'' ရှိရင်းစွဲ အသက်အရွယ်ကို ပိုမို အလျှင်မြန်ဆုံးသော နည်းလမ်းဖြင့် နုပျိုလှပလိုသော အမျိုးသမီးများ အားလုံးအတွက် .... ''


  လှပနုပျိုပြီး ကြည်လင်တင်းရင်းသော အသားအရေကို အလျှင်မြန်ဆုံး ပိုင်ဆိုင်နိုင်ရန်အတွက် တစ်ခုထဲသောနည်းလမ်းမှာ သက်လတ်ပိုင်းရောက်သည့်အခါမှာ တဖြည်းဖြည်းချင်း လျော့ရဲ တွဲကျလာသော အသားအရေနှင့် အစိုဓာတ်များ ခန်းခြောက်လာမှုကို ဆေးထိုးရန်လည်းမလို၊ ငွေကုန်ကြေးကျများစွာခံ၍ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး ခွဲစိတ် ကုသမှု ခံယူရန်လည်းမလိုဘဲ ထိုထိုသော စားရိတ်များထက်စာလျှင် အဆမတန်သက်သာစေပြီး အချိန်လည်းမကုန် လူလည်းမပင်ပန်းဘဲ မိမိတို့ခန္ဓာကိုယ်မှ လျော့နည်းသွားသော အသားအရေ တင်းသည့် ဓာတ်များ ကို Collage ဓာတ်များပါသော အစားအသောက်များ နှင့် Collagen Skin Care များစွာ ကို စွဲမြဲစွာ သုံးစွဲ၍ ပြန်လည် ဖြည့်စွမ်းပေးခြင်းပင် ဖြစ် ပါတယ် ...

Collagen ဆိုတာ ဘာလဲ ...

အမျိုးသမီးများ အားလုံး၏ အသားအရေ တင်းရင်းပြီး အရွယ်တင် နုပျိုနိုင်စေရန် အလျှင်မြန်ဆုံးနဲ့ အစွမ်းထက်ဆုံး ပြုပြင် ဖန်တီးပေးနိုင်သော အဖိုးတန်ရှားပါး ပင်လယ်ငါးများ၏ အရိုးနုများမှ စားသောက်ကုန်နှင့် အလှကုန်အဖြစ် ပေါင်းစပ် အသုံးပြုနိုင်ရန် အစွမ်းထက်စွာဖြင့် ထုတ်လုပ် ထားသော ဧရာမ တန်ခိုးများနှင့် စွမ်းအားရှင် တစ်ပါးဘဲ ဖြစ်ပါတယ် ...

မည်သို့သော အကြောင်းတရားများကြောင့် ရှိပြီးသား Collagen ဓာတ်တွေ လျော့နည်း လာစေတာလဲ ...

သဘာပတရားအရ ဇရာကို မလွန်ဆန်နိုင်စွာ တဖြည်းဖြည်း အသက်အရွယ်အိုမင်း ကြီးရင့်လာခြင်းကြောင့်လည်းကောင်း၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးစသည့် စိတ်ဖိစီးမှုများစွာ ကို ရှိရင်းစွဲ အသက်အရွယ်နှင့် မမျှတစွာ တွေ့ကြုံ ခံစားခဲ့ရခြင်းကြောင့် လည်းကောင်း၊ ခရမ်းလွန် ရောင်ခြည်များကို ထိရောက်စွာ မကာကွယ်ခဲ့ခြင်းကြောင့် လည်းကောင်း၊ ဆေးလိပ် (သို့) အရက် စသည်တို့ သောက်သုံးခြင်းကြောင့် လည်းကောင်း Collagen ဆိုသည့် အသားအရေ တင်းသည့် ဓာတ်တွေ တဖြည်းဖြည်း လျော့နည်းပြီး မျက်နှာနှင့် အသားအရေ တဖြည်းဖြည်း အိုမင်းရင့်ရော် လာရပါတယ် ...

Collagen ဓာတ်များ ကို မည်သို့ ပြန်လည် ဖြည်းဆည်းပြီး ရယူလှပနိုင်မည်ဆိုတာကို မပြောခင် ဇရာအကြောင်း လေ့လာကြည့်ကြပါစို့လားရှင် ...

ဇရာဆိုတာ ကိုယ့်ရုပ်ရည် ပုံပန်းသဏ္ဍာန်နှင့် အသက်အရွယ်ကို မေ့မှန်း မသိမေ့နေတတ်ကြတဲ့ ကျွန်မတို့ အမျိုးသမီးတွေကို အမှုမဲ့အမှတ်မဲ အခါမျိုးများမှာမှ ပညာရှိနည်းနဲ့ ဘွားခနဲ ကိုယ်ထင်ပြလို့ မျက်လုံးပြုး မျက်ဆန်ပြူး အထိတ်တလန့်နဲ့ စိတ်ဆင်းရဲခြင်းများစွာ တွေ့ကြုံခံစားရပြီး စိတ်ဓာတ်ကျပြီး လူကြားထဲ သွားလာချင်စိတ် မရှိလောင် ပြုစားတတ်တဲ့ စုန်းမကြီး တစ်ပါးလို့ဘဲ ကျွန်မကတော့ တင်စားချင်မိပါတယ် ... သို့ပေမယ့် ကျွန်မတို့၏ မြတ်စွာဘုရားရှင်တောင် မလွန်ဆန်နိုင်စွာ ဇာတိ ဒုက္ခ၊ ဇရာ ဒုက္ခ၊ မရဏ ဒုက္ခများစွာ ခံစားခဲ့ပြီး ထိုအနိစ္စ တရားများစွာကို မလွန်ဆန်နိုင်စွာဖြင့် အချိန်တန်သော် ပရိနိဗ္ဗာန် စံရသေးသမှ ကျွန်မတို့ အညတရ သာမန် လူသားတွေအတွက်ဆိုကား ရာသက်ပန် တွန်းလှန်နိုင်စေဖို့ဆိုတာ နိဗ္ဗာန် ရောက်ကြောင်း ကျင့်ကြံခြင်း တရားများမှ တစ်ပါးအခြားမရှိနိုင်ခဲ့ပါ ....

ဇရာ

လူနေမှုဘ၀ အမျိုးမျိုးမှာ ကျင်လည် လုပ်ကိုင် နေရသည့် အမျိုးသား / အမျိုးသမီး မရွေး လူတိုင်း လူတိုင်းမှာ ... စားဝတ်နေရေးအတွက် ရုန်းကန်နေရတာနှင့်တကွ လူမှုရေး ၊ စီးပွားရေး၊ အိမ်ထောင်ရေး စသည့် စိတ်ဖိစီးမှုအမျိုးမျိုးကို အနည်းနဲ့အများ ရင်ဆိုင် ကြုံတွေ့လာရသလို ... ကျွန်မတို့၏ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ငိုခြင်း၊ ရယ်ခြင်းစတဲ့ စိတ်ခံစားမှုအမျိုးမျိုးကို နေ့တဓူဝ ကြိမ်ဖန်များစွာ အကြောင်းမထပ် လှုပ်ရှားပေးနေရတဲ့အတွက် ... ကျွန်မတို့ မျက်နှာနှင့် ခန္ဓာကိုယ် အသားအရည်များမှာ ဇရာဆိုတဲ့ အိုမင်း ရင့်ရော်ခြင်း၊ အသားအရေများ လျော့ရဲတွဲကျပြီး ခမ်းခြောက်လာခြင်း၊ အရေးအကြောင်းလက္ခဏာများစွာကို အထူးတလှယ် မလိုချင်ပါဘဲနှင့် ပေါ်ပေါက်လာခြင်း၊ လာသည့် ကြန်အင် လက္ခဏာများစွာကို ကြုံတွေ့ရင်ဆိုင် လာရတတ်ပါတယ် ...

ဇရာ ကို မည်သည့် အချိန်တွင် စတင် သထိထားမိလာရပါသလဲ ...

ကျွန်မသည် အလှအပအလုပ်ကို လုပ်ကိုင်သူ ဖြစ်သလို ... ကျွန်မထံလာတဲ့ မျက်နှာ ၀န်ဆောင်မှုဆောင်ရွက်သူ အမျိုးသမီးအများစုမှာ သက်လတ်တန်းများ ဖြစ်ကြသဖြင့်... သူများတကာ တွေထက် ပိုပြီး ကျွန်မ ဇရာဆိုတာ ကို စိတ်ဝင်စားတဲ့အတွက် ကျွန်မ အသက်အရွယ် အမျိုးမျိုးအလိုက် ... မျက်နှာသွယ်သူများ၏ဇရာ၊ မျက်နှာ ဖောင်းသူများ၏ဇရာ စတာ တွေကို လေ့လာကြည့်ဖူးပါတယ် ... သူတို့ မှာ ဘယ်လို အကြောင်းများကြောင့် ဇရာဆိုတာကြီးကို စတင် ခံစားတွေ့ကြုံနေကြရပါသလဲ ....

မျက်နှာသွယ်သူများ ၏ ဇရာ

မျက်နှာသွယ်သူများ ဇရာဆိုတာ ရုပ်စတင်ကျပြီဆိုတာနှင့် မျက်ခွံတွေ စတင်ချိုင့်လာ၊ မျက်တွင်းတွေ စကျလာတတ်သလို စိတ်ဖိစီးမှုများလျှင် များသလောက် ပါးရိုးတွေပါ ချောင်ပြီး လျော့ ကျလာပါတယ် ... ပြီးမှ တဖြည်းဖြည်းနှင့် ... မျက်လုံးအရေးအကြောင်းများ၊ Smile Line လို့ ခေါ်သည့် ရယ်လိုက်ရင်ဖြစ်တဲ့ အရေးအကြောင်းများ တဖြည်းဖြည်းဖြစ်လာပြီး အသားအရေ ပါ တဖြည်းဖြည်း လျော့ရဲ တွဲကျ လာရပါတယ် ... မျက်နှာ သွယ်သူ အများစု မှာ အခြားသူများထက်စာလျှင် အရွယ် ပိုတင် သလို ... ထင်ရပေမယ့် ... မျက်နှာ နှင့် အသားအရည် ကို ဂရု မစိုက်ဘဲ နေခဲ့ပါက ... တကယ်တန်း သူတို့၏ ဇရာဆိုတာကို မျက်လုံးအောက်နှင့် မျက်နှာတွေမှာ ရုတ်တရက်ကြည့်လျှင် မည်သည့်အရေးအကြောင်းကိုမှ မမြင်ရပါလျှက်နှင့် ရယ်လိုက်တဲ့ အခါတွင်မှ ... အရေးအကြောင်းများစွာ ဖြာထွက်နေတာမျိုး များစွာကိုလည်း တွေ့မြင်ခဲ့ဖူးပါတယ် ...

ကျွန်မနှင့်တကွ မျက်နှာဖောင်းသူ အမျိုးသမီးများ၏ ဇရာ

ကျွန်မနှင့် တကွ မျက်နှာဖောင်းသူ အမျိုးသမီးများတွင် ကြုံတွေ့ရသည့် ဇရာဆိုတာကျပြန်တော့ ... တစ်မျိုးပါ ... ကျွန်မဆိုလျှင် အိပ်ရေးပျက်လျှင်လည်းဖောင်း၊ စိတ်ညစ်လျှင်လည်း ဖောင်း၊ စိတ်ဖိစီးမှုများလျှင်လည်း ဖောင်းတတ်ပြီး ဘယ်တော့မှ မကျတတ်တဲ့ မျက်နှာ ပိုင်ရှင်မျိုးပါ ... ထိုသို့သော သူများ ရင်ဆိုင်ရသည့် ဇရာဆိုတာကတော့ ... မျက်ခွံများ မသိမသာမှ တဖြည်းဖြည်း ချိုင့်ဝင်လာခြင်း၊ မျက်လုံးအောက် အရေးအကြောင်းများ စတင်ဖြစ်ပေါ်လာခြင်းထို့ထက် ပိုဆိုးသည်မှာ ... ပါးပြင်နှင့် နှာခေါင်းဘေး တစ်ဘက် တစ်ချက်နေရာတွင် ... ပွယောင်းယောင်းဖြစ်ပြီး အစ်ဖောင်းလာခြင်း၊ မေးရိုးနား ပါးစောင်နေရာများတွင် ဖုထစ်လာခြင်း ၊ နှုတ်ခမ်းဘေး တစ်ဘက် တစ်ချက် နေရာတွေ ရုတ်တရက် ကြည့်လျှင် အရိပ်ကျ သလိုလို နှင့် နှုတ်ခမ်းထောင့်စွန်း အရေးအကြောင်းများ လျော့ကျပြီး ဖြစ်ပေါ်လာခြင်း၊ မေးစေ့ နှစ်ထပ် ဖြစ်လာခြင်း၊ ဘေးတိုက်ကြည့်လျှင် မေးရိုးနှင့် လည်ပင်း မပြတ်သားဘဲ လျော့ကျလာခြင်း၊ ရယ်လိုက်တာနှင့် မျက်နှာပြင် တစ်ခုလုံး နေရာအနှံ့ အရေးအကြောင်းများစွာ ထင်ရှားပြီး ဖောင်းကား တွဲကျလာခြင်း စတာတွေဘဲ ဖြစ်ပါတယ် ...

ဇရာ ကို ငွေကုန်ကြေးကျ အနည်းဆုံးသော သဘာဝနည်းဖြင့် မည်သို့ကာကွယ်နိုင်ပါသလဲ ...

နေတဓူဝ သွေးလှည့်ပတ်မှုကောင်းပြီး အသားအရေ စိုပြည် လှပနေစေရန် ပုံမှန် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပြီး မိမိနှင့်မတည့်သည့် အဆီိအဆိမ့်နှင့် Ready Made အစား အသောက်များ Gas အချိုရည်များကို အထူးရှောင်ကြဉ်၍ ကျန်းမာရေး အတွက် အထူးသင့်တော်မည့် လတ်ဆတ်သော သားငါး ၊ အစားအစာနှင့် ဟင်းသီး ဟင်းရွက်များ သစ်သီးဝလံများ စသည့် အာဟာရဖြစ်ဖွယ် အစားအစာများစွာကို အဓိက စားသောက်လေ့ရှိပြီး ... နေ့စဉ်နှင့်အမျှ နေဒဏ်၊ လေဒဏ်နှင့် သဘာဝဘေး ရာသီဥတု ဒဏ်အမျိုးမျိုးနှင့် အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ သားရေး သမီးရေး စသည့် စိတ်ဖိစီးမှုဒဏ်အမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်ရန် အသက်ငယ်စဉ်အခါမှစ၍ မိမိအသက်အရွယ် အသားအရေနှင့် သင့်တော်သော Facial Cleanser,Toner,Firming,Lifting,Whitening Cream ... စသည့် Skin Care တစ်မျိုးမျိုး သုံးစွဲပေးခြင်း ... နေပူထဲထွက်လျှင် အဆောင်းအကာနှင့်ပါ အပြင်ထွက်ခြင်း၊ သင့်တော် သော Sun Cream တစ်မျိုးမျိုး သုံးစွဲပေးခြင်း အသက် ( ၂၅ ) နှစ် ကျော်လာပါက ... Anti - Aging ပါသော Skin Care များ ရွေးခြယ် သုံးစွဲပေးခြင်း၊ အသက် ( ၃၀ ) ကျော်လာပါက ... Lifting / Firming ပါသော Skin Care များ သုံးစွဲပေးခြင်း ... သွေးလှည့်ပတ်မှု ကောင်းပြီး အသားအရည် တင်းရင်းလှပနေစေရန် ... Facial Massage နှင့် Face Pack ကို တစ်ပတ်လျှင် တစ်ကြိမ် ( သို့ ) အနည်းဆုံး တစ်လလျှင် နှစ်ကြိမ်ခန့် မှန်မှန်ပြုလုပ်ပေးခြင်း စသည်ဖြင့် အချိန်မတန်ဘဲ အဆမတန် အိုမင်း ရုပ်ကျလာမှုကို ကြိုတင် ကာကွယ်ထားနိုင်ပါတယ် ...

အရေးကြီးပေမယ့် သတိမမူ ကျန်ခဲ့တတ်သည့် ကပ်ကျော် နေရာ ...

ထိုကဲ့သို အရွယ်တင် လှပနုပျိုလိုပါသော်လည်း လူအများစု သတိမမူမိသည့် နေရာတစ်ခုမှာ ကျွန်မတို့ အရေးတယူနှင့် တယုတယသနေတတ်သည့် မျက်နှာနှင့် တစ်ဆက်ထဲ ဖြစ်သည့် လည်တိုင်ဘဲ ဖြစ်ပါတယ် ... ကျွန်မတို့ ကလေးဘ၀ထဲက သနပ်ခါး လိမ်းလျှင် ....လည်ပင်းပါ ထည့်လိမ်းဖို့ လည်ပင်း လိမ်းဖို့ကျန်ခဲ့ပါက ... မျက်နှာကို ဘေးတိုက် ကြည့်လျှင် .. မျက်နှာ က သနပ်ခါး အဖွေးသားနှင့် လည်ပင်းက ဗလာနှင့် အရုပ်ဆိုး လိုက်တာလို့ခဏခဏ အပြောခံခဲ့ရဖူးပါတယ် ... Facial Cleanser, Toner, Firming, Lifting, Sun Cream, Make Up, Powder စတာတွေ ဘာဘဲ သုံးသုံး လည်ပင်း နေရာကို သတိတရနှင့် မမေ့မလျော့ ထည့်လိမ်းပေးသွားဖို့ပါ ... မည်သည့် အတွက်ကြောင့် လည်ပင်းကို မဖြစ်မနေ ထည့်လိမ်းစေ ချင်သလဲ .. ဆိုတာကတော့ ... ကျွန်မတို့လို မျက်နှာပြင်နှင့် မေးနှစ်ထပ် အဆီပိုတွေအထိ တစ်ကွက်စာကိုသာ ခေတ်မှီ Facial Machine တွေ၊ Branded Facial Products တွေနှင့် ဘယ်လိုဘဲ မျက်နှာကို တင်းရင်းအောင် လုပ်လုပ် ... လည်ပင်းကို မလုပ်ခဲ့မိပါက ကြာလာတာနှင့်အမျှ လည်ပင်းနှင့် မေးစေ့ ဆက်စပ်နေရ မှစပြီး လျော့ရဲ ပျော့တွဲ လာတာကို တခြား အမှုမဲ့အမှတ်မဲ့ အချိန်တွင် ကိုယ့်ရုပ်ကိုယ် မမြင်သာ မထင်သာလို့ မသိနိုင်ရင်တောင် ဓာတ်ပုံ ရိုက်လိုက်တဲ့ အခါမျိုးများနှင့် တခြားသူများနှင့် အမှတ်တမဲ့ စကားပြောမိသည့် အခါမျိုး ဘေးတိုက်ကြီး ကိုယ့်မျက်နှာကိုယ် မြင်ရချိန်များမှာမှ ထင်းထင်းကြီးပေါ်လာရကာမှ အလွန်အင်မတန်မှ အရုပ်ဆိုးလှတာကို တွေ့မြင်ရလို့ဘဲ ဖြစ်ပါတယ် .....

အသက်ကြီးငယ်မရွေး အမျိုးသမီးများ မျက်နှာပြင်နှင့် မေးနှစ်ထပ် အဆီပိုများ မရှိစေရန် ....

ပထမဆုံး အနေနှင့် ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိဘဲ ကျစ်လျစ်သွယ်လျ လှပနေစေဖို့ရာလည်း လိုအပ်ပါတယ် ... ခန္ဓာ ကိုယ်လှပနေမှ မျက်နှာ လှပမယ်ဆိုတာ ရုတ်တရက် ကြည့်လိုက်ရင် မဆက်စပ်သလိုနှင့် တကယ်တမ်း အလွန်အင်မတန်မှကို ဆက်စပ်မှုရှိနေပါတယ် .... ဘာကြောင့်လဲဆိုတော့ ... ခန္ဓာကိုယ်ဝလာတာနဲ့အမျှ မျက်နှာဝမလာ / ဖောင်းကား မလာ / အိုမင်း ရင့်ရော် မလာတတ်တဲ့ အမျိုးသမီးအနည်းစုမှလွဲ၍ ကျွန်မနှင့်တကွ အမျိုးသမီးအများစုမှာ ခန္ဓာကိုယ်ဝလာတာနှင့် မျက်နှာတွေ ပြည့်တင်းဖောင်းကားလို့ အဆီတွေ မတက်ချင်ဘဲ တစ်ရစ်ပြီး ထွက်လာသလို ... မေးစေ့ နှစ်ထပ်၊ လည်ပင်း လည်းပျောက်နှင့် ... ရုပ်မဆိုးချင်ဘဲ ... ၀လာတာနှင့်အမျှ တစ်နေ့တခြား ပိုပို ရုပ်ဆိုးလာရပြီး ... ရုပ်ဆိုးလာလို့ စိတ်ဓာတ် ကျလာရတာနှင့်အမျှ လှချင်လို့ ပြင်ပြင် ဆင်ဆင် နေချင်ခဲ့တဲ့ စိတ်တွေကအစ ... တဖြည်းဖြည်းပျောက်ကွယ်လာကာ ... ၀လို့ ပစ်ထား ... ပစ်ထားလို့ဝ ... ၀လို့မပြင်ဆင် ... မပြင်ဆင်လို့ ပိုပို ရုပ်ဆိုးနဲ့ ... တဖြည်းဖြည်း ... နေ့နေ့ညည ၀၀ လာတဲ့ ခန္ဓာ ကိုယ်နဲ့တကွ မျက်နှာတွေ အစ်ဖောင်းပြီး ရုပ်တွေလည်း ပိုပို လျော့ကျလာရတဲ့ အတွက် တဖြည်းဖြည်း ရုပ်မဆိုးချင်ဘဲ ပိုပို ရုပ်ဆိုးဆိုး လာကြရ ပါတယ် ....

ဝက်ခြံ၊ တင်းတိတ်၊ နေလောင်ကွက်များကို မရှိစေရန် ...

ထိုမျှသာမက ၀က်ခြံ ထွက်တတ်သူများအတွက် ဆိုပါလျှင်လည်း .. အပူ၊ အစပ်၊ အငန် စသည့် အစားအသောက်များကို ဆင်ခြင် အစားအသောက်ဖို့လိုအပ်သလို ... မိမိ အသားအရည် အလိုက် သင့်တော်သော Skin Care အမျိုးအစားများကိုလည်း ရွေးခြယ်သုံးစွဲတတ်ဖို့ လိုအပ်ပါတယ် ... ထို့ပြင် အပြင်မှ ပြန်လာတိုင်း / ညအိပ်ရာဝင်တိုင်း မျက်နှာကို သေချာစွာသစ်ပြီးမှ အိပ်သင့်သကဲ့သို့... အမျိုးသမီးများ၏ သွေးသား ဓမ္မတာ မှန်ကန်စေဖို့ကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ် ... ၀က်ခြံထွက်နေသည့် အချိန်မျိုးတွင်ကအစ ... ဆိတ်ဆွ၊ ကုတ်ဖဲ့၊ ကလိခြင်းမျိုး မပြုလုပ်ဘဲ .... အနေအထိုင် အစားအသောက် ဆင်ခြင်ပြီး အသားအရည် အမျိုးမျိုး အလိုက် သင့်တော်သည့် Skin Care Products များသုံးလို့ စိတ်ရှည်ရှည်နှင့် ပျောက်ကင်းသည်အထိ ကုသသွားဖို့လိုအပ်သလို ပျောက်ကင်းသွားချိန်မှာလည်း ဆက်လက်၍ အနေအထိုင် အစားအသောက် ဆင်ခြင်ခြင်း၊ လတ်ဆတ်သော သစ်သီးဝလံများ စားပေးခြင်း၊ ရေများများ သောက်ပေးခြင်းနှင့် သင့်တော်သော Skin Care များ ဆက်လက် သုံးစွဲပေးသွားခြင် စသည်တို့လိုအပ်ပါတယ် ... တင်းတိတ်၊ နေလောင်ကွက်များအတွက် ဆိုလျှင်တော့ မဖြစ်ခင်မှာ ကြိုတင်ပြီး နေလောင်ကာ Sun Cream တစ်မျိုးမျိုး သုံးစွဲပေးတာ၊ အဆောင်းအကာနှင့်မှ အပြင် ထွက်သင့်သည်များအပြင် မီးယပ် သွေးသား ဓမ္မတာကအစ မှန်ကန်အောင် ဂရုတစိုက် နေထိုင်ဖို့လည်း အထူး လိုအပ်လှပါတယ် ...

ထိုသို့ မဟုတ်ဘဲ အမှုမဲ့ အမှတ်မဲ့ နေထိုင်သွားလာနေပြီး မျက်နှာမှာ ရုတ်တရက် နေလောင်ကွက်၊ အမည်းကွက်များ ပေါ်လာခဲ့ပြီဆိုမှ ပျောက်ကင်းချင်ပြီဆိုလျှင် အလွန်အင်မတန်မှ စိတ်ရှည်ဖို့ လိုအပ်သလို ... Brand ကောင်းလျှင် ငွေကုန် ကြေးကျ အလွန် များသကဲ့သို့... Brand မကောင်းပြန်လျှင်လည်း မျက်နှာပြင်ပေါ်မှာ မဆိုင်သည့် အသားအရေများကိုပါ ... ထိခိုက်စေနိုင်သည့် အန္တရာယ်ကိုလည်း ထည့်သွင်း စဉ်းစားထားဖို့လိုအပ်ပါတယ် ... အချိန်ယူပြီးမှ ပျောက်ကင်းနိုင်သည့် ပြသနာဟုဆိုရခြင်း မှာ ... နေလောင်ကွက်၊ တင်းတိတ်ဆိုတာ မျက်နှာပြင်ပေါ်ကို ရောက်လာသည်နှင့် မျက်နှာ၏ Skin Layer အလွှာ အထပ်ထပ်မှာ ထိုက်သင့်သလောက် ထုထည်နှင့် နေရာယူနေပြီမို့ ချက်ခြင်း ပျောက်ကင်းဖို့မလွယ်ကူခြင်း ဖြစ်သလို .. မျက်နှာပေါ် တွင် မြင်နေရသည့် အပေါ်ယံ အလွှာများကို ချက်ခြင်း ပျောက်ကင်းအောင် နည်း အမျိုးမျိုးနှင့် ဖြေရှင်း ကုသလိုက်ပါလျှင်လည်း အောက်က Skin Layer အထပ်ထပ် အထိ မရောက်ခဲ့ပါက .... အနှေးနှင့် အမြန် အချိန် ကာလ တစ်ခု မှာ မျက်နှာပြင်ပေါ်သို့ အဆမတန် ပွားများပြီး ပြန်လည် ထွက်ပေါ်လာမည်သာ ဖြစ်ပါ၍ မည်သည့်နည်းနှင့်မဆို ကုသမှု ခံယူထားသည် ဆိုပါကလည်း ... ကုသမှုခံယူပြီးသည့်အခါ မည်သို့ ဆက်လက် ထိန်းသိမ်းသွားရမည်ကို တတ်ကျွမ်းနားလည်သူနှင့် သေချာစွာ အသေးစိတ်တိုင်ပင် ဆွေးနွေးသွားဖို့ လိုအပ်ပြီး ... Skin ၏ အောက်ဆုံး Layer အထပ်ထပ် သို့ Treatment ရောက်သည် အထိ စိတ်ရှည်ရှည်နှင့် ဆက်လက် ကုသ ထိန်းသိမ်းသွားရန် လိုအပ်ပါတယ် ...

ရှိရင်းစွဲထက် ပိုမို အိုမင်း ရုပ်ကျနေသူများကို အလျှင်မြန်ဆုံး ပြန်လည် နုပျို တင်းရင်း လှပနိုင်စေမည့် ....

လှပ နုပျိုပြီး ကြည်လင် တင်းရင်းသော အသားအရေ ကို အလျှင်မြန်ဆုံး ပိုင်ဆိုင်နိုင်ရန် အတွက် တစ်ခုထဲသော နည်းလမ်းမှာ သက်လတ်ပိုင်းရောက်သည့် အခါမှာ တဖြည်းဖြည်းချင်း လျော့ရဲ တွဲကျလာသော အသားအရေနှင့် အစိုဓာတ်များ ခန်းခြောက် လာမှုကို ဆေးထိုးရန်လည်း မလို၊ ငွေကုန်ကြေးကျ များစွာခံ၍ နိုင်ငံရပ်ခြား တိုင်းပြည်များသို့ သွားရောက်ပြီး ခွဲစိတ်ကုသမှု ခံယူရန်လည်းမလိုဘဲ ထို့ထိုသော စားရိတ်များထက် စာလျှင် အဆမတန် သက်သာစေပြီး အချိန်လည်းမကုန် လူလည်းမပင်ပန်းဘဲ မိမိတို့ ခန္ဓာ ကိုယ်မှ လျော့နည်းသွားသော အသားအရေ တင်းသည့် ဓာတ်များ ကို Collage ဓာတ်များပါသော အစားအသောက်များနှင့် Collagen Skin Care များစွာကို စွဲမြဲစွာ သုံးစွဲ၍ ပြန်လည် ဖြည့်စွမ်းပေးခြင်းပင် ဖြစ် ပါတယ် ...

မည်သို့ မည်ပုံ ဖြည့်ဆည်းပေးနိုင်မလဲ .... ?

အလျှင်မြန်ဆုံး အသားအရေ ကြည်လင်ပြီး တင်းရင်း လှပလိုသူများ အတွက် ... Collagenic Lift & Collagen Matrix

Collagenic Lift Solution Set ....

ကိုလာဂျင်နှင့် အလတ်စတင် လက်ဖက်ဖြူတို့ဖြင့် ပေါင်းစပ် ထုတ်လုပ်ထားခြင်းကြောင့် .... လျော့ရဲ တွဲကျပြီး ခြောက်ခန်း လာသော အသား အရေကို ချက်ခင်း တင်းရင်းပြီး ကြည်လင် ၀င်းပသွားစေသည့်အပြင် ရှားစောင်းလက်ပတ်၊ ဒိန်ချဉ် စသည့် ဓာတ်များကို အခြေခံ၍ ထုတ်လုပ် ထားခြင်းကြောင့် သုံးစွဲရာတွင် သက်တောင့် သက်သာ ရှိရုံမျှမက အသားအရေကို စိုပြည် လှပစေပါတယ် ...

Aviance မှ အဆင့်မြင့် နည်းပညာများဖြင့် ပေါင်းစပ် ထုတ်လုပ်ထားသည့်အတွက် ... ကင်ဆာဆဲလ်များ ဖြစ်ခြင်းမှ ကာကွယ်ပေးသည့် အပြင် အသားအရေကို အရေပြား၏ အောက်ဆုံး အလွှာမှစတင်ပြီး တင်းရင်း ကြံ့ခိုင်မှုကို ဖြစ်ပေါ်စေပါတယ် ... )

ပထမဆုံးအကြိမ် စစချင်း အသုံးပြုမည့်သူများ အနေဖြင့် ပြန်လည် နုပျိုပြီး ကောင်းမွန်သော အသားအရေကို ရရှိစေရန် ... တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ် ပြုလုပ်ပေးရန် လိုအပ်ပြီး ထိုမှတဆင့် ဆက်လက်ထိန်းသိမ်းသွားရန်အတွက်ကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် ပြုလုပ်ပေးသွားရပါမယ် ... ပထမဆုံးအကြိမ် ပြုလုပ်သည့် အဆင့်မှာတင် ... မူလ အသားအရေထက် ပိုမို တင်းရင်းပြီး အသားအရေ၏ ထူးခြား လှပစွာဖြင့် ဖြူစင် ကြည်လင်လာမှုကို သိသိသာသာ ရရှိခံစားရမည် ဖြစ်သည် ... ( Collagenic Lift Solution Set .... ၏ အမှန်တကယ် ထူးခြားမှု ရလာဒ်ကို ချက်ချင်း တွေ့မြင် ယုံကြည် လက်ခံလိုသူများကို ... တမူ ထူးခြားစွာ အကြံပေးလိုသည်မှာ မျက်နှာ တစ်ပြင်လုံးကို ပြိုင်တူ မသုံးသေးဘဲ မိမိ မနှစ်သက်သည့် မျက်နှာတစ်ခြမ်း တိတိကိုသာ ပထမဆုံး စမ်းသပ်သုံးကြည့်ပြီး မတူညီသည့် ထူးခြားသော ရလာဒ်ကို နှိုင်းယှဉ် ချိန်ဆခြင်းဖြင့် နှစ်သက်အားရ ကျေနပ် ၀မ်းမြောက်စွာဖြင့် ဆက်လက် သုံးစွဲနိုင်မှာ အသေအချာဘဲ ဖြစ်ပါတယ်ရှင် ... )

Collagen Matrix ....

အချိန်နှင့်အမျှ ရင်ဆိုင်လာရသော အသက်အရွယ် ကြီးရင့်လာမှုဇရာနှင့်အတူ လူ၏ ခန္ဓာကိုယ်အတွင်းရှိ မျက်နှာနှင့် အသားအရေကို တင်းထားနိုင်စွမ်း ရှိသော ကိုလာဂျင်ဓာတ် လျော့နည်း ခမ်းခြောက်လာမှုကို တစ်နေ့တစ်ခြား ဆိုးရွားစွာ ကြုံတွေ့လာရမည့် အခြေအနေများမှ ပြန်လည် ပြုပြင် ထိန်းသိမ်း ရယူနိုင်မည့် အလျှင်မြန်ဆုံးနှင့် အကောင်းဆုံး ပြုပြင်မှု ဖြစ်သည် ....

ရှားပါး အဖိုးတန် ပင်လယ်ငါး၏ ကိုလာဂျင်မှ ထုတ်လုပ်ထားပြီး ဂျပန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံများမှ နည်းပညာ အရည်အသွေးများစွာဖြင့် ဖော်စပ် ထုတ်လုပ်ထားခြင်းဖြစ်သလို ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင် ပျံ့နှံ့မှုလျှင်မြန် ကောင်းမွန်စေရန်အတွက် အရောင် အနံ့ အရသာနှင့် ပြည့်စုံစွာ စားသောက်နိုင်သည့် အရည်အသွေးရှိ စားသောက်ကုန်အဖြစ် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ထို Collagen Matrix ကို နေ့စဉ် မှန်မှန် စားခြင်းအားဖြင့် ... ရှိရင်းစွဲ အသက်အရွယ်ထက် ကျော်လွန်စွာ အိုမင်း ရင့်ရော်နေမှုကို အလျှင်မြန်ဆုံး သိသာစွာ ပြန်လည် နုပျို လှပစေနိုင်မည် ဖြစ်သည် ...

Collagen ၏ အကျိုးပြုပုံများ ...

အသက်အရွယ်အလိုက် လျော့ရဲ တွဲကျလာသော မျက်နှာပြင် အရေးအကြောင်းများ တင်းရင်းစေကာ ခြောက်ခမ်းစပြုသော အသားအရေများကို အစိုဓာတ် ပြန်လည် ဖြည့်စွမ်းပေးပြီး ပြန်လည် နုပျို လှပလာခြင်း ...

သွေးသားကို ကောင်းမွန်လာစေသည့်အတွက် အသားအရည် တဖြည်းဖြည်း ကြည်လင်လာပြီး မျက်နှာနှင့် ခန္ဓာကိုယ်ရှိ အရောင် မညီညာသော အညိုကွက် အမည်းစက်စသော အသားအရေ မညီညာမှုများစွာကိုပါ တဖြည်းဖြည်း သက်သာ ပျောက်ကင်းစေခြင်း ...

အရွယ်မရောက်ခင် ဆံပင်ဖြုခြင်းကို ဟန့်တားပေးပြီးဆံပင်များ ပြန်လည် နက်မှောင် သန်စွမ်းလာစေရန် အားဖြည့်ပေးခြင်း ...

အရိုးအဆစ်များ ပြန်လည် သန်မာလာစေပြီး ခြေသည်း၊ လက်သည်းများ ပိုမို လှပ တောက်ပြောင်လာခြင်း ...

ရှိရင်းစွဲ အသက်အရွယ်အတိုင်း ပြန်လည် နုပျို လှပလာရခြင်းကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိစွာဖြင့် လုပ်ငန်းခွင်အသီးသီးမှာ အောင်မြင်မှုစွမ်းအားများစွာ ရရှိစေခြင်း ....

စသည့် ကောင်းကျိုး ချမ်းသာများစွာ ကို ရရှိစေမှာ ဖြစ်ပါတယ် ..

ထိုသို့ဆိုလျှင် .... ရှိရင်းစွဲ အသက်အရွယ်ထက် ပိုမို လှပ မနေလျှင်တောင် .. Actual Age ထက် .... Body Age / Facial Age က ပိုကြီးပြီး ပိုမို အိုမင်း ရင့်ရော်မနေစေဖို့ဆိုတာ မဖြစ်မနေ အရေးကြီးသည့် အချက်တစ်ခုမှန်း သင် ကောင်းစွာ နားလည် သဘောက်ပေါက်ပြီး ဖြစ်ပါလိမ့်မည် ....

ထို့အတွက် ... သင်သည် ငယ်ရွယ်သူ ဖြစ်ပါအံ့ .... ကျွန်မတို့အားလုံး နောက်တစ်ချိန်မှာ မလွှဲသာ မရှောင်သာ ရင်ဆိုင် ကြုံတွေ့ကြရမည့် ဇရာဆိုတာကြီးကို .... ငယ်ရွယ်စဉ်ကထဲကပင် ကျန်းမာရေး လိုက်စားခြင်း၊ မိမိအသက်အရွယ်အလျောက် သင့်တော်သော Skin Care များ သုံးပေးခြင်း၊ အာဟာရဖြစ်ပြီး လတ်ဆတ်သော အစားအသောက်များ ရွေးချယ် စားသောက် ခြင်း၊ အတတ်နိုင်ဆုံး စိတ်ဖိဖီးမှုကို ရှောင်ကြည်ပြီး ကြည်လင်သော မေတ္တာစိတ်အဟုန်ကို ငယ်စဉ်ထဲက ကျင့်သားရစွာ လေ့ကျင့်ထားခြင်းဖြင့် ဇရာကို အံတု ရင်ဆိုင်နိုင်သလို .... ကျွန်မတို့ကဲ့သို့.... မိတ်ကပ်နှင့် အခြားသော အပေါ်ယံ အလှအပများစွာကိုသာ အာရုံရှိပြီး၊ မျက်နှာ အသားအရေနှင့် ခန္ဓာကိုယ် အတွင်းအပြင်ကို ဂရုစိုက်လို့စိုက်ရမယ်မှန်းမသိဘဲ ... ဇရာ ကို ဗြုန်းခနဲ ရင်ဆိုင်လက်သင့်ခံရချိန်များမှ ... ထိတ်လန့်ခြင်းများစွာဖြင့် ပစ္စည်းစုံ၊ နည်းလမ်းစုံ၊ စက်ကိရိယာစုံနှင့် ငွေကုန်ကြေးကျများစွာ အချိန်ကုန် ငွေကုန်၊ လူပင်ပန်းပြီး စိတ်ဆင်းရဲ ခြင်းများစွာဖြင့် ... အဆမတန် ပျိုမြစ် နုနယ်သော အလှတရား များစွာကို ပြန်လည် မရနိုင်စေကာမူ ရှိရင်းစွဲ အသက်အရွယ်ထက် ပိုမို ရင့်ရော်ပြီး မိမိကိုယ်မိမိ ယုံကြည်မှု မရှိစွာဖြင့် ... လုပ်ငန်းခွင် အသီးသီးမှာ လုပ်ကိုင် ဆောင်ရွက် နေရသူများ အတွက်လည်း လက်ရှိ ကျွန်မ လေ့လာ သုံးစွဲဖူးခဲ့သမျှ သော Collagen Series ... Anti -Aging Product များစွာထဲတွင် ... ယခု ကျွန်မ ကိုယ်တိုင် သုံးစွဲပြထားသည့် Collagenic Lift Solution Set နဲ့ Collagen Matrix ဆိုတာ ... အထူးခြားဆုံးနဲ့ အသိသာဆုံးလို့ မျက်မြင် ခံစားရတဲ့ ရှားပါးသော Product တစ်ခုသာ ဖြစ်ပါတယ်လို့ ... နိဂုံးချုပ်ရင်း ...

ဇရာကို လွန်ဆန်ပြီး ရှိရင်းစွဲအသက်အရွယ်ထက် ပိုမို နုပျိုလှပလိုသူ အမျိုးသမီးများအားလုံးကို ငွေကုန်ကြေးကျမများဘဲ နုပျိုလှပနိုင်သည့် နည်းလမ်းရော၊ ငွေကုန်ကြေးကျများပါ သော်လည်း ငွေကုန် ကြေးကျများစွာ ခံရကျိုးနပ်စွာ အလျှင်မြန်ဆုံးနှင့် ထူးခြားသိသာစွာ ပြန်လည် တင်းရင်းလှပနိုင်သည့် နည်းလမ်း ရော ( ၂ ) မျိုးလုံး ကို ကျွန်မ သိနားလည်းသမျှ ပြန်လည် တင်ပြရင်း ....

အမျိုးသမီးများ အားလုံး မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် အသက်အရွယ် အသီးသီးမှာ အလှဆုံး၊ အထူးချွန်ဆုံး၊ အအောင်မြင်ဆုံးသော အမျိုးသမီးများ ဖြစ်နိုင်ကြပါစေကြောင်း ... ဆန္ဒပြုလိုက်ပါတယ် ရှင် ....

ချစ်ခင်လေးစားစွာဖြင့်...
( စွဲမြတ်ဟေသီ )

Collagenic Lift Solution Set+Collagen Matrix အကြောင်း အသေးစိတ် လေ့လာလိုသူများ အတွက် ...

https://www.facebook.com/media/set/?set=a.1410011989232791.1073741834.1386980101535980&type=1