာ နဲ့ သားစဉ်မြေးဆက် သိမ်းဆည်းထားရမယ့် မင်္ဂလာပွဲ အကြို Pre Wedding Package မင်္ဂလာမောင်နှံ စုံတွဲ ဓာတ်ပုံကြီးတွေ မှာ အလှဆုံး အင်္ပြုးတွေ နဲ့ လှပနေမှာ ဖြစ်သလို အခမ်းအနား ပွဲထွက်ရမယ့် မင်္ဂလာ ဧည့်ခံပွဲနေ့မှာ လည်း မြန်မာ့ရိုးရာ ထိုင်မသိမ်း ၀တ်စုံလေးဘဲ ၀တ်ဝတ် ၊ အနောက်တိုင်း ဂါဝန်လေး နဲ့ ဘဲ ဆောင်ဆောင် ထူးခြားစွာ ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးတွေ နဲ့ ဝေဆာနေတဲ့ အလှဆုံး မင်္ဂလာစုံတွဲလေး အဖြစ် ဂုဏ်သရေ ရှိစွာ နဲ့ ပွဲလယ်တင့်နေမှာ ကတော့ အသေအချာပါဘဲရှင် .... ( မင်္ဂလာဆောင်မယ့် သတို့သား / သတို့သမီးလေးတွေ သေတပန် သက်တဆုံး မပျက်ယွင်းနိုင်တဲ့ စစ်မှန်သော သစ္စာ ၊ မေတ္တာ ၊ ချစ်ခြင်း တရားများစွာ နဲ့ သားသမီး မြေးမြစ်တွေရကြတဲ့ အသက်အရွယ်တွေ အထိ သာယာပျော်ရွှင်ရတဲ့ မင်္ဂလာ ဇနီးမောင်နှံများ အဖြစ် ရာသက်ပန် ချစ်ခင်ကြင်နာစွာ လက်တွဲသွားနိုင်ကြပါစေလို့ ...... )