GINGER Beauty Land ၏ ၀န်ဆောင်မှုများ .....on Sunday, September 23, 2012


GINGER Beauty Land မိတ်ဟောင်း မိတ်သစ်များ အားလုံး ....ရှင် .....


   ကျွန်မတို့ GINGER Beauty Land တွင် .... ၀လိုသူ ၊ ပိန်လိုသူ ၊ ခန္ဓာကိုယ် အချိုးအစားကျ လှပလိုသူများ နှင့် ကျန်းမာရေး သက်သက်ကစားလိုသူများ အတွက်ပုံမှန် အားကစား သင်တန်း၊ အပင်ပန်း လည်း မခံနိုင် ၊ အချိန် လည်း မပေးနိုင်ဘဲ အချိန်တို အတွင်း အလျှင်အမြန် ပိန်လိုသူများ အတွက် ခန္ဓာကိုယ် အဆီချ ပေးသည့် လုပ်ငန်းနှင့်  မျက်နှာ နှင့် အသားအရည် ပြုပြင်ပေးသည့် လုပ်ငန်း ဆိုပြီး အဓိက ၀န်ဆောင်မှု (၃) မျိုး ရှိပါသည် …..


ပုံမှန် အားကစားသင်တန်း


   သတ်မှတ် သင်တန်းချိန် မှာ  မနက် ၆း၃၀ မှ နေ့လည် ၁၁း၀၀ နာရီ ၊  ညနေ ၃း၃၀ မှ ည ၈း၀၀ နာရီ အထိ ဖြစ်ပြီး  မနက်ပိုင်း အားလျှင် မနက်ပိုင်း ၊ အကယ်၍ မနက် မအား လျှင် ညနေပိုင်း လာ၍ လေ့ကျင့် ကစားနိုင်ပါသည် ..... တစ်ခါ ကစားလျှင် အချိန် အနည်းဆုံး တစ်နာရီခွဲ ခန့် ကြာပြီး ..... ၀သောသူများ အတွက် ပြင်းပြင်း ထန်ထန် လေ့ကျင့် ကစားမည် ဆိုလျှင် စတင် ကစားသည့် နေ့မှ ( ၁၅ ) ရက် အကြာတွင် စသိသာပြီး အခြားသူများ ၏ အမြင်မှာပါ သိသိသာသာ ပိန်ချင်တာ ဆိုလျှင်တော့ အနည်းဆုံး  ( ၃ ) လ ခန့် အချိန်ယူ၍ လေ့ကျင့် ကစားရပါမည် ..... Over Weight  က နေ ပိန်ချင်သူများ အတွက် အနေ အထိုင် အစားအသောက် ဆင်ခြင်ပြီး ဇွဲရှိရှိ နှင့် လေ့ကျင့် ကစားမည် ဆိုပါ က အချိန် အနည်းဆုံး ( ၆ ) လ မှ ( ၁ ) နှစ် ခန့် အကြာတွင် ..... အများ လက်ခံသည့် ပုံမှန် ခန္ဓာကိုယ် အနေအထား တစ်ခုကို ပြန်လည် ရရှိနိုင်မည် ဖြစ်ပြီး ..... ပိန်သောသူများ ခန္ဓာကိုယ် အချိုးအစားကျ တောင့်တင်း လှပလိုပါကလည်း နည်းစနစ် ကျစွာ နေထိုင်စားသောက်ပြီး လေ့ကျင့် ကစားသွားခြင်းဖြင့် အချိန် အနည်းဆုံး ( ၃ ) လ မှ  ( ၆ ) လ ခန့် အကြာတွင် ထူးခြားစွာ သိသာ လှပလာစေနိုင်ပါသည် .....


 သတ်မှတ် သင်တန်းကြေး

 

  တစ်လ လျှင် - ၂၀၀၀၀ / ကျပ် ဖြစ်ပြီး .... မိမိ စတင် လေ့ကျင့် ကစားသည့်နေ့ မှ ရက် ( ၃၀ ) အကြာ ကို တစ်လ သတ်မှတ်ပါသည် ..... ဥပမာ - လဆန်း ( ၅ )ရက် နေ့ ၀င်လျှင် နောက်လ ( ၅ ) ရက်နေ့ တစ်လ ပြည့်မည် ဖြစ်ပါသည် .....


      

အားကစားသင်တန်း ပိတ်ချိန် / ပိတ်ရက်

 

နေ့လည်  ၁၁း၀၀  နာရီ မှ ညနေ  ၃း၃၀  အထိ ဖြစ်ပြီး .... တနင်္ဂနွေ နေ့ နှင့် အစိုးရ သတ်မှတ် ရုံးပိတ်ရက် များ ပိတ်ပါသည် .....

 

ခန္ဓာကိုယ် အဆီချပေးသည့် လုပ်ငန်း

 

   လာလုပ်သည့် သူများ၏ ရွေးချယ် ဆောင်ရွက်လိုသည့် ဆန္ဒ အမျိုးမျိုး အလိုက်  Vibration  နည်း ၊ Radio Frequency  နည်း နဲ့ Cellulite Burning & Skin Firming  နည်း ဆိုပြီး သတ်မှတ်နှုန်းထား အမျိုးမျိုး နှင့် အဆီချ နည်းစနစ် အမျိုးအစား အမျိုးမျိုး ရှိပါသည် ..... အဆီလာချမည့်သူတိုင်း ကို လည်း ကျွန်မ တို့အမှန်တကယ် အာမခံထား သလောက် ကျနိုင်စေရန် အချိန်ပေးပြီး အကောင်းဆုံး ဆောင်ရွက်ပေးလိုသဖြင့် .... Booking  စနစ် ဖြင့် တပိုင်တနိုင်သာ တာဝန်ယူ လက်ခံ ဆောင်ရွက်ပေးလေ့ရှိပြီး .... အဆီလာချမည့် ( ၁၀ ) ရက်လုံး ... အနီးစပ်ဆုံး ပုံသေလာနိုင်မည့် အချိန်တစ်ခု ကို ယူထားစေ၍ ထို လက်ခံထားသည့် အချိန်တွင် မည်သူ တစ်ဦးတစ်ယောက် ကို မှ နောက်ထပ် Customer အသစ် ကို ထပ်မံပြီး လက်ခံဆောင်ရွက်ခြင်း မပြုပါ ..... ထိုသို့ မဟုတ်ဘဲ အချိန် ပုံသေယူရန် အဆင်မပြေသူများ အတွက် ဆိုလျှင်လည်း ၀န်ဆောင်မှု ဆောင်ရွက်ပေး သည့် ကလေးတွေ နှင့် အဆီချပြီးလို့ ပြန်ခါနီးတွင် နောက်နေ့ မည်သည့် အချိန်တွင် လာမည် ဆိုတာ ကို အပြန်အလှန် အချိန် ညှိပြီးလည်း ဆောင်ရွက်ပေးလျှက် ရှိပါသည် .....

 

Vibration  နည်း

 

  ကျွန်မတို့ GINGER Beauty Land  မှာ အဆီချ ၀န်ဆောင်မှု စလုပ်ကထဲ က အသုံးပြုခဲ့သည့်နည်း ဖြစ်ပြီး .... လာသည့် Customer များ၏ ဆန္ဒ အမျိုးမျိုး အလိုက် တစ်ကိုယ်လုံး အဆီချ လိုလျှင် ( ရင် ၊ တင် ၊ မျက်နှာ ) မပါဝင်ဘဲ ....... ဗိုက် ၊ ခါး ၊ ကျော ၊ လက်မောင်း ၊ ပေါင် ၊ ခြေသလုံး ၊ ချိုင်း စသည်တို့ ပါဝင်ပြီး .....နှစ်သက်ရာ အစိတ်အပိုင်း အလိုက် အဆီချလိုလျှင်လည်း ဗိုက် ၊ ခါး ၊ ကျော ၊ လက်မောင်း ၊ ပေါင် ၊ ခြေသလုံး စသဖြင့် .... မိမိ ကြိုက်နှစ်သက်ရာ အစိတ်အပိုင်းအလိုက် ရွေးခြယ် အဆီချနိုင်ပါသည် ....... အဆီချ လို သည့် Customer  များ ၏ ခန္ဓာကိုယ် အရွယ်အစား အတိုင်းအတာ အမျိုးမျိုးပေါ် မူတည်ပြီး အပိုင်းလိုက် အဆီချမည်ဆို လက်မ အလိုက် / တစ်ကိုယ်လုံး အဆီချမည် ဆို ပေါင် ချိန် အလိုက် သတ်မှတ်နှုန်းထား ကို လည်း Fixed လုပ်ပေးထားပါသည် .... အဆီချတော့မယ် ဆိုလျှင် Customer များ ၏  ကျချင်တဲ့ နေရာကို ပထမဆုံး အဆီ ကျဆေးလိမ်းပြီး  Massage လုပ်ပြီး မှ Vibration  စက် များ အသုံးပြုပြီး အဆီချရပါသည် .... အပိုင်းလိုက် အဆီချမည် ဆိုလျှင် - ခန့်မှန်းခြေ ကြာချိန် ( ၁ ) နာရီ မှ ( ၂ ) နာရီ အထိ ကြာမြင့်တတ် ပြီး တစ်ကိုယ်လုံး အဆီချမည် ဆိုပါလျှင် အနည်းဆုံး အချိန်  (၂ ) နာရီ မှ ( ၄ ) နာရီ ခန့် အထိ ကြာမြင့်တတ်ပါသည် .....

 

Radio Frequency  နည်း

   Customer များ၏ ဆန္ဒ အမျိုးမျိုး အလိုက် တစ်ကိုယ်လုံး အဆီချလိုလျှင် ( ရင် ၊ တင် ၊ မျက်နှာ ) မပါဝင်ဘဲ ....... ဗိုက် ၊ ခါး ၊ ကျော ၊ လက်မောင်း ၊ ပေါင် ၊ ခြေသလုံး ၊ ချိုင်း စသည် တို့ ပါဝင်ပြီး ..... နှစ်သက်ရာ အစိတ်အပိုင်း အလိုက် အဆီချလိုလျှင်လည်း ဗိုက် ၊ ခါး ၊ ကျော ၊ လက်မောင်း ၊ ပေါင် ၊ ခြေသလုံး စသဖြင့် .... မိမိ ကြိုက်နှစ်သက်ရာ အစိတ်အပိုင်း အလိုက် ရွေးခြယ် အဆီချနိုင်ပါသည် ....... ပထမဆုံး အနေနှင့် အဆီကျချင်သည့် နေရာကို Message လုပ် ( Ultrasonic ) စက်ဖြင့် အရင်ဆုံး အပူပေးပြီး မှ ( Vacuum ) ဖြင့် အဆီ ကို ချေပေးပြီး အဆီချသည့် နည်းစနစ် ဖြစ်ပြီး ခန္ဓာကိုယ် ကောက်ကြောင်း အလှ ကို သိသာစွာ ပေါ်လွင် ထင်ရှားလာစေပါသည် ...... အပိုင်းလိုက် အဆီ ချမည် ဆိုလျှင် - ခန့်မှန်းခြေ ကြာချိန် ( ၂ ) နာရီ မှ ( ၃ ) နာရီ အထိ ကြာမြင့်တတ်ပြီး တစ်ကိုယ်လုံး အဆီချမည် ဆိုလျှင် အနည်းဆုံး အချိန်  ( ၃ ) နာရီ မှ ( ၄ ) နာရီ ခန့် အထိ ကြာမြင့်တတ်ပါသည် .....

 

Cellulite Burning & Skin Firming

   ကစား၍လည်း မကျ ၊ သာမန်နည်းဖြင့် အဆီချ၍ လည်း မရနိုင်သည့် နှစ်ချို့ ဆယ်လူလိုက် ၊ အဆီခဲ ၊ အဆီပြင်များ နှင့် လျော့ရဲတွဲကျနေသည့် အသားအရည် ကို ခွဲစိတ်ရန် လည်း မလို ၊ဆေးထိုး ၊ ဆေးသောက် ရန်လည်း မလိုဘဲ … အန္တရာယ် မရှိသော ခေတ်မှီ နည်း စနစ်သစ်များဖြင့် ပြန်လည် တင်းရင်းပြီး ကျစ်လျစ် လှပလာစေမည့် အထူး ၀န်ဆောင် မှု ဖြစ် ပါသည် ....အဆီကျချင်ရုံ သက်သက်ဆို Vibration  နည်း / Radio Frequency  နည်း ( ၂ ) မျိုးတွင် နှစ်သက်ရာ နည်းစနစ် ဖြင့် ရွေးချယ် အဆီချနိုင်ပြီး .... အဆီ ကျချင် သည့် အပြင် မီးဖွားထားသဖြင့် လျော့ရဲ တွဲကျနေသော ၀မ်းဗိုက် ကို အဆီကျပြီး ကျစ်လျစ် လှပလိုသူများ ၊ လက်ပြင်း တွဲကျနေသည့် လက်မောင်း ကို ပြန်လည် တင်းရင်း လှပလို သူများ ၊ ပေါင် နှင့် တင်ပါး ကဲ့သို့သော နေရာများတွင် နှစ်ချို့ ဆယ်လူလိုက် ၊ အဆီခဲ ၊ အဆီပြင်များ ကို မနှစ်သက်စွာဖြင့် ဖယ်ရှားလိုသူများ အတွက် စိတ်တိုင်း ကျ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်ပါသည် ......Cellulite Burning & Skin Firming Package .... ကစား၍လည်း မကျ ၊ သာမန်နည်းဖြင့် အဆီချ၍ လည်း မရနိုင်သည့် နှစ်ချို့ ဆယ်လူလိုက် ၊ အဆီခဲ ၊ အဆီပြင် များ နှင့် လျော့ရဲ တွဲကျနေသည့် အသား အရည် ကို ခွဲစိတ်ရန် လည်း မလို ၊ ဆေးထိုး ၊ ဆေးသောက် ရန် လည်း မလိုဘဲ … အန္တရာယ် မရှိသော ခေတ်မှီ နည်း စနစ်သစ် များဖြင့် ပြန်လည် တင်းရင်းပြီး ကျစ်လျစ် လှပလာစေမည့် အထူး ၀န်ဆောင်မှု ဖြစ်ပါသည် .... အဆီကျချင်ရုံ သက်သက်ဆို Vibration နည်း / Radio Frequency နည်း ( ၂ ) မျိုးတွင် နှစ်သက်ရာ နည်းစနစ် ဖြင့် ရွေးချယ် အဆီချနိုင်ပြီး .... အဆီကျချင်သည့် အပြင် မီးဖွားထားသဖြင့် လျော့ရဲ တွဲကျနေသော ၀မ်းဗိုက် ကို အဆီကျပြီး ကျစ်လျစ် လှပလိုသူများ ၊ လက်ပြင်း တွဲကျနေသည့် လက်မောင်း ကို ပြန်လည် တင်းရင်း လှပလို သူများ ၊ ပေါင် နှင့် တင်ပါး ကဲ့သို့သော နေရာများတွင် နှစ်ချို့ ဆယ်လူလိုက် ၊ အဆီခဲ ၊ အဆီပြင်များ ကို မနှစ်သက်စွာဖြင့် ဖယ်ရှားလိုသူများ အတွက် စိတ်တိုင်းကျ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်ပါသည် ......

   Cellulite Burning & Skin Firming Package သည် Ginger Beauty Land ၏ အဆီချနည်းများတွင် အထိရောက်ဆုံး နှင့် အာနိသင် အရှိဆုံး Package ဖြစ်သော်လည်း စရိတ်စက အများဆုံး Package ဖြစ်သဖြင့် ....
၁ ) မိမိ ဘ၀ အတွက် မဖြစ်မနေ ခန္ဓာကိုယ် သွယ်လျနိုင်ဖို့အထူး အရေးတကြီး နံပါတ် ၁ ဦးစားပေးဖြစ်နေရသောသူများ ....
၂ ) အဆီချ နည်းလမ်းပေါင်းစုံ အကုန် ကုန်ပြီး ထူးခြား သိသာမှု မရှိသည် ဟု ခံစားရသော ခန္ဓာကိုယ်များ ....
၃ ) ကလေး မွေးထားသော ဗိုက် ကို အားချင်း အလျှင်အမြန် ပြန်လည် ကျစ်လျစ်သွယ်လျ လိုပါသော်လည်း ...
မကစားနိုင် ၊ အခြား အဆီချ နည်း များနှင့် လည်း မည်သို့မျှ အဆင်မပြေနိုင်သူများ နှင့် ...
၎ ) အချိန်တို အတွင်း ဆရာဝန် ညွှန်ကြားမှုဖြင့် မဖြစ်မနေ အဆီချ ရမည့်သူ များ အတွက် အထူး သင့်တော်ပါသည် ...

 

မည်သည့် အဆီချသည့် နည်းစနစ် က အကောင်းဆုံး ဖြစ်သလဲ ဆိုတာ .....

 

   တချို့သော Customer  များ က Vibration  ဖြင့် အဆီချ သည့် နည်းစနစ် ကို မနှစ်သက်ခြင်းကြောင့် လည်းကောင်း ၊ တစ်ချို့ က ပို ခေတ်မှီ ပြီး Model ပိုမြင့်သည့် ခေတ်မှီ စက် ပစ္စည်းများ နှင့် သာ အဆီချချင်သည့် စိတ်ဆန္ဒ အမျိုးမျိုး အရသော်လည်းကောင်း ၊ GINGER  တွင် မိမိ ခန္ဓာ ကိုယ် ၏ ဘယ်နား ကို ဘယ်လို ကျချင်ချင် ..... လာသည့် Customer  များ၏ ဖြစ်ချင်သည့် စိတ်ဆန္ဒ အမျိုးမျိုး ကို ခေတ်မှီ စက်ပစ္စည်း စုံလင်စွာ နှင့် တစ်နေရာထဲ မှာ ပြီးပြည့်စုံစွာ ဆောင်ရွက်ပေးနိုင်ရန် သတ်မှတ်နှုန်းထား အမျိုးမျိုး ဖြင့် လက်ခံ ဆောင်ရွက် ပေးနေခြင်း ဖြစ်သလို ... Customer  များ ၏ ခန္ဓာကိုယ် ခက်ခြင်း / လွယ်ခြင်း သည်လည်း ကျွန်မတို့ GINGER Beauty Land  နှင့်သာ အဓိက သက်ဆိုင်နေခြင်းသာ ဖြစ်ပါသဖြင့် .....  အခကြေးငွေ ပိုရသည့် မည်သည့် ၀န်ဆောင်မှု ကို မှ အတင်းအကြပ် အကြံပေး တိုက်တွန်း ဆောင်ရွက်ခိုင်းခြင်း မပြုပါ ......


အတိုင်းအထွာ အာမခံ နှင့် အန္တရာယ် ကင်းအောင် တာဝန်ယူပေးပုံ

 

   လာသည့် Customer  များ ရွေးခြယ် အသုံးပြုသည့် အဆီချနည်း စနစ်ပေါ် မူတည်ပြီး မလုပ်ခင်မှာ မည်သူ့ ခန္ဓာကိုယ် ဆို ( ၁၀ ) ရက်မှာ မည်၍ မည်မျှ ကျနိုင်မည် ကို ပြောပေး သလို .... Customer  များ ၏ ရောဂါ ရာဇ၀င် ကို က အစ အသေးစိတ် မေးမြန်း Record  ယူပြီးမှ .... သူတို့ ဆန္ဒရှိသည့် အဆီချနည်း စနစ် နှင့် ဆို သင့်/ မသင့် ဆိုတာ ကို ချင့်ချိန် ဆောင်ရွက်ပေးလေ့ရှိပြီး ... မည်သည့် ပိန်ဆေးအနွယ်ဝင် ၊ အဆီကျ ပိန်ဆေး ၊ သောက်ဆေး ၊ အဆီကျ ကော်ဖီ ၊ အဆီကျ ဆီးသီး ၊ အဆီကျ လက်ဖက်ခြောက် ၊ အစာလုံး စသည်တို့ကို လုံးဝ မသုံးစေဘဲ အနေအထိုင် အစားအသောက် ဆင်ခြင်ဖို့ကိုသာ အကြံပေးလေ့ရှိပါသည်..... လာသည့်သူ တွေဘက် မှ စတင် ဆောင်ရွက် သည့် နေ့ မှ စ၍ တနင်္ဂနွေ နေ့ မပါဘဲ ( ၁၀ ) ရက် ဆက်တိုက် လာရမည် ဖြစ်ပြီး သတ်မှတ် ရက် ပျက်ကွက်ခဲ့လျှင် ( ၁ ) ရက် ပျက်တာ က အစ တာဝန် မယူပေးသည့် အကြောင်း နှင့်  ..... ရက်လုံးဝ မပျက်ဘဲ မှန်မှန်လာပါလျှက်နှင့် အာမခံ သည့် အတိုင်း မကျလျှင် ရက်ထပ်တိုးပြီး ဆောင်ရွက်ပေးပါသည် ဆိုတဲ့ အကြောင်း ကို လည်း တခါထဲ ရှင်းပြပေး ရပါသည် ...... 

 

အဆီချ လုံးဝ မလုပ်သင့်သူများ

 

    ဗိုက်ခွဲပြီး ကလေး မွေးထား တဲ့သူမျိုး ဆို အနည်းဆုံး ( ၁ ) နှစ်အကြာ မှ သာ လက်ခံ ဆောင်ရွက်ပေးလေ့ရှိပြီး  ..... နှလုံး ခွဲစိတ်ထားသည့်သူ ၊ နှလုံး မှာ စက်တတ်ထားသည့် သူ …. ကိုယ်လက်အင်္ဂါ ကလီစာ တစ်ခုခု ဖြတ်တောက် အစား ထိုး ထားသည့် သူ ၊ တက်တတ်သည့် ရောဂါ အမျိုးမျိုး ရှိသူများ ဆိုလျှင် လမ်းလျှောက် လေ့ကျင့်ခန်း ၊ အသက် ရှု လေ့ကျင့်ခန်း နှင့် ဖြေးညင်း သက်သာသော လေ့ကျင့်ခန်းများ ကို သာ ကျန်းမာရေး ကောင်းအောင် လုပ်သင့်ပြီး မည်သည့် အဆီချ နည်းစနစ် နှင့် မှ အဆီမချသင့်ပါ ......