''အချိန်တို ( ၁၅ ) ရက် အတွင်း အလျှင်မြန်ဆုံး ပိန်စေမည့် ... AVIANCE .... ''


အလျှင်မြန်ဆုံး ပိန်လိုသူများ အတွက် - Aviance Weight Management Special Slimming Program In Only ( 15 ) Days

Aviance Weight Management Special Slimming Program သည် အချိန်တို ( ၁၅ ) ရက် အတွင်း အလျှင်မြန်ဆုံးနှင့် အသိသာဆုံး ခန္ဓာကိုယ် အဆီကျ သွယ်လျ လှပစေရန် ပြုလုပ်ပေးထားသည့် Short Course Diet Program ဖြစ်သောကြောင့် ပါဝင်လိုသူများအနေနှင့် ပေးထားသည့် နေထိုင် စားသောက် လေ့ကျင့်ပုံများအတိုင်း အတိအကျ လိုက်နာ ကျင့်ကြံ အားထုတ်ပေးရန် လိုအပ်ပါသည် ...

Aviance Weight Management Special Slimming Program အကြောင်း မပြောခင် ဤအစီအစဉ်တွင် ပါဝင်လိုသူ မိတ်ဆွေများ၏ စိတ်ဆန္ဒကို ဦးစွာ ပထမ ဆန်းစစ်စေချင်သည့် အကြောင်းအရာမှာ

သင်သည် သင် ၏ ကိုယ်ခန္ဓာ အချိုးအစားကို နဂို မူလ ရှိမြဲ အနေအထား အတိုင်း ထိန်းသိမ်းလိုသူလား ?

သို့တည်း မဟုတ် ....

ရှိပြီးသား ကိုယ်ခန္ဓာ အချိုးအစားနှင့် ကိုယ်အလေးချိန်ကို အချိုးအစားကျ သွယ်လျ လှပလာအောင် ပြုပြင် ဖန်တီး လိုသူလား ? ဆိုတာကို သုံးသပ်စေချင်ပါသည် ...

သင်သည် အကယ်၍များ ရှိနှင့်ပြီးသော ပင်ကိုယ် မူလ ခန္ဓာကိုယ် အချိုးအစားကို ထိန်းလိုသူ ဆိုပါက ပုံမှန် အစား စားပြီး Aviance Weight Management အဆီကျ ဓာတ်စာ ( သို့ ) အခြား သင် နှစ်သက်ရာ အဆီကျ Program တစ်ခု ယူ၍ မှန်မှန် ထိန်းသိမ်း သွားလျှင် လုံလောက်ပါသော်လည်း .....

ရှိပြီးသား ခန္ဓာကိုယ် အလေးချိန်ကို အချိုးအစားကျ သွယ်လျ လှပအောင် ပြုပြင် ဖန်တီးလိုသူ ဖြစ်ပါက ... သင် ၏ ခန္ဓာကိုယ် အလှ ကို ယိုယွင်းစေသည့် သင့်ကိုယ်သင် သတိ မပြုမိဘဲ အနှစ်နှစ်အလလ စားသောက်ခဲ့သော နှစ်ချို့ အဆီခဲ အဆီပိုများစွာကို ထိရောက်စွာ လောင်ကျွမ်း ချေဖျက်ပေးနိုင်စွမ်း ရှိသည့် Aviance Weight Management အဆီကျ သဘာဝ ဓာတ်စာဆေး၏ လောင်ကျွမ်း ချေဖျက်ပေးနိုင်စွမ်း အကူအညီကို ယူရုံမျှမက ... အဆီသစ်များ ထပ်မံ ဖြစ်ပေါ်မှုကို ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် အစာသစ်များကို မဖြစ်မနေ လျှော့စားရန် လိုအပ်ပါသည် ...

Aviance Weight Management Special Slimming Program တွင် ပါဝင်လိုသူဖြစ်ပါက ပထဆုံး မဖြစ်မနေ ဆောင်ရွက်ရမည်မှာ မိမိ၏ နေထိုင် စားသောက်ခဲ့ပုံနှင့် ကျန်းမာရေး ရာဇ၀င် တို့ကို Aviance Myanmar မှ Health & Beauty Consultant နှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးပြီး အမှန်တကယ် သင့်တော်နိုင်သည် ဆိုပါမှ Special Diet Program တွင် ပါဝင်ပြီး အတိအကျ နေထိုင် စားသောက် လိုက်နာ ကျင့်သုံးရပါမည် ....

သင်၏ ခန္ဓာကိုယ်ကိုလည်း ဘေးထွက် ဆိုးကျိုး မရှိ၊ အသားအရေကို လည်း ညှိုးနွမ်း ခြောက်ခမ်းခြင်း မရှိဘဲ အဆီကျ လှပ လာစေမည့် Aviance Slym Weight Management သဘာဝ အဆီကျ ဓာတ်စာ ဆိုသည်မှာ .....

ကမ္ဘာတ၀ှမ်း ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံးသော အာရှနှင့် ဥရောပ နိုင်ငံများစွာမှ ထူးချွန် သိပ္ပံ ပညာရှင်များစွာ၏ အသေးစိတ် စူးစမ်း လေ့လာ ရှာဖွေ ထားသော တွေ့ရှိချက် များစွာဖြင့် လူသုံးကုန်၊ အိမ်သုံးကုန်၊ အလှကုန်နှင့် ကျန်းမာရေးအတွက် ဆေးဝါး ဓာတ်စာများစွာကို နိုင်ငံပေါင်း ၁၅၀ ကျော်တွင် အောင်အောင်မြင်မြင် ဖြန့်ဖြူး ရောင်းချပေးလျှက် ရှိသော Unilever Luxury Division ကြီး မှ Aviance အမည် နာမဖြင့် ကမ္ဘာ့အနှံ့အပြားရှိ အကောင်းဆုံးသော ရုပ်ဆင်း အင်္ဂါများကို နုပျိုစေမည့် သဘာဝ စားသောက်ကုန်များနှင့် တိုင်းရင်းဆေးဝါး ထုတ်ကုန်များစွာတို့ကို ကုန်ကြမ်းမှ ကုန်ချော ဖြစ်သည်အထိ ငွေသန်းပေါင်းများစွာ ရင်းနှီး မြှုပ်နှံ၍ ပေါင်းစပ် ထုတ်လုပ်ထားခြင်း ဖြစ်သလို SEAC ( or ) Safety and Environment Assurance Center မှ တရားဝင် အသိအမှတ်ပြုထားပြီးသော ကမ္ဘာ့အဆင့်မှီ ထုတ်ကုန်များ ဖြစ်သည့် အပြင် ...

ကျွန်ုပ်တို့ နေ့စဉ် စားသောက်နေသော အစားအစာ အာဟာရ ဓာတ်များမှ လူ၏ ခန္ဓာကိုယ်တွင်းသို့ မလိုအပ်ဘဲ ၀င်သွားပြီး တစ်နေ့တခြား ၀ဖြိုးလာစေမည့် အဆီဓာတ် ( Fats ) နှင့် ကာဗို သကြားဓာတ် ( Carbo Hydrate ) များကို ခန္ဓာကိုယ်ထဲသို့ မ၀င်နိုင်အောင် ထိရောက်စွာ ကာကွယ် တားဆီးပေးရုံမျှမက ခန္ဓာကိုယ်တွင်း ရှိနှင့်ပြီးသော နှစ်ချို့ အဆီဟောင်း အဆီပြင် များစွာကို လောင်ကျွမ်း ချေဖျက်ပေးနိုင်စွမ်းရှိသည့် တစ်ခုထဲသော Bloc & Burn System ဖြင့် သဘာဝ အစားအစာ ပုဇွန်ခွံ၊ ဂဏန်းခွံ၊ စပျစ်စေ့၊ ပဲသီးစေ့ တို့မှ Fatt Bloc, Carbo Bloc ဆိုတာ နဲ့ Fatt Burnn ဆိုပြီး သုံးမျိုး ပေါင်းစပ် ထုတ်လုပ်ထားခြင်းဖြစ်ပါသည် ....

Aviance Slym Weight Management ကို မည်သို့ မည်ပုံ သောက်သုံးရမည်နည်း ?

Aviance Sylm အဆီကျဆေး မှာ Fatt Bloc , Carbo Bloc နှင့် Fatt Burnn ဟူသည့် ဓာတ်စာ ဆေးသုံးမျိုး ကို ပေါင်းစပ်ပြီး တစ်နေ့လျှင် နှစ်ကြိမ် သောက်သုံး ရသော သဘာဝ ဓာတ်စာ ဆေးဝါးများဘဲ ဖြစ်ပါသည် ...

ပထမဆုံး သောက်သုံးရမှာကတော့ နေ့လည်စာ မစားခင် တစ်နာရီအလိုမှာ ... မိမိ စားလိုက် သည့် အစားအစာတွေကို အဆီ မဖြစ်အောင် ဟန့်တားပေးစေမယ့် Fatt Bloc ဆိုသည့် ဆေးနှစ်လုံးကို ရေတစ်ဖန်ခွက် အ၀ နှင့် ပထမဆုံး သောက်သုံး ရမှာ ဖြစ်ပြီး ...

အစာ စားခါနီးဆဲဆဲ အချိန်မှာ ... လူတံတွေးနှင့် ထိလျှင် အရည်ပျော်ပြီး ကာဗိုဟိုက်ဒရိုတ် ဓာတ်တွေအဖြစ် ပြောင်းသွားစေမည့် ဓာတ်တွေကို ဟန့်တားပေးမယ့် ... Carbo Bloc ဆိုသည့် ဆေးနှစ်လုံး .... ကို သောက်သုံးရမှာ ဖြစ်သလို ...

အစာ စားပြီးချိန် မှာတော့ ... ခန္ဓာကိုယ်ထဲမှာ ရှိနှင့် နေပြီးသား အဆီပိုတွေ နှင့် နေ့စဉ် ထပ်ထပ် စားသုံးနေသည့် အစာအာဟာရတွေကနေ အဆီပိုအဖြစ် အသစ်ထပ်ပြီး နေရာ ယူလာနိုင်တဲ့ အဆီအသစ်တွေ ထပ်ဖြစ်မလာအောင် မလိုအပ်သည့် အဆီပိုများစွာကို လောင်ကျွမ်းပေးစေမည့် ... Fatt Burnn ဆိုသည့် ဆေးနှစ်လုံး ရေအ၀နှင့် သောက်ရမှာ ဖြစ်ပါသည် ...

Aviance Sylm Weight Management သောက်သုံးနေသည့် အချိန်တလျှောက်လုံး တစ်နေ့လျှင် ရေပမာဏ အနည်းဆုံး ( ၂ ) လီတာခန့် မဖြစ်မနေ သောက်သုံးရန် လိုအပ်သလို .... အချိန်ကုန် ငွေကုန်သလောက် ထိရောက်သော အကျိုးအာနိသင်ဖြင့် ထူးခြားစွာ ပြောင်းလဲ လှပလာမှုကို အလျှင်မြန်ဆုံး ရရှိ ခံစားနိုင်ရန် အတွက် .... ဤ ( ၁၅ ) ရက်တာ အချိန်တိုလေး မှာ မိမိစိတ်ကို အလိုလိုက်ပြီး စိတ်ကြိုက် နေထိုင် စားသောက်လိုခြင်းများကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် လိုအပ်ပါသည် ...

ရှောင်ကြဉ်ဖို့ရန်

Aviance Weight Management Special Slimming Program တွင် ပါဝင်နေစဉ် အထူး သတိပြု ရှောင်ကြဉ်ရမည်ကတော့ ... အဆီ အဆီမ့်နှင့် အချိုများ၊ Gas အချိုရည်၊ ရေခဲရည်၊ အရက်၊ ဘီယာ၊ Ready Made အစားအစာ များစွာတွေ နှင့် Diet Program တွင် မဖော်ပြထားသည့် အစားအသောက်များကို မိမိ သဘောဆန္ဒ နှင့် စားသောက်ခြင်း၊ မလိုအပ်ဘဲ နေ့ခင်း နေ့လည် လှဲလျောင်း အိပ်စက် အနားယူခြင်းများဘဲ ဖြစ်ပါသည် ....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Aviance Weight Management Special Slimming Program မ၀င်ခင် ( ၃ ) ရက် အလိုတွင် ....

မိမိ စားခဲ့သမျှ အဆီအနှစ်များနှင့် ခန္ဓာကိုယ်တွင်း ရှိနှင့်ပြီးသော အဆိပ်အတောက်များနှင့် အစာအိမ် အူလမ်းကြောင်းကို ပိုမို ထိရောက်စွာ သန့်စင်နိုင်စေရန်အတွက် ... ညအိပ်ရာ ၀င်ခါနီး သံပုရာသီး အလုံးလိုက်ကို အခွံပေါ်မှနေ၍ ဓားထက်ထက်ဖြင့်မွှန်း၊ ရေနွေး ပူပူလောင်းချပြီး မိမိ သောက်နိုင်သည့် အနေအထားရောက်သည်အထိ တခဏတာ အဖုံးအုပ်ထားပါ ... ခဏကြာလို့ ရေနွေးငွေ့ငွေ့ အပူရှိန်ဘဲ ကျန်သည့် အချိန်တွင်မှ ဓားဖြင့် အရွယ်တော် လှီးဖြတ် အရည်ညှစ်ကာ သံပုရာ ရေနွေး ထဲတွင် ဆားအနည်းငယ် ခတ်ပြီး ညအိပ်ရာ မ၀င်ခင် ညစဉ် ( ၃ ) ရက် တိတိ သောက်ပါ ...

Aviance Weight Management Special Slimming Program

Day ( 1 )

နံနက်စောစော အိပ်ရာနိုးနိုးချင်း အချိန်မှာ မိမိ ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ် အတိုင်းအထွာများကို တိုင်းထွာ၍ Record Card တွင် ဖြည့်စွက်ထားရန် လိုအပ်သလို၊ သင် ၏ ခန္ဓာကိုယ် ထူးခြားစွာ ပြောင်းလဲဖို့ရာ နေ့တစ်နေ့၏ ပထမဆုံး ခြေလှန်းသစ်ကို လတ်ဆတ် ချိုမြိန်ပြီး အရသာရှိသော သစ်သီးဝလံများကို အ၀ားသောက်ခြင်းဖြင့် စတင် လိုက်ကြရအောင် ... အစေ့လွတ် ပန်းမာလကာသီး၊ သခွားမွှေး၊ ပန်းသီးနှင့် ဖရဲသီးလေးများကို Breakfast, Lunch နှင့် Dinner များတွင် တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲ စားသောက်ခြင်းဖြင့် သင်၏ ခန္ဓာ အလှကို ပုံဖော် အသက်သွင်းနိုင်စေဖို့ရာ ပထမဆုံး အထောက်အပံ့ကို ရရှိပါမည် ....

Diet Program ၀င်မည့် နံနက် စောစော အိပ်ရာ ထထခြင်း ကိုယ်လက် သန့်စင်ပြီးချိန် မည်သည့် အစားအစာမှ မစားမသောက်ခင် ခန္ဓာကိုယ်အတွင်း ရှိနှင့်ပြီးသော အဆီပိုများနှင့် ကယ်လိုရီများ လောင်ကျွမ်းမှုကို ပိုမို အထောက်အပံ့ ဖြစ်စေရန် အတွက် Aviance Anti - Cellulite Cream ကို အဆီပိုများ ရှိသည့် နေရာများတွင် Cellulite Burning Cream ကို အသားထဲ စိမ့်ဝင်အောင် ဖြည်းညင်းစွာ ပွတ်လိမ်းပြီး သဘာဝ ရေနွေးကြမ်း ပူပူ လောင်လောင် တစ်ခွက် ကို မှုတ်သောက်ပြီး တင်းကြပ် စည်းနှောင်သော အတွင်းခံ အ၀တ်အစားများ ၀တ်ဆင်၍ နေရာမှ မရွေ့ဘဲ ( ၁၀ ) မိနစ် တိတိ မှန်ကြည့်ပြီး ခပ်ဖွဖွ ပြေးပါ ...

ပြီးမှ Diet Breakfast ကို မျှတသော အာဟာရ ရရှိရုံ သင့်တင့်ရုံသာ စားပါ ... Aviance Slym Weight Management ကို နံနက်စာ စားချိန်မှာ သောက်သုံးရန် မလိုသော်လည်း နေ့လည် စာမှာတော့ ... အစာမစားမှီ တစ်နာရီအလိုမှာ Fatt Bloc၊ အစာ စားခါနီး ဆဲဆဲ မှာ Carbo Bloc နှင့် စားပြီးပြီးချင်း အချိန်များ တွင် Fatt Burnn ကို ရေတ၀ နှင့် အတိအကျ သောက်သုံးရန် လိုအပ်ပါသည် ...

ထို့ပြင် နေ့စဉ် နေ့တိုင်းအတွက် ညစာ စားချိန်ကို ညနေငါးနာရီထက် နောက်မကျဘဲ စားနိုင်စေဖို့ အသင့်ပြင်ထားရမည်ဖြစ်ပြီး ညစာ အတွက် ဆေးညွှန်းက နေ့လည်စာတွင် သောက်ခဲ့သည့် အစာမစားမှီ ၊ စားခါနီးဆဲဆဲနှင့် စားပြီး ပုံစံအတိုင်း ရေများများနှင့် တ၀ သောက်သုံးရမည် ဖြစ်ပါသည် ...

Day ( 2 )

( ၂ ) ရက်မြောက်နေ့တွင် စားရမည့် Diet Food ကတော့ ... လတ်ဆတ်သော ဟင်းသီး ဟင်းရွက်များ ကို ပဲနှင့် အာလူး မပါ ၊ အဆီ အဆိမ့် နှင့် ဆီမပါအောင် အထူး သတိပြု၍ ဆာလောင် မွတ်သိပ်သည့် နံနက်စာ၊ နေ့လည်စာ ၊ ညစာ စားတော့မည့် အခါတိုင်း မိမိ စားနိုင်မည့် ပုံစံ ဖြင့် ပြုတ် / သုတ် စားရမည် ဖြစ်ပါသည် ...

နံနက် စောစောတွင် မိမိ ခန္ဓာကိုယ်မှ အဆီရှိသမျှ နေရာတိုင်းကို Slimming Cream လိမ်း၊ ရေနွေးကြမ်း ပူပူတစ်ခွက်ကို မှုတ်သောက်ပြီး ( ၁၀ ) မိနစ် လေ့ကျင့်ခန်း လုပ်ဖို့နှင့် နေ့လည်စာတွင် Aviance Slym Weight Management ကို ဆေးညွှန်း အတိုင်း မပျက်မကွက် ကြိုးစား သောက်ဖို့၊ ညစာကို စောနိုင်သမျှ စောစောစားဖို့ဆိုတာ တွေကတော့ မပြောင်းလဲ သည့် Aviance Diet Program ရဲ့ သီအိုရီများဘဲ ဖြစ်ပါသည် ...

Day ( 3 )

အနာခံမှ အသာစံရမှာ အသေအချာမို့ ... ကိုယ့်ကိုယ်ကိုယ် အတန်တန် ပြန်အားပေးရင်းနဲ့ဘဲ .... သုံးရက်မြောက်နေ့ကို ... လတ်ဆတ်သော သစ်သီးဝလံများနှင့် သစ်သီးဖျော်ရည်များ ဖြင့် အတူတူကျော်ဖြတ်ကြရအောင် ... ( အစာအိမ်ဆိုတာ အလတ်စတစ်နှင့် အလားသဏ္ဍန်တူပြီး ချဲ့ချင်လျှင် ကြိုက်သလောက် စား၊ ကျုံ့ချင်လျှင် အစားလျှော့နဲ့ဘဲ ... ပြန်ကျုံ့သွားတတ် တာကြောင့် Diet Program စစချင်းမှာ နေရတာ နေသားမကျ ကသိကအောက် ဖြစ်ခဲ့ပေမယ့် သုံးလေးရက် အကြာမှာတော့ အလေ့အကျင့် တစ်ခု အဖြစ် နေသားကျသွားတာကိုလည်း ထူးဆန်းစွာ တွေ့ကြုံ ခံစားရမှာ အသေအချာဘဲ ဖြစ်ပါသည် )

Day ( 4 )

လေးရက်မြောက်နေ့၏ Diet Program ကိုတော့ ရေနွေး ပွက်ပွက်ဆူမှာ လတ်ဆတ်သော ဘူးညွန့် ( သို့ ) ဂေါ်ရခါးညွှန့်၊ ပန်းဂေါ်ဖီ၊ ပန်းစိမ်း ( ဘရိုကိုလီ ) မုန်ညင်းဖြူ၊ ပဲပင်ပေါက်၊ ရွှေပဲသီးနှင့် မုန်လာဥနီ၊ ပန်းငရုတ်များကို ချိုအောင် ကြက်သားမှုန့်ဖြင့်ခတ်၍ ဂျုံကြမ်း ပေါင်မုန့်ဖြင့် အ၀ စားသောက်နိုင်ပါသည် ... Slimming Cream လိမ်းဖို့၊ ( ၁၀ ) မိနစ် ဖွဖွ ပြေးဖို့နှင့် Aviance Slym Weight Management ကို သူ့ Program အတိုင်း သောက်ဖို့ စတာတွေ ကတော့ ... နေ့စဉ် မပါမဖြစ်ဘဲ ဖြစ်ပါသည် ....

Day ( 5 )

အထက်ပါ နေ့များ အတိုင်း ...

Day ( 5 ) ကို ခရမ်းချဉ်သီး Salad ( သို့ ) အခြား နှစ်သက်ရာ ဆီမပါသော ဟင်းသီးဟင်းရွက် Salad များ


Day ( 6 )

အထက်ပါနေ့များ အတိုင်း ...

Day ( 6 ) ကို ငှက်ပျောသီး ( သို့ ) အခြား နှစ်သက်ရာ သစ်သီး တစ်မျိုးမျိုးကို အချိုမပါ၊ မလိုင်လည်း ထုတ်ထားသော နွားနို့ ( သို့ ) ပဲနို့များဖြင့် နှစ်သက်သလို တွဲစပ် သောက်သုံးရမှာ ဖြစ်ပြီး ....

Day ( 7 )

အထက်ပါ နေ့များ အတိုင်း ....

တစ်ပတ်တိတိ ကျုံ့စေခဲ့သော အစာအိမ်ကို ထမင်း အနည်းငယ်၊ ဆီမပါသော ဟင်းသီးဟင်း အနည်းငယ်နှင့် အဆီမပါသော အသား အနည်းငယ်တို့ကို သင့်တင့်ရုံ စားခြင်းဖြင့် အစာချေခြင်း အလုပ်ကို ယခင် ရက်များထက် အနည်းငယ် ပိုလုပ်စေပါသည် ...


Day ( 8 )
အထက်ပါ နေ့များ အတိုင်း ....

ထမင်းပြန်စားလိုက်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်စင်စေဖို့ မနက်စောစောမှာ ကြက်ဥ အစိမ်းကို သံပုရာသီးညှစ်၊ ပျားရည် အနည်းငယ်ထည့်ပြီး ရေနွေးနွေးလေးနှင့် သောက်သုံးပြီးမှ Diet Plan တွင် အများဆုံး စားရမည့် ဟင်းသီး ဟင်းရွက်များကို ဆီမပါဘဲ နှစ်သက်သလို ဖန်တီးပြီး အ၀ စားသောက်နိုင်ပါသည် ...

Day ( 9 )

အထက်ပါ နေ့များ အတိုင်း ....

ဒီကနေ့မှာတော့ Day 1 နှင့် Day 2 မှာ စားခဲ့သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ဟင်းအနှစ် မပါ၊ အဆီမပါဘဲ စိတ်ကြိုက် စားသောက်နိုင်ပါသည် ...

Day ( 10 )
အထက်ပါ နေ့များ အတိုင်း ....

နှစ်သက်ရာ ငါးတစ်မျိုးမျိုးကို အဆီမတက်အောင် စိတ်ကြိုက် ဖန်တီးပြီး စားသောက်နိုင်ပါသည် ....


Day ( 11 )
အထက်ပါ နေ့များ အတိုင်း ....

ပေါင်မုန့်ညို ၊ ပင်လယ်ငါး ( သို့ ) အဆီ မပါသော အသားလွှာနှင့် ဟင်းသီးဟင်းရွက် အမျိုးမျိုး


Day ( 12 )
အထက်ပါ နေ့များ အတိုင်း ....

လတ်ဆတ်သော သစ်သီးဝလံ ( Fresh Juice )


Day ( 13 )
အထက်ပါ နေ့များ အတိုင်း ....

ထမင်း အနည်းငယ်၊ နှစ်သက်ရာ ငါးတစ်မျိုးမျိုး နှင့် ဟင်းသီးဟင်းရွက် Salad


Day ( 14 )
အထက်ပါ နေ့များ အတိုင်း ....

အဆီထုတ်ပြီး အချို မပါသော နွားနို့ကို နှစ်သက်ရာ သစ်သီးဝလံများဖြင့်


Day ( 15 )
အထက်ပါနေ့များ အတိုင်း ....

နှစ်သက်ရာ ဟင်းသီးဟင်းရွက် Salad တစ်မျိုးမျိုးနှင့် ရာသီစာ သီးနှံများ



အထူးသတိပြုရန်

Special Diet Program ၀င်သူများ၏ ကိုယ်ခံစွမ်းအားသည် တစ်ဦးနှင့် တစ်ဦး မည်သို့မှ မတူညီနိုင်ပါသဖြင့် မိမိ ခန္ဓာကိုယ်၏ ခံနိုင်ရည်ပေါ် မူတည်ပြီး လိုအပ်လျှင် လိုအပ်သလို ဖြည့်စွက် စားသောက်နိုင်မည့် ... Diet Food ကတော့ ... အရေခွံ မပါသော ကြက်ရိုးများ ( သို့ ) အဆီ မပါသော ငါးတစ်မျိုးမျိုးကို ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပြီး ခရမ်းချဉ်သီး အနည်းငယ်နှင့် ပြုတ်ကာ ပွက်ပွက်ဆူလာလျှင် နှစ်သက်ရာ ဂေါ်ဖီထုတ်၊ မုန်ညင်းစိမ်း၊ ပဲသီး၊ မုန်လာဥနီနှင့် Baby Corn ( ပြောင်းဖူးငယ် ) များနှင့် တရုတ် နံနံပင်နှင့် ကြက်သွန်မြိတ် အနည်းငယ် ခတ်ပြီး စားသောက်နိုင်သလို .... အသားဓာတ် ချို့တည့်၍ ကိုယ်ခံ စွမ်းအား မပြည့်ပါကလည်း ပဲနီလေး၊ ပဲဝါလေး ( သို့ ) ပဲကြီး အနည်းငယ်ကို နူးအိနေအောင်ပြုတ်၍ ဆားအနည်းငယ်နှင့် ကြက်သားမှုန့် သင့်ရုံထည့်ပြီး တရုတ် ဟင်းချို ပန်းကန်လုံးသေးနှင့် တစ်လုံးခန့် သင့်တင့်မျှတရုံ စားသောက်ပါကလည်း လိုအပ်နေသော အာဟာရဓာတ်များကို ပြန်လည် ရရှိနိုင်ပါသည် ...

ဤ Aviance Special Slimming Program ကို ... Aviance Weight Management အဆီကျ သောက်ဆေး၊ လိမ်းဆေးများနှင့် သာမကဘဲ အခြား နှစ်သက်ရာ အဆီကျ သောက်ဆေး၊ လိမ်းဆေးများ၊ အခြားသော အဆီချနည်း၊ ပုံမှန် လေ့ကျင့် ကစားနည်းများဖြင့် မိမိတို့ အဆင်ပြေသလို တွဲဘက် အသုံးပြုနိုင်ပါကြောင်း သတင်းကောင်းလေး ပါးလိုက်ပါသည် ...

ဝိတ်ချထားသည့် ခန္ဓာကိုယ် အလှကို ဆက်လက် ထိန်းသိမ်းပုံ

မည်သည့် နည်းလမ်းများဖြင့် မည်သို့ပင် ကိုယ်အလေးချိန် လျှော့ချထားစေကာမူ ဆက်လက် ထိန်းသိမ်းမှု မရှိလျှင် အနှေးနှင့်အမြန် ပြန်တက်နိုင်ပါသဖြင့် .... ချထားသည့် ကိုယ်ခန္ဓာ သွယ်လျ လှပမှုကို ဆက်လက် ထိန်းသိမ်းလိုသူများ ... နံနက်စာကို တရုတ် ဟင်းချို ပန်းကန်လုံး အသေးနှင့် တစ်လုံးမျှသာစားပါ ... ညနေစာကို စောနိုင်သမျှ စောစောစားပြီး ဖြစ်နိုင်လျှင် ထမင်းအစား အဆီအနှစ် မပါသော ဟင်းသီးဟင်းရွက် ပြုတ်သုတ်များနှင့် သစ်သီးဝလံများကို စားပါ .... မလိုအပ်ဘဲ အဆာပြေ / အပျင်းပြေ စားသောက်ခြင်း ၊ မကြာခဏ အနားယူခြင်း / လှဲလျောင်းခြင်းများအပြင် .... ခန္ဓာကိုယ်ကို အလျှင်အမြန် ပြန်လည်ဝလာစေနိုင်သော အဆီအနှစ်များ၊ အချို၊ Ready Made အစားအစာနှင့် Gas အချိုရည်၊ ရေခဲရေများ သောက်သုံးခြင်းကို အထူး ရှောင်ကြဉ်ပါ။

ထပ်မံ ပိန်လိုသော Over Weight များ အတွက်

Aviance Weight Management Special Slimming Program ဖြင့် ကိုယ်အလေးချိန်ကို ထပ်မံ လျှော့ချလိုပါက ပထမဆုံး Diet Program ၀င်ထားသည့် ( 15 ) ရက် ပြည့်ပြီး နောက် တစ်ကြိမ် ပြန်မစခင် ( 3 ) ရက် မှ ( 5 ) ရက် အတွင်း တခဏတာ ရက်ခြား အနားပေးရန် လိုအပ်ပြီး မိမိကိုယ်တိုင် အပင်ပန်းခံ၍ ချုံ့ထားရသည့် အစာအိမ်ကို ပြင်းထန်စွာ အစာ ချေဖျက်စေသည့် အလုပ်များ ချက်ချင်း ပြန်လည်မလုပ်ခိုင်းမိစေရန်အတွက် Diet Program ရပ်နားထားသည့် ရက်များမှာ အစားအစားများကို အဆမတန် အတိုးချပြီး စားသောက်ခြင်းမျိုး မလုပ်မိရန် အထူး ဂရုပြု ဆင်ခြင် သင့်ပါသည် .... ( နောက်တစ်ကြိမ် ပြန် စရန် အတွက် ညအိပ်ရာဝင်ခါနီး သံပုရာရည် ထပ်မံ သောက် သုံးရန် မလိုအပ်တော့ပါ )

Price

Aviance Weight Management ( 15 ) ရက်စာ + Aviance Anti - Cellulite Cream 1 ဘူး = 350,000 ကျပ်

Aviance Weight Management ( 1 ) လစာ + Aviance Anti - Cellulite Cream 1 ဘူး = 544,000 ကျပ်

အချိန်တို ( ၁၅ ) ရက် အတွင်း အလျှင်မြန်ဆုံး ပိန်စေမည့် ... AVIANCE ....အကြောင်း အသေးစိတ် လေ့လာလိုသူများ အတွက် ...

https://www.facebook.com/media/set/?set=a.452398338220397.1073741856.177874069006160&type=1