''သင့်ခန္ဓာကိုယ်အတွက် မဖြစ်မနေ အဆီချဖို့ လိုအပ်လာပြီ ဆိုပါလျှင် .... ''


'' သင့်ခန္ဓာကိုယ်အတွက် မဖြစ်မနေ အဆီချဖို့လိုအပ်လာပြီ ဆိုပါလျှင် .... ''

ဒီနေ့ခေတ် အမျိုးသမီးအများစု၏ ရေပန်းအစားဆုံး အလှအပပြဿနာမှာ ခန္ဓာကိုယ်ဝခြင်း ပြဿနာပင် ဖြစ်ပါတယ် ... မည်သို့ သောအကြောင်းတွေကြောင့် ခန္ဓာကိုယ် ၀တက် လာကြ ရသလဲ ဆိုပါလျှင် ... အများဆုံးကတော့ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အနေအထိုင် အစားအသောက် မဆင်ခြင်ခြင်း၊ မိမိ ခန္ဓာကိုယ် ပုံမှန် အနေအထားထက် စတင် ၀လာသည်ကို ချက်ချင်း သတိပြု၍ အချိန်မှီ မထိန်းသိမ်းမိခြင်း၊ မိမိ ကျန်းမာရေး အခြေအနေကြောင့် မဖြစ်နေ သောက်သုံးနေရသည့် အချို့သော ဆေးဝါးများကြောင့် ၀လာတတ်ခြင်းနှင့် ပဋိသန္ဓေတားဆေး၊ ထိုးဆေးများ၏ ဟိုမုန်းပြောင်းလဲမှုများကြောင့် ခန္ဓာကိုယ် အဆမတန် ၀ဖြိုးလာခြင်း ပြဿနာများစွာကို ရင်ဆိုင်ကြရခြင်း ဖြစ်ပါတယ် ...

ဝခြင်းပြဿနာကို မည်သို့ ဖြေရှင်းမလဲ ...

ခန္ဓာကိုယ်ဝခြင်း ပြဿနာကို ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းကတော့ ငွေကုန်ကြေးကျ အသက်သာဆုံးနှင့် အန္တရာယ်အကင်းဆုံးကတော့ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု မဖြစ်မနေ ပြုလုပ်ရန်နှင့် အဆီအဆိမ့်များသော အစားအစာများနှင့် ဆီကြော်မုန့်များ၊ အချိုမုန့်များနှင့် Gax အချိုရည်၊ ရေခဲရေ စသည်များနှင့် မိမိ စိတ်အာသာ ဆန္ဒကို အလိုလိုက်၍ အလွယ်တကူရသော Ready Made အစားအစာများကို အဆာပြေ အပျင်းပြေစားသောက်ခြင်းများကို အထူး သတိထား ၍ ရှောင်ကြဉ်ခြင်း နှင့် ကျန်းမာရေးအတွက် အဓိက လိုအပ်မည့် အာဟာရ ဖြစ်စေနိုင်သော လတ်ဆတ်သော သား၊ ငါး၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုး စသည့်တို့ကို သေချာချင့်ချိန် နှိုင်းဆပြီး စားသောက်ခြင်းများဘဲ ဖြစ်ပါတယ် ...

သို့ရာတွင် ဤကဲ့သို့သော အလွယ်ကူဆုံးနှင့် အန္တရာယ်အကင်းဆုံး နည်းလမ်းကို လူတိုင်း နားလည် သိရှိနေကြပါသော်လည်း လူအများစု လိုလိုက စိတ်အလိုကို အဓိကလိုက်ပြီး မိမိ အတွက် မပင်မပန်းဘဲ သက်တောင့် သက်သာ ရှိစွာဖြင့် အလျှင်မြန်ဆုံး ပိန်စေနိုင်မည့် နည်းလမ်းများကို ကောင်းနိုးရာရာ သူ့ထက်ငါ အပြိုင်အဆိုင် ရှာဖွေပြီး ငွေကုန်ကြေးကျများစွာ ခံကာ ပြုလုပ်လျှက် ရှိနေကြခြင်းကြောင့် အမျိုးသမီးများ၏ အလှအပလောကများတွင် အချိန်တိုအတွင်း ခန္ဓာကိုယ်ကို သွယ်လျ လှပစေနိုင်မည့် နည်းလမ်းများစွာဆိုတာ ခေတ်နဲ့အညီ တဟုန်ထိုး ပေါ်ထွက်လာရခြင်းဘဲ ဖြစ်ပါတယ် ... ထိုသို့ ခေတ်မှီနည်းစနစ်တွေ ထွန်းကားလာသလို ... အမျိုးသမီးတိုင်း လိုလိုမှာလည်း လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး ပြဿနာတွေနဲ့ သူ့ ထက်ငါအပြိုင် ကိုယ်စီကိုယ်ငှ လုံးလည်ချာလည် နေကြရသည့်ကြားမှ ခန္ဓာကိုယ် လှပနေဖို့ဆိုတာ ကျန်းမာရေး အတွက်သာမက လူမှုရေး၊ အိမ်ထောင်ရေး ပြဿနာ အမျိုးမျိုး အတွက်ပါ မဖြစ်မနေ လိုအပ်နေသည့် အလှအပနှင့် ကျန်းမာရေးဆိုင်ရာပြဿနာတစ်ရပ် ဖြစ်နေပါသောကြောင့် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ဘဲ အချိန်တိုအတွင်း ပိန်စေနိုင်မည့် နည်းလမ်းများစွာ ရှာဖွေနေကြပြီဆိုလျှင် ... အောက်ပါ အချက်များကို ကြိုတင် သတိပြုဆင်ခြင်ပြီးမှ လုပ်ကိုင် ဆောင်ရွက်သင့်ပါကြောင်း စိတ်စေတနာ အနန္တဖြင့် ....

ခန္ဓာကိုယ်အတွက် မဖြစ်မနေ အဆီချဖို့လိုအပ်လာပြီ ဆိုပါလျှင် ....

အဆီချတယ်ဆိုတာ .... အပင်ပန်းလည်းမခံနိုင် ၊ အချိန်လည်း မပေးနိုင်ဘဲ အလျှင်မြန်ဆုံး ပိန်လိုသူများအတွက် ... ခန္ဓာကိုယ်ရှိ ... ဗိုက်၊ ခါး၊ ကျော၊ ချိုင်း၊ လက်မောင်း၊ ပေါင်၊ ခြေသလုံး စသည့် နေရာအသီးသီးမှ မလိုအပ်သော အဆီပိုများကို အချိန်တိုအတွင်း ဖယ်ရှားခြင်း ဖြစ်ပါတယ် ...

အဆီချသင့်သူများ ....

လေ့ကျင့်ခန်းလုပ်ရန်အတွက် အချိန်လည်းမပေးနိုင်၊ အပင်ပန်းလည်းမခံနိုင်သူများ၊ မင်္ဂလာဆောင်မည့် သတို့သမီးများ၊ ဘွဲ့ယူမည့်သူများ၊ နိုင်ငံခြားသွားမည့်သူများ၊ အခြား ပွဲထိုင် တစ်ခုခု သွားလာစရာ ရှိသူများနှင့် ... အားချင်း အရေးပေါ်အလျှင်အမြန် ပိန်ချင်ကြသည့် အမျိုးသမီးများဘဲ ဖြစ်ပါတယ် ...

အမျိုးသမီးတွေ စ၀လာတတ်ပုံနဲ့ စတင် ပြီး ၀လာပြီ ဆိုတာနဲ့ အဆီတွေ စုခဲလာရတတ်တဲ့ နေရာတွေ .....

အသက်ငယ်ရွယ်စဉ် ကလေး ဘ၀ထဲက အကြောင်းအမျိုးမျိုးကြောင့် ၀နေတတ်တဲ့ အမျိုးသမီး အများစုမှလွဲပြီး ... အမျိုးသမီး တော်တော်များများက အသက်အရွယ် တစ်ခုရလာရင်၊ ဒါမှမဟုတ်... အိမ်ထောင်ကျ / ကလေးမွေးတဲ့ အခါ ( သို့ ) သားကြောဖြတ်တာ၊ သားအိမ်ထုတ်တာနဲ့ . ... သန္ဓေတားဆေး၊ အာရုံကြောဆေး၊ လေးဘက်နာဆေး၊ ကျောက်ကပ်ဆေး၊ စိတ်ရောဂါဆေး စတဲ့ ပဋိဇီဝ သောက်ဆေး တစ်မျိုးမျိုးကို ရောဂါ အမျိုးမျိုးနဲ့ သောက်သုံးရတတ်တဲ့ သူတွေမှာ ၀လာနိုင်ချေ အများဆုံး ဖြစ်တတ်သလို .... မိမိ နေ့စဉ် စားသောက်တဲ့ အစားအစာ အာဟာရနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ အမျိုးသမီးတွေမှာ အများဆုံး ၀တတ်ကြပါတယ် ....