အရွယ်တင် လှပ နုပျိုဖို့ က သင့် အတွက် ဘယ်လောက် ရာခိုင်နှုန်း အရေးပါပါသလဲ ? ? ?.....on Saturday, January 5, 2013



   လူသား အားလုံး အတွက် အသက်ရှည် အနာကင်း ကျန်းမာခြင်း ဆိုတာ  ၁၀၀ %  အရေးပါသကဲ့သို့ .... အရွယ်တင် လှပ နုပျိုဖို့ ဆိုတာ ကရော ဘယ်လောက် ရာခိုင်နှုန်း အရေးပါပါ သလဲ....ဆိုတဲ့မေးခွန်းကလေးကို ဒီ Notes  လေး မရေးခင် မှာ အမျိုးသမီးများ ကို ပထမဆုံး မေးကြည့် ချင်ပါတယ်.... သင်ရော ဘယ်လိုဖြေပါမည်လဲ ....... ကျွန်မ တွက်တော့ 100% ရာနှုန်းပြည့်နီးပါး အရေးပါပါတယ်.... ဘာဖြစ်လို့လဲဆိုတော့ ကျွန်မသည်အမျိုးသမီးများ၏ ကျန်းမာရေး၊ ခန္ဓာကိုယ်အလှအပနဲ့မျက်နှာအလှအပတွေ ကို ပြုပြင်ဆောင်ရွက် ပေးနေရတဲ့ အလုပ်လုပ်နေရတဲ့ အဓိက အချက်ကြောင့် ဖြစ်သလို ကျွန်မ ကလေး ဘ၀ ထဲ က အလှအပ ကို အင်မတန် မှ ၀ါသနာ ပါပြီး အသက် ကြီးငယ်မရွေးလှပနေတဲ့အမျိုးသမီးတွေ ကို တွေ့တိုင်း သူတို့ ဘယ်လို ၀တ်တယ် ... ဘယ်လို နေထိုင်စားသောက်တယ် ကို က အစ ... စိတ်ဝင်တစား နှစ်သက် သဘောကျနေတတ်ခြင်းကြောင့် ဘဲ ဖြစ်ပါတယ် .... ကျွန်မ ကိုယ်တိုင်လည်း ခြေဆုံး ခေါင်းဖျား သိပ်လှချင်သလို ... အလှအပ ကို ၀ါသနာ ပါလွန်း တဲ့ စိတ်ကြောင့် .... ကျွန်မ အလုပ် စလုပ်တဲ့ အချိန်မှာလည်း ... သူများတွေ ကို လှပအောင် ဆောင်ရွက်ပေးရသလို ကိုယ်တိုင် လည်း လှပအောင် နေလို့ရတာ ကို နှစ်သက် သဘောကျ တဲ့ ... အတွက် အမျိုးသမီး သီးသန့် ရဲ့ အလှအပ နဲ့ ပတ်သက်တဲ့ .... ၀န်ဆောင်မှု အလုပ် တွေ ကိုဘဲ ရွေးချယ် လုပ်ကိုင်ဖြစ်ခဲ့ပါတယ် ....
       ထိုသို့ အမျိုးသမီး အလှအပ တွေ ကို လုပ်ကိုင်ဆောင်ရွက်နေသူ ဖြစ်တဲ့ အတွက် .... ကျွန်မ ဆိုတာ အမြဲ လှနေမှာဘဲ ... မလှတဲ့ ရုပ် ၊ မလှတဲ့ ဘ၀ ၊ မလှတဲ့ ခန္ဓာ တွေ ကိုတွေ့ကြုံ ခံစားဖူးမှာ မဟုတ်ပါဘူး လို့ ... မထင်မှတ်လိုက်ပါနဲ့ ..... အမျိုးသမီးများ အားလုံး ကို ပြန်လည် နုပျို လှပလာအောင် ... အချိန်မှီ ပြန်လည် ပြုပြင်ဖန်တီး ယူစေချင် တဲ့ အတွက် ..... ကျွန်မ ဘ၀ မှာ တစ်သက်လုံး ဘယ်တော့ မှ ပြန်မတွေ့ချင်တဲ့ ရုပ်အဆိုးဆုံး မှတ်တမ်း ဓာတ်ပုံတွေ ကို ပါ ပူးတွဲ ဖော်ပြပေးလိုက်ပါတယ် ... ကျွန်မ ငယ်ငယ် တုန်း ကကိုယ် အလေးချိန် က ပေါင် ၉၀ နဲ့ ၁၀၀ ကြား ရှိခဲ့သလို .... လက်ရှိ ခန္ဓာကိုယ် အလေးချိန် .... ပေါင် ၁၁၀ လောက် မှာ ရှိနေဖို့အတွက် နေ့စဉ် နှင့် အမျှ စိတ်လူ အပင်ပန်းခံပြီး ထိန်းသိမ်း နေထိုင် စားသောက်နေရတဲ့ ကျွန်မ .... Over Weight ခန္ဓာကိုယ်လောက် အထိတော့ မ၀ ဖူးပေမယ့် .... ပေါင်ချိန် ၁၃၅ - ၁၄၀ ဆိုတာ ကျွန်မ လက်ရှိ လက်ရှိ အလုပ်တွေ နဲ့ ဆို ဘယ်လို မှ အခြေအနေ မလှနိုင်တဲ့ ခန္ဓာကိုယ် အနေအထားတစ်ခု ကို စိတ်ဆင်းရဲခြင်း ကြီးစွာဖြင့် တွေ့ကြုံ ခံစားခဲ့ဖူးပါတယ် ..... ကလေး မီးဖွားပြီးစ အချိန် ပေါင် ၁၆၀ ကျော် ဆိုတာ က တော့ .... စိတ်ဆင်းရဲ ရသမျှထဲ မှာ ဆိုဖွယ်ရာ မရှိ ၊ စိတ် အဆင်းရဲခဲ့ရဆုံး ဘ၀ ပါဘဲ .... ကျွန်မ ဆိုင် ကို အဆီချမယ့် လူတွေ လာလို့ Consulting လုပ်ပေးရတိုင်း ၊ အတိုင်းတိုင်းပေးရတိုင်း မမေ့မလျော့ မပျက်မကွက် အမေးခံရ တဲ့ မေးခွန်း တစ်ခု က''ကိုယ်တိုင်ရော မချဘူးလား '' ... ဆိုတာ ပါ ... အဲဒီလို မေးရင် ... မီးဖွားထားတာ ... ရက်ပိုင်း ၊ လငယ်ပိုင်းလေး ဘဲ ရှိသေးလို့ ချလို့ မရသေးလို့ပါ ... လို့ နှုတ် က ပြန်ရှင်းပြ နေရပေမယ့် .... စိတ်ထဲ မှာ တော့ ... အကြိမ်ကြိမ် အခါခါ လဲသေပစ်လိုက်ချင်စိတ်ပေါက်နေမိ ပါတယ် ....  
       ထိုမျှမကသေး ... ကိုယ် က ၀ နေလို့ အရုပ် ဆိုးနေရတဲ့ အပြင် ... ကိုယ့် အလုပ် နဲ့ ဘယ်လို မှ မအပ်စပ်နိုင်တဲ့ မျက်နှာ နဲ့ ခန္ဓာကိုယ် အနေအထား ဖြစ်နေရတာ မို့ ... လူစုံမယ့် ပွဲတွေ တက်ဖို့ ... ဆွေမျိုးတွေ စုံဖို့ .... သူငယ်ချင်းတွေ ပြန်ဆုံဖို့ .... စတဲ့ ပွဲလန်းသဘင် မှန်သမျှ မှာ ကိုယ့် ကိုယ် ကိုယ် မလုံမလဲစွာ နဲ့ သိမ်ငယ်ရတဲ့ အတွက် ... အတတ်နိုင်ဆုံး ရှောင်ရှားပြီး ဝေးဝေး နေခဲ့သလို ..... မလွှဲသာ မရှောင်သာ မသွားမဖြစ် သွားရပြန်ရင်လည်း .... တခြား လူ တစ်ယောက် တွေ့လို့ ၀နေရင် ... လှလို့ ၀လို့ ပါလား ... ဒါ မှ မဟုတ် .... နည်းနည်း ပြည့်လာတယ်နော် .... လောက် နဲ့သာ ခရီး ဦးကြို နှုတ်ဆက်ကြမှာ ပေမယ့် .... ကျွန်မ လို လူမျိုး က ၀နေတာ ကို မြင်ရလိုက် ရင်တော့ .... အားနာလို့ မပြောမယ့် သူ က မပြောပေမယ့် .... မျက်လုံး နဲ့ ၀တုတ်နေတာ ဘဲ လို့ အနေရအထိုင်ရခက်စွာ အကြည့်ခံရသလို ... သင်တန်း ဆရာမ ၀တုတ်နေပါလား .... ဒါ မှ မဟုတ် .... သူများ ကို ချည်း လုပ်ပေးမနေနဲ့ ကိုယ်တိုင်လည်းချအုံး ဆိုတာတွေ ကို ရင်နှင့် မဆန့်အောင် အောင့်သီး အောင့်သက် အခံရခက်စွာ ကြားရပါတယ် ....... တခါ ၀နေတာ သူများ ကဲ့ရဲ့မှာကြောက်တာ နဲ့ စိတ်ညစ်လို့ အပြင် မထွက်ဘဲ ကြိတ်မှိတ်နေရာ က နေ ... တစ်ရက်တလေ စိတ်ကူးပေါက်ပြီး Shopping Mall အသစ် တွေ အမျိုးမျိုး ပေါ်နေတာ သူများတွေ ခဏခဏ ပြောနေတာ ... ကြားနေရတာ နဲ့ စိတ်ပြေလက်ပျောက် Window Shopping လေး ထွက် လို့ ရောက်တတ်ရာရာ ငေးမောရင်း ... Fashion Design ဆန်းဆန်းလေး တွေ ချည်းတင်ထားတဲ့ ဆိုင်မျိုး တွေ့ လို့ အပြင်ဘက် ကနေ ငေးမောရတာ နဲ့ အားမရလို့ မိန်းမ စိတ် နဲ့ စပ်စပ်စုစု ၀င်ကြည့်ရင်း ... လှတပတ လေးတွေ တွေ့လို့ မနေနိုင်မထိုင်နိုင်စွာ ဟိုဟိုဒီဒီ ကို ကိုင်မိ ကိုင်ရာ ကိုင်ကြည့်မိပြန်တော့ လည်း ... အနေအထိုင် ၊ အပြောအဆို မတတ် တဲ့ အရောင်း စာရေးမလေးများ ရဲ့ .... ဇိုးဇိုးဇတ်ဇတ် လာဆွဲယူပြီး ဒါမျိုးတွေ က အမ တို့ Size တွေ မလာဘူး ... ဆိုတာ က တမျိုး .... တချို့များ ဆို ဆိုင်ထဲ ၀င်သွားတာ နဲ့ ငေးမိတာ က ဆယ်ကျော်သက် အလန်း အကျီ ... ကျွန်မ တို့ အရွယ် ရှိတယ် ဆိုပြီး .... တစ်ယောက်ပြီး တစ်ယောက် ၊ တစ်ထည် ပြီး တစ်ထည် ဆွဲယူလာပြတာ က ... တစ်သက်လုံး တစ်ခါ မှ စိတ်မကူးဖူးသေး တဲ့ ..... ပုံတုန်းတုန်း အဖွားကြီး အကျီ တွေဆိုတော့ ... ဘယ်လောက် စိတ်ဆိုး ရသလဲ နော် .... ၀ယ်ဖို့ နေနေ သာသာ ငါ ပိန် မှ ပြန်လာ ၀တ်ပြအုံးမယ် လို့ တေးမှတ်ပြီး မကျေမချမ်း နဲ့ ပြန်ထွက်လာခဲ့ရပါတယ် ....