Ginger Beauty Land … Website ( ၅ ) နှစ် ပြည့်
အမှတ်တရ ကျေးဇူးတင် ၀မ်းမြောက်လွှာ


ကျွန်မတို့ဆိုင်၏ ၀န်ဆောင်မှု လုပ်ငန်းများကို စိတ်ဝင်စားသော ရပ်နီး ရပ်ဝေးမှ မိတ်ဆွေများ ကျွန်မတို့ဆိုင်အထိ တကူးတကလာရောက် စုံစမ်းစရာမလိုဘဲ Online ပေါ် မှာတင် ကြိုတင် လေ့လာနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ဇန်န၀ါရီလ ၁၁ ရက်နေ့မှ စတင်ပြီး.... http://www.gingerbeautyland.com ဆိုသည့် GINGER Website ကိုစတင် လွှင့်တင်ခဲ့ပါသည်။ Website လွှင့်တင်ရသည့် အကြောင်းအရင်းက ကျွန်မတို့ လုပ်ကိုင်သည့် အဆီချသည့် အလုပ်နှင့် ဇရာကို လွန်ဆန်ပြီးမျက်နှာကို နုပျိုအောင် ပြုပြင်ပေးသည့် အလုပ်မျိုးတွေဆိုတာ သဘာဝကို လွန်ဆန်ပြီး လုပ်ခြင်းဖြစ်သည့်အတွက် Customer များဘက်မှ ကြိုတင် သိထားသင့်သည့် ဆောင်ရန် ရှောင်ရန်တွေကို ကြိုတင် လေ့လာသိရှိ ပြီးမှ လာရောက် ဆောင်ရွက်စေလိုသည့်အတွက် စိတ်ဝင်စားသည့်သူတိုင်း အချိန်မရွေး ၀င်ကြည့်ပြီး လေ့လာနိုင်အောင် Website မှာ အသေးစိတ် ရေးသား ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

   ဤသို့ Website တစ်ခုလွှင့်တင်ရာတွင်လည်း ကျွန်မတို့ဆိုင်ကို လူလာအောင် ကျွန်မတို့ဆိုင်နှင့် အလုပ်၏ ကောင်းမွန်သောအချက်များကိုသာ ရွေးပြီး ဖော်ပြထားခြင်း မဟုတ်ဘဲ ဤအလုပ်၏ အားသာချက် / အားနည်းချက်များမှ အစဆောင်ရန် ရှောင်ရန် / ရှေ့ တွင် ဆက်လက် ထိန်းသိမ်း သွားနိုင်ရန် အထိ အသေးစိတ် လေ့လာနိုင်စေရန် စိတ်စေတနာများစွာဖြင့် Ginger Beauty Land Website ကို အားထုတ် ကြိုးပမ်းပြီး လွှင့်တင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ကျွန်မ အပင်ပန်းခံပြီး အသေးစိတ် ရေးသားတင်ပြခဲ့သော Website ကြီး စိတ်ဝင်တစားဖြင့် ကျွန်မတို့ဆိုင်ကို လာရောက် ဆောင်ရွက်လိုသူများနှင့် ဆိုင်တိုင်ရာရောက် မလာနိုင်သော်လည်း အဝေးမှသာ စိတ်ဝင်စားသဖြင့် ၀င်ရောက်ကြည့်ရှု လေ့လာပြီး Gmail / Face Book Massage များဖြင့် အားပေးစကား၊ ကျေးဇူးတင် စကား စသည့် Massage များစွာကို မထင်မှတ်ဘဲရရှိသလို Online မှာ လေ့လာပြီး ဆိုင်ကို လာရောက် ဆောင်ရွက်သည့် Customer များစွာကိုလည်း ( ၅ ) နှစ် အတွင်းမှာ မယုံကြည်နိုင်လောက်အောင် မြောက်မြားစွာရရှိသည့်အတွက် ကျွန်မအထူးပင် ကျေနပ် ပျော်ရွှင် ၀မ်းမြောက်ခဲ့ရပါသည် ။

    GINGER Beauty Land Website ကို အချိန်ယူ အကောင်းဆုံး ကြိုးပမ်း အားထုတ် ပြင်ဆင်ပြီး ဤအလုပ် ၏ ဓာတ်ပုံ အသစ်များစွာ၊ ၀န်ဆောင်မှုအသစ်များစွာ၊ လေ့လာစရာများစွာ အပြင် www.facebook.com/swe2.myathaythi ဟူသည့် ကျွန်မ Facebook Account ၏ Notes ထဲတွင် ကျွန်မ အားလပ်သည့် အခါတိုင်း အလှအပကို စိတ်ဝင်စားသူ အမျိုးသမီးများ ဖတ်ရှုနိုင်ရန် အတွက် အလှအပဆောင်းပါးများနှင့် အမျိုးသမီးများ အတွက်သာမဟုတ်ဘဲ နောင်တချိန် လုပ်ငန်းခွင် ၀င်ကြမည့် မောင်လေး / ညီမလေးများစွာအတွက် ကျွန်မအလုပ်လုပ်ရင်း ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် ဖြတ်သန်းခဲ့ရသည့် ဘ၀အတွေ့အကြုံများကိုပါ ဗဟုသုတရစေရန်အတွက် ရေးသားခဲ့သည့် Facebook Notes များစွာကိုပါ ကျွန်မ Website ကို ၀င်ရောက် ကြည့်ရှုသည့် မိတ်ဟောင်းမိတ်သစ်များ၊ မြန်မာပြည် လုပ်ငန်းများနှင့် မြန်မာပြည်မှ ဘ၀ဇာတ်လမ်းများစွာကို စိတ်ဝင် တစားရှိကြသည့် Over Sea မှ မိတ်ဆွေ များအတွက်ပါ တနေရာထဲ တစုတဝေး ဖတ်ရှု နိုင်စေရန် အမှတ်တရအဖြစ် ထည့်သွင်း ဖော်ပြပေးထားပါသည်။

   ထို့ပြင် ကျွန်မကို ယခုအချိန်မှာ အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ် ရပ်တည်နိုင်ရန် သင်ကြားပေးခဲ့သော ဆရာမဒေါ်ခင်သူ (အားကစားနှင့် ကာယပညာဦးစီးဌာန)၊ ကျွန်မ အားကစား သင်တန်း စတင်ဖွင့်လှစ်ရန် ကူညီ သင်ပြပေးသော မယုနန္ဒာမြင့်နှင့်တကွ ကျွန်မ လုပ်ကိုင် ဆောင်ရွက်နေသော ၀န်ဆောင်မှုများ အားလုံး၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံး၊ အဆီချ လုပ်ငန်းမှန်သမျှ၊ မျက်နှာ ၀န်ဆောင်မှု လုပ်ငန်းမှန်သမျှတွင် GINGER ကြော်ငြာဆိုသည်နှင့် ထင်းခနဲ မြင်အောင် လက်တွေ့ စိတ်ရှည်ရှည်နှင့် အချိန်ယူဆောင်ရွက်ပြီးမှ ကြော်ငြာသုံးချင်တဲ့ ကျွန်မကို မေတ္တာဖြင့် Sponsor အဆီချဆောင်ရွက်ခံ၍ GINGER Fastest Body Shaping Success ကြော်ငြာများ ရိုက်ကူးပေးခဲ့ကြသော ညီမလေးများဖြစ်ကြသည့် နော်မေသူခင်၊ ခိုင်နှင်းဖြူလွင်နှင့် ယခုလက်ရှိ အချိန်အထိ ကြော်ငြာနေသော ၂၀၁၂ ခုနှစ် မှာရိုက်ထားခဲ့သည့် ... လူကြိုက်အများဆုံး GINGER Fastest Body Shaping Success ကြော်ငြာအတွက် မင်္ဂလာပွဲအမီ အဆီချလို့ လှသွားတဲ့ အလှဆုံးသတို့သမီးအဖြစ် ( ၁ ) လ တိတိစိတ်ရှည်ရှည်နှင့် မှန်မှန်လာ အဆီချပြီး အနေအထိုင် အစားအသောက်ပါ ဆင်ခြင်ပေးသောညီမလေး ၀င့်လဲ့နု၊ မျက်နှာ အဆီချ ၀န်ဆောင်မှုသစ် ဖြစ်သဖြင့် လက်တွေ့ Sponsor အလုပ်ခံပြီး ဓာတ်ပုံ အရိုက်ခံပေးမည့်သူ လုံးဝ ရှာမရချိန်တွင် ကျွန်မကိုယုံကြည်စွာဖြင့် မျက်နှာများ အပ်နှံပြီး Sponsor အလုပ်ခံ၍ မျက်နှာ အဆီချကြော်ငြာ ဓာတ်ပုံများ ရိုက်ကူးပေးသော ... အန်တီ ဒေါ်ခင်စိန်ကြည်၊ အန်တီ ဒေါ်လဲ့ယဉ်မြင့်၊ မမြတ်မြတ်ခိုင် ( M . M . K Photo Service ) နှင့် ညီမလေး သီရိဝင့်တို့အားလုံးနှင့်တကွ မျက်နှာ ပေါင်းတင်သည့် ဓာတ်ပုံများကိုအသုံးပြုရန် ခွင့်ပြုပေးသော စာရေးဆရာမ ဆုမြတ်မွန်မွန် နှင့်တကွ ကျွန်မတို့ GINGER ကိုယုံကြည်စွာ လာရောက်အားပေးသော Customer များအားလုံး၊ Ginger Website ကို စိတ်ဝင်တစား လာရောက် လည်ပတ်သောမိတ်ဆွေ များအားလုံး နှင့် (၂၀၁၄ - ၂၀၁၅ ) အတွက် လှပဆန်းသစ်သောဒီဇိုင်းများဖြင့် ကျွန်မ စိတ်တိုင်းကျ Website ဒီဇိုင်းကွန့်မြူးရေးဆွဲပေးသော ( Cyber Web Media ) တို့အား အထူး ကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်း GINGER Beauty Land မိတ်ဟောင်း၊ မိတ်သစ်များ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာစွာနှင့် လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးနယ်ပယ် အသီးသီးမှာ အောင်မြင်မှု သရဖူတွေမြောက်များစွာ ရရှိနိုင်ကြပါစေကြောင်း GINGER Beauty Land မိသားစုများ အားလုံး ကိုယ်စား ဆုတောင်း မေတ္တာပို့သလိုက်ပါတယ် ရှင် ။ ။

စွဲမြတ်ဟေသီ
Founder ( Ginger Beauty Land )