အရွယ်တင် နုပျို လှပလိုသူ အမျိုးသမီးများ အားလုံး အတွက်................by Swe Myatt Hay Thi on Saturday, February 16, 2013


   အမျိုးသမီးများနှင့်လှပလိုမှုဆိုတာ...ပခုံးချင်းဖက်၊လက်ချင်းယှက်ပြီးမွေးလာရသလိုပါဘဲ...အမျိုးသမီးမှန်ရင်အသက်ကြီးကြီးငယ်ငယ် အလွန်အင်မတန်မှလှချင်ကြတယ်ဆိုတာ ... အလှအရမ်း ကြိုက်တဲ့ ကျွန်မ ကိုယ်တိုင် က စလို့ ... လေးနှစ် အရွယ် ကျွန်မ သမီး ... ကျွန်မ ဆိုင် ကို လာသည့် အသက်အရွယ် မရွေး အမျိုးသမီး များစွာ ကို နေ့စဉ် မြင်တွေ့ ကြုံဆုံ နေရတဲ့ ကျွန်မ အသိဆုံးဘဲ ဖြစ်ပါတယ် .... အရွယ်တင် လှပ နုပျိုဖို့ က သင့် အတွက် ဘယ်လောက် ရာခိုင်နှုန်း အရေးပါပါသလဲ ? ? ? ..... ဆိုတဲ့ Notes ကလေး ကို ကျွန်မ ပြီးခဲ့တဲ့ လ ကရေးဖြစ်ခဲ့ပါတယ်...အဲဒီမှာကထဲကအမျိုးသမီးများအတွက်...မျက်နှာရော၊ခန္ဓာကိုယ်အလှအပကိုပါ တခါထဲရေးဖို့ရည်ရွယ်ခဲ့ပေမယ့်... ခန္ဓာကိုယ်ကို အချိန်မှီပြုပြင် ထိန်းသိမ်းနိုင်စေချင် တဲ့ အကြောင်းအရာ ကို အသေးစိတ် ရေးဖြစ်ခဲ့တဲ့ အတွက် ... အမျိုးသမီးတိုင်း စိတ်ဝင်စား ကြတဲ့ မျက်နှာ အလှအပ အတွက် ကို ထည့်မရေးဖြစ်ခဲ့ပါဘူး ...
    အခု ဒီ Notes မှာတော့ ... ကျွန်မ သိပ် မရေးဖူးတဲ့ မျက်နှာ အလှအပ အကြောင်း ကို အဓိက ဦးစားပေး ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ် .... အမျိုးသမီး တစ်ယောက် ရဲ့ အဓိက အလှအပ တွေ ထဲမှာ ... မျက်နှာ ချောမော လှပမှု ၊ ခန္ဓာ ကိုယ် သွယ်လျ လှပမှု ၊ ဆံပင် လှပမှု ၊ အသားအရည် လှပမှု ၊ ခြေသည်း လက်သည်း လှပမှု စသဖြင့် အလှတရားများစွာ ရှိသည့် အနက် ... အသက်ရှည် ကျန်းမာနေစေဖို့ အတွက် .... ခန္ဓာ ကိုယ် သွယ်လျ လှပမှု က အရေးကြီးသကဲ့ သို့ .... မျက်နှာ တကွက်လေး လှပနေဖို့ ဆိုရင် လည်း ... မျက်နှာပြင်မှာ အဆီ ပိုတွေ မရှိစေဖို့ ၊ သူ့ အသက်အရွယ် အနေအထားအလိုက် အရေးအကြောင်းများ ကင်းပြီး မျက်နှာပြင် တစ်ခုလုံး တင်းရင်း လှပနေစေ ဖို့ ၊ မျက်နှာ အသားအရေ ချောမွတ် ကြည်လင် လှပနေစေဖို့ ၊ ၀က်ခြံ ၊ တင်းတိတ် ၊ မှဲ့ခြောက် ၊ နေလောင် ကွက်များ မရှိစေဖို့ ... ဆိုတာတွေ က လည်း အထူး အရေးကြီးတဲ့ အခန်း ကဏ္ဍတွေ ဘဲ ဖြစ်ပါတယ် ...

အသက်ကြီးငယ် မရွေး အမျိုးသမီးများ မျက်နှာပြင် နှင့် မေးနှစ်ထပ် အဆီပိုများ မရှိစေရန် ....


   ပထမဆုံး အနေနှင့် ခန္ဓာ ကိုယ် မှာ အဆီပို တွေ မရှိဘဲ ကျစ်လျစ် သွယ်လျ လှပနေစေဖို့ရာ လည်း လိုအပ်ပါတယ် ... ခန္ဓာ ကိုယ် လှပနေမှ မျက်နှာ လှပမယ် ဆိုတာ ရုတ်တရက် ကြည့်လိုက်ရင်မဆက်စပ်သလိုနှင့် တကယ်တမ်း အလွန်အင်မတန် မှ ကို ဆက်စပ်မှု ရှိနေပါတယ် .... ဘာကြောင့်လဲ ဆိုတော့ ... ခန္ဓာကိုယ်ဝလာတာနဲ့အမျှ မျက်နှာဝမလာ / ဖောင်းကား မလာ / အိုမင်း ရင့်ရော် မလာတတ်တဲ့ အမျိုးသမီး အနည်းစု မှ လွဲ၍ ကျွန်မ နှင့် တကွ အမျိုးသမီး အများစု မှာ ခန္ဓာ ကိုယ် ၀ လာတာ နှင့် မျက်နှာ တွေ ပြည့်တင်း ဖောင်းကား လို့ အဆီတွေ မတက်ချင်ဘဲ တစ်ရစ်ပြီး ထွက်လာသလို ... မေးစေ့ နှစ်ထပ် ၊ လည်ပင်း လည်း ပျောက် နှင့် ... ရုပ် မဆိုးချင်ဘဲ ... ၀လာတာ နှင့် အမျှ တစ်နေ့ တခြား ပိုပို ရုပ်ဆိုးလာရပြီး ... ရုပ်ဆိုး လာလို့ စိတ်ဓာတ် ကျလာရတာ နှင့် အမျှ လှချင်လို့ ပြင်ပြင် ဆင်ဆင် နေချင်ခဲ့တဲ့ စိတ်တွေ က အစ ... တဖြည်းဖြည်း ပျောက်ကွယ်လာကာ ... ၀လို့ ပစ်ထား ... ပစ်ထားလို့ ၀ ... ၀လို့ မပြင်ဆင် ... မပြင်ဆင်လို့ ပိုပို ရုပ်ဆိုး နဲ့ ... တဖြည်းဖြည်း ... နေ့နေ့ညည ၀၀ လာတဲ့ ခန္ဓာ ကိုယ် နဲ့ တကွ မျက်နှာတွေ အစ်ဖောင်း ပြီး ရုပ်တွေ လည်း ပိုပို လျော့ကျလာရတဲ့ အတွက် တဖြည်းဖြည်း ရုပ် မဆိုးချင်ဘဲ ပိုပို ရုပ်ဆိုးဆိုး လာကြရ ပါတယ် ....

မျက်နှာ ဖောင်းသူ / မျက်နှာ သွယ်သူ မရွေး ... မျက်နှာပြင် တစ်ခုလုံး တင်းရင်း လှပနိုင်စေရန် ...


    သက်လတ် အမျိုးသမီးများ အတွက် အဓိက က ရည်ရွယ်ပါသော်လည်း ... အလှအပ ကို ကြိုတင် ထိန်းသိမ်းလိုသူ အမျိုးသမီးများ အနေဖြင့် ... ငယ်ရွယ် နုပျိုစဉ် အရွယ် မှ စ၍ သင့်တော်သည့် Skin Care တစ်မျိုးမျိုး ကြိုတင် သုံးစွဲပြီး ထိန်းသိမ်းထားရန် လိုအပ် ပါတယ် ... ယောကျာ်း / မိန်းမ မရွေး လူနေမှု ဘ၀ အမျိုးမျိုး မှာ ကျင်လည် လုပ်ကိုင် နေရသည့် သူတိုင်း မှာ ... စားဝတ်နေရေး အတွက် ရုန်းကန်နေရတာ နှင့် တကွ လူမှုရေး ၊ စီးပွားရေး ၊ အိမ်ထောင်ရေး စသည့် စိတ်ဖိစီးမှု အမျိုးမျိုး ကို အနည်း နဲ့အများ ရင်ဆိုင် ကြုံတွေ့ လာရသလို ... ကျွန်မ တို့၏ ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ စိတ်ညစ်ခြင်း ၊ စိတ်ဖိစီးမှု များခြင်း ၊ ငိုခြင်း ၊ ရယ်ခြင်း ၊ စတဲ့ စိတ်ခံစားမှု အမျိုးမျိုး ကို နေ့တဓူဝ ကြိမ်ဖန် များစွာ လှုပ်ရှားပေးနေရတဲ့ အတွက် ... ကျွန်မ တို့ မျက်နှာ နှင့် အသားအရည် များမှာ ဇရာ ဆိုတဲ့ အိုမင်း ရင့်ရော်ခြင်း အရေးအကြောင်း လက္ခဏာများစွာ ကို အထူးတလှယ် မလိုချင်ပါဘဲနှင့် ... ရင်ဆိုင် ကြုံတွေ့လာရတတ်ပါတယ် ...
   ကျွန်မ သည် အလှအပ အလုပ်ကို လုပ်ကိုင်သူ ဖြစ်သလို ... ကျွန်မ ထံ လာတဲ့ မျက်နှာ ၀န်ဆောင်မှု ဆောင်ရွက်သူ အမျိုးသမီး အများစု မှာ သက်လတ်တန်းများ ဖြစ်ကြသဖြင့် ... သူများတကာတွေ ထက် ပိုပြီး ကျွန်မ ဇရာ ဆိုတာ ကို စိတ်ဝင်စားတဲ့ အတွက် ကျွန်မ အသက်အရွယ် အမျိုးမျိုး အလိုက် ... မျက်နှာသွယ်သူ များ ၏ ဇရာ ၊ မျက်နှာ ဖောင်းသူ များ ၏ ဇရာ စတာတွေ ကို လေ့လာကြည့်ဖူးပါတယ် ... သူတို့ မှာ ဇရာ ဘယ်လို စတင်ပေါ်ပေါက်လာပါသလဲ .... မျက်နှာသွယ်သူများ ၏ ရုပ် စတင် ကျပြီ ဆိုတာ နှင့် မျက်ခွံတွေ စတင် ချိုင့်လာ ၊ မျက်တွင်းတွေ စကျလာတတ်သလို ၊ စိတ်ဖိစီးမှု များလျှင် များ သလောက် ပါးရိုးတွေ ပါ ချောင်ပြီး လျော့ကျလာပါတယ် ... ပြီးမှ တဖြည်းဖြည်း နှင့် ... မျက်လုံး အရေး အကြောင်း များ ၊ Smile Line လို့ခေါ် သည့် ရယ်လိုက်ရင် ဖြစ်တဲ့ အရေးအကြောင်းများ တဖြည်းဖြည်း ဖြစ်လာပြီး အသားအရေ ပါ တဖြည်းဖြည်း လျော့ရဲ တွဲကျ လာရ ပါတယ် ... မျက်နှာ သွယ်သူ အများစု မှာ အခြားသူများထက် စာလျှင် အရွယ် ပိုတင် သလို ... ထင်ရပေမယ့် ... မျက်နှာ နှင့် အသားအရည် ကို ဂရုမစိုက်ဘဲ နေခဲ့ပါက ... တကယ်တန်း သူတို့၏ ဇရာ ဆိုတာ ကို မျက်လုံးအောက် နှင့် မျက်နှာတွေ မှာ ရုတ်တရက် ကြည့် လျှင် မည်သည့် အရေးအကြောင်းကို မှ မမြင်ရပါလျှက် .... နှင့် ရယ်လိုက်တဲ့ အခါ တွင် မှ ... အရေးအကြောင်း များစွာ ဖြာထွက်နေတာမျိုး များစွာ ကို လည်း တွေ့မြင်ခဲ့ဖူးပါတယ် ...
   ကျွန်မ နှင့် တကွ မျက်နှာဖောင်းသူ အမျိုးသမီးများ တွင် ကြုံတွေ့ရသည့် ဇရာ ဆိုတာ ကျပြန်တော့ ... တစ်မျိုးပါ ... ကျွန်မ ဆိုလျှင် အိပ်ရေးပျက်လျှင်လည်း ဖောင်း ၊ စိတ်ညစ်လျှင်လည်း ဖောင်း ၊ စိတ်ဖိစီးမှုများလျှင် လည်း ဖောင်းတတ်ပြီး ဘယ်တော့ မှ မကျတတ်တဲ့ မျက်နှာ ပိုင်ရှင်မျိုးပါ ... ထိုသို့သော သူများ ရင်ဆိုင်ရသည့် ဇရာဆိုတာ က တော့ ... မျက်ခွံများ မသိမသာ မှ တဖြည်းဖြည်း ချိုင့်ဝင်လာခြင်း ၊ မျက်လုံးအောက် အရေးအကြောင်းများ စတင်ဖြစ်ပေါ်လာခြင်း ၊ ထို့ထက် ပိုဆိုး သည် မှာ ... ပါးပြင် နှင့် နှာခေါင်းဘေး တစ်ဘက် တစ်ချက်နေရာ တွင် ... ပွယောင်းယောင်း ဖြစ်ပြီး အစ်ဖောင်း လာခြင်း ၊ မေးရိုးနား ပါးစောင် နေရာများတွင် ဖုထစ်လာခြင်း ၊ နှုတ်ခမ်းဘေး တစ်ဘက် တစ်ချက် နေရာတွေ ရုတ်တရက် ကြည့်လျှင် အရိပ် ကျ သလိုလို နှင့် နှုတ်ခမ်းထောင့်စွန်း အရေးအကြောင်းများ လျော့ကျပြီး ဖြစ်ပေါ် လာခြင်း ၊ မေးစေ့ နှစ်ထပ် ဖြစ်လာခြင်း ၊ ဘေးတိုက် ကြည့်လျှင် မေးရိုး နှင့် လည်ပင်း မပြတ်သားဘဲ လျော့ကျ လာခြင်း ၊ ရယ်လိုက်တာ နှင့် မျက်နှာပြင် တစ်ခုလုံး နေရာ အနှံ့ အရေးအကြောင်းများစွာ ဖောင်းကား ထင်ရှား လာခြင်း စတာတွေ ဘဲ ဖြစ်ပါတယ် ... ထိုသို့ မဖြစ်စေရန် အသက်ငယ်စဉ် မှ စ၍ သင့်တော်သော Skin Care တစ်မျိုးမျိုး သုံးစွဲ ပေးခြင်း ... အသက် ( ၂၅ ) နှစ် ကျော်လာပါက ... Anti - Aging ပါသော Skin Care များ ရွေးခြယ် သုံးစွဲပေးခြင်း ၊ အသက် ( ၃၀ ) ကျော်လာပါ က ... Lifting / Firming ပါသော Skin Care များ သုံးစွဲပေးခြင်း ... သွေးလှည့်ပတ် မှု ကောင်းပြီး အသားအရည် တင်းရင်း လှပနေစေရန် ... Facial Massage နှင့် Face Pack ကို တစ်ပတ် လျှင် တစ်ကြိမ် ( သို့ ) အနည်းဆုံး တစ်လ လျှင် နှစ်ကြိမ် ခန့် မှန်မှန် ပြုလုပ်ပေးသွားရန် လိုအပ်ပါတယ် ...
   ထို့ပြင် မျက်နှာ လှပလိုသူတိုင်း သတိ မမူမိသည့် နေရာ တစ်ခုအကြောင်း လည်း သတိတရ ထည့်သွင်း ရေးသားလိုပါတယ် .. ထိုနေရာ ကတော့ ... နီးနီးလေး နှင့် ကပ်ကျန်ခဲ့တတ်သည့် လည်တိုင် ဖြစ်ပါတယ် ... ကျွန်မတို့ ကလေး ဘ၀ ထဲ က သနပ်ခါး လိမ်းလျှင် .. လည်ပင်းပါ ထည့်လိမ်း ဖို့ ၊ လည်ပင်း လိမ်းဖို့ ကျန်ခဲ့ပါက ... မျက်နှာ ကို ဘေးတိုက် ကြည့်လျှင် .. မျက်နှာ က သနပ်ခါး အဖွေးသား နှင့် လည်ပင်း က ဗလာ နှင့် အရုပ်ဆိုး လိုက်တာ လို့ ခဏခဏ အပြောခံခဲ့ရဖူးပါတယ် ... Facial Cleanser , Toner , Firming , Lifting , Sun Cream , Make Up , Powder စတာတွေ ဘာဘဲ သုံးသုံး လည်ပင်း နေရာ ကို သတိတရ နှင့် မမေ့ မလျော့ ထည့်လိမ်းပေးသွားဖို့ပါ ... ဘာဖြစ်လို့ လည်ပင်း ထည့်လိမ်းစေ ချင်သလဲ .. ဆိုတော့ ... ကျွန်မ တို့ လို မျက်နှာပြင် နှင့် မေးနှစ်ထပ် အဆီတွေ ဘယ်လောက်ချချ ၊ ခေတ်မှီ Facial Machine တွေ ၊ Branded Facial Products တွေ နှင့် ဘယ်လောက် ဘဲ မျက်နှာ ကို တင်းရင်းအောင် လုပ်လုပ် ... လည်ပင်း ကို ပစ်ထားတာ နှင့် အမျှ ကြာလာ တာ နှင့် လည်ပင်း နှင့် မေးစေ့ ဆက်စပ်နေရာ မှ စပြီး လျော့ရဲ ပျော့တွဲ လာတာ ကို တခြား အမှုမဲ အမှတ်မဲ့ အချိန်တွင် ကိုယ့် ရုပ် ကိုယ် မမြင်သာ မထင်သာလို့ မသိနိုင်ရင်တောင် ဓာတ်ပုံ ရိုက်လိုက်တဲ့ အခါမျိုးများ မှာ မှ ထင်းထင်းကြီး ပေါ်လာကာ မှ အလွန် အင်မတန် မှ အရုပ်ဆိုးလှတာ ကို တွေ့မြင်ရ လို့ ဘဲ ဖြစ်ပါတယ် .....